ကြီးမြတ်သူများ၏ အမြင်....
Vol. 45 Ch. 677
နာရီဝက်ကြာပြီးသောအခါ မင်ချီက ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ကြောက်လန့်စွာဖြင့် လင်းယွမ်နှင့် သူသေကိုယ်သေ ဖျက်စီယရန် ကြီးမြတ်သူအဆင့် လက်နက်ကို အသက်သွင်းလိုက်သည်။
ကံမကောင်းစွာဖြင့် ပုဆိန်မှ ထွက်လာသော အနက်ရောင်အော်ရာအားလုံးက လင်းယွမ်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ နောက်ဆုံးတွင် ယုမျိုးနွယ်မှ မင်ချီ၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး ကြီးမြတ်သူအဆင် ပုဆိန်က လေထဲတွင် တိတ်ဆိတ်စွာ ပျံဝဲနေသည်။ ၎င်း၏ သခင်မရှိသော်လည်း ကြီးမြတ်သူအဆင့်လက်နက်က ကြီးမြတ်သူ၏ အော်ရာကို ထုတ်လွှတ်နေသည်။
" ကြီးမြတ်သူအဆင့် လက်နက် " လင်းယွမ်၏ ထိန်းချုပ်မှုအောက်တွင် အနက်ရောင်ပုဆိန်က သူ၏ လက်ထဲသို့ ပျံသန်းလာသည်။
" ဒါက သခင်ရှိနေတုန်းပဲ။ " လင်းယွမ်၏ စိတ်အသိက အနက်ရောင်ပုဆိန်ထဲသို့ ဝင်ရောက်သွားသော်လည်း ခုခံမှုကို ကြုံတွေ့ခဲ့ရသည်။
အကျဉ်းထောင်မျိုးနွယ်မှ မင်ချီက ကိုယ်ပွားသာ ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး မူလခန္ဓာကိုယ်က မပျက်စီးသေးသောကြောင့် ကြီးမြတ်သူအဆင့် လက်နက်က ပိုင်ရှင်မဲ့မဟုတ်သေးပေ။
သို့သော် လင်းယွမ်က ဂရုမစိုက်ပေ။ သူက ကြီးမြတ်သူအဆင့် လက်နက်ကို ယူသွားလျှင် အတွင်းပိုင်းခုခံမှုကို တိုက်စားရန် အချိန်များစွာ ရှိလေသည်။
" ငါ့ရဲ့ ကြီးမြတ်သူအဆင့် လက်နက်..." အကျဉ်းထောင်မျိုးနွယ်၏ နယ်မြေရှိ မင်ချီ၏ မူလခန္ဓာကိုယ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
သူ့လို အလွှာဆယ့်တစ် ပဉ္စမအဆင့် တစ်ယောက်အတွက် ကြီးမြတ်သူအဆင့် လက်နက်က တစ်သက်တွင် တစ်ကြိမ်သာ ရရှိနိုင်သည်။ မဟာစစ်မြေပြင်ဖွင့်လှစ်မှုနှင့် အကျဉ်းထောင်မျိုးနွယ်၏ အခြေအနေကြောင့်သာ မဟုတ်လျှင် သူက ကြီးမြတ်သူအဆင့် လက်နက်ကို သန့်စင်ရန် အခွင့်အရေး မရနိုင်ပေ။
သို့သော် ယခု အရာအားလုံး ဆုံးရှုံးသွားပြီဖြစ်သည်။ မဟာစစ်မြေပြင်တွင် အဓိကဧရိယာသို့ မဝင်ရောက်နိုင်သည့်အပြင် ကြီးမြတ်သူအဆင့်လက်နက်ကိုပင် ဆုံးရှုံးခဲ့ရသည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ခွန်အားက ဘာလို့ အဲ့လောက် ကြောက်စရာကောင်းနေတာလဲ။ " မင်ချီက အပြင်းအထန် ဒေါသထွက်ပြီးနောက် စိတ်ထဲမှ အေးစက်မှုကို ခံစားလိုက်ရသည်။
လင်းယွမ်၏ ခွန်အားက အလွန်ကြောက်စရာကောင်းပြီး သူ၏ ကြီးမြတ်သူအဆင့် လက်နက်ကို နောက်ဆုံးအခြေအနေထိ အသုံးပြုရန် ဖိအားပေးနိုင်ခဲ့သည်။ နဂါးငွေ့တန်းကြယ်သခင်က ထိုမျှသန်မာသည်ကို သိလျှင် သူက အစောကတည်းက ထွက်ပြေးပြီဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ် အသစ်တစ်ယောက် မဖြစ်နိုင်ဘူး။ သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို အနည်းဆုံး ပဉ္စမအဆင့် ရောက်နေလောက်ပြီ။ မဟုတ်ရင် အချိန်လေဟာနယ်ဖိနှိပ်မှုနဲ့ ငါ့ကို ခုခံနိုင်စွမ်းမရှိအောင် လုပ်နိုင်မှာမဟုတ်ဘူး။ " မင်ချီက အသက်ပြင်းပြင်းရှုလိုက်သည်။
