ကမ္ဘာစွမ်းရည်၏ စွမ်းအား....
Vol. 45 Ch. 685
စစ်မြေပြင်၏ အခြားတစ်ဖက်တွင် ကြောက်စရာကောင်းသော ပုံရိပ်တစ်ခုက သူ၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူ၏ ပတ်လည်ရှိ ပုံရိပ် ခုနှစ်ခု၊ရှစ်ခုက ခက်ခဲစွာ ရုန်းကန်နေရသည်။ သူတို့၏ အော်ရာများက ရွှမ်ယွမ်ယိုအောက် နိမ့်ကျခြင်းမရှိသော်လည်း အင်အားကြီးသူတစ်ယောက်၏ ဖိနှိပ်ခြင်းကို ခံနေရသည်။
" လူသားမျိုးနွယ်က ဒုက္ခရောက်နေတယ်။ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ဘယ်ကိုရောက်နေတာလဲ။ " ထိုကြောက်စရာကောင်းသော ပုံရိပ်က ကပ်ဘေးမျိုးနွယ်မှ အင်အားကြီးသူဖြစ်သည်။
သူက လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်ကြား တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။ နဂါးငွေ့တန်းကြယ်သခင်နှင့် ရွှယ်ယု၏ ကိစ္စက သူ့ကိုလည်း စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်။ သူက ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှ တိုက်ပွဲများကို မြင်တွေ့ခဲ့ရပြီး လူသားရွှယ်ယုက သူ့ကိုပင် ဖိအားအချို့ ပေးနိုင်ခဲ့သည်။
" အင်းဆက်မျိုးနွယ်က အိပ်မက်ဆိုးနယ်မြေကို တကယ် ယူလာခဲ့တာပဲ။ "
" လူသားမျိုးနွယ်က အန္တရာယ်ရှိနေပြီ။ အဆင့်တူ မျိုးနွယ်ကာကွယ်ရေးလက်နက်မရှိဘဲ လူသားမျိုးနွယ်က ရှုံးနိမ့်ရလိမ့်မယ်။ "
" ဟဲဟဲ နဂါးငွေ့တန်းကြယ်သခင်က ဘယ်မှာလဲ။ သူက ထွက်မလာရဲဘူးလား။ "
စစ်ပွဲမှ အခြားအထွတ်အထိပ်မျိုးနွယ်များကလည်း လေ့လာနေကြပြီး လူသားမျိုးနွယ်၏ အခြေအနေကို သတိပြုမိကြသည်။
" စိတ်ဝိညာဉ်သုတ်သင်ခြင်း "
အင်းဆက်မျိုးနွယ်နှင့် လူသားမျိုးနွယ်၏ စစ်မြေပြင်တွင် အကြီးဆုံး အင်းဆက်မျိုးနွယ်အသိုက်က မျိုးနွယ်ကာကွယ်ရေးလက်နက်ဖြစ်သော အိပ်မက်ဆိုးနယ်မြေကို အပြည့်အဝ အသက်သွင်းလိုက်သည်။
အိပ်မက်ဆိုးနယ်မြေ၏ စွမ်းအားက လေဟာနယ်ကို တိုက်စားလာပြီး လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက စိတ်အသိများ လွင့်မျောလာသကဲ့သို့ စိတ်ပျက်အားငယ်လာကြသည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်က ရုတ်တရက် စစ်မြေပြင်၏ အလယ်တွင် ပေါ်လာပြီး သူ၏ ညာခြေထောက်ကို ညင်သာစွာ ဆောင့်နင်းလိုက်သည်။ အချိန်လေဟာနယ်က လည်ပတ်နေသော ကြိတ်ဆုံကြီး တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး အင်းဆက်မျိုးနွယ်စစ်သည်များကို ဖျက်စီးသွားသည်။
