အခန်း (၈၁)
Vol. 9 Ch. 81
"ဝါး၊ ဖေဖေ၊ သမီး ဖေဖေကို လိုချင်တယ်!"
စူးရှောင်နွမ်လေးမှာ ဖေးယွင်ကျင်းထက် နှစ်နှစ် ပိုငယ် သည်။ ထို့ကြောင့် သူမသည် နှစ်နှစ်သားအရွယ် စုလုံးစုဝေးနေသော ဘောလုံးငယ်လေး သာ ဖြစ်သည်။ ချမ်းအေးမှုဒဏ်အား ကာကွယ်ရန် ထူထဲသော အဝတ်အစားများဖြင့် တင်းကျပ်စွာ ပတ်ထား သဖြင့် အဝေးမှ လှမ်းကြည့်လိုက်လျှင် လူတစ်ဦးထက် ဘောလုံးတစ်လုံးနှင့်ပင် ပိုတူနေပါသေးသည်။
သူမ မည်မျှကြာအောင် ငိုကြွေးခဲ့သည်အား မသိနိုင်တော့ပေ။ မျက်လုံးအိမ်များမှာ ရဲရဲနီ နေပြီး၊ ရှိုက်ကြီးတငင် ငိုထားခြင်းကြောင့် အသံမှာလည်း ဩရှရှဖြစ်နေပြီ။ ဘေးပတ်လည်မှ နှစ်သိမ့်ပေးနေသော လူကြီးများ၏စကားများမှာ သူမအတွက် နွေးထွေးမှု တစ်စုံတစ်ရာအား မပေးနိုင်ချေ။
လူစိမ်းများစွာ၏စိုက်ကြည့်ခြင်းအား ခံရခြင်းမှာ စူးရှောင်နွမ်အား ပိုလို့ပင်ကြောက်ရွံ့ စေခဲ့သည်။ သူမ တစ်ခုတည်းသော အားကိုးရာဖြစ်သည့် ဖခင်ဖြစ်သူကိုသာ ရှာဖွေတမ်းတနေမိသည်။
'"ဖေဖေ၊ ဖေဖေ ဘယ်ရောက်နေတာလဲ... နွမ်နွမ် အရမ်းကြောက်နေပြီ"
"မငိုပါနဲ့၊ မငိုပါနဲ့တော့"
ဖေးယွင်ကျင်း ထူထပ်သော လူအုပ်ကြားမှ အားစိုက်၍တိုးဝှေ့ ဝင်ရောက်လာခဲ့သည်။ သူ့ကိုယ်ပိုင် လက်ကိုင်ပဝါသေးသေး လေးအား ထုတ်ယူကာ စူးရှောင်နွမ်မျက်ရည်များအား ညင်သာစွာ သုတ်ပေးလိုက်သည်။ သူ သေသေချာချာ ကတိပေးလိုက်သည်။
"မကြောက်နဲ့နော်၊ နင့်ဖေဖေ မကြာခင်ရောက်လာတော့မှာပါ"
"အစ်"
သူမ၏ မျက်ရည်များ ရစ်ဝိုင်းနေသဖြင့် ဖူးယောင်နေသော မျက်လုံးများအား အားထုတ်ဖွင့်ကာ သူမရှေ့မှ ရွယ်တူကလေး ငယ်အားကြည့်လိုက်သည်။ သူမ အသံသေးသေးလေးမှာ ယုံကြည်ချင်စိတ်နှင့် သံသယများရောထွေး နေသည်။
"တကယ်... တကယ် လာမှာလားဟင်"
"တကယ်၊ တကယ် ရောက်လာမှာပါ!"
