← Chapters

တိုက်ဆိုင်မှု....

Vol. 45 Ch. 678

တိုက်ဆိုင်မှု....

Vol. 45 Ch. 678

" မင်းလည်း အဓိကဧရိယာထဲဝင်သွားပြီလား။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

" ငါက ကံကောင်းတယ်။ ငါဆင်းသက်ခဲ့တဲ့ ဒေသမှ လူသားမျိုးနွယ်မဟာမိတ်ရဲ့ အဖွဲ့ဝင် သုံးဆယ်ကျော် ရှိတယ်။ " နာလန်က ​ပြောလိုက်သည်။

လူသားမျိုးနွယ်မှ အလွှာဆယ့်တစ်သက်ရှိ သုံးဆယ်ကျော်က စည်းလုံးနေလျှင် အချိန်လေဟာနယ်လမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်နိုင်ပေလိမ့်မည်။ သူတို့က အဓိကဧရိယာသို့ ဘေးကင်းစွာ ဝင်ရောက်နိုင်ကြသည်။

လင်းယွမ်ရှိသော ဒေသတွင်လည်း ကျောက်တုံးသက်ရှိက ကြယ်စကြာဝဠာမဟာမိတ်မှ အထူးသက်ရှိများကို စုစည်းပြီး ကြီးမြတ်သူအဆင့် လက်နက်ကို ကိုင်ဆောင်ထားသော ယုမျိုးနွယ်မှ မင်ချီကို မောင်းထုတ်ရန် စီစဉ်ခဲ့ကြသည်။

သို့သော် ကံမကောင်းစွာဖြင့် သူတို့က လင်းယွမ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ အရေအတွက်အားသာချက်က အချိုနေရာများတွင် အမှန်တကယ် အကျိုးအမြတ်များ ပေးနိုင်သည်။ သို့သော် အကြွင်းမဲ့ခွန်အား၏ ရှေ့တွင် အရေအတွက် အားသာချက်က ထိုမျှအရေးမပါခဲ့ပေ။

" အဲ့ဒါကောင်းတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ငါ သတင်းတစ်ခုကြားခဲ့တယ်။ " နာလန်က အသံနိမ့်ပြီး ပြောလိုက်သည်။ " အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နဲ့ အခြားအလွှာဆယ့်တစ် သက်ရှိတွေ ပူးပေါင်းပြီး မင်းကို တိုက်ခိုက်ဖို့ စီစဉ်နေကြတယ်။ "

လင်းယွမ်ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားက အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နှင့် အခြားသူများကို စိုးရိမ်စေပြီး ဝန်းရံတိုက်ခိုက်ရန် အတွေးကို ဖြစ်ပေါ်စေခဲ့သည်။

" ငါ့ကို ဝိုင်းတိုက်မှာလား။ " လင်းယွမ်က စိတ်ဝင်စားသွားသည်။ ၎င်းက သူလိုချင်သော အရာဖြစ်သည်။

ကျောက်တုံးသက်ရှိနှင့် အခြားအလွှာဆယ့်တစ်သက်ရှိများကို သတ်ဖြတ်ချိန်တွင် လင်းယွမ်က သူ၏ ခွန်အားကို အမှန်တကယ် ဖိနှိပ်ခဲ့ခြင်းမှာ ထိုအချိန်အတွက် ဖြစ်သည်။ အကယ်၍ ထိုအချိန်တွင် လင်းယွမ်က အားလုံးကို တစ်ခါတည်း သတ်ဖြတ်ခဲ့လျှင် အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နှင့် အခြားသူများက သူ့ကို ဝန်းရံတိုက်ခိုက်ရန် သတ္တိရှိမည်မဟုတ်ပေ။

" ဟုတ်တယ်။ မင်း သတိထားမှရမယ်။ " နာလန်က ရိုးသားစွာ ပြောလိုက်သည်။

သူက လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားကို သိသော်လည်း အထွတ်အထိပ်မျိုးနွယ်များမှ အစွမ်းထက်သော အလွှာဆယ့်တစ် သက်ရှိများကို ရင်ဆိုင်ရာတွင် လင်းယွမ်က သတိထားရပေလိမ့်မည်။

ထိုအစွမ်းထက်သော အလွှာဆယ့်တစ်သက်ရှိများက သူတို့၏ ကိုယ်ပိုင်ခွန်အားသာမက ကြီးမြတ်သူများ ပြင်ဆင်ပေးထားသော ဝှက်ဖဲများလည်း ရှိနေသည်။ ထျန်းယုမျိုးနွယ်မှ ထျန်းယုမန်က မျိုးနွယ်ကာကွယ်ရေးလက်နက်ကို မဟာစစ်မြေပြင်သို့ ယူဆောင်လာနိုင်သည်။

