← Chapters

တစ်ဖက်သတ်တိုက်ပွဲ....

Vol. 45 Ch. 676

တစ်ဖက်သတ်တိုက်ပွဲ....

Vol. 45 Ch. 676

ခဏကြာပြီးသောအခါ ထိုဒေသရှိ အလွှာဆယ့်တစ် သက်ရှိများအားလုံးက အချိန်လေဟာနယ်လမ်းကြောင်းရှေ့တွင် စုဝေးလာကြပြီး ထိုင်နေသော လင်းယွမ်ကို စိုက်ကြည့်နေကြသည်။

" နဂါးငွေ့တန်းကြယ်သခင် "

အလွှာဆယ့်တစ်သက်ရှိများကြားတွင် လူသားမျိုးနွယ်မဟာမိတ်မှ အချို့သူများက ဦးရေပြားများ ထုံကျဉ်သွားကြသည်။ နဂါးငွေ့တန်းကြယ်သခင်က အလွန်မောက်မာသည်ဟု သူတို့က ခံစားရသည်။

မူလတွင် လူသားမျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင်တစ်ယောက်အနေဖြင့် နဂါးငွေ့တန်းကြယ်သခင်က မဟာစစ်မြေပြင်တွင် သေချာပေါက် ပစ်မှတ်ထားခံရပေလိမ့်မည်။ ပုံမှန်အားဖြင့် နဂါးငွေ့တန်းကြယ်သခင်က တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေရပေလိမ့်မည်။

သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်က လမ်းပိတ်ရပ်နေပြီး အခြားမျိုးနွယ်မှ အလွှာဆယ့်တစ် သက်ရှိများကို ပူးပေါင်းတိုက်ခိုက်ရန် အခွင့်အရေးပေးခြင်းပင်ဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင် ဘာလို့လဲ။ " ယုမျိုးနွယ် မင်ချီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး စကားပြောရန် ပြင်လိုက်သည်။

ထိုအချိန်တွင် အချိန်လေဟာနယ်လမ်းကြောင်းရှေ့တွင် ထိုင်နေသော လင်းယွမ်၏ ခန္ဓာကိုယ်က ရွှမ်ဟွမ်ရောင်ခြည်များ စုစည်းလာသည်။ ပြင်းထန်သော ဖိနှိပ်ခြင်းအော်ရာတစ်ခုက ပျံ့နှံ့လာပြီး မျိုးနွယ်ခြား အလွှာဆယ့်တစ်သက်ရှိများအားလုံးကို ဝန်းရံသွားသည်။

လင်းယွမ်က ယခုမှ လှုပ်ရှားရန် ရွေးချယ်ရသည့်အကြောင်းရင်းမီာ လိုက်လံဖမ်းဆီးရန် ပျင်းရိသောကြောင့် ဖြစ်သည်။ ထိုဒေ သ၏ နေရာတိုင်းကို ရှာဖွေမည့်အစား အချိန်လေဟာနယ်လမ်းကြောင်း ဝင်ပေါက်တွင် စောင့်ဆိုင်းနေခြင်းက ပိုကောင်းသည်။ မဟာစစ်မြေပြင်၏ အဓိကဧရိယာသို့ ဝင်ရောက်ရန် ရည်ရွယ်ထားသော အလွှာဆယ့်တစ် သက်ရှိတိုင်းက ထိုနေရာသို့ လာရပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းက သေချင်နေတာပဲ။ " ကျောက်တုံးသက်ရှိက ဒေါသတကြီး အော်လိုက်သည်။ သူက နဂါးငွေ့တန်းကြယ်သခင်၏ နောက်မှ လူသားမျိုးနွယ်ကို စိုးရိမ်သော်လည်း ကြောက်လန့်ခြင်းမရှိပေ။

နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူမှ ပေးအပ်သော ဝှက်ဖဲကို ပိုင်ဆိုင်ထားလျှင်တောင် မည်မျှအသုံးချနိုင်မည်နည်း။ သူ၏ အဆင့်နှင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ပဉ္စမအဆင့်သို့ မရောက်နိုင်သေးသောကြောင့် ကြီးမြတ်သူအဆင့် လက်နက်ကို ကနဦးသန့်စင်မှုပင် လုပ်နိုင်ဦးမည်မဟုတ်ပေ။

ဝုန်း....