ဖေးယွင်ကျင်း အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။
"မငိုတော့ဘဲ စောင့်နေနော်၊ ကတိပေး"
ရွယ်တူချင်း နှစ်သိမ့်မှုမှရရှိသော လုံခြုံစိတ်ကြောင့်ဖြစ်နိုင် သည်၊ စူးရှောင်နွမ် ငိုကြွေးခြင်းအား ရပ်တန့်ရန် အသည်းအ သန် ကြိုးပမ်းခဲ့သည်။ သို့သော် ရုတ်တရက် ရပ်လိုက်ခြင်း၏ အရှိန်က သူမ ခန္ဓာကိုယ်ငယ်အား လိုက်လျောညီထွေမဖြစ်စေဘဲ ကလေးမလေးမှာ ဆက်တိုက်ဆိုသလို တဆတ်ဆတ်တုန်ကာ ရှိုက်သံများဖြစ်ပေါ်လာသည်။
ထိုချစ်စဖွယ် အဖြစ်အပျက်မှာ ဘေးနားရှိ လူကြီးများအား ကြင်နာစွာ ရယ်မောစေခဲ့သည်။ ဤဘောလုံးလေးလို ကလေးမလေးကားနောက်နောင်တွင် ဝတ္ထု၏ဇာတ်လိုက်မလေးအဖြစ်ပေါ်ထွက်လာမည့် စူးရှောင်နွမ် ပင်။ သူမ ကြီးပြင်းလာသော အခါ ထူးကဲသော ရုပ်အလှအား ပိုင်ဆိုင်မည်မဟုတ်သော် လည်း သူမသည် ချစ်စရာကောင်းသူအဖြစ် အားလုံး၏ အမြင်တွင်ထင်ကျန်ရစ်မည်ဖြစ်သည်။
သို့သော် သူမ၏ဆွဲဆောင်မှုမှာ ပုံပန်းသဏ္ဌာန်တစ်ခုတည်း မဟုတ်ခဲ့ပေ။ မူရင်းဝတ္ထု၏ဖော်ပြချက်အရ စူးရှောင်နွမ်မှာ ရွှင်လန်းတက်ကြွပြီး အမြဲတမ်းမျှော်လင့်ချက်အပြည့်ရှိသော အမျိုးသမီး ဖြစ်သည်။ သူမ အပြုံးကိုပင်လျှင် နွေးထွေးသော နေမင်းနှင့် တူသည် ဟု တင်စားဖူးသည်။ ဤသို့သော နွေးထွေးမှုနှင့် အလင်းရောင်သည်ပင်လျှင် အချစ်အတွက် ငတ်မွတ်နေသော ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့လို လူများအတွက် အမှန်တကယ် လိုအပ်သောအားဆေးဖြစ်ပါလိမ့်မည်။
"နွမ်နွမ်!"
ထိုအခိုက်အတန့်တွင် စိုးရိမ်တကြီးဖြစ်နေသော ရင်းနှီးသည့် ယောက်ျားသံ တစ်ခု ထွက်ပေါ်လာသည်။ ယောက်ျားတစ်ဦးမှာ လမ်းပွင့်အောင် တွန်းတိုက်၍ဝင်ရောက်လာပြီး ငိုနေသော ကလေးမလေးအား အလျင်အမြန်ဆွဲပွေ့ လိုက်သည်။
"ဒီကလေးမလေးကတော့ကွာ... ငါ့ကို ရူးအောင် လုပ်တော့မယ့်ကိန်းပဲ!"
"ဝါး၊ ဖေဖေ! ဖေဖေ!"
စူးရီဖေးအား မြင်လိုက်ရသည်နှင့် ငိုသံရပ်ခါနီးဖြစ်သော ရှိုက်သံများမှာ ပိုမိုပြင်းထန်စွာချက်ချင်းပြန်လည်စတင်လာခဲ့သည်။ ကလေးမလေးသည် သူမ၏အားကိုးရာ မိသားစုအား ပြန်လည်တွေ့ရှိသွားသည်ကို မြင်သောအခါ ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ တဖြည်းဖြည်းလူစုခွဲသွားကြသည်။
သို့သော် သက်ကြီးရွယ်အို အချို့ကမူ "ကလေးကို သေချာ ဂရုစိုက်ဖို့၊ ပေါ့ဆမှုမရှိဖို့" စူးရီဖေးအား သတိပေးစကားပြော ဆိုခဲ့ကြသည်။
စူးရီဖေး သူ၏နက်ရှိုင်းသော ကျေးဇူးတင်မှု အား ဖော်ပြသည့်အနေဖြင့် အကြိမ်ကြိမ် ခေါင်းညိတ် လိုက်သည်။ သူတို့ ဖခင်နှင့်သမီးသည် ညစာစားပြီးနောက် တောင်ခြေရင်ပြင်တွင် အေးအေးလူလူ လမ်းလျှောက်လာခဲ့ရာမှ စူးရှောင်နွမ် ပူဖောင်းလေးတစ်ခုအား မြင်လိုက်သဖြင့် သမီးအားအလိုလိုက်သော ဖခင်မှ ချက်ချင်းဝယ်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ပူဖောင်းရောင်းသူအား လူအုပ်ဝိုင်းနေချိန် ငွေရှင်းရန် ပြင်ဆင်စဉ်၌ပင် စူးရှောင်နွမ် ပျောက်သွားခဲ့ခြင်းဖြစ်သည်။ ထိုအခါ သူ ဘဝတစ်ခုလုံးပြိုလဲသွားသကဲ့သို့ စိုးရိမ်ပူပန်သွားခဲ့ရသည်။
'ဘုရားသခင်၊ တော်သေးတာပေါ့၊ တကယ့် ကံကောင်းလို့!'
