မဟာစစ်မြေပြင်သို့ ဝင်ရောက်ခြင်း....
Vol. 45 Ch. 674
" အစွန်အဖျားဒေသ ၃၃၃ခုထဲမှာ နဂါးငွေ့တန်းကြယ်သခင်ရှိတဲ့ ဒေသက လူသားမျိုးနွယ်မဟာမိတ်ရဲ့ အလွှာဆယ့်တစ်တွေက နဂါးငွေ့တန်းကြယ်သခင်ရဲ့ အမိန့်ကို လိုက်နာရမယ်။ " ကြီးမြတ်သူရှချင်က နောက်တစ်ကြိမ် သတိပေးလိုက်သည်။
" လူသားမျိုးနွယ်မဟာမိတ်က အလွှာဆယ့်တစ်အားလုံးလား။ "
အလွှာဆယ့်တစ် သက်ရှိများက ကြီးမြတ်သူရှချင်၏ စကားအသွားအလာကို သတိထားမိလိုက်ကြသည်။ ၎င်းက ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်သာမဟုတ်ဘဲ လူသားမျိုးနွယ်မဟာမိတ်၏ အလွှာဆယ့်တစ်အားလုံးကို ရည်ညွှန်းလေသည်။
ကြီးမြတ်သူရှချင်က စစ်မြေပြင်ကို ကြည့်လိုက်သည်။ သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သည်နှင့် အလွှာဆယ့်တစ်သက်ရှိ နှစ်ရာနီးပါးက ကြယ်များသဖွယ် မဟာစစ်မြေပြင်၏ အစွန်အဖျားဒေသများသို့ ဆင်းသက်သွားကြသည်။
လူသားမျိုးနွယ်မှ အခြားကြီးမြတ်သူများကလည်း အလားတူ လုပ်ဆောင်လိုက်ကြပြီး လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ်သက်ရှိများက အစွန်အဖျားဒေသများသို့ ကျဆင်းသွားကြသည်။ ထို့နောက် အထွတ်အထိပ်မျိုးနွယ်များကလည်း သူတို့၏ အဖွဲ့ဝင်များကို စေလွှတ်လိုက်ပြသည်။
" ရှချင် အဲ့ဒီလူသားရွှယ်ယုရော ဝင်သွားတာလား။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူတစ်ယောက်က ပြောလိုက်သည်။
မကြာသေးမီက ကြီးမြတ်သူအဆင့်ကို ကြိုးစားသော အချိန်လေဟာနယ်လှုပ်ရှားမှုများ လူသားမျိုးနွယ်မှ ထွက်ပေါ်ခဲ့ပြီး အခြားမျိုးနွယ်မှ ကြီးမြတ်သူများက လူသားရွှယ်ယု ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆခဲ့ကြသည်။
ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် လူသားရွှယ်ယုက ထိုကဲ့သို့ တိုက်ခိုက်ရေးစွမ်းအားကို ပြသရန် ရတနာတစ်ခုခုကို အသုံးပြုခြင်း ဖြစ်လျှင်တောင် သူ၏ အဆင့်ကလည်း အနည်းဆုံး အလွှာဆယ့်တစ် အထွတ်အထိပ် ဖြစ်ပေလိမ့်မည်။ နတ်ဘုရင်ထက်ပင် အလွှာဆယ့်နှစ်နှင့် ပိုမိုနီးစပ်သည်ဟု ခန့်မှန်းရသည်။
ထို့ကြောင့် အခြားမျိုးနွယ်မှ ကြီးမြတ်သူများက ထိုသို့သော ထင်မြင်ယူဆချက် ပေါ်လာခြင်းဖြစ်သည်။ သို့သော် လူသားရွှယ်ယုဟုတ်မဟုတ် ဘယ်သူမှမသေချာပေ။
" မင်းတို့ ကိုယ်ဘာသာကို ရှာကြည့်ကြပေါ့။ " ကြီးမြတ်သူရှချင်က ပြန်ဖြေလိုက်ပြီး လင်းယွမ်အကြောင်း ထုတ်ဖော်ပြောခြင်းမရှိပေ။
ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက ဘာမှမပြောတော့ပေ။ လူသားမျိုးနွယ်မဟာမိတ်တွင် ရွှယ်ယုရှိသည်။ သို့သော် သူတို့၏ ကြယ်စကြာဝဠာမဟာမိတ်တွင်လည်း အလားတူ အရည်အချင်းရှိသူများ ရှိလေသည်။
ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် လူသားရွှယ်ယု၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသော်လည်း ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာ၏ ပတ်ဝန်းကျင်က ကန့်သတ်ချက်များ ရှိနေသည်။ မဟာစစ်မြေပြင်က မတူပေ။ မဟာစစ်မြေပြင်တွင် ကြယ်စကြာဝဠာမဟာမိတ်မှ အင်အားကြီးသူများကို အနိုင်ယူရန် မလွယ်ကူပေ။
ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူများက ယခင်အရှက်ရမှုကို ပြန်လည်ရယူရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။
မဟာစစ်မြေပြင်၏ အစွန်အဖျားဒေသတစ်ခုတွင် လင်းယွမ်က သူ၏ အရှိန်ကို ထိန်းလိုက်ပြီး မြေပြင်သို့ ညင်သာစွာ ဆင်းသက်သွားသည်။
" ဒါက မဟာစစ်မြေပြင်ရဲ့ အစွန်အဖျားဒေသလား။ " လင်းယွမ်က ပတ်းဝန်းကျင်ကို လေ့လာလိုက်သည်။
နေရာတိုင်းတွင် ကောင်းကင်သို့ ထိုးထွက်နေသော ရှေးဟောင်းသစ်ပင်များကို မြင်ရလေသည်။ ထိုရှေးဟောင်းသစ်ပင်များက ကြီးမားသော အသက်စွမ်းအားများကို ထုတ်လွှတ်နေပြီး စစ်မြေပြင်၏ အချိန်လေဟာနယ်ဖိနှိပ်မှုသာ မရှိလျှင် ပင်မစကြာဝဠာတွင် သက်ရှိပုံစံများအဖြစ် အသွင်ပြောင်းနိုင်ပေလိမ့်မည်။
" ဒီဒေသကို လူသားမျိုးနွယ်မဟာမိတ်က အလွှာဆယ့်တစ် သုံးယောက်ပဲ ရောက်လာတာလား။ " လင်းယွမ်က ထိုဒေသရှိ လာသားမျိုးနွယ်မှ အလွှာဆယ့်တစ် အရေအတွက်ကို အာရုံခံလိုက်သည်။
မဟာစစ်မြေပြင်တွင် အစွန်အဖျားဒေသ ၃၃၃ခု ပါဝင်ပြီး ဒေသတစ်ခုစီတွင် လူသားမျိုးနွယ်မှ အလွှာဆယ့်တစ် သက်ရှိ လေးရောက်သာ ကျရောက်နိုင်သည်။ ၎င်းက ကံမကောင်းသည်ဟု ယူဆနိုင်သည်။
လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ် အရေအတွက်က နည်းပါးသောကြောင့် အဓိကဧရိယာသို့ ဦးတည်သော အချိန်လေဟာနယ်လမ်းကြောသ်းတွင် ပစ်မှတ်ထား ဖိနှိပ်ခြင်းခံရပေလိမ့်မည်။
" အချိန်လေဟာနယ်လမ်းကြောင်းက ဘယ်မှာလဲ။ ဟိုဟာလား။ " လင်းယွမ်က ဂရုတစိုက် ခံစားလိုက်သည်။
အစွန်အဖျားဒေသ ၃၃၃ခုတွင် တစ်ခုစီ၌ အချိန်လေဟာနယ်လမ်းကြောင်းတစ်ခုစီ ရှိကြသည်။ ထိုအချိန်လေဟာနယ်လမ်းကြောင်းကို ရှာဖွေရန် လွယ်ကူပြီး အချိန်လေဟာနယ် လှုပ်ရှားမှုများကို အာရုံခံလိုက်ရုံသာ ဖြစ်သည်။
" အချိန်လေဟာနယ်ဖိနှိပ်မှုက ကြီးမားတော့ လေဟာနယ်ရွှေ့ပြောင်းဖို့က အရမ်းခက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ထို့ကြောင့်လည်း အစွန်အဖျားဒေသများတွင် အချိန်လေဟာနယ်လမ်းကြောင်းများ ရှိနေခြင်းဖြစ်သည်။ လေဟာနယ်ရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်စွမ်းမရှိလျှင် အလွှာဆယ့်တစ်သက်ရှိများက အစွန်အဖျားဒေသများမှ အဓိကဧရိယာကိည ပျံသန်းရန် အချိန်အလွန်ကြာပေလိမ့်မည်။ ထိုအချိန်ဆို စစ်ပွဲလည်း ပြီးဆုံးလောက်ပြီဖြစ်သည်။
အချိန်လေဟာနယ်လမ်းကြောင်းမှသာ အဓိကဧရိယာသို့ လျင်မြန်စွာ ရောက်နိုင်ပြီး ထိပ်တန်းမျိုးနွယ် ဆယ့်နှစ်ခုကြား လွှမ်းမိုးမှုတိုက်ပွဲတွင် ပါဝင်နိုင်ပေလိမ့်မည်။
