ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ယုံကြည်မှု....
Vol. 45 Ch. 671
ရှေးဟောင်းနတ်ဘုရားထို့ပါက အသက်အန္တရာယ်ကျရောက်စေရန် ရည်ရွယ်ချက်မရှိသော်လည်း အင်းဆက်မျိုးနွယ်က ကမ်းလှမ်းသောအရာများက အလွန်များပြားလွန်းလှသည်။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားထို့ပါက မူလခန္ဓာကိုယ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ကိုယ်ပွားက လင်းယွမ်၏ လက်ချက်ဖြင့် ပျက်စီးခဲ့ရသည်။ နောက်ထပ်ကိုယ်ပွားတစ်ခုက နှစ်ပေါင်းရာချီအောင် အပြည့်အဝ ကျင့်ကြံနိုင်ခြင်းမရှိပေ။
ကိုယ်ပွားတစ်ခုကို စုစည်းပြီးသော်လည်း လက်ရှိ ကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းအားက မူလခန္ဓာကိုယ်ကြား သိသာသော ကွာခြားချက်ရှိနေသည်။ ကိုယ်ပွားတစ်ခုကို စုစည်းရန် လွယ်ကူသော်လည်း မူလခန္ဓာကိုယ်နီးပါး အစွမ်းထက်ရန် အချိန်၊ စွမ်းအားနှင့် အရင်းအမြစ်များစွာ လိုအပ်သည်။
ထို့အပြင် ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် သူ၏ စိတ်အသိအပိုင်းအစတစ်ခုက ထာဝရ ဆုံးရှုံးခဲ့ရသည်။ ကိုယ်ပွားကို အတင်းအကျပ်စုစည်းခြင်းက သူ၏ ကိုယ်ပိုင်ခွန်အားအပေါ် ထပ်မံသက်ရောက်ခဲ့သည်။
" မစိုးရိမ်နဲ့ ငါ့မှာ အစီအစဉ်ရှိပါတယ်။ " ရှေးဟောင်းနတ်ဘုရား ထို့ပါက သူ့ကို သတိပေးသော ရှေးဟောင်းနတ်ဘုရားကို ကြည့်ပြီး ပြောလိုက်သည်။ အင်းဆက်မျိုးနွယ်၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့သောကြောင့် သူ၏ စိတ်ထဲတွင် သေချာသော အစီအစဉ်တစ်ခု ရှိပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ယုံကြည်မှုက အင်းဆက်မျိုးနွယ်မှ သူ့ကို ယာယီငှားရမ်းထားသော ကြီးမြတ်သူအဆင့် လက်နက်မှ လာခြင်းဖြစ်သည်။ သူက အလွှာဆယ့်တစ် ပဉ္စမအဆင့် ဖြစ်ပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင်လည်း ပဉ္စမအဆင့် ဖြစ်သောကြောင့် ကြီးမြတ်သူအဆင့်လက်နက်တစ်ခုကို သန့်စင်နိုင်သည်။
အင်းဆက်မျိုးနွယ်က မဟာစစ်မြေပြင်တွင် လွှမ်းမိုးမှုရရှိနိုင်ရန် ကြီးမြတ်သူအဆင့် လက်နက်များကို ထုတ်ယူငှားရမ်းခဲ့သည်။ သို့သော် ၎င်းက ငှားရမ်းခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် ပြန်ပေးရမည်ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားထို့ပါက ကြီးမြတ်သူအဆင့် လက်နက်ကြောင့် သူ၏ မူလခန္ဓာကိုယ်နှင့် အင်းဆက်မျိုးနွယ်၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့သည်။ မည်သို့ပင်ဆိုစေ ကြီးမြတ်သူအဆင့် လက်နက်နှင့် ရှေးဟောင်းနတ်ဘုရားထို့ပါက သူ့ကိုသူ ဘေးကင်းမည်ဟု ယုံကြည်နေသည်။
