← Chapters

ငါ့အတွက် အစီအစဉ်တွေမလိုဘူး....

Vol. 45 Ch. 683

ငါ့အတွက် အစီအစဉ်တွေမလိုဘူး....

Vol. 45 Ch. 683

" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါး " လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး ကြီးကျယ်ခမ်းနားသော ဂိတ်တံခါးကြီးကို ကြည့်လိုက်သည်။

အလွှာဆယ့်တစ်သို့ တက်လှမ်းပြီးနောက် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ပို၍ စစ်မှန်လာပြီး လက်တွေ့ကျလုနီးပါး ဖြစ်လာသည်။ လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ပထမဆုံးတွေ့ချိန်တွင် ၎င်းက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

သို့သော် သူ၏ အဆင့်ပိုမိုမြင့်မားလာသည်နှင့်အမျှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ပို၍ လက်တွေ့ဆန်လာခဲ့သည်။ ၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ ပုံရိပ်ယောင်အစစ်အမှန် လျို့ဝှက်နည်းစနစ်၏ အနှစ်သာရနှင့် ဆင်တူသည်။

" ငါ အလွှာဆယ့်နှစ်ကို တက်လှမ်းပြီး ကြီးမြတ်သူဖြစ်လာရင် အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးက အစစ်အမှန် ဖြစ်လာနိုင်မလား မသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ယခုအခါ လက်တွေ့နီးပါးဖြစ်သော်လည်း အစစ်အမှန်မဟုတ်သေးဘဲ အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ ပုံရိပ်ယောင်သာ ဖြစ်နေဆဲ ဖြစ်သည်။ လင်းယွမ်က အလွှာဆယ့်နှစ်တက်လှမ်းပြီး ကြီးမြတ်သူဖြစ်လာလျှင် သူ၏ အသက်အဆင့်က ခုန်ပျံတက်သွားပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးကလည်း အစစ်အမှန် ဖြစ်လာပေလိမ့်မည်။

" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးက အစစ်အမှန် ဖြစ်လာရင် ဘာတွေပြောင်းလဲလာမလဲမသိဘူး။ " လင်းယွမ်က စိတ်ထဲတွင် အတော်လေး သိချင်စိတ်ဖြစ်မိသည်။

ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှ ပြန်လာပြီးနောက် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ပြည့်စုံသော အချိန်သက်ရှိအဆင့်၏ ရတနာတစ်ခု ဟုတ်မဟုတ်ကို စဉ်းစားနေခဲ့သည်။ ထိုအဆင့်က ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ ရှာဖွေနေခဲ့သော အဆင့်ဖြစ်သည်။

" ဟမ် " လင်းယွမ်က ထိန်းချုပ်ရေးအခန်း၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။

ရွှမ်ယွမ်ယိုနှင့် ဆင့်ကဲပြောင်းလဲသူများက သူ့အား တွေ့ဆုံရန် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။

" ဝင်ခဲ့ပါ။ " လင်းယွမ်က အားလုံးကို ဝင်ခွင့်ပေးလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်ကို နှုတ်ဆက်ပါတယ်။ " ရွှမ်ယွမ်ယိုက မောက်မာခြင်းမရှိဘဲ လင်းယွမ်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။

လူသားမျိုးနွယ်မှ ပထမဆုံးကြီးမြတ်သူ၏ တိုက်ရိုက်တပည့်တစ်ယောက်အနေဖြင့် လူသားမျိုးနွယ်တွင် ရွှမ်ယွမ်ယို၏ အဆင့်အတန်းမှ ကြီးမြတ်သူကိုးယောက်အောက်တွင် အမြင့်ဆုံးဖြစ်သည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်ရာတွင် ရွှမ်ယွမ်ယိုက လုံလောက်သော လေးစားမှုကို ပြသခဲ့သည်။

ကြီးမြတ်သူရွှမ်ယွမ်မှ တစ်ခါတစ်ရံ ပြောသော စကားများအရ နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်၏ သမိုင်းတွင် အသန်မာဆုံးဖြစ်လာရန် အမျှော်လင့်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ကို ရွှမ်ယွမ်ယိုက သိထားခဲ့သည်။

