← Chapters

ကြီးမြတ်သူရှချင်၏ အမိန့်....

Vol. 45 Ch. 672

ကြီးမြတ်သူရှချင်၏ အမိန့်....

Vol. 45 Ch. 672

=

ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်။

လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က ရောက်ရှိလာသည်။

ထိုနေရာတွင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများနှင့် ပြည့်နှက်နေပြီး အားလုံးက ကြီးမြတ်သူရှချင်၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုက အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူ အစိတ်အပိုင်းတစ်ခုကို ထိန်းချုပ်ထားပြီး သူတို့ကို အုပ်စုဖွဲ့ထားကြသည်။

လူသားမျိုးနွယ်အတွင်း နတ်ဘုရားသုံးပါး သတ်မှတ်ထားသော ကန့်သတ်ချက်များနှင့် ကြီးမြတ်သူကိုးယောက်၏ လမ်းညွှန်မှုတို့ကြောင့် ရုန်းကန်မှုများ မရှိသလောက်ဖြစ်သည်။

" အဲ့ဒါ ဘယ်သူလဲ။ "

" နဂါးငွေ့တန်းကြယ်သခင်ပဲ။ "

" နဂါးငွေ့တန်းကြယ်သခင်လည်း လာတာပဲ။ "

လင်းယွမ်က ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ထဲသို့ ဝင်ရောက်လာသည်နှင့် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူတို့အများစုက မကြာသေးမီက စုဝေးပွဲမှ သူ့ကို မြင်တွေ့ဖူးကြသူများဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင် " နာလန်က ပျံသန်းလာပြီး လင်းယွမ်ကို နှုတ်ဆက်လိုက်သည်။

" မင်းမသိတဲ့ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတွေ အများကြီးရှိတယ်မလား။ " နာလံက အသံတိုးတိုးနှင့် မေးလိုက်သည်။

" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အလွှာဆယ့်တစ်သို့ ရောက်ရှိသူတိုင်းက လူသားမျိုးနွယ်အတွင်း အရှိန်အဝါ ကြီးမားပြီး အလွှာဆယ့်တစ် ဂုဏ်ပြုပွဲကျင်းပပြီးသူများဖြစ်ကြသည်။ လင်းယွမ်က မပါဝင်ခဲ့သော်လည်း အနည်းဆုံးတော့ သူတို့အကြောင်း ကြားဖူးလေသည်။

" အဲ့ဒီအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတွေက ကြီးမြတ်သူတွေ လျို့ဝှက်လေ့ကျင့်ပေးထားတာပဲ။ " နာလန်က မကြာသေးမီက သူရရှိထားသော သတင်းကို ပြောလိုက်သည်။

" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူ၏ အကြည့်က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများပေါ်သို့ ကျရောက်သွားပြီး ကြီးမြတ်သူအဆင့်လက်နက်များ၏ အော်ရာကို ခံစားလိုက်ရသည်။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက ပဉ္စမအဆင့်သို့ ရောက်သည်နှင့် လူသားမျိုးနွယ်က သူတို့ကို ကြီးမြတ်သူအဆင့် လက်နက် ပြင်ဆင်ပေးထားသည်။

၎င်းက ငှားရမ်းခြင်းသာဖြစ်ပြီး မဟာစစ်မြေပြင်မှ ပြန်လာသောအခါ ၎င်းတို့ကို လူသားမျိုးနွယ်သို့ ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။ ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြီးမြတ်သူအဆင့် လက်နက် လိုအပ်လားဟု မေးခဲ့သော်လည်း လင်းယွမ်က ငြင်းပယ်ခဲ့သည်။

ကြီးမြတ်သူအဆင့် လက်နက်က လင်းယွမ်တွင် အတော်များရှိနေသည်။ နောက်ထပ် ထပ်မံသန့်စင်လည်း သူ၏ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်တော့မည်မဟုတ်ပေ။

