← Chapters

ကပ်ဘေးမျိုးနွယ်....

Vol. 45 Ch. 673

ကပ်ဘေးမျိုးနွယ်....

Vol. 45 Ch. 673

ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုမှ အလွှာဆယ့်တစ်သက်ရှိ အားလုံးပေါင်းလျှင် ၁၈၀၀ နီးပါး ရှိပေလိမ့်မည်။ လူသားမျိုးနွယ်တွင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူက တစ်ထောင်အောက်သာ ရှိသည်။ ယခု ၁၈၀၀နီးပါးတွင် တစ်ဝက်ကျော်က မျိုးနွယ်ခြားများဖြစ်ကြသည်။ အချို့က လူသားမျိုးနွယ်မှ လျို့ဝှက်လေ့ကျင့်ပေးထားသူများဖြစ်ကြသည်။

" အလွှာဆယ့်တစ် သက်ရှိ ၁၈၀၀..." လင်းယွမ်က အဝေးသို့ ကြည့်လိုက်သည်။

လူသားမျိုးနွယ်မှ ထိုအရေအတွက်နှင့်အတူ အခြားအထွတ်အထိပ်မျိုးနွယ်များမှ အလွှာဆယ့်တစ် သက်ရှိများအားလုံးပေါင်းလျှင် တစ်သောင်းကျော်သွားနိုင်လေသည်။ ၎င်းက စကြာဝဠာတစ်ခုလုံးရှိ အလွှာဆယ့်တစ် သက်ရှိအားလုံး၏ ထင်ရှားသော ပမာဏကို သိမ်းပိုက်ထားပေလိမ့်မည်။

အထွတ်အထိပ်မျိုးနွယ်များက မဟာစစ်မြေပြင်ကို လွှမ်းမိုးနိုင်ရန်အတွက် အလွန်အလေးထားကြလေသည်။ ထိုအလွှာဆယ့်တစ်သက်ရှိ တစ်သောင်းကျော်တွင် ပဉ္စမအဆင့်သို့ ရောက်ရှိသူများက ရာဂဏန်းမှ ထောင်ဂဏန်းထိ ရှိနိုင်ပြီး အားလုံးကို ကြီးမြတ်သူအဆင့် လက်နက်များ ပြင်ဆင်ထားပေလိမ့်မည်။

" အရင် ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာထဲကို ကျရောက်ခဲ့တဲ့ အလွှာဆယ့်တစ် သက်ရှိက သုံးရာအောက်ပဲရှိတယ်။ အခု မဟာစစ်မြေပြင်မှာ အလွှာဆယ့်တစ်သက်ရှိတွေက တစ်သောင်းကျော်နေပြီ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

" ငါ မဟာစစ်မြေပြင်ထဲကို ဝင်ရောက်ပြီးတာနဲ့ ကြီးမြတ်သူတွေ မတုန့်ပြန်နိုင်ခငခ အဲ့ဒီအလွှာဆယ့်တစ် သက်ရှိ တစ်သောင်းကျော်ကို တစ်ခါတည်း ရှင်းပစ်နိုင်မလားမသိဘူး။ "

၎င်းက ဖြစ်နိုင်ခြေမျှသာဖြစ်သည်။ မျိုးနွယ်ခြားများမှ ကြီးမြတ်သူများက ထိုအလွှာဆယ့်တစ် သက်ရှိများကြားတွင် မည်သည့်ဝှက်ဖဲများ ထားရှိထားသည်ကို မသေချာသောကြောင့်ဖြစ်သည်။

လင်းယွမ်က သူတို့အားလုံးကို တစ်ကြိမ်တည်း မသတ်နိုင်လျှင်တောင် အလွှာဆယ့်တစ် သက်ရှိများကို အလိုရှိသလိုသတ်ဖြတ်နိုင်ပြီး ကြီးမြတ်သူအဆင့် လက်နက်များကို ရယူနိုင်လေသည်။ လင်းယွမ်က ရွှမ်ဟွမ်မူလခန္ဓာကို လေ့ကျင့်ရန်အတွက် အရင်းအမြစ်များစွာ လိုအပ်နေသည်။

လိုအပ်သော အရင်းအမြစ်များက လူသားမျိုးနွယ်တစ်ခုတည်းနှင့် မလုံလောက်သောကြောင့် မဟာစစ်မြေပြင်မှ မျိုးနွယ်ခြားများကိုသာ အားကိုးရပေလိမ့်မည်။ ၎င်းက ရွှမ်ဟွမ်မူလခန္ဓာ၏ အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်သာ ဖြစ်သည်။ အလွှာဆယ့်နှစ်ဖြစ်လျှင် လိုအပ်သော အရင်းအမြစ်က တွေးပင်မတွေးရဲပေ။