" ဒါပေမယ့် ငါ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ ဆဋ္ဌမအဆင့်နဲ့ဆို လေဟာနယ်ရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်သေးတယ်။ ဒါပေမယ့် ပြင်ပကမ္ဘာမှာလို တစ်လှမ်းတည်းနဲ့ အလင်းနှစ်ဘီလီယံချီကို ရောက်နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က အနည်းငယ် စစ်ဆေးပြီး ကောက်ချက်ချလိုက်သည်။
သူ့အတွက်ပင် ထိုအခြေအနေမျိုးဖြစ်လျှင် အခြားအလွှာဆယ့်တစ် သက်ရှိများက ပျံသန်းရုံသာ တတ်နိုင်ပေလိမ့်မည်။
" ပထမဆုံးအဲ့ဒီအချိန်လေဟာနယ်လမ်းကြောင်းကို သွားရမယ်။ " လင်းယွမ်က ခြေတစ်လှမ်းလှမ်းပြီး နေရာမှ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းတွင် အခြားမျိုးနွယ်များမှ အလွှာဆယ့်တစ် သက်ရှိများက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်ကြသည်။
" ဒီဒေသမှာငါတို့ ကြယ်စကြာဝဠာမဟာမိန်က အလွှာဆယ့်တစ် ၅၃ယောက်ရှိတယ်။ " ကျောက်တုံးသဏ္ဍန် သက်ရှိတစ်ယောက်က အာရုံခံပြီး ပြုံးလိုက်သည်။
အလွှာဆယ့်တစ် သက်ရှိ တစ်သောင်းကျော်က အစွန်အဖျားဒေသ ၃၃၃ ခုသို့ ဆင်းသက်ခဲ့ပြီး ဒေသတစ်ခုလျှင် အလွှာဆယ့်တစ် သက်ရှိ ပျမ်းမျှ နှစ်ရာသာ ရှိပေလိမ့်မည်။
ကြယ်စကြာဝဠာ မဟာမိတ်မှ အလွှာဆယ့်တစ် သက်ရှိ ၅၃ ယောက် ပူးပေါင်းလိုက်လျှင် အားလုံးက အချိန်လေဟာနယ်လမ်းကြောင်းထဲသို့ ဝင်ရောက်က အဓိကဧရိယာသို့ ရောက်ရှိနိုင်ကြသည်။ ထိုနေရာသို့ ရောက်သည်နှင့် အဓိကဧရိယာတွင် ကြယ်စကြာဝဠာမဟာမိတ်က အသာစီးရယူပြီး တိုက်ပွဲ၏ ရလဒ်ကို သက်ရောက်မှုရှိနိုင်လေသည်။
အခြားလွင်ပြင်တစ်ခုတွင် အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်နေသည်။
" ဒီဒေသမှာ ငါရဲ့ အကျဉ်းထောင်မျိုးနွယ်ရဲ့ အလွှာဆယ့်တစ်အဖွဲ့ဝင် ၁၂ ယောက်ပဲရှိတယ်။ " အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်က ပြုံးလိုက်သည်။ " ဒါပေမယ့် ငါဒီမှာရှိလို့ အချိန်လေဟာနယ်လမ်းကြောင်းမှာ ငါ့ရဲ့ အကျဉ်းထောင် မျိုးနွယ်က နေရာဆယ့်နှစ်ခုရစေရမယ်။ "
ထိုအဆိပ်မျိုးနွယ်ဝင်က အလွှာဆယ့်တစ် ပဉ္စမအဆင့်တွင် ရှိပြီး ကြီးမြတ်သူအဆင့် လက်နက်ကို ကိုင်ဆေင်ထားသည်။ အထွတ်အထိပ်မျိုးနွယ်ဆယ့်နှစ်ခုရှိ အလွှာဆယ့်တစ် တစ်သောင်းကျော်တွင် ကြီးမြတ်သူအဆင့်လက်နက်ကို ကိုင်ဆောင်နိုင်သူက ရာဂဏန်းမှ ထောင်ဂဏန်းသာ ရှိပေလိမ့်မည်။
အစွန်အဖျားဒေသ ၃၃၃ ခုရှိသောကြောင့် ဒေသတစ်ခုတွင် ကြီးမြတ်သူအဆင့်လက်နက် ကိုင်ဆောင်ထားသူ တစ်ယောက် သို့မဟုတ် နှစ်ယောက်သာ ရှိပေလိမ့်မည်။ ထို့ကြောင့် အကျဉ်းထောင်မျိုးနွယ်ဝင်က အလွန်ယုံကြည်မှုရှိနေခြင်းဖြစ်သည်။