ကြီးမြတ်သူများကပင် နဂါးငွေ့တန်းကြယ်သခင်ကို အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် အကြီးမားဆုံး အခွင့်အရေးရှိသည်ကို ယုံကြည်ထားကြသည်။ နဂါးငွေ့တန်းကြယ်သခင်ကို ယခုစော်ကားခြင်းက အနာဂတ် ကြီးမြတ်သူတစ်ယောက်ကို စော်ကားခြင်းနှင့် အတူတူပင်ဖြစ်သည်။

ထို့ကြောင့် ကြီးမြတ်သူရွှမ်ယွမ်၏ ကာကွယ်မှုနှင့်ပင် ရွှမ်ယွမ်ယိုက အကျိုးဆက်များကို ခံနိုင်ရည်မရှိပေ။ ရွှမ်ယွမ်ယိုနည်းတူ အခြားအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကလည်း ထိုကဲ့သို့ ခံစားရလေသည်။

" အင်း " လင်းယွမ်က သူတို့ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။

" ဘာကိစ္စရှိလို့လဲ။ " လင်းယွမ်က တိုက်ရိုက် မေးလိုက်သည်။

" ဒါက အခြားမျိုးနွယ်က အင်အားကြီးသူတွေကို ကိုင်တွယ်ဖို့ ငါတို့ရဲ့ အစီအစဉ်ပါ။ နဂါးငွေ့တန်းကြယ်သခင် တစ်ချက်ကြည့်ပေးပါဦး။ " ရွှမ်ယွမ်ယိုက လင်းယွမ်ထံသို့ အီးမေးလ်တစ်ခု ပို့ပေးလိုက်သည်။

၎င်းက အခြားအထွတ်အထိပ်မျိုးနွယ်များမှ အင်အားကြီးသူများ၏ အချက်အလက်များနှင့် သူတို့ကို တန်ပြန်တိုက်ခိုက်မည့် အစီအစဉ်များဖြစ်သည်။ အစီအစဉ်က အားလုံးပြည့်စုံပြီး လင်းယွမ်ကို လာရောက်တွေ့ဆုံခြင်းက လူသားမျိုးနွယ်မဟာမိတ် စစ်စခန်း၏ ကြီးကြပ်သူထံမှ ခွင့်ပြုချက်ကို တောင်းခံရန်ဖြစ်သည်။

လင်းယွမ်က ခေါင်းမညိမ့်လျှင် ရွှမ်ယွမ်ယိုနှင့် အခြားသူများက အစီအစဉ်ကို အကောင်ထည်ဖော်နိုင်မည်မဟုတ်ပေ။

" နဂါးငွေ့တန်းကြယ်သခင် လုပ်ချင်တာရှိရင် ကျုပ်တို့ကို ပြောပါ။ ကျုပ်တို့ ထပ်ထည့်ပေးပါမယ်။ "

" ငါကြည့်လိုက်ဦးမယ်။ " လင်းယွမ်က အီးမေးလ်ကို ဖွင့်ကြည့်လိုက်သည်။

ရွှမ်ယွမ်ယို၏ စစ်ပွဲအစီအစဉ်က ပြည့်စုံသော်လည်း လင်းယွမ် အဓိကစိတ်ဝင်စားသည်မှာ အစီအစဉ်ကို မဟုတ်ပေ။ ၎င်းက အခြားအထွတ်အထိပ်မျိုးနွယ်များမှ အင်အားကြီးသူများ၏ အချက်အလက်များဖြစ်သည်။

" ကပ်ဘေးမျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ကို ထိန်းချုပ်ဖို့ အဆင့်တူ ဆင့်ကဲပြောင်းလဲသူ အယောက်နှစ်ဆယ် လိုအပ်တာလား။ " လင်းယွမ်က ကပ်ဘေးမျိုးနွယ်ကို ရင်ဆိုင်မည့်အစီအစဉ်ကို မြင်လိုက်ရသည်။

သူက ကပ်ဘေးမျိုးနွယ်၏ ကြောက်စရာကောင်းပုံကို ကြားဖူးသော်လည်း အနည်းငယ် အံ့အားသင့်နေရဆဲ ဖြစ်သည်။ ရွှမ်ယွမ်ယို၏ အစီအစဉ်က ပြိုင်ဘက်ကို အနိုင်ယူရန် ရည်ရွယ်ချက်မရှိပေ။ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကပ်ဘေးမျိုးနွယ်မှ အင်အားကြီးသူများကို ထိန်းချုပ်ထားရန် ဖြစ်သည်။

