စောင့်ဆိုင်းနေခြင်း....
Vol. 45 Ch. 675
" ဒီအချိန်လေဟာနယ်ဝင်္ကဘာက...." လင်းယွမ်က ခဏလေ့လာလိုက်သည်။
အချိန်လေဟာနယ်လမ်းကြောင်း၏ ရှေ့တွင် အချိန်လေဟာနယ်ဝင်္ကဘာတစ်ခု ရှိနေသည်။ အချိန်လေဟာနယ်ဝင်္ကဘာကို ဖြတ်ကျော်နိုင်မှသာ အချိန်လေဟာနယ်လမ်းကြောင်း၏ ရှေ့သို့ ရောက်နိုင်ပေလိမ့်မည်။
" အရမ်းလွယ်တယ်။ " လင်းယွမ်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အချိန်လေဟာနယ်ဝင်္ကဘာကို ဖြတ်၍ အချိန်လေဟာနယ်လမ်းကြောင်းရှေ့တွင် ပေါ်လာသည်။
မဟာစစ်မြေပြင်၏ အပြင်ဘက်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက ဒေသတစ်ခုစီကို လေ့လာနေကြသည်။
" ဟမ် လူသားမျိုးနွယ်ရဲ့ နဂါးငွေ့တန်းကြယ်သခင်က လေဟာနယ်ရွှေပြောင်းခြင်းကို လုပ်ဆောင်နိုင်တာလား။ "
ကြီးမြတ်သူများက ထိုအရာကို သတိထားမိသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာကြသည်။ သူတို့သတ်မှတ်သော စံနှုန်းများအရ အလွှာဆယ့်တစ် သက်ရှိတိုင်းက မဟာစစ်မြေပြင်တွင် လေဟာနယ်ရွှေ့ပြောင်းနိုင်မည်မဟုတ်ပေ။
" လူသားမျိုးနွယ်က ဒီနဂါးငွေ့တန်းကြယ်သခင်အတွက် အများကြီးအားထုတ်ထားတဲ့ပုံပဲ။ သူကို အတင်းအကျပ် နေရာရွှေ့ပြောင်းနိုင်တဲ့ ရတနာတစ်ခု ထုတ်ပေးထားတဲ့ပုံပဲ။ " အင်းဆက်ဘုရင်မတစ်ပါးက လူသားမျိုးနွယ်၏ ကြီးမြတ်သူများဘက်သို့ ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
မဟာစစ်မြေပြင်တွင် အလွှာဆယ့်တစ် အထွတ်အထိပ်များပင် ကိုယ်ပိုင်စွမ်းအားဖြင့် လေဟာနယ်ရွှေ့ပြောင်းခြင်းကို မလုပ်ဆောင်နိုင်ပေ။ သို့သော် လေဟာနယ်ရတနာတစ်ခု၏ အကူအညီဖြင့် ထိုကန့်သတ်ချက်ကို ချိုးဖောက်နိုင်သည်။ သို့သော် ထိုသို့သော လေဟာနယ်ရတနာများက အလွန်ရှားပါးသည်။
အထူးသဖြင့် နဂါးငွေ့တန်းကြယ်သခင်ကဲ့သို့ အသစ်တက်လှမ်းလာသော အလွှာဆယ့်တစ် တစ်ယောက် အသုံးပြုနိုင်ခြင်းက ပို၍ပင် ရှားပါးသည်။ မည်သည့်ရတနာမဆို သတ်မှတ်ထားသော စံနှုန်းတစ်ခုကို ရောက်မှာ အသုံးပြုနိုင်သည်။
ဥပမာ ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို သန့်စင်ရန် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို အနည်းဆုံး ပဉ္စမအဆင့်ထိ နားလည်ထားရန် လိုအပ်သည်။ ရွှေပြောင်းခြင်းကို အတင်းအကျပ်ပြုလုပ်နိုင်သော ရတနာတစ်ခုကို အသုံးပြုခြင်းကလည်း အလားတူပင် ဖြစ်သည်။စံနှုန်းမပြည်မီဘဲ သို့မဟုတ် လိုအပ်ချက်များကို လျှော့ချရန် ရတနာကိုယ်တိုင်က အလွန်အဖိုးတန်ရမည်ဖြစ်သည်။
" လူသားမျိုးနွယ်ရဲ့ကိစ္စက မင်းတို့ အင်းဆက်မျိုးနွယ်နဲ့ ဘာဆိုင်လို့လဲ။ " ကြီးမြတ်သူရှချင်က အင်းဆက်ဘုရင်မကို ကြည့်လိုက်သည်။