အကြီးဆုံး အင်းဆက်မျိုးနွယ်အသိုက်ကလည်း အိပ်မက်ဆိုးနယ်မြေနှင့်အတူ နောက်ဆုန်ရန် ဖိအားပေးခံလိုက်ရသည်။
ထိုလူငယ်၏ အကြည့်က အင်းဆက်မျိုးနွယ်နှင့် လူသားမျိုးနွယ်၏ စစ်မြေပြင်ကို ကျော်ပြီး အခြားအထွတ်အထိပ်များ၏ စစ်မြေပြင်များသို့ ကျရောက်သွားသည်။ ထို့နောက် သူက ရုတ်တရက် ပြုံးလိုက်သည်။
" မင်းတို့အားလုံး ငါဝိုင်းတာခံလိုက်ရပြီ။ "
မဟာစစ်မြေပြင်တည်ထောင်ပြီးနောက် ပထမဆုံးစစ်ပွဲဖြစ်သောကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အထူးအာရုံစိုက်မှုကို ခံထားရသည်။
" အင်းဆက်မျိုးနွယ်ရဲ့ အိပ်မက်ဆိုးနယ်မြေက အလွှာဆယ့်နှစ် စိတ်ဝိညာဉ်ရတနာဖြစ်တဲ့ အိပ်မက်ဆိုးနှလုံးသားကို သန့်စင်ထားတာပဲ။ "
" အိပ်မက်ဆိုးနှလုံးသားက ဖရိုဖရဲဟင်းလင်းပြင်ကနေ စကြာဝဠာထဲကို ကျရောက်လာပြီး အင်းဆက်မျိုးနွယ်ရဲ့ အသွင်ပြောင်းလဲခြင်းဧကရီရဲ့ လက်ထဲကို ကျရောက်ခဲ့တာပဲ။ "
" အိပ်မက်ဆိုးနယ်မြေက စိတ်ဝိညာဉ်အပေါ် ကြောက်စရာကောင်းတဲ့ ဖိနှိပ်မှုရှိတယ်။ "
ကြီးမြတ်သူများက မဟာစစ်မြေပြင်ကို ကြည့်ပြီး အတွေးများ ဖလှယ်လိုက်ကြသည်။ အိပ်မက်ဆိုးနှလုံးသားက စကြာဝဠာထဲမှမဟုတ်ဘဲ ဖရိုဖရဲဟင်းလင်းပြင်မှ ဆင်းသက်လာခြင်းဖြစ်ပြီး စိတ်ဝိညာဉ်ကို မွေးရာပါ ဖိနှိပ်နိုင်စွမ်းရှိသည်။
အင်းဆက်မျိုးနွယ်၏ အသွင်ပြောင်းလဲခြင်းဧကရီက ကြီးမားသော ကြိုးစားအားထုတ်မှုနှင့်အတူ အရန်ပစ္စည်းများ၏ အကူအညီဖြင့် အိပ်မက်ဆိုးနယ်မြေကို ဖန်တီးနိုင်ခဲ့သည်။ အိပ်မက်ဆိုးနယ်မြေက လူသားမျိုးနွယ်၏ ဟင်းလင်းပြင်ကမ္ဘာအောက် နိမ့်ကျခြင်းမရှိပေ။
" အိပ်မက်ဆိုးနယ်မြေ " ကြီးမြတ်သူရှချင်က အင်းဆက်မျိုးနွယ်ကို ကြည့်လိုက်သည်။
" စိုးရိမ်စရာမရှိဘူး။ အလွှာဆယ့်တစ်မှာ အိပ်မက်ဆိုးနယ်မြေရဲ့ စွမ်းအားကို အများကြီး ထုတ်သုံးနိုင်မှာမဟုတ်ဘူး။ "ကြီးမြတ်သူရွှမ်ယွမ်က ပြောလိုက်သည်။
ကြီးမြတ်သူအဆင့် လက်နက်က ပို၍ စွမ်းအားကြီးသည်နှင့်အမျှ အသုံးပြုသူအတွက် လိုအပ်ချက်က ပိုမိုမြင့်မားလေဖြစ်သည်။