"ကျေးဇူးတင်ပါတယ်၊ ကလေးလေး"
စူးရီဖေး စူးရှောင်နွမ် တင်းကျပ်စွာဆုပ်ကိုင်ထားသော လက် ကိုင်ပဝါ အား သတိထားမိလိုက်သည်။ ၎င်းတွင် မျက်ရည်များနှင့် နှာရည်များ စွန်းထင်းနေသဖြင့် ထိုလက်ကိုင်ပဝါအား ပြန်ပေးရန် ရှက်ရွံ့သလိုခံစားရသည်။ သူ ကလေးလေးအတွက် လက်ကိုင်ပဝါအသစ်ဝယ်ပေးရမည်လား သို့မဟုတ် အခြားလျော်ကြေးပေးရမည်လားဟု တွေးတောနေစဉ် နန်ယု သူတို့ထံ ချဉ်းကပ်လာခဲ့သည်။
"ရပါတယ်၊ လက်ကိုင်ပဝါကိုပြန်မပေးပါနဲ့တော့၊ ဒါကို ယူသွားလိုက်ပါ" ဟု စူးရှောင်နွမ်အား ရည်ညွှန်းပြောဆိုပြီးနောက် ဖေးယွင်ကျင်းဘက်လှည့်၍ "သွားကြရအောင် ရှောင်ကျင်း" ဟု ပြောလိုက်သည်။
"ဟုတ်"
ဖေယွင်ကျင်း နန်ယု လက်အားခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ပြီး စူးရီဖေးနှင့် သမီးအား အရေးမကြီးသည့်ဟန်ဖြင့် လက်ဝှေ့ယမ်းပြကာထွက်ခွာခဲ့သည်။ သူတို့ မျှော်လင့်ခဲ့သလို ထူးခြားသော ဆက်စပ်မှုမျိုး လုံးဝမရှိခဲ့ပေ။ စူးရှောင်နွမ်မှာလည်း ဖခင်၏ ရင်ခွင်ထဲတွင် တိုးတိုးလေး ရှိုက်နေဆဲဖြစ်ပြီး ဖေးယွင်ကျင်း ထွက်ခွာသွားသည်ကိုပင် သတိမထားမိခဲ့ပေ။
နန်ယု နှင့်အတူ လျှောက်လှမ်းပြီးနောက်မှ ဖေးယီကျန့် တစ်ဦးတည်းသာ နောက်သို့ လှည့်ကြည့်၍ စူးရီဖေး လက်မောင်းထဲမှ စူးရှောင်နွမ်အား နက်ရှိုင်းသော စူးစမ်းမှုဖြင့်စိုက်ကြည့်နေမိ သည်။ နှစ်နှစ်သားအရွယ်၊ သာမန်ရုပ်ရည်သာရှိသော ကလေးမလေး။
သူသည် နန်ယု စူးမြို့သို့ အဘယ်ကြောင့်လာခဲ့သည်အား သူ နောက်ဆုံးတွင် ရှင်းလင်းစွာ နားလည်လိုက်သည်။ ၎င်းမှာ သူ့မျက်စိရှေ့မှ ဤကလေးမလေးကြောင့်ပင်။
စစူးရှောင်နွမ်- ဖေးယွင်ကျင်း၏ဇနီး၊ သက်တောင့်သက်သာဘဝနှင့် သဘာဝအတိုင်းသေဆုံးခြင်း။
ထိုစကားလုံး အနည်းငယ်သာဖြစ်သော်လည်း ၎င်းတို့မှာ လူများစွာ၏တစ်သက်တာ အိပ်မက်အားပုံဖော်နေသည်။
"သက်တောင့်သက်သာဘဝနှင့် အေးအေးဆေးဆေး သေဆုံးခြင်း" ကံကြမ္မာအား တကယ်တမ်းပိုင်ဆိုင်နိုင်သူမှာ ကမ္ဘာပေါ်တွင် လူမည်မျှရှိနိုင်သနည်း။
ဖေးယွင်ကျင်း နောင်တစ်ချိန်တွင် "Flower နိုင်ငံ၏ အချမ်း သာဆုံးပုဂ္ဂိုလ်" ဖြစ်လာမည်အားတွေးကြည့်လိုက်လျှင် စူးရှောင်နွမ်၏ သက်တောင့်သက်သာဘဝမှာ မည်မျှအထိ ပြေလည် ချမ်းမြေ့လိမ့်မည်ကိုမြင်နိုင်သည်။
ဟိုတယ်သို့ ပြန်ရောက်သောအခါ ဖေးယွင်ကျင်း ရေချိုးပြီးနောက် အိပ်ရာပေါ်တွင် ချက်ချင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျသွားခဲ့သည်။ သူ ယနေ့ ရှင်းရှင်းလင်းလင်း ခွန်အားကုန်ခမ်း ခဲ့ရပြီဖြစ်သည်။
ထိုအချိန်တွင် နန်ယု နှင့် ဖေးယီကျန့်တို့ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ အရေးကြီးသော ကိစ္စရပ်များ ပြောဆိုရန်သာကျန်တော့သည်။
"ယွင်ကျင်းနဲ့ ဟိုမိန်းကလေးက ဒီကမ္ဘာရဲ့ဗဟိုချက်လား ?"
