← Chapters

ရှေးဟောင်းနတ်ဘုရားထို့ပါကို သတ်ဖြတ်ခြင်း....

Vol. 45 Ch. 679

ရှေးဟောင်းနတ်ဘုရားထို့ပါကို သတ်ဖြတ်ခြင်း....

Vol. 45 Ch. 679

အကျဉ်းထောင်မျိုးနွယ်၏ ကြီးမြတ်သူအဆင့် လက်နက်က ဖျက်ဆီးရေးလက်နက်တစ်ခုဖြစ်ပြီး သူတို့၏ ဝှက်ဖဲတစ်ခုလည်း ဖြစ်သည်။၎င်းကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ပေ။ ကြီးမြတ်သူအဆင့် လက်နက်ကို အသက်သွင်းရန် စွမ်းအားကုန်ကျမှုကလည်း ကြီးမားသည်။

သို့သော် လက်ရှိအခြေအနေတွင် သူတို့က ဆက်လက်ပိတ်ဆို့ခံထားရလျှင် ပြဿနာရှိသည်။ သူတို့က အင်းဆက်မျိုးနွယ်၏ ဝိုင်းရံမှုမှ လွတ်မြောက်ရန်အတွက် ကြီးမြတ်သူအဆင့် လက်နက်ကို အသုံးပြုနိုင်သည်။

" ထို့ပါ သူတို့က ကြီးမြတ်သူအဆင့်လက်နက်ကို အသက်သွင်းတော့မယ်။ " အင်းဆက်မျိုးနွယ်အသိုက်တစ်ခုက ရှေးဟောင်းနတ်ဘုရားထို့ပါကို ဆက်သွယ်လိုက်သည်။

" ငါသိတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါ၏ အမူအရာက လေးနက်နေပြီး ကြီးမြတ်သူအဆင့် လက်နက်ကို အသုံးပြုရန် ပြင်ဆင်ထားသည်။ သင့်တော်သော အချိန်ကို စောင့်နေရင်း သူက လျင်မြန်စွာ တွေးလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုလုပ် အဲ့လောက်သန်မာနေတာလဲ။ သူက မင်ချီကိုတောင် သတ်နိုင်တာလား။ "

ရှေးဟောင်းနတ်ဘုရားထို့ပါက နောင်တရချင်လာသည်။ အစတွင် သူ၏ ကိုယ်ပိုင်ခွန်အားနှင့်အတူ အင်းဆက်မျိုးနွယ်မှ ပေးအပ်သော ကြီးမြတ်သူအဆင့်လက်နက်ကို ထည့်တွက်လျှင် သူက မဟာစစ်မြေပြင်တွင် အသက်ရှင်နိုင်ရန် ပြဿနာမရှိဟု တွေးခဲ့သည်။

အင်းဆက်မျိုးနွယ်များမိတ်၏ အလွှာဆယ့်တစ် သက်ရှိများက ကြီးမြတ်သူအဆင့် လက်နက်ကိုင်ဆောင်သူများကို ဖိနှိပ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ကြသည်။ အင်းဆက်မျိုးနွယ်၏ အဖွဲ့ဝင်များနှင့် ယှဉ်လျှင် ရှေးဟောင်းနတ်ဘုရားထို့ပါက အပြင်လူတစ်ယောက်ဖြစ်ပြီး အချို့လျို့ဝှက်ချက်များကို မသိပေ။

မဟာစစ်မြေပြင်တွင် အချ​က်အလက်များကို ဖုံးကွယ်ထားခြင်းက ရှေးဟောင်းနတ်ဘုရားထို့ပါအတွက် အရေးကြီးသော ကိစ္စတစ်ခုမဟုတ်ပေ။ မဟာစစ်မြေပြင်၏ စစ်ပွဲပြင်းထန်မှုက အလွန်မြင့်မားသောကြောင့် ရှေးဟောင်းနတ်ဘုရားထို့ပါက ကြီးမြတ်သူအဆင့်လက်နက်ဖြင့် အသက်ရှင်နိုင်ရန် အခွင့်အရေးများစွာ ရှိနေသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါက အလွှာဆယ့်တစ် ပဉ္စမအဆင့် ဖြစ်သော်လည်း သူ၏ မူလခန္ဓာကိုယ်ဖြင့် လာခဲ့ခြင်းဖြစ်၏။ ၎င်းက ကိုယ်ပွားထက် များစွာအစွမ်းထက်ပြီး သူ၏ ဝှက်ဖဲများနှင့်ဆိုလျှင် အလွှာဆယ့်တစ် အထွတ်အထိပ်များနှင့်ပင် ယှဉ်နိုင်သည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က အလွန်ကြောက်စရာကောင်းသည်။