အချိန်လေဟာနယ်လမ်းကြောင်း၏ ရှေ့တွင် လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အလွှာဆယ့်တစ် သက်ရှိများ၏ ခန္ဓာကိုယ်များက မူလစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ရွှမ်ဟွမ်မူလခန္ဓာကို အားဖြည့်ပေးသွားသည်။
အလွှာဆယ့်တစ် သက်ရှိများ၏ ခန္ဓာကိုယ်များက ကြီးမားသော စွမ်းအားများပါဝင်ပြီး လင်းယွမ်အတွက် အတော်လေး အာဟာရဖြစ်စေသည်။ ထို့အပြင် လင်းယွမ်က အနက်ရောင်ပုဆိန်နှင့် ရတနာအများအပြားကို ရရှိခဲ့သည်။
" နေ့တစ်ဝက်စောင့်ပြီး ဒီလောက် အကျိုးအမြတ်ရတာ တန်ပါတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။
" မင်းတို့က ဘာငေးနေကြတာလဲ။ " လင်းယွမ်က ထောင့်တစ်နေရာတွင် ရပ်နေသော လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ် အင်အားကြီးသူအနည်းငယ်ကို ကြည့်လိုက်သည်။
လင်းယွမ်က လူသားမျိုးနွယ်မဟာမိတ်မှ အင်အားကြီးသူများကို ရွှမ်ဟွမ်နယ်ပယ်၏ စွမ်းအားကြောင့် မသေအောင် ကာကွယ်ပေးထားခဲ့သည်။ သူက မျိုးနွယ်ခြားများကို ပြတ်သားစွာ သတ်ဖြတ်ခဲ့သော်လည်း သူ၏ အဖွဲ့ဝင်များအပေါ် ရင်းနှီးမှုရှိသည်။
" န နဂါးငွေ့တန်းကြယ်သခင် ကျုပ် ကျုပ်တို့ အခုဘာလုပ်ရမှာလဲ။ " လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ် အင်အားကြီးသူများက သတ္တိမွေးပြီး မေးလိုက်သည်။
" အချိန်လေဟာနယ်လမ်းကြောင်းထဲ ဝင်မယ်။ " ထိုသို့ပြောပြီးနောက် လင်းယွမ်က အချိန်လေဟာနယ်လမ်းကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
" သွားကြစို့...." လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ် အင်မားကြီးသူများက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ကြည့်ပြီး အချိန်လေဟာနယ် လမ်းကြောင်းသို့ ချဉ်းကပ်သွားကြသည်။
" ကြီးမြတ်သူတွေက မဟာစစ်မြေပြင်မှာ နဂါးငွေ့တန်းကြယ်သခင်ရဲ့ အမိန့်ကို လိုက်နာဖို့ ပြောခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ " အလွှာဆယ့်တစ် အင်မားကြီးသူများက ရုတ်တရက် တွေးမိသွားကြသည်။
အစတွင် သူတို့က ထိုအမိန့်ကြောင့် စိတ်ရှုပ်ထွေးသွားကြပြီး ကြီးမြတ်သူများကိုပင် စိတ်ထဲမှ မေးခွန်းထုတ်ခဲ့မိကြသည်။ သို့သော် ယခုတော့ သူတို့က နားလည်သွားကြပြီဖြစ်သည်။
ထိုအချိန်တွင် လင်းယွမ်၏ တစ်ဖက်သတ် သတ်ဖြတ်ခြင်းတိုက်ပွဲက အင်အားကြီးသူများကြား ပျံ့နှံ့သွားခဲ့သည်။