" ဒီတစ်ခါ မဟာစစ်မြေပြင်ထဲကို ဝင်တဲ့အခါ ထျန်းယုမျိုးနွယ်က ထျန်းယုမန်ကို သတိထားပါ။ " လင်းယွမ်က စဉ်းစားနေစဉ် ကြီးမြတ်သူရှချင်၏ အသံကို ကြားလိုက်ရသည်။

" ထျန်းယုမန် " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူကလည်း အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ဖြစ်နိုင်ခြေအရှိဆုံး ထျန်းယုမျိုးနွယ်၏ အဖွဲ့ဝင်၏ အကြောင်းကို ကြားဖူးလေသည်။ သူမက ထျန်းယုမျိုးနွယ် ပထမဘိုးဘေး၏ သွေးမျိုးဆက်ကို ဆက်ခံထားသည်။ထျန်းယု မျိုးနွယ်တွင် သွေးမျိုးဆက်အမွေဆက်ခံခြင်းကို အလေးထားပြီး နတ်စွမ်းရည်နှင့် အရည်အချင်းများကို သွေးမျိုးဆက်မှတစ်ဆင့် အမွေဆက်ခံထားသည်။

" ထျန်းယုမန်က မင်းအတွက် သိပ်မဟုတ်ဘူး။ အဓိကက အပြစ်ကင်းစင်ခြင်းသရဖူပဲ။ အဲ့ဒါက ထျန်းယုမျိုးနွယ်ရဲ့ မျိုးနွယ်ကာကွယ်ရေးလက်နက်ပဲ။ ပထမ ဘိုးဘေးက အဲ့ဒါကို အသုံးပြုဖူးတယ်။ " ကြီးမြတ်သူရှချင်က ဆက်ပြောလိုက်သည်။

လူသားမျိုးနွယ်က ကြီးမြတ်သူအဆင့် လက်နက်များစွာကို ထုတ်ပေးခဲ့သော်လည်း မျိုးနွယ်ကာကွယ်ရေးလက်နက်ကို ထုတ်ပေးခြင်းမရှိပေ။ အကြောင်းမှာ အလွန်အန္တရာယ်ကြီးမားသောကြောင့် ဖြစ်သည်။

ဆိုးရွားသောအခြေအနေတွင် ကြီးမြတ်သူအဆင့် လက်နက်တစ်ခု ဆုံးရှုံးသွားခြင်းက ပြဿနာမရှိပေ။ သို့သော် မျိုးနွယ်ကာကွယ်ရေးလက်နက် ဆုံးရှုံးသွားလျှင် မျိုးနွယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိပေလိမ့်မည်။

" မျိုးနွယ်ကာကွယ်ရေးလက်နက် " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

မျိုးနွယ်ကာကွယ်ရေးလက်နက်က အခြားကြီးမြတ်သူအဆင့် လက်နက်များထက် ပို၍ စွမ်းအားကြီးသည်။ ယခုအချိန်ထိ လင်းယွမ်တွေ့ဖူးသော လူသားမျိုးနွယ်၏ မျိုးနွယ်ကာကွယ်ရေးလက်နက်မှာ ဟင်းလင်းပြင်ကမ္ဘာဖြစ်သည်။ လူသားမျိုးနွယ်၏ မိခင်ကြယ်တွင်လည်း မျိုးနွယ်ကာကွယ်ရေးလက်နက်တစ်ခုရှိသော်လည်း မည်သည့်အရာဖြစ်သည်ကို လင်းယွမ်က မသိပေ။

" ယုမျိုးနွယ်နဲ့ ကျိုးမျိုးနွယ်က အစွမ်းထက်သူတွေလည်း ရှိသေးတယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ထပ်မံသတိပေးလိုက်သည်။

လူသားမျိုးနွယ်က အထွတ်အထိပ်အင်အားစု ၁၂ခုထဲမှ တစ်ခုဖြစ်ပြီး ယုမျိုးနွယ်နှင့် ကျိုးမျိုးနွယ်လည်း ပါဝင်လေသည်။ စကြာဝဠာစတင်ချိန်တွင် ယုမျိုးနွယ်တစ်ခုတည်းသာရှိခဲ့သည်။ ထိုစဉ်က ယုမျိုးနွယ်က အသန်မာဆုံး အင်အားစုဖြစ်ပြီး နှစ်သန်းပေါင်းများစွာ အုပ်စိုးခဲ့ကြသည်။

သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် နောက်ဆုံးတွင် ယုမျိုးနွယ်က ပြိုကွဲခဲ့ပြီး ယုမျိုးနွယ်နှင့် ကျိုးမျိုးနွယ်ဟူ၍ ဖြစ်ပေါ်စေခဲ့သည်။ ယုမျိုးနွယ်နှင့် ကျိုးမျိုးနွယ်တို့က မူလယုမျိုးနွယ်၏ အမွေအနှစ် အစိတ်အပိုင်းများကို အမွေဆက်ခံထားကြသည်။

မူလယုမျိုးနွယ်လောက် အစွမ်းထက်ခြင်းမရှိသော်လည်း ကြောက်စရာကောင်းနေဆဲ ဖြစ်ပြီး ထိပ်ဆုံးအင်အားစု ဆယ့်နှစ်ခုကြားတွင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

" ပြီးတော့ ကပ်ဘေးမျိုးနွယ်လည်း ရှိသေးတယ်။ သူတို့က လျို့ဝှက်ဆန်းကြယ်တဲ့ အထူးသက်ရှိတွေပဲ။ " ကြီးမြတ်သူရှချင်၏ အသံက ပို၍ လေးနက်လာသည်။

ယုမျိုးနွယ်နှင့် ကျိုးမျိုးနွယ်က စကြာဝဠာစတင်ချိန်မှ ဆင်းသက်လာလျှင် ကပ်ဘေးမျိုးနွယ်က ယခင်စကြာဝဠာခေတ်မှ ဆင်းသက်လာသည်ဟု ယူဆရသည်။

စကြာဝဠာ၏ အဆုံးတွင် စကြာဝဠာက သဘာဝအတိုင်း ပြိုကျပျက်စီးပေလိမ့်မည်။ ကြီးမြတ်သူများသာ အသက်ရှင်နိုင်ပြီး ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိကြသည်။

ကပ်ဘေးမျိုးနွယ်ကလည်း ယခင် စကြာဝဠာခေတ်၏ ပျက်စီးခြင်းကို ရှောင်ရှားပြီး လက်ရှိစကြာဝဠာခေတ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ ကပ်ဘေးမျိုးနွယ်က မွေးဖွားချိန်မှစ၍ စကြာဝဠာ၏ မူလနိယာမများမှ မမြင်နိုင်သော ဘေးဆိုးများကို ရင်ဆိုင်ခဲ့ရသည်။

အထွတ်အထိပ်မျိုးနွယ် ဆယ့်နှစ်ခုတွင် ကပ်ဘေးမျိုးနွယ်က အဖွဲ့ဝင်အနည်းဆုံး ဖြစ်သည်။ ကြယ်စကြာဝဠာမဟာမိတ်မှ အထူးသက်ရှိများထက်ပင် နည်းလေသည်။ သို့သော် ကပ်ဘေးမျိုးနွယ်မှ အသက်ရှင်ကျန်ရစ်သူများက သေချာပေါက် အစွမ်းထက်ကြပေလိမ့်မည်။

စကြာဝဠာ မူလနိယာမများ၏ ပစ်မှတ်ထားမှုအောက်တွင် အသက်ရှင်၍ ကြီးထွားလာခြင်းက သူတို့၏ ကြောက်စရာကောင်းပုံကို ဖော်ပြနေသည်။ လက်ရှိ ကပ်ဘေးမျိုးနွယ်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူ နှစ်ယောက်သာရှိပြီး ထိပ်တန်းအင်အားစု ဆယ့်နှစ်ခုကြားတွင် အားအနည်းဆုံး ဖြစ်သော်လည်း ဘယ်သူမှရန်စလိုခြင်းမရှိကြပေ။

" ကပ်ဘေးမျိုးနွယ် " လင်းယွမ်က တွေးလိုက်သည်။

ယခင်စကြာဝဠာခေတ်မှ အသက်ရှင်ကျန်ရစ်နိုင်ရန် ကြီးမြတ်သူများအတွက်ပင် မလွယ်ကူပေ။ စကြာဝဠာပျက်စီးချိန်တွင် ကြီးမြတ်သူများက ဖရိုဖရဲဟင်းလင်းပြင်သို့ ထွက်ပြေးရန် အချိန်အနည်းငယ်သာ ရသည်။

အဆုံးမဲ့ဖျက်စီးခြင်းကို ရင်ဆိုင်ရန် စကြာဝဠာထဲတွင် ကျန်ရစ်နေခြင်းက.... လင်းယွမ် သိထားသော စကြာဝဠာခေတ် တစ်ခုပြီးတစ်ခု ကျန်ရစ်နိုင်သော အရာမှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသာ ဖြစ်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက စကြာဝဠာ၏ မူလအစနှင့် ပေါင်းစပ်ထားပြီး စကြာဝဠာ၏ ပျက်စီးမှုက ၎င်းအပေါ် သက်ရောက်မှုမရှိပေ။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဧကရာဇ်ရွှမ်ဟွမ်က ဖန်တီးထားခြင်းဖြစ်သည်။