ကြီးမြတ်သူအဆင့် လက်နက်ဖြင့် သူက အလွှာဆယ့်တစ် တစ်သောင်းကျော်၏ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ကြီးမြတ်သူအဆင့်လက်နက် ကိုင်ဆောင်ထားသော အခြားအလွှာ ဆယ့်တစ်သက်ရှိများသာ သူ့ကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
" အချိန်လေဟာနယ်လမ်းကြောင်းက အဲ့ဒီမှာပဲ။ " အကျဉ်းထောင်မျိုးနွယ်မှ အင်အားကြီးသူက အချိန်လေဟာနယ်လမ်းကြောင်း၏ တည်နေရာကို အတည်ပြုလိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားသည်။
မဟာစစ်မြေပြင်တွင် အချိန်လေဟာနယ်ဖိနှိပ်မှုက ကြီးမားလှသည်။ အလွှာဆယ့်တစ် ပဉ္စမအဆင့်များပင် ကိုယ်ပိုင်ခွန်အားနှင့် လေဟာနယ်ရွှေ့ပြောင်းခြင်းကို မစွမ်းဆောင်နိုင်ပေ။ ထို့ကြောင့် အချိန်လေဟာနယ်လမ်းကြောင်းကို ရောက်ရှိရန်တစ်ခုတည်းသော နည်းလမ်းမှာ ပျံသန်းရုံသာဖြစ်သည်။
အခြားတောင်ကုန်းတစ်ခု၏ ထိပ်တွင် ကြီးမားသော အသိုက်တစ်ခုက ဆင်းသက်လာသည်။
" ဒီဒေသက " ထိုအသိုက်က အင်းဆက်မျိုးနွယ်မှဖြစ်သည်။ သူမက ပတ်ဝန်းကျင်ကို လေ့လာပြီး အင်ဆက်မျိုးနွယ်စစ်သည်များကို လျင်မြန်စွာ စုစည်းလိုက်သည်။
သူမ၏ အသိုက်အတွင်း အင်ဆက်မျိုးနွယ်စစ်သည်များကို မွေးမြူထားပြီးဖြစ်သည်။ ခဏအတွင်း အလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်စစ်သည် တစ်သောင်းကျော် ပေါ်လာပြီး အသိုက်ကို ဝန်းရံလိုက်ကြသည်။
ထိုအလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်စစ်သည်များက အလွှာ ဆယ့်တစ်၏ အဆင့်သတ်မှတ်ချက်ကို ရောက်ရှိရုံသာဖြစ်သည်။ တစ်ယောက်ချင်း၏ တိုက်ခိုက်ရေးစွမ်းအားက အလွှာ ဆယ့်တစ်သက်ရှိများ၏ အားအနည်းဆုံးသူကိုပင် အနိုင်ယူနိုင်မည်မဟုတ်ပေ။
သို့သော် သူတို့၏ ခွန်အားက အရေအတွက် ဖြစ်သည်။ အလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်စစ်သည် တစ်သောင်းကျော်က အတူတကွ တိုက်ခိုက်သောအခါ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် အလွှာဆယ့်တစ်သက်ရှိများပင် အခက်တွေ့ရပေလိမ့်မည်။
ကြီးမားသော အချိန်လေဟာနယ်ဝင်္ကဘာတစ်ခု၏ ရှေ့တွင် လင်းယွမ်က ရပ်တန့်လိုက်သည်။
" ငါက ပထမဆုံးရောက်လာတဲ့သူဖြစ်ရမယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး တွေးလိုက်သည်။
အမှန်တွင် ဒေသတစ်ခုစီရှိ အလွှာဆယ့်တစ် အင်အားကြီးသူများက အချိန်လေဟာနယ်လမ်းကြောင်း၏ ပတ်လည်တွင် စက်ဝိုင်းပုံသဏ္ဍန်ဖြစ်သွားစေခဲ့သည်။ ၎င်းက အချိန်လေဟာနယ်ဝင်္ကဘာမှ အလွှာဆယ့်တစ် သက်ရှိများ၏ အကွာအဝေးက အတူတူနီးပါးဖြစ်သည်ဟု ဆိုလိုသည်။
လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့်သို့ရောက်နေပြီဖြစ်သည်။ မဟာစစ်မြေပြင်တွင် သူက လေဟာနယ်ရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်သောကြောင့် သူက ပထမဆုံး ရောက်လာခဲ့ခြင်း ဖြစ်သည်။