← Chapters

ရုတ်တရက် နားလည်သွားခြင်း

Vol. 38 Ch. 559

ရုတ်တရက် နားလည်သွားခြင်း

Vol. 38 Ch. 559

"ရပါတယ်၊ ငါ အဆင်ပြေတယ်၊ နင် ဗိုက်ဆာနေပြီလား? ငါ နင် စားဖို့ ကြာပန်းမုန့် လုပ်ပေးထားတယ်၊ အရင် စားလိုက်ဦး"

ရှောင်းလန်ရှင်းက အားတင်းကာ ပြုံးပြနေသော်လည်း သူမ၏အသံက ခြောက်ကပ်နေကာ ခါးသီးမှုများ ပါဝင်နေသည်။

“ငါ ဗိုက်မဆာပါဘူး။ နင် တကယ်အဆင်ပြေရဲ့လား?"

လွမ်ဟုန်က အပြစ်မကင်းဟန်ဖြင့် ရှောင်းလန်ရှင်းကို အကဲခတ်နေခဲ့သည်။

အခုအချိန်မှာ သူမ ဘယ်လို စိတ်နဲ့ စားနိုင်မှာလဲ?

"ဒါဆို ငါ စားစရာတစ်ခုခု သွားလုပ်ဦးမယ်"

ရှောင်းလန်ရှင်းက သူမ၏ဒဏ်ရာများကို ဖုံးကွယ်ရန် ရှောင်ထွက်ချင်နေခဲ့သည်။

အခု သူမ သူမရဲ့ယောင်းမကို အရမ်းလွမ်းနေပြီ။ ယောင်းမသာ သူမရဲ့အနားမှာ ဒီနေခဲ့ရင်....

"ငါ နင်နဲ့အတူ လိုက်ခဲ့မယ်"

လွမ်ဟုန်က ရှောင်းလန်ရှင်းအတွက် စိတ်ပူနေပြီး အတူလိုက်သွားရန် တောင်းဆိုလိုက်သည်။ သူမတို့ စကားနေစဉ်မှာပင် အစေခံတစ်ယောက်က တံခါးအပြင်ဘက်သို့ ရောက်လာပြီး သတင်းပို့လာခဲ့သည်။

"သခင်မက သခင်မလေးတို့ကို ခေါ်ခိုင်းလိုက်ပါတယ်"

"ရှောင်ယင်၊ လာ... အတူသွားကြမယ်"

လွမ်ဟုန်က ရှောင်းလန်ရှင်း၏ လက်ကို ဖမ်းကိုင်လိုက်ပြီး သူမနှင့်အတူ လိုက်လာရန် ချော့ခေါ်လိုက်သည်။

"ငါ မသွားချင်ဘူး၊ ငါ နည်းနည်း ပင်ပန်နေလို့"

ရှောင်းလန်ရှင်းက ခေါင်းခါငြင်းဆန်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ကြီးမားသော ကျောက်တုံးကြီးတစ်ခု ရှိနေပြီဖြစ်သောကြောင့် သူမ မည်သူကိုမျှ မတွေ့ချင်တော့ပေ။

"ရတယ်လေ၊ ဒါဆို ငါ ခနပဲနေပြီး ချက်ချင်း ပြန်လာခဲ့မယ်"

ရှောင်းလန်ရှင်းက သူမနှင့်အတူ လိုက်ရန် ငြင်းဆိုလိုက်သောကြောင့် လွမ်ဟုန်က သူမဘာသာတစ်ယောက်တည်း ထွက်သွားခဲ့သည်။ သို့သော် သူမက ရှောင်းလန်ရှင်းအတွက် စိုးရိမ်နေဆဲဖြစ်ပြီး ရှောင်းလန်ရှင်းကို အကြိမ်အနည်းငယ် လှည့်ကြည့်နေသေးသည်။ ရှောင်းလန်ရှင်းက ပန်းထိုအပ်နှင့် အပ်ချည်ကို ကောက်ယူလိုက်ပြီး အလုပ် ဆက်လုပ်မည့်ပုံပေါ်နေသည်ကို မြင်လိုက်ရမှ သူမ စိတ်သက်သာသွားပုံဖြင့် ထွက်သွားတော့သည်။

လွမ်ဟုန် ထွက်သွားပြီးနောက် ရှောင်းလန်ရှင်းက သူမ၏လက်ထဲမှ ပန်းချည်အပ်နှင့် အပ်ချည်ကို ပြန်ချကာ ကုတင်တိုင်ကို မှီနေရင်း ပြတင်းပေါက်ဘက်သို့ လှည့်ကာ ကြောင်တောင်တောင်လေး စိုက်ကြည့်နေသည်။ သူမ၏နှလုံးခုန်သံများက ဆူညံနေပြီး ယဲ့လွီချွမ်း၏ ချစ်မြတ်နိုးမှုများ ပြည့်နေသည့် မျက်ဝန်းများက သူမ၏စိတ်ထဲသို့ ထပ်ခါထပ်ခါ တိုးဝင်လာပြန်သည်။

သူက အဲ့ဒါကို စိတ်ထဲထားမှာလား? သူမ သူ့အပေါ် ရိုးသားသင့်လား? သူမ အရင် ဖွင့်ပြောလိုက်သင့်လား?