မျိုးနွယ်ကာကွယ်ရေးလက်နက်၏ စွမ်းအားက ကြီးမြတ်သူအဆင့် လက်နက်များထက် ကျော်လွန်သည်။ အထွတ်အထိပ်မျိုးနွယ်တစ်ခုက နှစ်သန်းပေါင်းများစွာအတွင်း ကြီးမြတ်သူအဆင့် လက်နက် ဆယ်ခုကျော် သို့မဟုတ် တစ်ရာကျော်ကို ဖန်တီးနိုင်ကြသည်။

ဥပမာ လွန်ခဲ့သော ရာစုနှစ်အချို့က စကြာဝဠာအပြင်ဘက်မှ ဝင်ရောက်လာသော အော်ရိုရာက ကြီးမြတ်သူအဆင့် လက်နက်များကို ဖန်တီးရန်အတွက် အဓိကပါဝင်ပစ္စည်းဖြစ်သည်။ ပြည့်စုံသော အော်ရိုရာတစ်ခုက ကြီးမြတ်သူအဆင့် လက်နက် ခုနှစ်ခု ရှစ်ခုကို ဖန်တီးနိုင်သည်။

သို့သော် မျိုးနွယ်ကာကွယ်ရေးလက်နက်က အထွတ်အထိပ်မျိုးနွယ်များမှာပင် အနည်းငယ်သာ ရှိသည်။

" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက အလွန်ယုံကြည်မှုရှိသော်လည်း အရူးတစ်ယောက်မဟုတ်ဘဲ မျိုးနွယ်ကာကွယ်ရေးလက်နက်၏ ကြောက်စရာကောင်းပုံကို သိလေသည်။

မဟာစစ်မြေပြင်၏ အဓိကဧရိယာတွင် လင်းယွမ်က အချိန်လေဟာနယ်လမ်းကြောင်းမှ ရောက်လာပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

" အချိန်လေဟာနယ်ဖိနှိပ်မှုက သိသိသာသာတိုးလာတာပဲ။ " လင်းယွမ်၏ ရှေ့တွင် ကမ္ဘာကြီးတစ်ခု ထွက်ပေါ်လာသည်။

" အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် ငါ့ရဲ့ နားလည်မှုနဲ့ဆို အလင်းနှစ်အချို့ကို နေရာရွှေ့ပြောင်းနိုင်ပေမယ့် ခွန်အားအများကြီး ကုန်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ခြေတစ်လှမ်းနှင့် အလင်းနှစ်အချို့ လေဟာနယ်ရွှေ့ပြောင်းနိုင်ခြင်းက နှေးကွေးသည်ဟု ယူဆနိုင်သော်လည်း ၎င်းက ကြီးမြတ်သူများ ဖန်တီးထားသော မဟာစစ်မြေပြင်ဖြစ်သည်။ အချိန်လေဟာနယ်ဖိနှိပ်မှုအောက်တွင် အလွှာဆယ့်တစ်သက်ရှိများက ပျံသန်းခြင်းဖြင့်သာ ခရီးသွားနိုင်သည်။

လင်းယွမ်က လေဟာနယ်ရွှေ့ပြောင်းခြင်းကို လုပ်ဆောင်နိုင်သော်လည်း သူ၏ စွမ်းအားကုန်ဆုံးမှုက သိသိသာသာ တိုးလာခဲ့သည်။ သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့် ရှိသော်လည်း လင်းယွမ်က ကြီးမြတ်သူတစ်ယောက်မဟုတ်ပေ။

" ငါ ဖြည်းဖြည်းချင်း ပျံသွားတာ ပိုကောင်းမယ်။ " လင်းယွမ်က လေဟာနယ်ရွှေ့ပြောင်းခြင်းကို အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။

" လုသားမျိုးနွယ်မဟာမိတ်က အလွှာဆယ့်တစ် အင်အားကြီးသူတွေ စစ်စခန်းဆောက်ဖို့ ရွေးချယ်ထားတဲ့ နေရာက အဲ့ဒီဘက်ပဲ။ "