ဖေးယီကျန့် တိတ်ဆိတ်နေသော နန်ယုအားကြည့်ရင်း စတင် မေးမြန်းလိုက်သည်။
"ဟုတ်တယ်"
"သူတို့ သေဆုံးသွားခဲ့ရင် အဲ့ဒီကံကြမ္မာကရောလုံးဝပျောက်ကွယ်သွားမှာလား ?"
"ကျွန်မ အာမခံချက်တော့မပေးနိုင်ဘူး ဒါပေမဲ့ ၉၀% အခွင့်အ လမ်းတော့ရှိတယ်"
နန်ယု အဖြေအား ကြားလိုက်ရသောအခါ ဖေးယီကျန့် ကိုယ့်ကိုယ်ကိုလှောင်ပြောင်သည့် ခပ်ယဲ့ယဲ့အပြုံးဖြင့် ပြုံးလိုက်သည်။
"မင်း ကိုယ့်ကို ဒီအချက်တွေထုတ်မပြောသင့်ဘူး"
"ကျွန်မ ရှင့်ကို မပြောရင်တောင် ရှင် သိပါတယ်"
နန်ယု ဖေးယီကျန့်အား စူးစိုက်ကြည့်သည်။
"ရှောင်ကျင်းက ထူးခြားတယ်ဆိုတာ ရှင် မသိဘူးလို့ ကျွန်မ မယုံဘူး"
သူတို့နှစ်ဦး၏ထူးခြားသော ကံကြမ္မာများကြောင့် ပြောင်းလဲရန် ခက်ခဲလှသည်။ သို့သော် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့လျှင်မူ ကံကြမ္မာ၏ ပျက်စီးမှုမှာ ပိုမိုကြီးမားလာပေလိမ့်မည်။ တကယ် တမ်းဆိုရသော် နန်ယု စိတ်ထဲ ဖေးယီကျန့် သူ့ကံကြမ္မာအား ပြောင်းလဲရန် အခြားသောရွေးချယ်မှုအား စဉ်းစားခဲ့ဖူးပါသလားဟု တွေးတောမိသည်။
ထိုရွေးချယ်မှုကား လူသတ်ခြင်းပင်။
ဖေးယွင်ကျင်းအား သတ်လိုက်ပါက ဖေးယီကျန့် ကံကြမ္မာမှာ သဘာဝအတိုင်း ပြောင်းလဲသွားမည်မှာသေချာသည်။
လက်ရှိ ဖြစ်ရပ်များမှ ကံကြမ္မာသည် အရာရာအားတိုက်ရိုက် ထိန်းချုပ်နိုင်သည့် စွမ်းအားမျိုးမရှိကြောင်းပြသနေသည်။ ၎င်းမှာ ဖြစ်ရပ်များ၏ဖြစ်နိုင်ခြေကိုသာ လွှမ်းမိုးနိုင်ပြီး ပိုမို အံဝင်ခွင်ကျမှုဖြစ်လာစေရန် ဖန်တီးပေးနိုင်သည်။ ဖေးယီကျန့်သာပြတ်သားစွာသတ်ရန်ဆုံးဖြတ်ခဲ့ပါက လေးနှစ်သားအရွယ် ဖေးယွင်ကျင်း လွတ်မြောက်ရန်ခက်ခဲပေလိမ့်မည်။
ဆိုလိုသည်မှာ... ဖေးယွင်ကျင်း မွေးဖွားစဉ်အခါကပင် ဖေးယီကျန့် ထိုအချက်အား စဉ်းစားခဲ့ဖူးပါသလား? ဖေယွင်ကျင်းသာ မရှိခဲ့လျှင် သူ၏ "မွေးကင်းစ သေဆုံးခြင်း" ကံကြမ္မာမှာ ဖြစ်ပေါ်လာမည် မဟုတ်ပေ။
"နန်ယု"
ဖေးယီကျန့် ငြိမ်သက်စွာ သူမအား ကြည့်လိုက်သည်။ သူ့မျက် လုံးများမှာ မှောင်မိုက်၍ မည်သည့် အတွေးကိုမှဖော်ပြခြင်း မရှိဘဲ နားမလည်နိုင်ဖြစ်နေရသည်။
"မင်း ကိုယ့်ကို စမ်းသပ်နေတာလား ?"