လင်းယွမ်အပေါ် ၎င်းတို့ကို ဖြုန်းတီးမည့်အစား အခြားအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ပေးလိုက်ခြင်းက ပိုကောင်းသည်။

အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက တစ်ယောက်ပြီး တစ်ယောက် လင်းယွမ်ကို လာရောက်နှုတ်ဆက်ကြသည်။ လူတိုင်းက ရှယို ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်မျိ ဖြစ်ကြပြီး သူတို့ချင်း ရင်းနှီးခြင်းက သဘာဝကျပေသည်။

မျက်စိတစ်မှိတ်အတွင်း တစ်လကြာသွားခဲ့သည်။

ဝုန်း....

ခမ်းနားသော ပုံရိပ်တစ်ခုက စုစည်းလာပြီး ကြီးမြတ်သူ၏ အော်ရာက ထွက်ပေါ်လာသည်။

" ကြီးမြတ်သူ " အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက မတ်တပ်ရပ်ပြီး ကြီးမြတ်သူရှချင်ကို ကြည့်လိုက်ကြသည်။

" အချိန်နီးကပ်လာပြီ။ " ကြီး​မြတ်သူရှချင်က အားလုံးကို ကြည့်လိုက်သည်။ " မဟာစစ်မြေပြင်ရဲ့ အရေးပါမှုကို ငါ အသေးစိတ်ပြောဖို့ မလိုတော့ဘူး။ "

" အခု ငါက အားလုံးကို တာဝန်ပေးမယ်။ " ကြီးမြတ်သူရှချင်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ရဲ့ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတိုင်းက စစ်မြေပြင်မှာ လူတစ်ယောက်ရဲ့ အမိန့်ကို နာခံရမယ်။ "

မျိုးနွယ်စစ်ပွဲများတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများမှ လွဲ၍ အားလုံး အမိန့်နာခံရပေလိမ့်မည်။ သို့မှသာ သူတို့၏ အကြီးမားဆုံး စွမ်းအားကို ပြသနိုင်ပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင် " ကြီးမြတ်သူရှချင်၏ အသံက တည်ငြိမ်နေပြီး ထောင့်တွင်ရပ်နေသော လင်းယွမ်ကို ကြည့်လိုက်သည်။

ထိုစကားများကြားသောအခါ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက ထိတ်လန့်သွားကြပြီး မကြာသေးမီက အဆင့်တက်လာသော လင်းယွမ်ကို ကြည့်လိုက်ကြသည်။

" နဂါးငွေ့တန်းကြယ်သခင် "

" ကျွန်တော်တို့အားလုံးက နဂါးငွေ့တန်းကြယ်သခင်ရဲ့ အမိန့်ကို နာခံရမှာလား။ "

အလွှာဆယ်တစ် ဆင့်ကဲပြောင်းလဲသူများက အကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့ထဲမှ အသန်မာဆုံး ဆင့်ကဲပြောင်းလဲသူများက အံ့အားသင့်သော အမူအရာများနှင့် ရှိနေကြသည်။

လူသားမျိုးနွယ်မဟာမိတ်တွင်ဖြစ်စေ ကြယ်စကြာဝဠာမှ မျိုးနွယ်များတွင် ဖြစ်စေ စွမ်းအားက အဆင့်အတန်းကို ဆုံးဖြတ်ပေးသည်။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူအားလုံးက နဂါးငွေ့တန်းကြယ်သခင်၏ အမိန့်ကို နာခံရန်မှာ နဂါးငွေ့တန်းကြယ်သခင်ကိုယ်တိုင်က အားနည်း၍ မရပေ။

"ဟုတ်ကဲ့။ ကြီးမြတ်သူရဲ့ အမိန့်အတိုင်းပါ။ " အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက ချက်ချင်း တုန့်ပြန်လိုက်ကြသည်။