ကြီးမြတ်သူအဆင့် လက်နက်ကိုင်ဆောင်ထားသူကို ကြီးမြတ်သူမဟုတ်ဘဲ ဘယ်သူမှသတ်နိုင်မည်မဟုတ်ပေ။ ကြီးမြတ်သူလက်နက်ကိုင်ဆောင်ထားသော အလွှာဆယ့်တစ် သက်ရှိများနှင့် ရင်ဆိုင်ရလျှင်တောင် အများဆုံး ဖိနှိပ်ခြင်း သို့မဟုတ် မောင်ထုတ်ခြင်းသာ တတ်နိုင်ပေလိမ့်မည်။ စကြာဝဠာမွေးဖွားချိန်ကတည်းက ကြီးမြတ်သူအဆင့် လက်နက်ကိုင်ဆောင်ထားသော အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က အခြားတစ်ယောက်၏ လက်ထဲတွင် ကျဆုံးခဲ့သည်ဖြစ်ရပ်မျိုး တစ်ခါမှမဖြစ်ဖူးပေ။
" အစီအစဉ် ရှိတယ်လား။ " ရှေးဟောင်းနတ်ဘုရားက တိတ်ဆိတ်သွားသည်။ " ကြီးမြတ်သူအဆင့် လက်နက်က အားကောင်းတာမှန်တယ်။ ဒါပေမယ့် ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှာလည်း မင်း ကြီးမြတ်သူအဆင့် လက်နက်ကို ကိုင်ခဲ့တာမဟုတ်လား။ အဲ့ဒါတောင် ပျက်စီးခဲ့သေးတာပဲ။ "
" ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာနဲ့ မဟာစစ်မြေပြင်က မတူဘူး။ " ရှေးဟောင်းနတ်ဘုရားထို့ပါက မျက်မှောင်ကြုတ်သွားသည်။ " ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ ကြီးမြတ်သူအဆင့် လက်နက်ရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်ဘူး။ မဟုတ်ရင် အဲ့ဒီလူသားရွှယ်ယုက ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး။ "
ရှေးဟောင်းနတ်ဘုရားထို့ပါကို သတိပေးခဲ့သော ရှေးဟောင်းနတ်ဘုရားက တိတ်ဆိတ်သွားသည်။ သူက သတိပေးရုံသာဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားထို့ပါက နားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ သူနှင့် မဆိုင်ပေ။ ကြီးမြတ်သူအဆင့် လက်နက်က အလွန်စွမ်းအားကောင်းသော်လည်း မည်သည့်အရာမှမသေချာပေ။
မူလခန္ဓာကိုယ်နှင့် မဟာစစ်မြေပြင်သို့ ဝင်ရောက်ခြင်းက အမှန်ပင် အန္တရာယ်အနည်းငယ် ရှိနေသည်။ ထိုရှေးဟောင်နတ်ဘုရားထွက်သွားပြီးနောက် ရှေးဟောင်းနတ်ဘုရားထို့ပါက သူ၏ ခန္ဓာကိုယ်ထဲမှ ကြီးမြတ်သူအဆင့် လက်နက်နှင့် ဆက်သွယ်လိုက်သည်။
"ငါ အင်းဆက်မျိုးနွယ်ကို မဟာစစ်မြေပြင်မှာ အသာစီးရအောင် ကူညီပေးနိုင်ရင် ငါလိုချင်တဲ့ ရတနာကို ရရှိနိုင်လိမ့်မယ်။ အဲ့ဒါဆို ငါ ဆုံးရှုံးသွားတဲ့ စိတ်အသိကို ပြန်ဖြည့်နိုင်မယ့်အပြင် ပိုပြီးအားကောင်းလာလိမ့်မယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါ၏ စိတ်ထဲတွင် ဆန္ဒတစ်ခု ပေါ်လာသည်။
အလွှာဆယ့်တစ်၏ ပဉ္စမအဆင့်ကို ရောက်ရှိခြင်းက ကြီးမြတ်သူအဆင့်ကို စိန်ခေါ်နိုင်သော်လည်း မျှော်လင့်ချက်နည်းပါးပြီး အထွတ်အထိပ်သို့ ရောက်ရှိခြင်းက အကောင်းဆုံးဖြစ်သည်။
မဟာစစ်မြေပြင်သာ ဖွင့်လှစ်ခြင်းမရှိလျှင် အင်းဆက်မျိုးနွယ်က ရတနာကို ထုတ်ပေးမည်မဟုတ်ပေ။ အခွင့်အရေးက သူ့အတွက် တစ်ကြိမ်သာ ရနိုင်သည်ကို ရှေးဟောင်းနတ်ဘုရားထို့ပါက ကောင်းစွာသိလေသည်။
" ငါ့ရဲ့ အကူအညီမပါရင်တောင် အင်းဆက်မျိုးနွယ်က မဟာစစ်မြေပြင်မှာ အသာစီးရဖို့ ဖြစ်နိုင်ပါတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက တိတ်ဆိတ်စွာ တွေးလိုက်သည်။