အိပ်မက်ဆိုးနယ်မြေနှင့် အပြစ်ကင်းစင်ခြင်းသရဖူကဲ့သို့သော မျိုးနွယ်ကာကွယ်ရေးလက်နက်များက အလွှာဆယ့်တစ်သက်ရှိများထိန်းချုပ်လျှင် ကြီးမြတ်သူအဆင့် လက်နက်ထက် အနည်းငယ်သာ ပိုမို အစွမ်းထက်နိုင်သည်။
ကြီးမြတ်သူရွှမ်ယွမ်က ရွှမ်ယွမ်ယိုကို ပေးခဲ့သော ရတနာများတွင် အိပ်မက်ဆိုးနယ်မြေကို ဖိနှိပ်နိုင်ခြင်းမရှိလျှင်တောင် ခုခံရန် ပြဿနာမရှိပေ။ အထွတ်အထိပ်မျိုးနွယ်များက မဟာစစ်မြေပြင် မဖွင့်လှစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။
" ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင်..." ကြီးမြတ်သူရွှမ်ယွမ်က အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။
သို့သော် ထိုခဏတွင် လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်၏ စစ်မြေပြင်တွင် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ထိုပုံရိပ်က နဂါးငွေ့တန်းကြယ်သခင်မှလွဲ၍ အခြားသူမဟုတ်ပေ။ သူ၏ သာမန်ခြေဆောင့်ချက်တစ်ခုက အချိန်လေဟာနယ်ကို ကြိတ်ဆုံအဖြစ် ပြောင်းလဲသွားစေပြီး အင်းဆက်မျိုးနွယ်စစ်သည်များစွာကို သတ်ဖြတ်ပစ်ခဲ့သည်။
အလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်အသိုက်များက ပင်လယ်မှ လှေများသဖွယ် ယိမ်းယိုင်သွားကြသည်။ အိပ်မက်ဆိုးနယ်မြေကို အသက်သွင်းခဲ့သော အင်းဆက်မျိုးနွယ်အသိုက်ကလည်း အတော်ဝေးသော နေရာသို့ ဆုတ်လိုက်ရသည်။
၎င်း၏ အထက်မှ ဟင်းလင်းပြင်လှိုင်းများ ထုတ်လွှတ်နေသော နန်းတော်ကလည်း ရုတ်တရက် လည်ပတ်လာသည်။ ၎င်းက ပြင်းထန်သော သက်ရောက်မှုတစ်ခုကို ခံလိုက်ရသကဲ့သို့ ဖြစ်သည်။
" အဲ့ဒါက " ကြီးမြတ်သူအားလုံး၏ အကြည့်က လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်တို့၏ စစ်မြေပြင်သို့ စုစည်းသွားကြသည်။
အစတွင် ကြီးမြတ်သူများက ကပ်ဘေးမျိုးနွယ်နှင့် အခြားမျိုးနွယ်များ၏ တိုက်ပွဲကို အာရုံစိုက်နေကြခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့က အပြင်းထန်ဆုံး တိုက်ပွဲများဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင်လား။ ခြေတစ်ချက်ဆောင့်နင်းရုံနဲ့ အင်းဆက်မျိုးနွယ်မဟာမိတ်တစ်ခုလုံးကို ရှင်းပြင်းလုနီးပါးဖြစ်သွားတာလား။ "
" အိပ်မက်ဆိုးနယ်မြေတောင် သက်ရောက်မှုခံလိုက်ရတာလား။ စိတ်ဝိညာဉ်ဖိနှိပ်မှုတောင် နှောက်ယှက်ခံလိုက်ရတယ်။ "
" နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုရတနာမျိုးကို အသုံးပြုခဲ့တာလဲ။ လူသားမျိုးနွယ်ရဲ့ အစစ်အမှန် အမွေအနှစ်ကို စစ်ပွဲထဲ ယူဆောင်လာတာ ဖြစ်နိုင်လား။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်၏ စွမ်းအားက အနည်းဆုံး ကပ်ဘေးမျိုးနွယ်မှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူနှင့် အဆင့်တူတွင် ရှိသည်။
အင်းဆက်မျိုးနွယ်နှင့် လူသားမျိုးနွယ်ကြား စစ်မြေပြင်၏ အလယ်တွင် လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက ယခုမှ ပေါ်လာသည့်အကြောင်းရင်းမှာ စစ်ပွဲစတင်ချိန်တွင် အလွှာဆယ့်တစ် အင်အားကြီးသူများက သူ၏ သတ်ဖြတ်ခြင်းနယ်ပယ်ထဲသို့ မဝင်ရောက်သေးသောကြောင့်ဖြစ်သည်။
သူ၏ သတ်ဖြတ်ခြင်းနယ်ပယ်က မိုင် ၇၀၀ ဘီလီယံ ရှိသည်။ ၎င်းက ကမ္ဘာစွမ်းရည်၏ အကန့်အသတ်လည်း ဖြစ်သည်။ ကမ္ဘာစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် မိုင် ၇၀၀ ဘီလီယံအတွင်းရှိ အရာအားလုံးက လင်းယွမ်၏ ကမ္ဘာအတွင်းသို့ ရောက်ရှိသွားပေလိမ့်မည်။ လင်းယွမ်က ထိုမျှသာ တိုက်ခိုက်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း မိုင် ၇၀၀ ဘီလီယံကျော်သွားလျှင် သူတို့ကို သတ်ပစ်ရန် မသေချာပေ။
စစ်မြေပြင်သို့ ဝင်ရောက်လာသော အလွှာဆယ့်တစ် အင်အားကြီးသူများက အခြားသူအချို့ကို ကာကွယ်နိုင်သော ကြီးမြတ်သူအဆင့် လက်နက်များကို ပိုင်ဆိုင်ထားကြသည်။ ကမ္ဘာစွမ်းရည်၏ နယ်ပယ်အတွင်း လင်းယွမ်က သူ၏ ခွန်အားကို အမြင့်ဆုံးအတိုင်းအတာထိ အသုံးပြုနိုင်ပေလိမ့်မည်။
" အချိန်ကျပြီ။ " လင်းယွမ်၏ စိတ်က တည်ငြိမ်နေပြီး အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော်ကို ကြည့်လိုက်သည်။ သူ၏ စွမ်းအားက အခြားအထွတ်အထိပ်မျိုးနွယ်မှ အင်အားကြီးသူများကိုလည်း ထိတ်လန့်သွားစေခဲ့သည်။
" ကမ္ဘာစွမ်းရည်...." လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာစွမ်းရည် အမှတ်အသားက တုန်ခါလာပြီး သူ့ကို ဗဟိုပြု၍ ကမ္ဘာစွမ်းအားများက မိုင် ၇၀၀ ဘီလီယံကို လွှမ်းခြုံသွားသည်။
မဟာစစ်မြေပြင်သို့ ဝင်ရောက်လာကတည်းက လင်းယွမ်က သူ၏ စွမ်းအားကို ထိန်းချုပ်ခဲ့ခြင်းမှာ ဤအချိန်လေးအတွက် ဖြစ်သည်။
ဝုန်း.....