ကြီးမားသော ကျောက်တုံးသက်ရှိက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည််။ သူ၏ လက်က ရူးသွပ်စွာ ကြီးထွားလာပြီး လင်းယွမ်ကို ရိုက်ချလိုက်သည်။

သို့သော် ထိုအချိန်တွင် ကျောက်တုံးသက်ရှိ၏ ကြီးမားသော ညာလက်က ပေါက်ကွဲသွားပြီး သူ၏ ကျောက်တုံးခန္ဓာကိုယ်က ပြိုကျပျက်စီးသွားသည်။

" ဘာ "

ပတ်ဝန်းကျင်ရှိ အလွှာဆယ့်တစ် သက်ရှိများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ကျောက်တုံးသက်ရှိ၏ ခွန်အားက ယုမျိုးနွယ်မှ မင်ချီနှင့် အဆင့်တူသည်။ သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်၏ ရှေ့တွင် တိုက်ရိုက်ပြိုကွဲသွားခဲ့သည်။

" အတူတူ ပူးပေါင်းကြ။ "

" မဟုတ်ရင် ငါတို့အားလုံး သေလိမ့်မယ်။ "

ယုမျိုးနွယ်မှ မင်ချီအပါအဝင် အလွှာဆယ့်တစ်သက်ရှိတိုင်း၏ စိတ်ထဲတွင် ထိုအတွေးက တပြိုင်နက် ပေါ်လာကြသည်။ နဂါးငွေ့တန်းကြယ်သခင်က ဘာကြောင့် ထိုမျှသန်မာနေလဲဟူသော မေးခွန်းကိုပင် စဉ်းစားချိန်မရတော့ပေ။

ဝုန်း ဝုန်း ဝုန်း....

ကြောက်စရာကောင်းသော အော်ရာများက အလွှာဆယ့်တစ် သက်ရှိများထံမှ ထွက်ပေါ်လာသည်။ ယုမျိုးနွယ်မှ မင်ချီက ရုတ်တရက် အနက်ရောင် ပုဆိန်တစ်လက်ကို ထုတ်လိုက်သည်။ ၎င်းက အလွှာဆယ့်တစ်ထက် ကျော်လွန်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

ယုမျိုးနွယ်မှ မင်ချီက ကြီးမြတ်သူအဆင့် လက်နက်ကို ကနဦးသန့်စင်ခဲ့သော်လည မလိုအပ်လျှင် ၎င်းကို အသုံးမပြုပေ။ ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို အသက်သွင်းခြင်းက စွမ်းအားများစွာ ကုန်စေသည်။ မင်ချီက သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေလျှင်တောင် တိုက်ခိုက်မှုများစွာ မပြုလုပ်နိုင်ပေ။

ထို့ကြောင့် ကျောက်တုံးသက်ရှိက အချိန်လေဟာနယ်ဝင်္ကဘာထဲတွင် သူ့ကို တားဆီးနိုင်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။ ကြီးမြတ်သူအဆင့် လက်နက်ကို အသက်သွင်းခြင်းကလည်း သူ၏ စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည်။

" မဆိုးဘူး။ တကယ် အထွတ်အထိပ်မျိုးနွယ်က လက်ရွေးစင်တွေပဲ။ " လင်းယွမ်၏ အကြည့်က တည်​ငြိမ်နေပြီး စိတ်ထဲမှ တွေးလိုက်သည်။

သူ၏ ခွန်အားကို အစွမ်းကုန် ထုတ်သုံးလျှင် ထိုအလွှာဆယ့်တစ်သက်ရှိများက ခုခံရန်ပင် အခွင့်အရေးရမည်မဟုတ်ပေ။ သို့သော် ထိုသို့ လုပ်ခြင်းက မဟာစစ်မြေပြင်၏ အဓိကဧရိယာမှ အင်အားကြီးသူများကို ကြောက်လန့်သွားစေနိုင်သည်။

ရလဒ်အနေဖြင့် သူတို့က မဟာစစ်မြေပြင်၏ အဓိကဧရိယာတွင် လင်းယွမ်ကို ရှောင်ရှားပြီး တိုက်ပွဲမှ နှုတ်ထွက်သွားနိုင်လေသည်။

" ကောင်းပြီလေ။ မင်းတို့နဲ့အတူ ကစားပေးရမှာပေါ့။ " လင်းယွမ်၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားပြီး နေရာတိုင်းနွင် ဝန်းရံထားသော ရွှမ်ဟွမ်နယ်ပယ်က ဖြည်းဖြည်းချင်း ကျုံ့ဝင်လာသည်။