အမှန်တော့ ကြီးမြတ်သူရှချင်၏ စိတ်ထဲတွင်လည်း ရှုပ်ထွေးနေသည်။ သူကိုယ်တိုင်လည်း လင်းယွမ်ကို လေဟာနယ်ရွှေ့ပြောင်းနိုင်သော ရတနာတစ်ခုကို ပေးခဲ့ခြင်းမရှိပေ။ ကြီးမြတ်သူရှချင်က ထိုသို့ပေးရန် အကြံရှိခဲ့သော်လည်း လင်းယွမ်က ငြင်းပယ်ခဲ့သည်။
" ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှာ သူက လေဟာနယ်ရတနာတစ်ခုခုရခဲ့တာလား။ "
ကြီးမြတ်သူရှချင်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ လင်းယွမ်က ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သော်လည်း အသေးစိတ် မေးမြန်းခဲ့ခြင်း မရှိပေ။ အကြောင်းမှာ ၎င်းတို့က လင်းယွမ်၏ ကိုယ်ပိုင်အကျိုးအမြတ်များ ဖြစ်သောကြောင့် ဖြစ်သည်။
မဟာစစ်မြေပြင်တွင် အချိန်နှင့်လေဟာနယ်တို့က သီးခြားခွဲထုတ်ထားပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် လေဟာနယ်လှုပ်ရှားမှုအားလုံးကို ထိုးထွင်းသိမြင်နိုင်ရန် ခက်ခဲသည်။
ထို့ကြောင့် ကြီးမြတ်သူများက လင်းယွမ်၏ လေဟာနယ်ရွှေ့ပြောင်းခြင်းစွမ်းရည်မှာ သူ၏ ကိုယ်ပိုင် စွမ်းအား သို့မဟုတ် လေဟာနယ်ရတနာတစ်ခုခုမှ လာခြင်းအား ဆုံးဖြတ်နိုင်ခြင်းမရှိပေ။ လင်းယွမ်က အလွှာဆယ့်တစ်ကို ဝင်ရောက်ခဲ့သည်မှာ မကြာသေးသောကြောင့် ၎င်းက လေဟာနယ်ရတနာတစ်ခု၏ အကူအညီဖြစ်သည်ဟု ကောက်ချက်ချခြင်းဖြစ်သည်။
ကြီးမြတ်သူရှချင်ကလည်း ထိုကဲ့သို့ တွေးမိသည်။ လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းချိန်တွင် ကြီးမားသော သက်ရောက်မှုကို တွေ့ခဲ့ရသော်လည်း လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ကြီးမြတ်သူများနှင့် ယှဉ်နိုင်သော ဆဋ္ဌမအဆင့်သို့ ရောက်ရှိလိမ့်မည်ဟု မတွေးမိခဲ့ပေ။
" ဒီလိုလေဟာနယ်ရတနာတစ်ခုကို အသစ်တက်လှမ်းလာတဲ့ အလွှာဆယ့်တစ်တစ်ယောက်ကို ပေးတာက ဝါးခြင်းတောင်းနဲ့ ရေခတ်နေသလို အလကားဖြစ်မှာပဲ။ " အင်းဆက်ဘုရင်မက အေးစက်စွာ ပြောလိုက်သည်။
မဟာစစ်မြေပြင်တွင် အလွှာဆယ့်တစ် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် သက်ရှိများက သေဆုံးရန် အလွန်ခက်ခဲသည်။ အကြောင်းမှာ သူတို့က ကြီးမြတ်သူအဆင့် လက်နက်များကို ကိုင်ဆောင်ထားသောကြောင့် ဖြစ်သည်။
သို့သော် လင်းယွမ်က အသစ်တက်လှမ်းလာသော အလွှာဆယ့်တစ် သက်ရှိတစ်ယောက်ဖြစ်သည်။ မည်မျှအရည်အချင်းရှိသည်ဖြစ်စေ ကြီးမြတ်သူအဆင့်လက်နက်ကို သန့်စင်နိုင်ခြင်းမရှိလျှင် သေဆုံးနိုင်ခြေရှိနေသည်။
တစ်ခါသေဆုံးသွားလျှင် ကိုယ်ပွားသေဆုံးခြင်းဖြစ်သော်လည်း လေဟာနယ်ရတနာကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။ အခြားအထွတ်အထိပ်မျိုးနွယ်များ၏ လက်ထဲသို့ ကျရောက်သွားလျှင် ပြန်လည်ရရှိရန် ခက်ခဲပေလိမ့်မည်။
" အချိန်လေဟာနယ်လမ်းကြောင်း " လင်းယွမ်က အချိန်လေဟာနယ်လမ်းကြောင်းရှေ့တွင် ရပ်နေသည်။ ယခု သူက ဆန္ဒရှိလျှင် အချိန်လေဟာနယ်လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီး အဓိကဧရိယာသို့ သွားနိုင်လေသည်။