ဖိနှိပ်ခြင်းအော်ရာတစ်ခုက မိုင် ၇၀၀ ဘီလီယံကို လွှမ်းခြုံသွားပြီး အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော်၏ ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို ဖိနှိပ်သွားသည်။ ၎င်းက သာမန်ဖိနှိပ်မှုမဟုတ်ဘဲ သူတို့၏ ခွန်အား တစ် ရာခိုင်နှုန်းသာကျန်အောင် ဖိနှိပ်ခံလိုက်ရခြင်းဖြစ်သည်။
လင်းယွမ်၏ ကမ္ဘာစွမ်းရည်အောက်တွင် သာမန်အလွှာဆယ့်တစ်များက ချက်ချင်း သေဆုံးသွားနိုင်သည်။ ကြီးမြတ်သူအဆင့် လက်နက် ကိုင်ဆောင်ထားသူများပင် အသက်ရှူချိန်အနည်းငယ်သာ တောင့်ခံနိုင်သည်။
" ဘာဖြစ်တာလဲ။ "
" ငါ့ရဲ့ ခွန်အားတွေ အားလုံး ဖိနှိပ်ခံလိုက်ရတာလား။ "
" ဖိနှိပ်မှုက နဂါးငွေ့တန်းကြယ်သခင်ဆီက လာတာပဲ။ "
အလွှာဆယ့်တစ် အင်အားကြီးသူများ၏ အတွေးများက အလွန်လျင်မြန်လှသည်။
" သွား နဂါးငွေ့တန်းကြယ်သခင်နဲ့ ဝေးရာကို သွားကြ။ "
" ဒီဖိနှိပ်မှုကနေ လွတ်မြောက်နိုင်မလား ကြည့်ရအောင်။ "
အလွှာဆယ့်တစ် အင်အားကြီးသူအားလုံးနီးပါးက တိုက်ပွဲကို စွန့်လွှတ်ပြီး အဝေးသို့ ချက်ချင်း ထွက်ပြေးလိုက်ကြသည်။ အင်အားကြီးသူများဖြစ်သောကြောင့် သူတို့က ခဏနှောင့်နှေးသည်နှင့် အသက်သေဆုံးရမည်ကို သိကြသည်။ ထိုအခြေအနေတွင် သူတို့အားလုံးက ထိတ်လန့်စွာ ထွက်ပြေးလိုက်ကြသည်။
" ထွက်ပြေးမယ်။ မင်းတို့ ထွက်ပြေးနိုင်ပါ့မလား။ "
လင်းယွမ်က ကမ္ဘာစွမ်းရည်၏ အလယ်တွင် ရပ်နေသည်။ နတ်စွမ်းရည်ကို အသုံးပြုသူဖြစ်သဖြင့် သူက မိုင် ၇၀၀ ဘီလီယံအတွင်းရှိ အရာအားလုံးကို ထိန်းချုပ်ထားသည်။
" သေ "
လင်းယွမ်က ကမ္ဘာစွမ်းရည်အတွင်းရှိ လူသားမျိုးနွယ်မဟာမိတ်မှသူများမှ လွဲ၍ အခြားမျိုးနွယ်များမှ အင်အားကြီးသူများအားလုံးကို ချေမှုန်းလိုက်သည်။
ဝုန်း....
ကြောက်စရာကောင်းသော ကမ္ဘာစွမ်းအားက ချက်ချင်း ထွက်ပေါ်လာသည်။ တစ်စက္ကန့်အတွင်း ပထမအဆင့် သတ်ဖြတ်ခြင်းက ပြီးဆုံးသွားခဲ့သည်။ ကမ္ဘာစွမ်းရည်အတွင်းရှိ ကြီးမြတ်သာအဆင့် လက်နက်မရှိသော ပထမအဆင့်မှ စတုတ္ထအဆင့်ထိ အလွှာဆယ့်တစ် အင်အားကြီးသူများအားလုံးက သတ်ဖြတ်ခံလိုက်ရသည်။
မဟာစစ်မြေပြင်သို့ ဝင်ရောက်လာသော အထွတ်အထိပ်မျိုးနွယ်များမှ အလွှာဆယ့်တစ် အင်အားကြီးသူများအားလုံးက အရေအတွက် တစ်သောင်းကျော်သော်လည်း ပဉ္စမအဆင့်အောက်က ကိုးဆယ်ရာခိုင်နှုန်းအထိ ပါဝင်နေသည်။
ယခု ကမ္ဘာစွမ်းရည်၏ ပထမသတ်ဖြတ်မှုပြီးသောအခါ အလွှာဆယ့်တစ် အင်အားကြီးသူ ကိုးဆယ်ရာခိုင်နှုန်းက သေဆုံးသွားပြီး ပဉ္စမအဆင့်နှင့် အထက် အင်အားကြီးသူအနည်းငယ်သာ ကျန်နေခဲ့သည်။