မဟာစစ်မြေပြင်၏ အပြင်ဘက်တွင် ကြီးမားသော ပုံရိပ်များစွာ ပေါ်လာသည်။ အခြားအထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများလည်း ရောက်ရှိလာကြသည်။

" မဟာစစ်မြေပြင်ထဲကို ဝင်ဖို့ နီးကပ်လာပြီ။ " ကြီးမြတ်သူရှချင်က အလွှာဆယ့်တစ် သက်ရှိများအားလုံးကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းတို့ မဟာစစ်မြေပြင်ရဲ့ စည်းမျဉ်းတွေအကြောင်း သိလောက်ပြီထင်တယ်။ "

မဟာစစ်မြေပြင်အတွင်းရှိ စည်းမျဉ်းများနှင့် ပက်သက်၍ ကြီးမြတ်သူရှချင်က အသေးစိတ် ရှင်းပြခဲ့ပြီး ဖြစိသည်။ မဟာစစ်မြေပြင်ထဲသို့ ဝင်ရောက်သော အလွှာဆယ့်တစ် သက်ရှိများက စစ်မြေပြင်၏ အစွန်အဖျားများသို့ ရောက်ရှိသွားပေလိမ့်မည်။

အစွန်အဖျားဒေသများက ၃၃၃ခု ရှိပြီး အချို့နေရာများတွင် အချိန်လေဟာနယ်လမ်းကြောင်းများ ရှိနေသည်။ ထိုအချိန်လေဟာနယ်လမ်းကြောင်းထဲသို့ ဝင်ရောက်မှသာ စစ်မြေပြင်၏ အဓိကဧရိယာသို့ သွားနိုင်ပေလိမ့်မည်။

အချိန်လေဟာနယ်လမ်းကြောင်း၏ အပြင်ဘက်တွင် အချိန်လေဟာနယ်ဝင်္ကဘာတစ်ခုရှိပြီး ထိုဝင်္ကဘာကို ဖြတ်သန်းမှသာ အချိန်လေဟာနယ်လမ်းကြောင်းသို့ ရောက်ရှိနိုင်သည်။ အချိန်လေဟာနယ်လမ်းကြောင်းက အရေအတွက် အကန့်အသတ်ရှိပြီး လူတစ်ရာ ဝင်ရောက်ပြီးသည်နှင့် ပိတ်သွားပေလိမ့်မည်။

အချိန်လေဟာနယ်လမ်းကြောင်းကို ဝင်ရောက်ပြီး စစ်မြေပြင်၏ အဓိကဧရိယာသို့ ရောက်ရှိရန် အလွှာဆယ့်တစ် သက်ရှိများက တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ရပေလိမ့်မည်။ ပထမဆုံးတစ်ရာသာ စစ်မြေပြင်၏ အဓိကဧရိယာသို့ ဆက်လက်သွားနိုင်မည်ဖြစ်သည်။

အလွှာဆယ့်တစ် သက်ရှိများက အစွန်အဖျားဒေသများသို့ ကျပန်းရောက်ရှိမည်ဖြစ်သောကြောင့် ကံကောင်းမှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။တူညီသော မျိုးနွယ်မှ သို့မဟုတ် မဟာမိတ်အဖွဲ့ဝင်များနှင့်အတူ အစွန်အဖျားဒေသများသို့ ရောက်လျှင် သူတို့က ပူးပေါင်းပြီး အချိန်လေဟာနယ်လမ်းကြောင်းထဲသို့ လုံခြုံစွာ ဝင်ရောက်နိုင်လေသည်။

အခြားမျိုးနွယ်များကြားသို့ ရောက်ရှိသွားလျှင် သူတို့က အချိန်လေဟာနယ်လမ်းကြောင်းသို့ ဝင်ရောက်ရန် ပြင်းထန်စွာ ရင်ဆိုင်ရပေလိမ့်မည်။

အထွတ်အထိပ်မျိုးနွယ်များအတွက် မဟာစစ်မြေပြင်၏ တကယ့်တိုက်ပွဲများမှာ အဓိကဧရိယာတွင် ဖြစ်သည်။ အစွန်အဖျားဒေသများမှ တိုက်ပွဲများက စစ်မှန်သော တိုက်ပွဲမစမီ အမြည်းသက်သက်သာ ဖြစ်သည်။

All Chapters