"ဟုတ်တယ်"
"စိတ်မကောင်းပါဘူး"
ဖေးယီကျန့်နှင့် နှိုင်းယှဉ်လျှင် ဖေးယွင်ကျင်းမှာ နန်ယုအတွက် ပို၍ အရေးကြီး သည်မှာ သေချာသည်။ အသက်ကယ်ခြင်း နှင့် ကံကြမ္မာ ပြောင်းလဲခြင်း လုပ်ရပ်များအကြိမ်ကြိမ်လုပ်ဆောင် ခဲ့မှုများကြောင့် ဖေးယီကျန့် တစ်စုံတစ်ခုအား သတိထားမိနေ သည်မှာ သေချာသည်။
ထို့ကြောင့် သူ ပြောင်းလဲလာမည်လား ?
"မင်း စွမ်းရည်တွေနဲ့ဆိုရင် မဖော်ထုတ်ခံရဘဲ ကိုယ့်ကို အလွယ်တကူသတ်နိုင်လား?"
ဖေးယီကျန့် မျက်နှာတွင် မေးခွန်းထုတ်ခံရခြင်းကြောင့် ဒေါသ သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်ခြင်းမျိုးမရှိဘဲ ထူးခြားစွာ တည်ငြိမ်နေသည်။ ထို့ကြောင့် နန်ယု ထိုမေးခွန်းအား ရှောင်လွှဲခြင်းမရှိဘဲ တိုက်ရိုက်ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်တယ်"
ဥပဒေဖြင့် အုပ်ချုပ်သော နှင့် နေရာတိုင်း စောင့်ကြည့်ကင်မရာများ ရှိနေသည့် ယခုလို ခေတ်ကာလတွင်ပင် နန်ယုအတွက် တိတ်တဆိတ် သတ်ဖြတ်၍လွတ်မြောက်ရန် မှာ မခက်ခဲပေ။ သူမတွင် ထိုသို့ လုပ်ဆောင်ရန် နည်းလမ်းပေါင်းများစွာရှိနေ သည်။ ထို့အပြင် နန်ယု တကယ့်လူများအားသတ်ဖြတ်ခဲ့ဖူး သည်။
မြေအောက်အခြေစိုက်စခန်း မှာ စည်းလုံးခြင်းမရှိခဲ့ပေ။ ကိုယ် ကျိုးအတွက် အဖော်အား သစ္စာဖောက်သူများ၊ ပြောင်းလဲသော သတ္တဝါများ၏အာရုံကို လမ်းကြောင်းလွှဲရန် အဖော်များအား တွန်းပို့သူများ မရေမတွက်နိုင်အောင်ရှိခဲ့သည်။ နန်ယု ထိုသို့သောသူများအား အရေးယူရန်တစ်ခါမျှ မတွန့်ဆုတ်ခဲ့ပေ။
သို့သော်လည်း လူသတ်ခြင်းမှာ အပြီးသတ်ဖြေရှင်းနည်း မဟုတ်ပေ။ ယခု ပေထန်အဖိုးကြီးအား သတ်လိုက်လျှင် အရာအားလုံးကို အဆုံးသတ်နိုင်မည်၊ သို့မဟုတ် ကံကြမ္မာကိုအား နည်းစေရန် အခြားသူများစွာအား သတ်နိုင်ပေမည်။ 'ပြီးရင်ရော ဘာဖြစ်မလဲ' ဟူသော မေးခွန်းမှာ ရှိနေသေးသည်။
နန်ယုတွင် ကန့်သတ်ချက်များရှိသည်။ သူမ၏အကြီးမားဆုံး လျှို့ဝှက်ချက်အား ဖော်ထုတ်ရမည်ဆိုလျှင်ပင် ဖေးယီကျန့်နှင့် ပူးပေါင်းရန်ကိုသာ သူမ ပိုလိုလားသည်။
"ကျွန်တော်က အတ္တကြီးပြီး၊ အေးစက်ပြီး၊ ကောင်းတဲ့လူ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်"
ဖေးယီကျန့်၏မူလ မှောင်မိုက်သော မျက်လုံးများတဖြည်း ဖြည်း ပြောင်းလဲလာသည်။ ဆောင်းနေရောင်ကဲ့သို့ နွေးထွေး သော်လည်းမပူပြင်းဘဲ ယဲ့ယဲ့လေးပြုံးနေသည့်အရိပ်အယောင် အားမြင်နေရသည်။ အဖော်များမှာ စမ်းသပ်ခြင်းနှင့် မေးခွန်း ထုတ်ခြင်းခံရပါက လူအများစုမှာ ဒေါသမထွက်လျှင်တောင် ဝမ်းနည်းကြပေမည်။
သို့သော် ဖေးယီကျန့်မှာမူ စည်းကမ်းအတိုင်း ကစားခြင်းမရှိခဲ့ပေ။
သူ တကယ် စိတ်ကောင်းဝင်နေပုံရသည်မဟုတ်ပါလား?