သို့သော် လင်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်သည်။ အဓိကဧရိယာသို့ တိုက်ရိုက်သွားခြင်းက ဖြုန်းတီးရာရောက်ပေလိမ့်မည်။ သူ၏ နောက်တွင် လူသားမျိုးနွယ်မှ အလွှာဆယ့်တစ် သက်ရှိ အနည်းငယ် ကျန်နေသေးသည်။ လင်းယွမ်က ယခု အဓိကဧရိယာသို့ သွားလျှင် သူတို့က ထိုနေရာမှာပင် ရပ်တန့်ရပေလိမ့်မည်။
ထိုသို့တွေးပြီး လင်းယွမ်က အချိန်လေဟာနယ်လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီး အခြားမျိုးနွယ်မှ အလွှာဆယ့်တစ် သက်ရှိများကို စောင့်ဆိုင်းနေလိုက်သည်။
နေ့တစ်ဝက်ကြာပြီးသောအခါ အချိန်လေဟာနယ်လမ်းကြောင်း၏ ရှေ့တွင် အချိန်လေဟာနယ်ဝင်္ကဘာက အစွမ်းထက်သော သက်ရှိများတိုက်ခိုက်နေသကဲ့သို့ ဆက်တိုက်လှုပ်ရှားလာသည်။
" ဟားဟားဟား မင်ချီ မင်းမှာ ကြီးမြတ်သူအဆင့် လက်နက်ရှိတော့ရော ဘာထူးလဲ။ မင်းရဲ့ စွမ်းအားနဲ့ အဲ့ဒါကို ဘယ်နှစ်ကြိမ် အသက်သွင်းနိုင်မှာမလို့လဲ။ " ကျောက်တုံသဏ္ဍန်ရှိသော ပုံစံတစ်ခုက ရယ်မောပြီး အချိန်လေဟာနယ်ဝင်္ကဘာကို ဖြတ်လျှောက်လာသည်။
မင်ချီက ယုမျိုးနွယ်မှ အလွှာဆယ့်တစ် ပဉ္စမအဆင့်တစ်ယောက်ဖြစ်ပြီး ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။
အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော မင်ချီက အချိန်လေဟာနယ်ဝင်္ကဘာကို ဖောက်ထွက်လာပြီး ကျောက်တုံးသက်ရှိကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုဒေသတွင် ကြယ်စကြာဝဠာမဟာမိတ်၏ အဖွဲ့ဝင်ငါးဆယ်ကျော်ရှိသေည်။ သူတို့နှင့် သေသည်အထိ ရင်ဆိုင်ရန် မလိုအပ်ပေ။ မည်သို့ပင်ဖြစ်စေ အချိန်လေဟာနယ်လမ်းကြောင်းတွင် နေရာတစ်နေရာက လုံလောက်သည်ထက် ပိုလေသည်။
" ဟမ် " အချိန်လေဟာနယ်ဝင်္ကဘာမှ ထွက်လာသော ကျောက်တုံးသက်ရှိက အချိန်လေဟာနယ်လမ်းကြောင်း၏ ရှေ့တွင် ခြေချိတ်ထိုင်နေသော လင်းယွမ်ကို ချက်ချင်း သတိထားမိလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင်လား။" ကျောက်တုံးသက်ရှိက လင်းယွမ်ကို ချက်ချင်း မှတ်မိလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က အလွန်ကျော်ကြားလှသည်။ အလွှာဆယ့်တစ်သို့ ဝင်ရောက်ပြီးနောက် သူ၏ နာမည်ကို မသိသူမရှိသလောက် ဖြစ်သွားခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင် " ယုမျိုးနွယ်၏ မင်ချီက လင်းယွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
သူတို့က အချိန်လေဟာနယ်ဝင်္ကဘာတွင် နှောင့်နှေးခြင်းမရှိဘဲ အချိန်လေဟာနယ်လမ်းကြောင်းဝင်ရောက်ခဲ့သော်လည်း သူတို့က အစကတည်းက နဂါးငွေ့တန်းကြယ်သခင်ကို မတွေ့ခဲ့ရပေ။ ယခု နဂါးငွေ့တန်းကြယ်သခင်က ထိုနေရာတွင် ထိုင်နေသည်။