နဂါးငွေ့တန်းကြယ်သခင်က မဟာစစ်မြေပြင်တွင် သူ့ကို တွေ့ဆုံလျှင် တိုက်ခိုက်ရန် သေချာပေါက် တွန့်ဆုတ်နေမည်မဟုတ်ပေ။

" အခုငါက မူလခန္ဓာကိုယ်နဲ့ လာခဲ့တာပဲ။ ဘာအန္တရာယ်မှအဖြစ်မခံနိုင်ဘူး။ ငါ အင်းဆက်မျိုးနွယ်မဟာမိတ်ရဲ့ စစ်စခန်းကို ရောက်တာနဲ့ အတွင်းထဲမှာပဲပုန်းနေတော့မယ်။ "

ရှေးဟောင်းနတ်ဘုရားထို့ပါက ဆုံးဖြတ်ချက် ချထားပြီးဖြစ်သည်။ ၎င်းက သူ့အတွက် အကျိုးအမြတ်များ ဆုံးရှုံးစေနိုင်သော်လည်း အသက်က အရေးကြီးဆုံးဖြစ်သည်။ သူက နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားကို သိချိန်တွင် မဟာစစ်မြေပြင်မှ နုတ်ထွက်ရန်ပင် တွေးခဲ့သည်။

သို့သော် မဟာစစ်မြေပြင်သို့ ဝင်ရောက်ပြီးသည်နှင့် ပြန်ထွက်ရန် နည်းလမ်းမရှိပေ။ စစ်မြေပြင်မှ တိုက်ပွဲများကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။

အကျဉ်းထောင်မျိုးနွယ်ဘက်မှ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ခေါင်းဆောင်၏ လက်မှ မျှော်စင်လက်နက်တစ်ခုထွက်ပေါ်လာပြီး ရွှေရောင်အော်ရာတစ်ခုက ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာသည်။

" မြင့်တက်စမ်း " ရှေးဟောင်းနတ်ဘုရားထို့ပါကလည်း မီးခိုးရောင် ခေါင်းလောင်းတစ်ခုကို လျင်မြန်စွာ အသက်သွင်းလိုက်သည်။ ၎င်းက ကြီးမြတ်သူအဆင့် ကာကွယ်ရေးလက်နက်တစ်ခုဖြစ်ပြီး ဖိနှိပ်ခြင်းစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။

နှစ်ဖက်စလုံးမှ ကြီးမြတ်သူအဆင့် လက်နက်များ၏ အော်ရာများ ရင်ဆိုင်မိခါနီးတွင် အချိန်လေဟာနယ်အတက်အကျများက ရုတ်တရက် ပျောက်ကွယ်သွားသည်။

တိုက်ပွဲ၏ အလယ်တွင် လူငယ်တစ်ယောက်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ လူငယ်က လက်မောင်းဝတ်ကို ဝှေ့ရမ်းလိုက်သည်နှင့် ရွှမ်ဟွမ်နယ်ပယ်က ဆင်းသက်လာသည်။ ခဏအတွင်း အကျဉ်းထောင်မျိုးနွယ်နှင့် ရှေးဟောင်းနတ်ဘုရားထို့ပါတို့၏ ကြီးမြတ်သူအဆင့် လက်နက်များက ဖိနှိပ်ခံလိုက်ရသည်။

" ဘယ်သူလဲ။ " အကျဉ်းထောင်မျိုးနွယ်မှ အင်အားကြီးသူငါးယောက်က ထိုလူငယ်ကို မော့ကြည်ပလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်ပဲ။ "

" ငါတို့တော့ ဒုက္ခရောက်ပြီ။ " အကျဉ်းထောင်မျိုးနွယ်မှ အင်အားကြီးသူငါးယောက်၏ မျက်နှာက မဲမှောင်သွားသည်။

နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူအဆင့် လက်နက်ကိုင်ဆောင်ထားသော မင်ချီကို သတ်ဖြတ်ခဲ့ပြီး အလွှာဆယ့်တစ် သက်ရှိများကြားတွင် ထိပ်ဆုံး၌ ရောက်ရှိသွားခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်လား။ "

အင်းဆက်မျိုးနွယ်အသိုက်များကလည်း ထိတ်လန့်သွားကြသည်။ လူသားမျိုးနွယ်က အင်းဆက်မျိုးနွယ်နှင့် ရန်သူဖြစ်သောကြောင့် နဂါးငွေ့တန်းကြယ်သခင်၏ ရည်ရွယ်ချက်က ရှင်းနေသည်။