"ဒါပေမဲ့ ကျွန်တော်မှာလည်း ကန့်သတ်ချက်ရှိပါတယ်"
ဖေးယီကျန့် ရှင်သန်ရန်အတွက် ဘာမဆိုလုပ်မည့်သူမျိုး၊ လက်စားချေစိတ်ဖြင့် လူ့အသက်အား နှုတ်ယူမည့်သူမျိုး ဖြစ်ခဲ့ပါက နန်ယုအား စောင့်ဆိုင်းနေမည် မဟုတ်ပေ။ သူနှင့် နန်ယုတို့ စရိုက်နှင့် အတွေ့အကြုံများ လုံးဝ ကွဲပြားသော်လည်း၊ သူတို့နှစ်ဦးလုံးတွင် ဘဝထက် ပိုအရေးကြီးသော အခြေခံစည်း တစ်ခု ရှိနေခဲ့ခြင်းကြောင့်သာဖြစ်သည်။
"နန်ယု၊ ကိုယ့်ကို ယုံပါ"
"ကောင်းပြီ"
နန်ယု တစ်စက္ကန့်မျှမတွန့်ဆုတ်ဘဲ ချက်ချင်းတုံ့ပြန်လိုက်သည်။ သူမ အဖြေ မြန်ဆန်လွန်းသဖြင့် သူ၏စစ်မှန်သော ခံစားချက်များအား ခဲယဉ်းစွာပြသသော ဖေးယီကျန့် ပင်လျှင် အံ့အားသင့်သွားခဲ့သည်။
'ဒီလောက်တောင် မြန်လွန်းတာလား?'
သူ ထိုအဖြေအား တကယ်လိုချင်ခဲ့သော်လည်းတကယ်မဟုတ် သလိုခံစားရသည်။ ထို့နောက် သူ့အတွေးအား ဖတ်နိုင်သကဲ့သို့ နန်ယုမှာ ပရိယာယ်ဆန်သော အပြုံးဖြင့် ပြုံးလိုက်သည်။
"ဒါ အာရုံထင်ယောင်ထင်မှား မဟုတ်ဘူး၊ ကျမ တကယ်ဖြေခဲ့တာ"
"ကျမ ရှင့်ကို ယုံတယ်၊ ကျမ ရှင့်ကို တကယ်ယုံတယ်!"
"ကျမ ရှင့်ကို မယုံရင် ရှင်နဲ့ စကားတစ်လုံးတောင် ထပ်ပြောနေမှာ မဟုတ်ဘူး၊ ရှင် သေချင်ရင် သေလိုက်ပေါ့၊ ကမ္ဘာပေါ်မှာ လူတွေ အများကြီးရှိတာ၊ ကျမတို့က သူတို့အားလုံးကို ဘယ်လိုလုပ်ကယ်တင်နိုင်မှာလဲ?"
၎င်းမှာ နန်ယု၏နောက်ဆုံး ကြိုးစားမှု ဖြစ်သည်။ ဖေးယွင်ကျင်းအတွက်၊ ဖေးယီကျန့် နောက်ဆုံးတွင် သူ့ယုံကြည်မှုအား သစ္စာဖောက်ခဲ့ရင်တောင် နန်ယု နောင်တရမည် မဟုတ်ပေ။
"ဒါဆို၊ ကျမတို့ အခု သူငယ်ချင်းတွေဖြစ်သွားပြီ"
နန်ယု သူ့ ညာလက် အားဆန့်ထုတ်သည်။
"ကျမ ဆီလာခဲ့၊ ကျမဆ်ုတဲ့ နန်ယုက ပျော်ရွှင်မှုနဲ့ လှတဲ့မိန်းကလေးတွေကို ချစ်တယ်၊ တိုက်ခိုက်တာမှာ ကျွမ်းကျင်တယ်၊ ရှင် တိုက်ပွဲလိုအပ်ရင် ကျမဆီသာလာခဲ့"
ဖေးယီကျန့်လည်း သူ့ညာလက်အား ဆန့်ထုတ်ကာ နန်ယု လက်အား ခိုင်မြဲစွာဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် ဖေးယီကျန့်ပါ၊ အခု ဝါသနာတော့မရှိသေးဘူး ဒါပေမဲ့ တစ်ခုခုရှာတွေ့ဖို့ကြိုးစားပါ့မယ်၊ အထူးကျွမ်းကျင်မှု အတွက်ကတော့..."