မဟာစစ်မြေပြင်မှ လူသားမျိုးနွယ်မဟာမိတ်၏ အမြင့်ဆုံး ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် လင်းယွမ်က စစ်စခန်း၏ တည်နေရာအပါအဝင် ထိပ်တန်းလျို့ဝှက်ချက်များစွာကို သိထားသည်။ စစ်စခန်းက မဟာစစ်မြေပြင်တွင် အထွတ်အထိပ်မျိုးနွယ်တစ်ခု ထူထောင်ထားသော ခံတပ်တစ်ခုဖြစ်သည်။ စစ်စခန်းက ယခု စစ်ပွဲအတွက်သာမက အနာဂတ် နယ်မြေချဲ့ထွင်ရန်အတွက် အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်သည်။

" အရင်ဆုံး စစ်စခန်းကို သွားလိုက်မယ်။ " လင်းယွမ်က ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားခဲ့သည်။

အချိန်များ ကုန်လွန်လာခဲ့သည်။ လင်းယွမ်က လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ သူ၏ အာရုံက အလွန်သန်မာပြီး မိုင်သန်းပေါင်းများစွာအတွင်း လွှမ်းခြုံနိုင်သည်။ အချိန်လေဟာနယ်ဖိနှိပ်မှုက လေဟာနယ်ရွှေ့ပြောင်းခြင်းကို ကန့်သတ်ထားသည့်အပြင် အာရုံခံစားမှုများကိုလည်း ကန့်သတ်ထားသည်။

ကြယ်စကြာဝဠာထဲတွင် လင်းယွမ်၏ အာရုံက အလင်းနှစ်ရာချီကို လွှမ်းခြုံနိုင်သော်လည်း မဟာစစ်မြေပြင်တွင် မိုင်သန်းပေါင်းများစွာကိုသာ လွှမ်းခြုံနိုင်သည်။

" ဟမ် ရှေ့မှာ တိုက်ပွဲဖြစ်နေတာလား။ " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားမိပြီး ရှေ့သို့ ကြည့်လိုက်သည်။

မဟာစစ်မြေပြင်၏ အဓိကဧရိယာတွင် အထွတ်အထိပ်မျိုးနွယ်များ၏ အင်အားကြီးသူများကြား ထိပ်တိုက်တွေ့ဆုံမှုများက မကြာခဏ ဖြစ်ပွားလေသည်။

" သွားကြည့်တာပေါ့။ " လင်းယွမ်က သိလိုစိတ်နှင့် တိုက်ပွဲနေရာသို့ ပျံသန်းသွားသည်။

မကြာမီ သူက တိုက်ခိုက်နေသူများကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

" အလွှာဆယ့်တစ် ကိုးယောက်၊ ငါးယောက်က လေးယောက်နဲ့ တိုက်ခိုက်နေတာလား။ " လင်းယွမ်က ရုတ်တရက် မျက်ခုံးများပင့်သွားသည်။ " ပြီးတော့ ရင်းနှီတဲ့ သူအချို့လည်း ရှိနေတယ်။ "

လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်အနေဖြင့် လင်းယွမ်က အင်အားကြီးသူများစွာကို သိထားသည်။ အခြားမျိုးနွယ်မှ အင်အားကြီးသူများက လင်းယွမ်နှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ရန် ကြိုးစားခဲ့ကြသည်။ လူသားမျိုးနွယ်ကြောင့်သာမက လင်းယွမ်၏ အလားအလာကြောင့်လည်း ဖြစ်သည်။

လင်းယွမ်ပြသခဲ့သော အရည်အချင်းများအရ လက်ရှိခေတ်တွင် ကြီးမြတ်သူအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်အရှိဆုံးသူတစ်ယောက်ဖြစ်သည်။ အနာဂတ် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်နှင့် ဆက်ဆံရေးကောင်း မတည်ဆောက်ချင်သောသူ ရှိမည်မဟုတ်ပေ။

ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ကြယ်စကြာဝဠာတွင် အလွန်ထူးခြားသော အဆင့်အတန်းရှိပြီး အထွတ်အထိပ်မျိုးနွယ်များပင် ဖိအားပေးရန် ဝန်လေးနေသည့်အကြောင်းရင်းမှာ သူက အလွှာဆယ့်နှစ်သို့ ရောက်နိုင်ခြေရှိသူများကို ထောက်ပံ့ပေးခဲ့သောကြောင့် ဖြစ်သည်။

လင်းယွမ်က မိုင်ထောင်ချီဝေးသော နေရာမှ တိုက်ခိုက်နေသူများကို ကြည့်လိုက်သည်။ တစ်ဖက်တွင် အင်းဆက်မျိုးနွယ်ဖြစ်ပြီး တစ်ဖက်က အကျဉ်းထောင်မျိုးနွယ်ဖြစ်သည်။