ရွှမ်ဟွမ်နယ်ပယ်က ရွှမ်ဟွမ်မူလခန္ဓာ၏ မွေးရာပါစွမ်းရည်ဖြစ်ပြီး တိုက်ခိုက်မှုများမှ ကာကွယ်နိုင်သည်။ သို့သော် ရွှမ်ဟွမ်နယ်ပယ်က တိုက်ခိုက်နိုင်စွမ်းမရှိဟု မဆိုလိုပေ။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားက အနည်းငယ် အားနည်းရုံသာဖြစ်သည်။ သို့သော် ထိုအားနည်းခြင်းက လင်းယွမ်၏ ခွန်အားနှင့် ဆက်စပ်နေသည်။ လက်ရှိ အလွှာဆယ့်တစ်သက်ရှိများအတွက် ကပ်ဘေးတစ်ခုပင် ဖြစ်သည်။

ရွှပ် ရွှပ်....

ရွှမ်ဟွမ်အလင်းက ထိုနေရာတစ်ခုလုံးကို လှိုင်းများ ထုတ်လွှတ်လိုက်သည်။ အလွှာဆယ့်တစ်သက်ရှိများက တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြပြီး ကျောက်တုံးသက်ရှိကဲ့သို့ ပြိုကွဲသွားကြသည်။

" ငါရဲ့ အင်းဆက်မျိုးနွယ် စစ်သည်တွေ..." အင်းဆက်မျိုးနွယ်အသိုက်က သူမမွေးမြူထားသော အင်းဆက်မျိုးနွယ်စစ်သည်များ ရွှမ်ဟွမ်နယ်ပယ်ထဲတွင် ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားသည်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။

မကြာမီ အင်းဆက်မျိုးနွယ်အသိုက်၏ ခန္ဓာကိုယ်ကလည်း စတင်တုန်ယင်လာသည်။

ရွှမ်ဟွမ်နယ်ပယ်၏ ထောင့်တစ်နေရာတွင် လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ်သက်ရှိများက သူတို့၏ ရှေ့တွင် ဖြစ်ပွားနေသော တစ်ဖက်သတ် သတ်ဖြတ်ခြင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

သူတို့၏ မျက်လုံးထဲတွင် အတွေ့အကြုံမရှိသော နဂါးငွေ့တန်းကြယ်သခင်၏ လှုပ်ရှားမှုတိုင်းက ကြီးမြတ်သူအဆင့် လက်နက်ကိုင်ဆောင်ထားသော အလွှာဆယ့်တစ်သက်ရှိနှစ်ရာနီးပါးကို ခုခံနိုင်စွမ်းမရှိဘဲ လဲကျသွားစေခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ခွန်အားက ဒီလောက်တောင် ကြောက်စရာကောင်းတာလား။ "

လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ်သက်ရှိများက တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး ထိတ်လန့်သွားကြသည်။ ယခင် သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို အလွန်မောက်မာသည်ဟု တွေးခဲ့ကြသည်။

သို့သော် နဂါးငွေ့တန်းကြယ်သခင်က အချိန်လေဟာနယ်လမ်းကြောင်းရှေ့တွင် အခြားအလွှာဆယ့်တစ်သက်ရှိများကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

မကြာမီ ရွှမ်ဟွမ်နယ်ပယ်အတွင်းမှ အလွှာဆယ့်တစ်သက်ရှိများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။ မင်ချီတစ်ယောက်သာ ကျန်ရှိနေပြီး အနက်ရောင်ပုဆိန်နှင့် သူ့ကိုသူ ကာကွယ်ထားသည်။ အနက်ရောင်ပုဆိန်က ကာကွယ်ရေးလက်နက်တစ်ခုမဟုတ်သော်လည်း ၎င်း၏ အနက်ရောင်အော်ရာက သန်မာသော ကာကွယ်မှုကို ပေးနိုင်သည်။

ကြီးမြတ်သူအဆင့် လက်နက်တိုင်းတွင် ၎င်းတို့၏ အသုံးပြုပုံများရှိကြသည်။ တိုက်ခိုက်ရေးလက်နက်ကလည်း ကာကွယ်နိုင်ပြီး ကာကွယ်ရေးလက်နက်ကလည်း ကာကွယ်နိုင်သည်။

" ကြီးမြတ်သူအဆင့် လက်နက် " လင်းယွမ်က မင်ချီ၏ လက်ထဲမှ အနက်ရောင်ပုဆိန်ကို အနည်းငယ် လေးနက်စွာ ကြည့်လိုက်သည်။

ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာအတွင်းရှိ ထူးဆန်းသော ရတနာများနှင့် ယှဉ်လျှင် ပင်မစကြာဝဠာမှ ကြီးမြတ်သူအဆင့် လက်နက်များက အမှန်ပင် အစွမ်းထက်လှသည်။ လင်းယွမ်က အလွှာဆယ့်တစ်သို့ မတက်လှမ်းသေးလျှင် ပြိုင်ဘက်ကို ယှဉ်ပြိုင်ရန် နည်းလမ်းမရှိပေ။

" နဂါးငွေ့တန်းကြယ်သခင် ငါ့ကို ဒီတစ်ခါတော့ ချမ်းသာပေးပါ။ မင်းရဲ့ အခြေအနေကို တောင်းဆိုလို့ရပါတယ်။ " ယုမျိုးနွယ်မှ မင်ချီက အမှန်တကယ် ကြောက်ရွံ့လာပြီး လျင်မြန်စွာ ပြောလိုက်သည်။

သူက ခဏခံနိုင်ရည်ရှိသော်လည်း လျို့ဝှက်ဆန်းကြယ်သော နယ်ပယ်က သူ့အား ပို၍ ဖိနှိပ်လာသည်ကို ခံစားလာရသည်။ ပို၍ အရေးကြီးသည်မှာ ကြီးမြတ်သူအဆင့် လက်နက်ကို အသက်သွင်းရန် စွမ်းအား မလုံလောက်တော့ခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် လင်းယွမ်က လွယ်ကူစွာ လှုပ်ရှားနေခဲ့သည်။

အနက်ရောင်ပုဆိန်ကို အသက်မသွင်းနိုင်တော့သည်နှင့် သူ့ကို ဝန်းရံထားသော နယ်ပယ်က ဖျက်ဆီးသွားပေလိမ့်မည်။

" အခြေအနေ မင်းက ငါ့ကို တောင်းဆိုစေချင်တာလား။ " လင်းယွမ်က တည်ငြိမ်စွာ ကြည့်ပြီး ပြုံးလိုက်သည်။ " ​အနက်ရောင်ပုဆိန်ကို ချလိုက်ပါ။ "

" အနက်ရောင်ပုဆိန်ကိုပေးရမှာလား။ " မင်ချီ၏ မျက်နှာက ရှုံ့မဲ့သွားသည်။ အနက်ရောင်ပုဆိန်က သူ၏ အကျဉ်းထောင်မျိုးနွယ်မှ ငှားရမ်းထားခြင်းဖြစ်သည်။

နဂါးငွေ့တန်းကြယ်သခင်ကို ပေးလိုက်လျှင် သူက အကျဉ်းထောင်မျိုးနွယ်ကို ဘယ်လိုရှင်းပြရမှာလဲ။ ထိုကြီးမြတ်သူအဆင့် လက်နက်နှင့် ယှဉ်လျှင် သူ၏ ကိုယ်ပွားက ဘာမှမဟုတ်ပေ။

" နဂါးငွေ့တန်းကြယ်သခင် ကျေးဇူးပြုပြီး အခြားတစ်ခု တောင်းဆိုပေးပါ။ " မင်ချီက အသံတိုးတိုးနှင့် ပြောလိုက်သည်။

သူက ကြီးမြတ်သူအဆင့် လက်နက်ကို ပေးရန်နှင့် နဂါးငွေ့တန်းကြယ်သခင်ကို ဆက်လက်ရင်ဆိုင်ရန် ရွေးချယ်ခိုင်းလျှင် ဒုတိယတစ်ခုကို ပို၍ ရွေးချယ်ပေလိမ့်မည်။

သူ၏ စွမ်းအားမကုန်မီ နဂါးငွေ့တန်းကြယ်သခင်က လက်လျှော့သွားနိုင်သည်။ နဂါးငွေ့တန်းကြယ်သခင်က မည်သည့်စွမ်းအားမှမသုံးဘဲ ကြီးမြတ်သူအဆင့်လက်နက်ကို ဖိနှိပ်နိုင်မည်ဟု သူမယုံကြည်ပေ။

" ဒါဆို ငါကိုယ်တိုင် ယူရမှာပေါ့။ " လင်းယွမ်က ဂရုမစိုက်ဘဲ ပြောလိုက်သည်။

ဝုန်း ဝုန်း ဝုန်း.....

ပတ်းဝန်းကျင်ရှိ ရွှမ်ဟွမ်နယ်ပယ်က ပို၍ သိပ်သည်းလာသည်။

All Chapters