နဂါးငွေ့တန်းကြယ်သခင်က သူတို့ အချိန်လေဟာနယ်ဝင်္ကဘာသို့ မရောက်ခင်ကတည်းက ကြိုတင်ရောက်ရှိနေခြင်းဖြစ်နိုင်သည်။ ၎င်းက မင်ချီကို စိတ်ရှုပ်ထွေးစေသည်။ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်ရောက်ခါစဖြင့် ထိုနေရာကို သူတို့ထက် အရင် ရောက်နေရတာလဲ။
ထို့အပြင် နဂါးငွေ့တန်းကြယ်သခင်က အချိန်လေဟာနယ်လမ်းကြောင်းထဲသို့ မဝင်ဘဲ ဘာကြောင့် ထိုင်စောင့်နေတာလဲ။
သူတို့က တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း နားလည်ကြပြီး အလျင်စလို မလှုပ်ရှားကြပေ။ ကျောက်တုံးသက်ရှိနှင့် ယုမျိုးနွယ်မှ မင်ချီတို့ စိတ်ရှုပ်ထွေးနေကြချိန်တွင် လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။ အချိန်လေဟာနယ်ဝင်္ကဘာမှ ထွက်လာသော မျိုးနွယ်ခြားများကို ကြည့်ပြီး သူက ပြောလိုက်သည်။
" နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပေါ့။ "
" နဂါးငွေ့တန်းကြယ်သခင်က ငါတို့ကို စောင့်နေတာလား။ " ကြီးမားသော ကျောက်တုံးသက်ရှိက လင်းယွမ်ကို ဂရုတစိုက် လေ့လာလိုက်သည်။
အခြားအလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အချိန်လေဟာနယ်လမ်းကြောင်းကို ရဲတင်းစွာ ပိတ်ထားလျှင် သူတို့က တိုက်ခိုက်သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။
ကျောက်တုံးသက်ရှိက နဂါးငွေ့တန်းကြယ်သခင်ကို မကြောက်ပေ။ သူက အသစ်တက်လှမ်းလာသော အလွှာဆယ့်တစ်တစ်ယောက်မျှသာ ဖြစ်သည်။ သူ အမှန်တကယ်ကြောက်ရွံ့သည်မှာ နဂါးငွေ့တန်းကြယ်သခင်၏ နောက်မှ လူသားမျိုးနွယ်ဖြစ်သည်။ ထို့အပြင် အခြားသူများထက်သာလွန်သော ကြီးမြတ်သူကိုးယောက်ဖြစ်သည်။
နဂါးငွေ့တန်းကြယ်သခင်၏ အဆင့်အတန်းကို စဉ်းစားကြည့်လျှင် သူက မဟာစစ်မြေပြင်သို့ ဝင်ရောက်သည်မှာ ကိုယ်ပွားတစ်ခုသာဖြစ်သော်လည်း လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်မှ ပြင်ဆင်ပေးထားသော ဝှက်ဖဲများ ရှိရပေမည်။
" အားလုံးနီးပါး ရောက်လာပြီပဲ။ " လင်းယွမ်က အချိန်လေဟာနယ်ဝင်္ကဘာကို ကြည့်လိုက်သည်။
အချိန်လေဟာနယ်ဝင်္ကဘာကို ဖြတ်ကျော်လာသော အလွှာဆယ့်တစ် သက်ရှိများ ပိုများလာပြီး လင်းယွမ်ကို ရပ်ကြည့်နေကြသည်။ အချိန်လေဟာနယ်ဝင်္ကဘာက ယခင်ဝင်ရောက်လာသူများကြောင့် ပျက်စီးနေပြီး နောက်မှရောက်လာသူများက အလွယ်တကူ ဝင်ရောက်လာနိုင်သည်။
ကြီးမားသော မဟာစစ်မြေပြင်ကို ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်မှာ အထွတ်အထိပ်မျိုးနွယ်များအားလုံး တိုက်ခိုက်ပြီး အကျိုးအမြတ်များ ရယူနိုင်ရန်ဖြစ်သည်။ လင်းယွမ်ကဲ့သို့ အတင်းအကျပ် လေဟာနယ်ဖြတ်ကျော်နိုင်သော လူတစ်ယောက်က အချိန်လေဟာနယ်လမ်းကြောင်းသို့ နေ့တစ်ဝက် စော၍ ရောက်နေပြီး အချိန်လေဟာနယ်ဝင်္ကဘာက တားဆီးနိုင်သည်ထက် ကျော်လွန်နေသည်။