ကြီးမြတ်သူရှချင်၏ အမိန့်က သူတို့အားလုံးကို စိတ်ရှုပ်ထွေးသွားစေသော်လည်း ကြီးမြတ်သူ၏ စကားက အကြောင်းရင်း ရှိရပေလိမ့်မည်။ အသစ်တက်လှမ်းလာသော နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားက လူတိုင်း စိတ်ကူးနိုင်သည်ထက် ကျော်လွန်ပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင်လား။ " နာလန်က ထိတ်လန့်သွားပြီး သူ၏ ဘေးမှ လင်းယွမ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်က ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်မှ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတိုင်းကို လွှမ်းမိုးနိုင်ခဲ့သည်။ ထိုသို့သော အဆင့်အတန်းက ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် ကြီးမြတ်သူပြီးလျှင် ဒုတိယသာ ဖြစ်သည်။ လူသားမျိုးနွယ်မဟာမိတ်အတွင်းမှာပင် ထိပ်ဆုံး အယောက်နှစ်ဆယ်အတွင်း ပါဝင်ပေလိမ့်မည်။

ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုတွင် ဒုမျှော်စင်သခင် တစ်ယောက်စီ ရှိကြသည်။ သို့သော် ဒုမျှော်စင်သခင်များက ပုံမှန်အားဖြင့် အလွှာတစ်ဆယ်တွင် ရှိကြပြီး အသေးအဖွဲကိစ္စများကို ကိုင်တွယ်ရသည်။ သူတို့က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကို အမိန့်ပေးရန် အခွင့်အာဏာမရှိကြပေ။

" သွားစို့ " ကြီးမြတ်သူရှချင်က လူတိုင်းကို ကြည့်လိုက်ပြီး အချိန်နှင့်လေဟာနယ်က ပြောင်းလဲသွားသည်။

ခဏကြာသောအခါ ကြီးမြတ်သူရှချင်နှင့်အတူ ဆင့်ကဲပြောင်းလဲသူအားလုံးက ကျယ်ပြန့်သော နယ်မြေတစ်ခု၏ အစွန်သို့ ရောက်သွားကြသည်။ ထိုနယ်မြေက အချိန်လေဟာနယ် ဖိနှိပ်မှုကြီးမားပြီး အလင်းနှစ်တစ်ထောင်ကျော် ကျယ်ဝန်းသည်။ ၎င်းက စကြာဝဠာထဲမှ ဧရာမသတ္တဝါကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

" ဒါ မဟာစစ်မြေပြင်လား။ "

" အချိန်လေဟာနယ်ဖိနှိပ်မှုက ကြောက်စရာကောင်းလိုက်တာ။ ဒီမှာဆိုရင် လေဟာနယ်ရွှေ့ပြောင်းခြင်းက လုံးဝ ကန့်သတ်ခံထားရလိမ့်မယ်။ "

" ကြီးမြတ်သူတွေ ပူးပေါင်းတည်ဆောက်ထားတဲ့ မဟာစစ်မြေပြင်လို့ ပြောစရာမလိုဘူး။ " ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်မှ ဆင့်ကဲပြောင်းလဲသူများက အချင်းချင်း တီးတိုး ပြောဆိုလိုက်ကြသည်။

" အချိန်လေဟာနယ်ဝင်္ကဘာ "

အခြားအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများနှင့် မတူဘဲ လင်းယွမ်က မဟာစစ်မြေပြင်ကို အချိန်လေဟာနယ်ဝင်္ကဘာတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမက လည်ပတ်နေပြီး မဟာစစ်မြေပြင်ကို မယုံကြည်နိုင်လောက်အောင် တည်ငြိမ်သွားစေသည်။

" တကယ်အံ့ဩစရာကောင်းတာပဲ။ " လင်းယွမ်က စိတ်ထဲမှ ချီးကျူးလိုက်သည်။

သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့်သို့ ရောက်နေသော်လည်း ထိုသို့ ကြီးမားသော အချိန်လေဟာနယ်ဝင်္ကဘာကို ဖန်တီးနိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။