"ရှင့် ကံကြမ္မာအပေါ် မူတည်တယ်၊ ရှင် ကျွန်မဆီ လာခဲ့"
"ဟား ဟား ဟား~"
နန်ယု ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ ဖေးယီကျန့်လည်း ပေါ့ပါးစွာ ရယ်လိုက်သည်။ အရင်က အထင်လွဲမှုများနှင့်မကျေနပ်မှုများ အားလုံးမှာ ထိုအခိုက်အတန့်တွင် လုံးဝပျောက်ကွယ်သွားခဲ့ပြီ။ နန်ယု စစ်မှန်သော မဟာမိတ် တစ်ဦးအားရရှိလိုက်ခြင်းအတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။
"ကောင်းပြီ၊ အလုပ်စကြစို့"
နန်ယု သူ့အပြုံးအား ထိန်းချုပ်လိုက်ပြီး အလေးအနက်ထား ပြောသည်။
"မပြောင်းဘူး၊ ဖြစ်ကောင်းဖြစ်နိုင် ပြောင်းလဲမှုက သိမ်မွေ့လွန်းလို့ ငါ မသတိထားမိတာဖြစ်နိုင်တယ်"
"မပြောင်းတာ၊ ဖြစ်ကောင်း ဖြစ်နိုင်တယ် ပြောင်းလဲမှုက သိမ် မွေ့လွန်းလို့ ငါတို့ မသတိထားမိတာဖြစ်နိုင်တယ်"
သူရဲကောင်းနှင့် ဇာတ်လိုက်မတို့၏ အစောပိုင်း တွေ့ဆုံမှုက ဘာကိုမှ မပြောင်းလဲစေခြင်းမှာ ထိုသို့သောတွေ့ဆုံမှုက ကံကြမ္မာကို ထိခိုက်စေနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းမှာ ဖေးယွင်ကျင်း၏ဇနီးဟူသော ကံကြမ္မာဆီသို့ ဦးတည်စေမည့်အလားအလာ ရှိနိုင်သည်ဟု နန်ယုကောက်ချက်ချ လိုက်သည်။
ကံကြမ္မာသည် ဖြစ်စဉ်ထက် ရလဒ်အား ရှင်းရှင်းလင်းလင်း ဦးစားပေးသည်။ သူမ ခေါင်းပေါ်မှ စာများ ပျောက်ကွယ်ရခြင်းမှာ လိုချင်သော ရလဒ်အား အောင်မြင်ရန် ဖြစ်နိုင်ခြေ သုည ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ဖေးယီကျန့်နှင့် အခြားသူများ၏ ကံကြမ္မာအားဘေးဖယ်ဦး၊ ဖေးယွင်ကျင်း အဆုံးသတ်မှာ သဘာဝအတိုင်းသေဆုံးခြင်းပင်။
ကံကြမ္မာသည် လုပ်ငန်းစဉ်ထက် ရလဒ်ကို ရှင်းရှင်းလင်းလင်း ဦးစားပေး သည်။ သူမ၏ ခေါင်းပေါ်ရှိ စာ ပျောက်ကွယ်ရခြင်းမှာ လိုချင်သော ရလဒ်ကို အောင်မြင်ရန် ဖြစ်နိုင်ခြေ သုညဖြစ်သောကြောင့်ဖြစ်သည်။
'ကံကြမ္မာကို အားနည်းစေဖို့အတွက် ရှောင်ကျင်းကို တမင်တ ကာသေခွင့်ပြုလိုက်လို့မရဘူး မဟုတ်လား?'