" သွားစို့ " အင်းဆက်မျိုးနွယ်အသိုက်သုံးခုက တွန့်ဆုတ်ခြင်းမရှိဘဲ အင်းဆက်မျိုးနွယ်စစ်သည်များစွာကို စွန့်ပစ်ပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသွားကြသည်။

အင်းဆက်မျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ်သက်ရှိများက အသန်မာဆုံးမဟုတ်လျှင် နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

" နဂါးငွေ့တန်းကြယ်သခင်လား။ " မီးခိုးရောင်ခေါင်းလောင်းကို အသက်သွင်းနေသော ရှေးဟောင်းနတ်ဘုရားထို့ပါက စိတ်ရှုပ်ထွေးသွားသည်။

မဟာစစ်မြေပြင်က အလွန်ကျယ်ပြောလှသည်။ သူက နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားကို သိထားသောကြောင့် စစ်စခန်းတွင် ပုန်းနေလျှင် အသက်ရှင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ယခု သူက စစ်စခန်းသို့ မရောက်မီ နဂါးငွေ့တန်းကြယ်သခင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

" မင်းတို့လွတ်နိုင်မှာလား။ " လင်းယွမ်က အသည်းအသန် ထွက်ပြေးနေသော အင်းဆက်မျိုးနွယ်အသိုက်သုံးခုကို ကြည့်လိုက်သည်။

သူ၏ အတွေးများက လှုပ်ရှားသွားပြီး ရွှမ်ဟွမ်နယ်ပယ်က ဖိနှိပ်လာသည်။ အင်းဆက်မျိုးနွယ်အသိုက်နှစ်ခုက ချက်ချင်းပေါက်ကွဲသွားပြီး ကျန်တစ်ခု၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

" ကြီးမြတ်သူအဆင့် လက်နက်တစ်ခုလား။ " လင်းယွမ်က တစ်ချက် ကြည့်လိုက်သည်။

ဝုန်း....

ရွှမ်ဟွမ်နယ်ပယ်က ထွက်ပြေးနေသော ရှေးဟောင်းနတ်ဘုရားထို့ပါကိုလည်း ဝန်းရံသွားသည်။

မီးခိုးရောင်ခေါင်းလောင်း၏ အော်ရာက ထွက်ပေါ်လာပြီး ရွှမ်ဟွမ်နယ်ပယ်ကို ခဏခုခံနိုင်ခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရားထို့ပါ၏ စိတ်ထဲတွင် အေးစက်သွားသည်။

နဂါးငွေ့တန်းကြယ်သခင်၏ နယ်ပယ်နှင့် ဖုံးလွှမ်းခံရလျှင် ထွက်ပြေးရန် ခက်ခဲသည်ဟု အင်းဆက်မျိုးနွယ်က မင်ချီသတ်ဖြတ်ခြင်းအပေါ် အခြေခံ၍ ကောက်ချက်ချခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းနဲ့ အင်းဆက်မျိုးနွယ်ကြားက ရန်ငြိုးက ငါတို့အကျဉ်းထောင်မျိုးနွယ်နဲ့ ဘာမှမဆိုင်ပါဘူး။ မင်းအင်းဆက်မျိုးနွယ်ကို ရှင်းချင်ရင်ရှင်းပါ။ ငါတို့ကို သွားခွင့်ပြုပါဦး။ " အကျဉ်းထောင်မျိုးနွယ်မှ အင်အားကြီးသူငါးယောက်က အခွင့်အရေးကို အမိအရ ဖမ်းဆုတ်ပြီး ထွက်ပြေးရန် ပြင်လိုက်ကြသည်။

" မင်းတို့လည်း နေခဲ့ရမယ်။ " လင်းယွမ်က သူတို့ကို တည်ငြိမ်စွာကြည့်လိုက်သည်။ သူက အကျဉ်းထောင်မျိုးနွယ်ကိုလည်း လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ မည်သို့ပင်ဖြစ်စေ ၎င်းက ကြီးမြတ်သူအဆင့် လက်နက်တစ်ခုဖြစ်သည်။

ဝုန်း....