မဟာစစ်မြေပြင်၏ အပြင်ဘက်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက စစ်မြေပြင်တွင် ဖြစ်ပျက်သမျှကို အာရုံစိုက်နေကြသည်။
" ဟားဟားဟား အဓိကဧရိယာကို ပထမဆုံး ရောက်ခဲ့တဲ့သူက ငါတို့ထျန်းယုမျိုးနွယ်ကပဲ။ "
" ပထမဆုံးရောက်တာက အသာစီးရတယ်လို့ မဆိုလိုဘူး။ "
" အဓိကဧရိယာက ကျယ်တယ်။ ပထမဆုံးရောက်တာနဲ့ နောက်ဆုံး ရောက်တာက ကွာခြားမှုသိပ်မရှိဘူး။ " ကြီးမြတ်သူများက အချင်းချင်း ပြောဆိုဆွေးနွေးလိုက်ကြသည်။
အဓိကဧရိယာက မဟာစစ်မြေပြင်၏ စစ်မှန်သော ပြိုင်ပွဲစင်မြင့်ဖြစ်ပြီး စကြာဝဠာထဲရှိ အထွတ်အထိပ်မျိုးနွယ်များ၏ ပြိုင်ဆိုင်မှုဖြစ်သည်။
" ဟမ် လူသားမျိုးနွယ်မဟာမိတ်က နဂါးငွေ့တန်းကြယ်သခင်လား။ "
" သူက အချိန်လေဟာနယ်လမ်းကြောင်းထဲမဝင်ဘဲ အဲ့နေရာမှာ ဘာထိုင်လုပ်နေတာလဲ။ "
" မဟုတ်ဘူး။ နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။ " လင်းယွမ်က မျိုးနွယ်ခြားများကို စတင်သတ်ဖြတ်ချိန်တွင် ကြီးမြတ်သူများ၏ အမူအရာများက တဖြည်းဖြည်း ပြောင်းလဲလာကြသည်။
လင်းယွမ် သတ်ဖြတ်ခဲ့သော အလွှာဆယ့်တစ် သက်ရှိများက ထိုမျှအရေးပါခြင်းမဟုတ်ဘဲ အဓိကမှာ အသစ်တက်လှမ်းလာသော အလွှာဆယ့်တစ် နဂါးငွေ့တန်းကြယ်သခင်က ထိုမျှသန်မာနေခြင်းဖြစ်သည်။
" မင်းတို့ လူသားတွေ ဒီနဂါးငွေ့တန်းကြယ်သခင်ကို ပျိုးထောင်ဖို့ ပေးခဲ့ရတဲ့ တန်ဖိုးက မနည်းလောက်ဘူး။ "
" ဟင်းလင်းပြင်ကမ္ဘာရဲ့ မူလရင်းမြစ့ကို အတော်လေး သုံးစွဲခဲ့ရမှာ သေချာတယ်။ မဟုတ်ရင် နဂါးငွေ့တန်းကြယ်သခင်က ဒီလောက်အချိန်တိုအတွင်းမှာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဒီလောက်ထိ နားလည်နိုင်မှာမဟုတ်ဘူး။ "
" ဟမ့် ဟင်းလင်းပြင်ကမ္ဘာက အချိန်လေဟာနယ်ကို ပုံတူကူးတာက စကြာဝဠာက သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ အချိန်လေဟာနယ်နဲ့ မတူဘူး။ ဒီလိုအတင်းအကျပ် တိုးတက်စေတာက အခြေခံမတည်ငြိမ်မှာ မင်းတို့ မကြောက်ကြဘူးလား။ "
ကြီးမြတ်သူများက အမျိုးမျိုး လှောင်ပြောင်လိုက်ကြသည်။ မဟာစစ်မြေပြင်က ကြီးမြတ်သူများ၏ အာရုံကို ပိတ်ဆို့နိုင်သည်။ မည်သို့ပင်ဖြစ်စေ ကြီးမြတ်သူများ၏ အဆင့်နှင့် သတ်ဖြတ်လိုစိတ် အနည်းငယ်ကပင် အလွှာဆယ့်တစ်သက်ရှိများအပေါ် သက်ရောက်စေနိုင်သည်။
မဟာစစ်မြေပြင်တွင် အထွတ်အထိပ်မျိုးနွယ်အချင်းချင်း မျှတမှုရှိစေရန်အတွက် ကြီးမြတ်သူများက သူတို့၏ အာရုံကို မဟာစစ်မြေပြင်သို့ ပို့လွှတ်ခြင်းမရှိကြပေ။ သို့သော် အလွှာဆယ့်နှစ် ကြီးမြတ်သူများက အဝေးမှ ကြည့်ရုံနှင့် နဂါးငွေ့တန်းကြယ်သခင်၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ အဆင့်ကို ခန့်မှန်းနိုင်ကြသည်။