ထိုအချက်မှာ ဤ ရလဒ်ကောင်း သည် ရှောင်လွှဲ၍မရ ကြောင်း ဆိုလိုသည်။
ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ အထူးသဖြင့် ကံကြမ္မာအပေါ် ပိုမိုကြီးမားသော လွှမ်းမိုးမှု ရှိသည်။ ဖေးယွင်ကျင်းနှင့် စူးရှောင်နွမ်တို့၏ နောက်ဆုံးရလဒ်များ မပြောင်းလဲသရွေ့ ကံကြမ္မာမှာ ထာဝရ တည်ရှိ နေမည်။ ၎င်း မသေမချင်း၊ နောက်ထပ် မည်သည့်အချိန်တွင် ရုတ်တရက် "အံဝင်ခွင်ကျမှု" က အခြားသူတစ်ဦး၏ သေဆုံးမှုအားဖြစ်စေဦးမည်ကို မည်သူသိနိုင်မည်နည်း။
၎င်းမှာ မဖျက်ဆီးနိုင်သော ပိုးဟပ် ထက်ပင် ပို၍ စက်ဆုပ်ဖွယ် ကောင်းလှသည်။ သို့သော် နန်ယုအား လက်လျှော့စေရန် မဖြစ်နိုင်ပေ။ သူမ ဘဝတစ်လျှောက်လုံး ၎င်းအားတိုက်ခိုက်နိုင် သည်။
သူမ မသေမချင်း နန်ယုသည် ဘယ်တော့မှလက်မခံပေ!
ပိုးလောင်းလေးတစ်ကောင်၏ ရုန်းကန်မှုပင်။
နောက်တစ်နေ့ တွင် ဖေးယွင်ကျင်း အိပ်ရာမှ လုံးဝမထနိုင်ခဲ့ချေ။
နန်ယု လေ့ကျင့်မှုများမှာ ဖေယွင်ကျင်း၏ကန့်သတ်ချက်အထက်အနည်းငယ်သာ ရှိနေစေရန် အမြဲထိန်းထားခဲ့သဖြင့် သူ့အား အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းမှ ကာကွယ်ပေးခဲ့သည်။
သို့သော် မနေ့က တောင်တက်ခြင်းမှာ ထို ကန့်သတ်ချက်အား ရှင်းရှင်းလင်းလင်း ကျော်လွန်သွားခဲ့သည်။
"အန်တီ"
ကလေးငယ်မှာ စောင်အောက်မှ သူ့လက်သေးသေးများအား ထိုးထုတ်ရန် အားယူရုန်းကန်နေသည်။
"ခဏလေး စောင့်ပါဦး၊ ရှောင်ကျင်း ချက်ချင်းထတော့မှာပါ"
သူ့အန်တီနှင့် အတူရှိခွင့်ရမည့် ရှားပါးအခွင့်အရေး အား သူ ဘယ်လိုလုပ် လက်လျှော့နိုင်မည်နည်း။ Ultraman လူဆိုးများအားတိုက်ခိုက်သကဲ့သို့ပင် လက်မလျှော့ပါက အံ့ဖွယ်တစ်ခု သေချာပေါက်ဖြစ်ပွားလာမည်ဟု သူ ယုံကြည်ထားသည်။
"အန်တီ!"
"ကူညီပါ!"
နောက်တစ်စက္ကန့်တွင် အဝတ်အစားလဲရန် ကြိုးစားနေသော ဖေးယွင်ကျင်း သူ့ခေါင်းပိတ်မိသွားခဲ့သည်။ အမှောင်မှလွဲ၍ ဘာမှ မမြင်ရတော့ပေ။ သူ့လက်ကလေးများမှာ အဝတ်အား ဖယ်ရှားရန် ရုန်းကန်သော်လည်း မရွှေ့နိုင်ခဲ့ပေ။
နန်ယု: ...
'ပိုးလောင်း' တစ်ကောင် သင့်ရှေ့တွင် သူ့ခန္ဓာကိုယ်အား အား ထုတ်စွာလိမ်နေသည်ကို မြင်တွေ့ရခြင်းကို မည်သို့ခံစားရမည်နည်း။
အလွန်အကျွံ လှုပ်ရှားမှုကြောင့် ဖေးယွင်ကျင်း စောင်များကိုပါ လိပ်မိသွားသဖြင့် ထပ်မံမလှုပ်ရှားနိုင်တော့ပေ။
ဖျန်း—
ဖေးယွင်ကျင်း ရုန်းကန်နေစဉ် ရယ်မောသံမှာ သူ့နားထဲသို့ရှင်း ရှင်းလင်းလင်းရောက်ရှိလာခဲ့သည်။ ၎င်းမှာ သူ့အား ခဏတာ ရပ်တန့် စေခဲ့သည်။
"မကောင်းတဲ့ အန်တီ! ရှောင်ကျင်း အလင်းလှိုင်းကို ယူလိုက်!"
အသံလာရာသို့လိုက်၍ စောင်ဘီလူးတစ်ကောင်မှာ နန်ယုအား ပြင်းထန်စွာခုန်အုပ်လိုက်သည်။ ထို့နောက်... ဘာမှမဖြစ်ခဲ့ပေ။
သေချာပါသည်။ နတ်ဆိုးလေးတစ်ကောင်မှာ နတ်ဆိုးကြီးအား အနိုင်ယူနိုင်ခြင်းမရှိပေ။