" ကပ်ဘေးမျိုးနွယ်က ကြောက်စရာကောင်းတယ်။ " ရွှမ်ယွမ်ယိုက သက်ပြင်းချလိုက်သည်။ " သူတို့က ကြီးမြတ်သူအဆင့်ကို တက်လှမ်းဖို့ အရမ်းမခက်ခဲနေရင် ဒီစကြာဝဠာက ကပ်ဘေးမျိုးနွယ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေလောက်ပြီ။ "

အလွှာဆယ့်တစ်မှ ကြီးမြတ်သူအဆင့်သို့ တက်လှမ်းရန် အချိန်မြစ်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ရမည်ဖြစ်သည်။ သာမန်အလွှာဆယ့်တစ် တစ်ယောက်က အချိန်မြစ်မှ လွတ်မြောက်ရန် ခက်ခဲမှုက တစ်ဆယ်ဖြစ်လျှင် ကပ်ဘေးမျိုးနွယ်အတွက် တစ်ရာသို့မဟုတ် တစ်ထောင်ဖြစ်သည်။

ကပ်ဘေးမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်က ကြီးမြတ်သူအဆင့်သို့ တက်လှမ်းချိန်တွင် စကြာဝဠာတစ်ခုလုံး၏ တန်ပြန်တိုက်ခိုက်မှုက ဆင်းသက်လာပြီး သူတို့ကို တုန့်ပြန်ရန် အခွင့်အရေး လုံးဝ မပေးပေ။ ၎င်းက ကပ်ဘေးမျိုးနွယ်တွင် အလွှာဆယ့်တစ် ကြီးမြတ်သူနှစ်ယောက်တည်း ရှိရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

" စစ်ပွဲအစီအစဉ်မှာတော့ လိုအပ်ချက်မရှိပါဘူး။ " လင်းယွမ်က ရွှမ်ယွမ်ယိုကို ကြည့်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် ငါ့အတွက် အစီအစဉ်မလိုဘူး။ "

ရွှမ်ယွမ်ယို၏ စစ်ပွဲအစီအစဉ်ထဲတွင် လင်းယွမ်အတွက်လည်း ပါဝင်သည်။ ဥပမာ အခြားမျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ်များကို ကိုင်တွယ်ရန် ဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင်အတွက် မစီစဉ်ရဘူးလား။ " ရွှမ်ယွမ်ယို၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသော်လည်း ဘာမှမပြောပေ။ " ကောင်းပါပြီ။ "

၎င်းက လူသားမျိုးနွယ်မဟာမိတ်၏ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများအပေါ် ဖိအားများ တိုးလာမည်ဖြစ်သော်လည်း ရွှမ်ယွမ်ယိုက လင်းယွမ်၏ အမိန့်ကို မေးခွန်းထုတ်ရန် ရည်ရွယ်ချက်မရှိပေ။

" ကောင်းပြီ။ စစ်ပွဲစတာနဲ့ ငါ့ကို တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ အခြားကိစ္စတွေကိုတော့ မင်းတို့ဘာသာမင်းတို့ ကိုင်တွယ်လိုက့်က။ "

လင်းယွမ်က လက်ဝှေ့ရမ်းလိုက်ပြီး ရွှမ်ယွမ်ယိုနှင့် အခြားသူများကို အပြင်သို့ ပို့ပေးလိုက်သည်။

" ဖရိုဖရဲနိယာမ " အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့် အခြားနိယာမများကို လေ့လာနေစဉ် လင်းယွမ်က ဖရိုဖရဲနိယာမကိုလည်း စဉ်းစားနေခဲ့သည်။

အလွှာဆယ့်တစ်သို့ တက်လှမ်းပြီးနောက် လင်းယွမ်က နိယာမများကို နားလည်မှုနှင့် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းတို့က သိသိသာသာ တိုးတက်လာခဲ့သည်။ သို့သော် ဖရိုဖရဲနိယာမနှင့် ပက်သက်ပြီး လမ်းကြောင်း ရှာမတွေ့သေးပေ။

ကမ္ဘာပေါ်ရှိ အရာအာလုံးက ဖရိုဖရဲမှ ဆင်းသက်လာသည်။ သို့သော် ဖရိုဖရဲဆိုတာ ဘာလဲ။ ဖရိုဖရဲနိယာမကို ဘယ်လိုနားလည်ရမလဲ။

ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့က ဖရိုဖရဲနိယာမကို ရှာတွေ့ခဲ့ကြသော်လည်း ရှင်းပြချက်များက လုံလောက်ခြင်းမရှိပေ။ သူတို့နှစ်ယောက်လုံးက အလွှာဆယ့်နှစ် ဖရိုဖရဲအဆင့်များ ဖြစ်ကြပြီး ဖရိုဖရဲနိယာမကို နားလည်ရန် လိုအပ်သော အခြေခံက ဖရိုဖရဲအဆင့်နှင့် သက်ဆိုင်နေလျှင် လင်းယွမ်က အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ရန် မဖြစ်နိုင်သေးပေ။

" ဖြည်းဖြည်းပေါ့။ အများဆုံး ငါက အလွှာဆယ့်တစ်မှာ အချိန်ပေးရုံပဲရှိမယ်။ မသေချာဘဲနဲ့တော့ ကြီးမြတ်သူအဆင့်ကို ကြိုးစားမှာမဟုတ်ဘူး။ "

လင်းယွမ်က လက်ရှိစိတ်စွမ်းအားဖြင့် စကြာဝဠာခေတ်၏ အဆုံးသတ်အထိ ရှင်သန်နိုင်သည်။ ပင်မစကြာဝဠာတွင် ရာစုနှစ်အနည်းငယ် အချိန်ပေးပြီး အခြားကမ္ဘာများတွင် နှစ်ပေါင်းထောင်ချီ ကုန်ဆုံးနိုင်သည်။ ထို့ကြောင့် လင်းယွမ်တွင် အချိန်များစွာ ရှိနေဆဲ ဖြစ်သည်။

" သိုင်းတာအို အလွှာဆယ့်တစ် ကဏ္ဍ " လင်းယွမ်က သူ၏ စိတ် တစ်စိတ်တစ်ပိုင်းနှင့် သိုင်းတာအို၏ အလွှာဆယ့်တစ်ကို ဖန်တီးရန် ကြိုးစားလိုက်သည်။

၎င်းက သူ၏ လမ်းကြောင်းကို ပြန်လည်သုံးသပ်ခြင်းနှင့် အနှစ်ချုပ်ခြင်းလည်း ဖြစ်သည်။ သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍကို ဖန်တီးခြင်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အလွှာဆယ့်တစ်သို့ တိုးမြှင့်စေရုံသာမဟုတ်ပေ။ ၎င်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုလုံးကို ဆင်ခြင်ခြင်းလည်း ဖြစ်သည်။

မဟာစစ်မြေပြင်၏ အပြင်ဘက်တွင် ကြီးမြတ်သူများက သာမန်အတိုင်း စောင့်ကြည့်နေကြသည်။

" ရှချင် ငါ့ကို အမှန်တိုင်း ပြောစမ်းပါ။ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က လူသားရွှယ်ယုနဲ့ အတူတူပဲလား။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက အသံပို့လွှတ် ပြောလိုက်သည်။

ထိုခန့်မှန်းချက်က မယုံကြည်နိုင်စရာကောင်းလှသည်။ ဥပမာ ကြယ်စကြာဝဠာထဲသို့ အဖြူရောင်စာရွက်ဆင်းသက်လာချိန်တွင် နဂါးငွေ့တန်းကြယ်သခင်က အလွှာတစ်ဆယ်သာ ရှိ​သေးသည်။

ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်မှုကြောင့် အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်များက တူညီသော စမှတ်မှ စတင်ခဲ့ကြသည်။ သို့သော် ၎င်းက တူညီသော စမှတ်သာ ဖြစ်ပြီး အသက်အဆင့် ပိုမြင့်သူများက နိမ့်သူများထက် ပိုမိုလျင်မြန်စွာ တိုးတက်လာနိုင်သည်။

နဂါးငွေ့တန်းကြယ်သခင်က အလွှာတစ်ဆယ်သာဖြစ်ပြီး လူသားမျိုးနွယ်က ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်မှုမှ လွတ်မြောက်နိုင်သော ရတနာများ ရှိလျှင်တောင် နဂါးငွေ့တန်းကြယ်သခင်၏ နယ်ပယ်နှင့် အသက်အဆင့်က သတ်မှတ်ထားပြီးသားဖြစ်သည်။ ရတနာများက မည်မျှအစွမ်းထက်သည်ဖြစ်စေ ၎င်းတို့ကို အသက်သွင်းရန် စွမ်းအားကို လိုအပ်သည်။

All Chapters