၎င်းက ကြီးမားသော အခြေခံကို လိုအပ်သည်။ ကြီးမြတ်သူများ ပူးပေါင်းခဲ့သော်လည်း ပြီးမြောက်ရန် နှစ်ဝက်ကြာမြင့်ခဲ့သည်။ ၎င်းက နှစ်ဝက်ထက် ပိုကြာနိုင်သော်လည်း အထွတ်အထိပ်မျိုးနွယ်များက မဟာစစ်မြေပြင်ကို တည်ဆောက်ရန် ယခင်ကတည်းက အစီအစဉ်များ ရှိခဲ့သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့ကြသည်။

ဝှစ် ဝှစ်....

ကြီးမြတ်သူရှချင်တို့ ရောက်လာပြီး မကြာမီ ပုံရိပ်အချို့ ချဉ်းကပ်လာခဲ့သည်။

" ကြီးမြတ်သူရှချင်ကို နှုတ်ဆက်ပါတယ်။ " သူတို့က အလွှာဆယ့်တစ် သက်ရှိများဖြစ်ကြပြီး လူသားဆင့်ကဲပြောင်းလဲသူများမဟုတ်ဘဲ လူသားမျိုးနွယ်အောက်တွင် အမှုထမ်းနေသော မျိုးနွယ်ခြားများဖြစ်ကြသည်။

အထွတ်အထိပ်မျိုးနွယ်တစ်ခုအနေဖြင့် လူသားမျိုးနွယ်က စကြာဝဠာထဲမှ သန်မာသော သက်ရှိများကို စည်းရုံးခဲ့သည်။ ထို့ကြောင့်လည်း လူသားမျိုးနွယ်မဟာမိတ်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

" မဟာစစ်မြေပြင်ကို ဝင်ရောက်ပြီးရင် လူတိုင်းက နဂါးငွေ့တန်းကြယ်သခင်ရဲ့ အမိန့်ကို နာခံရမယ်။ " ကြီး​မြတ်သူရှချင်က တည်​ငြိမ်စွာ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့ "

မျိုးနွယ်ခြားများက စိတ်ထဲမှ တုန်လှုပ်သွားကြသည်။ သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ ကျော်ကြားမှုကို သိကြသော်လည်း ကြီးမြတ်သူရှချင်က ထိုကဲ့သို့ ကြီးလေးသည့် တာဝန်ကို ပေးအပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ကြီးမြတ်သူရှချင်က အသစ်တက်လှမ်းလာသော အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို မျက်နှာသာ ပေးလွန်းတာလား။ မျိုးနွယ်ခြားများက စိတ်ထဲတွင် မရေမရာ ဖြစ်နေကြသော်လည်း ကြီးမြတ်သူ ရှချင်ကို မဆန့်ကျင်ကြပေ။

" အလွှာဆယ့်တစ် မျိုးနွယ်ခြား ၅၂ ယောက်။ " လင်းယွမ်က သူတို့ကို ကြည့်ပြီး မှတ်သားလိုက်သည်။

ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူ ၁၄၃ ယောက် ရှိသည်။ ထိုမျိုးနွယ်ခြား ၅၂ ယောက်နှင့် ပေါင်းလျှင် အလွှာဆယ့်တစ် သက်ရှိအရေအတွက်က နှစ်ရာနီးပါးရှိသွားသည်။

လင်းယွမ်က ပတ်ဝန်းကျင်မှ အခြား ဆင့်ကဲပြောင်းလဲခြင်းမျှောင်စင် ရှစ်ခုကိုလည်း သတိထားမိခဲ့သည်။ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုက အင်အားတူညီကြသည်။ ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် အလွှာဆယ့်တစ်သက်ရှိ နှစ်ရာရှိသောကြောင့် အခြားမျှော်စင်ရှစ်ခုတွင်လည်း အလားတူအရေအတွက် ရှိပေလိမ့်မည်။

All Chapters