စကြာဝဠာထဲမှ အထွတ်အထိပ် မျိုးနွယ်တစ်ခုအနေဖြင့် အင်းဆက်မျိုးနွယ်၏ အခြေခံအုတ်မြစ်အကြောင်း ပြောစရာပင်မလိုပေ။ ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် အင်းဆက်မျိုးနွယ်က မကြုံစဖူး အားနည်းခြင်းကို ခံစားခဲ့ရသည်။
သို့သော် မဟာစစ်မြေပြင်က အင်းဆက်မျိုးနွယ်၏ အဓိကစစ်မြေပြင်ဖြစ်ပြီး အစွမ်းထက်သော အင်းဆက်မျိုးနွယ်စစ်သည်များကို လွတ်လပ်စွာ မွေးမြူနိုင်ကြသည်။ သူတို့က အင်းဆက်မျိုးနွယ်စစ်သည် ဘီလီယံပေါင်းများစွာကို စစ်မြေပြင်သို့ ခေါ်ဆောင်နိုင်သည်။
ရှေးဟောင်းနတ်ဘုရားထို့ပါက စစ်မြေပြင်သို့ ပေါ့ပေါ့ပါးပါး လျှောက်သွားရုံနှင့် သူလိုချင်သော ရတနာကို ရရှိနိုင်သည်ဟု ခံစားရသည်။
" မဟာစစ်မြေပြင်မှာ အဲ့ဒီလူသားရွှယ်ယုနဲ့ ထပ်တွေရင် ငါ နောက်ဆုတ်လိုက်မယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက လက်စားချေရန် အတွေးမရှိပေ။
သူ၏ အမြင်တွင် လူသားရွှယ်ယုက လူသားမျိုးနွယ်၏ အလွှာဆယ့်တစ် အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူ ဖြစ်နိုင်ခြေအလွန်များသည်။ မဟာစစ်မြေပြင်တွင် လူသားရွှယ်ယုက ကြီးမြတ်သူအဆင့် လက်နက်ကို သေချာပေါက် ကိုင်ဆောင်ထားပေလိမ့်မည်။ သူ့ကိုသူ ကယ်တင်ရန် နည်းလမ်းရှိသော်လည်း ထိုသို့သော ရန်သူကို ရင်ဆိုင်ရန် မလိုအပ်ပေ။
" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်ကို တက်လှမ်းသွားပြီလို့ ငါကြားတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက နဂါးငွေ့တန်းကြယ်သခင်အကြောင်းကိုပါ တွေးမိသွားသည်။ သူ၏ လက်ရှိအခက်အခဲများက နဂါးငွေ့တန်းကြယ်သခင်နှင့်လည်း သက်ဆိုင်သည်ကို သိထားလေသည်။
နဂါးငွေ့တန်းကြယ်သခင်၏ လျင်မြန်သော တိုးတက်မှုကြောင့် ရှေးဟောင်းနတ်ဘုရားထို့ပါက ခြိမ်းခြောက်မှုကို ခံစားခဲ့ရခြင်းမရှိလျှင် သူက မဟာစစ်မြေပြင်သို့ ဝင်ရောက်ရန် သဘောတူမည်မဟုတ်ပေ။
" ဒီလိုအချိန်တိုအတွင်းမှာ အလွှာဆယ့်တစ်ကို တက်လှမ်းနိုင်တယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက မနာလိုမှုကို ခံစားလိုက်ရသည်။
စကြာဝဠာထဲမှ အထူးသက်ရှိအနေဖြင့် ထို့ပါ၏ ပါရမီနှင့် အရည်အချင်းများက မေးခွန်းထုတ်စရာပင် မလိုပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်နှင့်ယှဉ်လျှင် သူက လုံးဝ မှေးမှိန်သွားရလေသည်။ အကြောင်းမှာ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်သို့ ဝင်ရောက်ရန် နှစ်ပေါင်းရာချီသာ အချိန်ယူခဲ့သော်လည်း သူက နှစ်သန်းပေါင်းများစွာ ကြာခဲ့လေသည်။
" ဒီလိုလျင်မြန်တဲ့ တိုးတက်မှုနဲ့ဆို အခြေခံက ခိုင်မာမှာမဟုတ်ဘူး။ ကြီးမြတ်သူအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်နည်းတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ " ဒီတစ်ခါ မဟာစစ်မြေပြင်မှာ သူ့ကိုတွေ့ရင် ငါသူ့ကို သင်ခန်းစာတစ်ခု ပေးရမယ်။ "
နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်သို့ ဝင်ရောက်ခြင်းမှာ သတင်းဆိုးတော့မဟုတ်ပေ။ သူက မဟာစစ်မြေပြင်သို့ ဝင်ရောက်နိုင်ခြေများသည်။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားထို့ပါက အခွင့်အရေးရရှိပေလိမ့်မည်။
ထျန်းယုမျိုးနွယ်၏ နယ်မြေတွင် ထျန်းယုမျိုးနွယ်၏ ဘိုးဘေးများက အောက်သို့ ငုံ့ကြည့်နေကြသည်။ ထျန်းယုမျိုးနွယ်၏ အလွှာဆယ့်တစ် သက်ရှိများက ညီညာစွာ ရပ်နေကြသည်။
ထိုအချိန်တွင် ကျောတွင် တောင်ပံနှစ်ဆယ်ပါသော အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ သူမက အလွန်လှပပြီး သန့်ရှင်းသော အော်ရာနှင့်အတူ ခေါင်းတွင် သရဖူကို ဆောင်းထားသည်။
" ဒီမဟာစစ်မြေပြင်မှာ ကျွန်မတို့က ဘိုးဘေးတွေကို သေချာပေါက် စိတ်ပျက်စေမှာမဟုတ်ပါဘူး။ "
လှပသော အမျိုးသမီး၏ နာမည်က ထျန်းယုမန်ဖြစ်သည်။ ထျန်းယုမျိုးရိုးနာမည်ကို ပိုင်ဆိုင်ခြင်းက အမြင့်မြတ်ဆုံး သွေးမျိုးဆက်ကို ရည်ညွှန်းပြီး ပထမဆုံး ဘိုးဘေး၏ သွေးကို သယ်ဆောင်ထားသည်။
" ယုမျိုးနွယ်ကို သတိထားပါ။ " အမြင့်ဆုံးနေရာမှ ပထမဘိုးဘေး၏ အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
" ဟုတ်ကဲ့ " ထျန်းယုမန်က ခေါင်းညိမ့်လိုက်သည်။
သူမက ကြီးမြတ်သူအဆင့်ကို ကြိုးစားရန်အတွက် အလားအလာအရှိဆုံး အဖွဲ့ဝင်ဖြစ်သည်။ သူမ၏ သွေးမျိုးဆက်က ပထမဆုံးဘိုးဘေးမှ ဆင်းသက်လာခဲ့ပြီး ဤတစ်ကြိမ်တွင် သူမနှင့်အတူ ထျန်းယုမျိုးနွယ်၏ မျိုးနွယ်ကာကွယ်ရေးလက်နက် အပြစ်ကင်းစင်ခြင်းသရဖူကို သယ်ဆောင်ထားသည်။
ထျန်းယုမန်က မဟာစစ်မြေပြင်တွင် သူမ၏ နာမည်ကို ချန်ခဲ့ရန် အစီအစဉ်ဆွဲပြီးသားဖြစ်သည်။ ကြီးမြတ်အဆင့် လက်နက်များကြားမှာပင် အပြစ်ကင်းစင်ခြင်းသရဖူကို ထိပ်တန်းအဖြစ် သတ်မှတ်နိုင်သည်။
၎င်းက ပထမဆုံး ဘိုးဘေး ထွက်ပေါ်လာပြီး မကြာမီ စကြာဝဠာထဲသို့ ကျရောက်ခဲ့သော ရတနာမှ သွန်းလုပ်ထားခြင်းဖြစ်သည်။ ထျန်းယုမန်ကဲ့သို့ ပထမဆုံးဘိုးဘေး၏ သွေးမျိုးဆက်များသာ ထိုကြောက်စရာကောင်းသော လက်နက်ကို သန့်စင်နိုင်သည်။
အခြားအလွှာဆယ့်တစ် သက်ရှိများပင် ထိုသို့သော အောင်မြင်မှုကို ရရှိနိုင်မည်မဟုတ်ပေ။ အပြစ်ကင်းစင်ခြင်းသရဖူ၏ စွမ်းအားက အလွန်ကြီးမားပြီး အခြားကြီးမြတ်သူအဆင့် လက်နက်များထက် ကျော်လွန်နေသည်။
အင်းဆက်မျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်က မဟာစစ်မြေပြင်အတွက် မဟာဗျူဟာများနှင့် အစီအစဉ်များ ရေးဆွဲထားကြသည်။ ယုမျိုးနွယ်၊ ကြယ်စကြာဝဠာမဟာမိတ်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များကလည်း အလားတူ လုပ်ဆောင်နေကြသည်။
မဟာစစ်မြေပြင်၏ ရလဒ်က နောက်ထပ် နှစ်သန်းပေါင်းများစွာအတွင်း စကြာဝဠာအတွင်းရှိ အရင်းအမြစ် နယ်မြေများ၏ ခွဲဝေမှုကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ မျိုးနွယ်တိုင်းနှင့် အင်အားစုတိုင်းက ၎င်းကို အလွန်အလေးထားကြသည်။