အထွတ်အထိပ်မျိုးနွယ်များက နဂါးငွေ့တန်းကြယ်သခင်၏ အချက်အလက်များကို စုဆောင်းခဲ့ကြသည်။ အလွှာဆယ့်တစ်သို့ တက်လှမ်းသည်မှာ မကြာသေးဘဲ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် ထိုမျှနားလည်နေခြင်းက ရှင်းပြချက် တစ်ခုသာရှိသည်။
၎င်းမှာ လူသားမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်အတွက် အချိန်ကိုနှေးကွေးစေသော ပြင်ပနယ်မြေတစ်ခုကို ဖန်တီးပြီး ဟင်းလင်းပြင်ကမ္ဘာနှင့် ပင်မစကြာဝဠာ၏ အချိန်နှင့်လေဟာနယ်ကို ပုံတူကူးယူ၍ နှစ်ပေါင်းများစွာ လေ့လာစေခဲ့ခြင်းဖြစ်သည်။
" အဲ့လိုလား။ " ကြီးမြတ်သူကုလီက နှာခေါင်းရှုံ့လိုက်ပြီး ကြီးမြတ်သူယုတိုင်ကို လျို့ဝှက်ဆက်သွယ်လိုက်သည်။ " ယုတိုင် နင် အဲ့လိုတကယ်လုပ်ခဲ့တာလား။ "
" အချိန်နဲ့လေဟာနယ်က ပင်မစကြာဝဠာမှာပဲ ပြည့်စုံတယ်။ ဟင်းလင်းပြင်ကမ္ဘာက ပုံတူကူးချတာက နဂါးငွေ့တန်းကြယ်သခင်ကို လမ်းကြောင်းလွဲသွားစေနိုင်တယ်။ " ကြီးမြတ်သူကုလီက အနည်းငယ် မသက်မသာခံစားလိုက်ရသည်။
" ငါက နဂါးငွေ့တန်းကြယ်သခင်အတွက် ဟင်းလင်းပြင်ကမ္ဘာကို တစ်ခါမှ အသုံးမပြုခဲ့ဘူး။ " ကြီးမြတ်သူယုတိုင်က ချက်ချင်း ပြောလိုက်သည်။ " ဟင်းလင်းပြင်ကမ္ဘာက မျိုးနွယ်ကာကွယ်ရေးလက်နက်တစ်ခုပဲ။ ငါ အဲ့ဒါကို သန့်စင်ထားပေမယ့် အသုံးပြုတိုင်း နင်တို့သိနေတာပဲမဟုတ်ဘူးလား။ "
" မသုံးခဲ့ဘူးလား။ " ကြီးမြတ်သူကုလီက အခြားကြီးမြတ်သူများကို ကြည့်လိုက်သည်။
ဟင်းလင်းပြင်ကမ္ဘာ၏ ပုံတူကူးယူမှုမရှိဘဲ နဂါးငွေ့တန်းကြယ်သခင်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ထိုအဆင့်ထိ မည်သို့အောင်မြင်ခဲ့တာလဲ။
VR ကမ္ဘာ ကိုယ်ပိုင်နေရာတွင် လင်းယွမ်က ထိုင်ခုံတွင်ထိုင်ပြီး အရက်ကောင်းကို မြည်းစမ်းနေသည်။ လေ့ကျင့်နေချိန်တွင် သူက အနားယူရန်အတွက် VR ကမ္ဘာသို့ မကြာခဏ လာလေ့ရှိသည်။
လင်းယွမ်၏ စိတ်အသိဖြင့် အလုပ်ပေါင်းများစွာကို တစ်ချိန်တည်း လုပ်ဆောင်နိုင်ပြီး VR ကမ္ဘာတွင် အပန်းဖြေရန် စိတ်အသိအပိုင်းအစတစ်ခုကို စေလွှတ်ထားနိုင်သည်။
" လွန်လွန်းတယ်။ တကယ် လွန်လွန်းတယ်။ " ဆန့်ကျင်ဘက်တွင် နာလန်က အံ့အားသင့်သော အမူအရာနှင့် ရှိနေသည်။
မဟာစစ်မြေပြင်မှ အချက်အလက်များက အလွှာဆယ့်တစ်သက်ရှိများကြား လျင်မြန်စွာ ပျံ့နှံ့နေသည်။ လင်းယွမ်သတ်ဖြတ်ခြင်းခံရသော မင်ချီ၊ ကျောက်တုံးသက်ရှိနှင့် အလွှာဆယ့်တစ်သက်ရှိများ၏ မူလခန္ဓာကိုယ်များက ရှင်သန်နေသောကြောင့် သူတို့၏ အတွေ့အကြုံများက ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
အထူးသဖြင့် အကျဉ်းထောင်မျိုးနွယ်မှ မင်ချီက ကြီးမြတ်သူအဆင့် လက်နက်ကို ဆုံးရှုံးခဲ့ရသောကြောင့် သူက နဂါးငွေ့တန်းကြယ်သခင်ကို အလွန်အမင်း ချဲ့ကားပြောဆိုခဲ့သည်။ နဂါးငွေ့တန်းကြယ်သခင်က လုံလောက်အောင် သန်မာလျှင် ကြီးမြတ်သူအဆင့် လက်နက်ကို ဆုံးရှုံးခြင်းက အနည်းငယ် လက်ခံနိုင်သည်။