ရွှမ်ဟွမ်နယ်ပယ်က သိပ်သည်းလာပြီး ကြီးမြတ်သူအဆင့် လက်နက်သုံးခုကို ဖိနှိပ်သွားသည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းက ငါတို့သုံးယောက်ကို ထိန်းထားနိုင်မယ်ထင်လို့လား။ " အကျဉ်းထောင်မျိုးနွယ်မှ ခွန်အားကြီးသူငါးယောက်က ထတ်လန့်ပြီး ဒေါသထွက်သွားကြသည်။ ရွှမ်ဟွမ်နယ်ပယ်အတွင်း၌ ရွံ့နွံထဲရောက်နေသကဲ့သို့ ရွေ့လျားရန် ရုန်းကန်နေရသည်။

ကြီးမြတ်သူအဆင့် လက်နက်များကို ဖျက်ဆီး၍ မရပေ။ ကြီးမြတ်သူအဆင့်လက်နက်ကို ကိုင်ဆောင်ထားသော အလွှာဆယ့်တစ်သက်ရှိတစ်ယောက်ကို သတ်ဖြတ်ရန် သူတို့ကို အားကုန်စေရန်သာ ဖြစ်သည်။

" ကြိုးစားကြည့်ပေါ့။ " လင်းယွမ်က သူ၏ ခွန်အားကို အစွမ်းကုန် အသုံးပြုလျှင် အင်းဆက်မျိုးနွယ်နှင့် အကျဉ်းထောင်မျိုးနွယ်မှ အင်အားကြီးသူများက ကြာရှည်စွာ ခုခံနိုင်မည်မဟုတ်ပေ။ သို့သော် ၎င်းက မလိုအပ်ပေ။

မျက်စိတစ်မှိတ်အတွင်း တစ်နာရီကြာသွားသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါက စတင်ယိမ်းယိုင်လာသည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းငါ့ကို လွှတ်ပေးရင် ဘယ်တောင်းဆိုမှုမျိုးကိုမဆို လက်ခံနိုင်ပါတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက ပြောဆိုလိုက်သည်။

သူက ကြီးမြတ်သူအဆင့်ကို ကြိုးစားချင်သေးသည်။ ဖြစ်နိုင်ခြေနည်းလျှင်တောင် သူကြိုးစားနိုင်သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခဲ့လျှင် သူ၏ စွမ်းအားက ကြယ်စကြာဝဠာကို လှုပ်ခါနိုင်ပေလိမ့်မည်။

" မလိုဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူ၏ လက်ရှိခွန်အားနှင့် ရှေးဟောင်းနတ်ဘုရားထို့ပါက သူ့အတွက် အသုံးမဝင်ဘဲ အစေခံအဖြစ် ခေါ်လျှင်တောင် စိတ်ရှုပ်စရာကောင်းပေလိမ့်မည်။

နာရီဝက်ကြာပြီးသောအခါ ရှေးဟောင်းနတ်ဘုရားထို့ပါ၏ မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာ ပေါ်လာသည်။ သူက ရွှမ်ဟွမ်နယ်ပယ်မှ လွတ်မြောက်ရန် သူ့ကိုသူ လောင်ကျွမ်းစေပြီး ကြီးမြတ်သူအဆင့် လက်နက်ကို အသက်သွင်းလိုက်သည်။

သို့သော် အချည်းနှီးသာဖြစ်သည်။ နောက်ဆုံးတွင် မီးခိုးရောင်ခေါင်းလောင်း၏ အော်ရာက​ မှေးမှိန်သွားပြီး ရွှမ်ဟွမ်နယ်ပယ်၏ ဖိနှိပ်မှုအောက်တွင် ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ခန္ဓာကိုယ်က ဖုန်မှုန့်များအဖြစ် ပေါက်ကွဲသွားခဲ့သည်။

သွေးအနှစ်သာရနှင့် စိတ်ဝိညာဉ်တို့က မူဘစွမ်းအားများအဖြစ် ပြောင်းလဲပြီး လင်းယွမ်၏ အတွင်းကမ္ဘာထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။

" သေပြီလား။ " လင်းယွမ်က ခေါင်းလောင်းကို ယူပြီး အတွင်းကမ္ဘာထဲသို့ သိမ်းဆည်းလိုက်သည်။

" ဟမ် " လင်းယွမ်က ရုတ်တရက် မျက်ခုံးများ ပင့်သွားသည်။

ရွှမ်ဟွမ်နယ်ပယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားထို့ပါသေဆုံးသွားချိန်တွင် သူနှင့် ရှေးဟောင်းနတ်ဘုရားထို့ပါကြားမှ ကံကြမ္မာဆက်နွယ်မှုများက ပျောက်ကွယ်သွားခဲ့သည်ကို ခံစားလိုက်ရသည်။

All Chapters