နှစ်ဖက်လုံးက အထွတ်အထိပ်မျိုးနွယ်များဖြစ်သည်။ အင်းဆက်မျိုးနွယ်ဘက်မှ လေးယောက်သာ ရှိသော်လည်း သူတို့ထဲမှ သုံးယောက်က အင်းဆက်မျိုးနွယ်အသိုက်မှဖြစ်ပြီး အလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်စစ်သည်များကို မွေးမြူနိုင်သည်။ သူတို့က အကျဉ်းထောင်မျိုးနွယ်မှ ငါးယောက်ကို ပိတ်ဆို့ထားသည်။

" ရှေးဟောင်းနတ်ဘုရားထို့ပါ " လင်းယွမ်က ပုံရိပ်တစ်ခုကို သတိထားမိလိုက်သည်။

ထိုပုံရိပ်က အင်းဆက်မျိုးနွယ်မှဖြစ်ပြီး အင်းဆက်မျိုးနွယ်စစ်သည်များနှင့်အတူ အကျဉ်းထောင်မျိုးနွယ်ဝင်ငါးယောက်ကို ဖိနှိပ်ထားသည်။ သူက ရှေးဟောင်းနတ်ဘုရားထို့ပါပင် ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားထို့ပါက ဖန်ချင်း၏ စိတ်အသိကို ယူဆောင်ပြီး လင်းယွမ်နှင့် အပေးအယူလုပ်ရန် ကြိုးစားခဲ့သည်။ နောက်ပိုင်း ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် ရှေးဟောင်းနတ်ဘုရားထို့ပါကို တစ်ကြိမ်သတ်ပစ်ခဲ့သော်လည်း သေဆုံးခဲ့သည်မှာ ကိုယ်ပွားတစ်ခုသာဖြစ်သည်။ ယခု လင်းယွမ်က အဓိကဧရိယာသို့ ဝင်ရောက်ပြီးခဏတွင် ရှေးဟောင်းနတ်ဘုရားထို့ပါနှင့် ထပ်မံတွေ့ဆုံရပြန်သည်။

" ဒါက တော်တော်လေး တိုက်ဆိုင်တာပဲ။ ဒါဆို ထပ်သေလိုက်ဦးပေါ့။ " လင်းယွမ်က ပြုံးလိုက်သည်။

ရှေးဟောင်းနတ်ဘုရားထို့ပါက လင်းယွမ်နှင့် အပေးအယူလုပ်နိုင်ခြင်းမရှိခဲ့သော်လည်း ထိုသို့ ခြိမ်းခြောက်ခံရခြင်းက သူ့ကို အလွန်မသက်မသာ ခံစားရစေသည်။ ယခု ထပ်မံတွေ့ဆုံရသောကြောင့် သူက အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ရှေးဟောင်းနတ်ဘုရားထို့ပါက လူသားမျိုးနွယ်မဟာမိတ်၏ ရန်သူဖြစ်သော အင်းဆက်မျိုးနွယ်မဟာမိတ်ကို သစ္စာခံခဲ့သည်။

ကျယ်ပြန့်သော တောင်တန်းများပေါ်တွင် အချိန်လေဟာနယ်အတက်အကျများက မြင့်တက်လာသည်။ အကျဉ်းထောင်မျိုးနွယ်မှ အလွှာဆယ့်တစ် အင်အားကြီးသူငါးယောက်က အင်းဆက်မျိုးနွယ်စစ်သည်များကို ဆက်တိုက်သတ်ဖြတ်နေပြီး အင်းဆက်မျိုးနွယ်အသိုက်သုံးခုမှ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကိုလည်း ခုခံနေရသည်။ ထို့အပြင် ရှေးဟောင်းနတ်ဘုရားထို့ပါကလည်း ချောင်းမြောင်း တိုက်ခိုက်နေသည်။

" ဒီပိုးကောင်တွေက တကယ် စိတ်အနှောက်အယှက်ဖြစ်စရာပဲ။ "

" အကိုကြီး ကြီးမြတ်သူအဆင့် လက်နက်ကို သုံးလိုက်ရအောင် " အကျဉ်းထောင်မျိုးနွယ်မှ ဦးချိုများနှင့် တစ်ယောက်က စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်သည်။

" ကြီးမြတ်သူအဆင့်လက်နက်ကို သုံးရမှာလား။ " အကျဉ်းထောင်မျိုးနွယ်၏ ခေါင်းဆောင်က တုန့်ဆိုင်းသွားသည်။

All Chapters