သူမတစ်ယောက်တည်း သေချာစဉ်းစားနေပြီးနောက်တွင် ရှောင်းလန်ရှင်းတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

သူမ ယဲ့လွီချွမ်းနဲ့ အရင်ရှင်းလင်းအောင်လုပ်ရမယ်။ သူ သဘောမတူရင် စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်မယ်။ သူမ ယဲ့လွီချွမ်းနဲ့ မပျော်ရွှင်ရတဲ့ စုံတွဲတစ်တွဲ မဖြစ်ချင်ဘူး။

နောက်ဆုံးတွင် ရှောင်းလန်ရှင်းက စေ့စပ်ကြောင်းလမ်းမှုပြတ်စဲပြီးနောက် သူမ မည်သို့နေထိုင်ရမည်ကိုပင် တွေးတောနေပြီ ဖြစ်သည်။

တကယ်တော့ အဲ့တာက ထင်သလောက် မခက်ခဲလောက်ပါဘူးလေ။ သူမ ပြင်ပက အတင်းအဖျင်းတွေကို လျစ်လျူရှုထားလိုက်ရင် ရပြီ။ ပြီးရင် ယောင်းမရဲ့အနားမှာ တစ်သက်လုံး နေနိုင်လိမ့်မယ်၊ လယ်လုပ်တယ်၊ ပိုးမွေးတယ်၊ ရက်ကန်းထည် ယက်မယ်၊ ပန်းထိုးမယ်၊ ပြီးတော့ အရက်ချက်ဖို့ သင်ယူမယ်။ တွေးကြည့်လိုက်တော့လည်း သူမရဲ့ဘဝက ပြည့်စုံနေလိမ့်မယ်။ အိမ်ထောင်ပြုဖို့တော့ မလိုအပ်ဘူး!

ထိုကဲ့သို့ တွေးလိုက်မိသောကြောင့် ရှောင်းလန်ရှင်း၏စိတ်က ရုတ်တရတ် ပြန်ပေါ့ပါးသွားသည်။

နာကျင်ရတဲ့ စုံတွဲတစ်တွဲ ဖြစ်လာတာထက် စွန့်လွှတ်လိုက်တာက ပိုကောင်းမယ် ထင်ပါရဲ့။

ရှောင်းလန်ရှင်းက စူးချင်းနှင့် အချိန်အတော်ကြာအောင် နေခဲ့ရပြီး ကိုယ်ကိုကိုယ် အားကိုးနိုင်ရန် သင်ယူခဲ့ပြီး ဖြစ်သည်။

လွမ်ဟုန်က သူမ၏ဒုတိယအဒေါ် နေထိုင်သည့် အတွင်းခန်းသို့ ရောက်ရှိလာပြီး စားပွဲပေါ်မှ ဟင်းသီးဟင်းရွက်များစွာကို တွေ့လိုက်ရသည်။ ထိုဟင်းသီးဟင်းရွက်များက စိမ်းလန်းနေပြီး ထူးခြားပုံရသည့် ခေါက်ဆွဲတစ်မျိုးနှင့် ဟင်းရွက်ချဉ်တစ်အိုးလည်း ရှိနေသေးသည်။

"ဒုတိယအဒေါ်၊ အမေ၊ ဒါတွေကို ဘယ်သူ ပို့လိုက်တာလဲ?"

လွမ်ဟုန်က အံသြတကြီးဖြင့် သူမ၏အမေနှင့် ဒုတိယအဒေါ်ကို အလောတကြီး မေးမြန်းလိုက်သည်။

ဒီရာသီမှာ အသီးအရွက်တွေ လာပို့ဖို့ နေနေသာသာ ပိုက်ဆံနဲ့တောင် မဝယ်နိုင်ဘူးလေ။

“စူးချင်းက ဒါတွေ ပို့ပေးဖို့ မော့ချန်က လူတစ်ယောက်ကို လွှတ်ပေးလိုက်တာ။ ရှောင်ယင် ဘယ်မှာလဲ? ဘာလို့ မင်းနဲ့အတူ လိုက်မလာတာလဲ?"

ယန်ရုပင်းက သူမ၏သမီးနောက်သို့ လှမ်းကြည့်လိုက်ပြီး ရှောင်းလန်ရှင်းကို မတွေ့ရသည့်အတွက် လွမ်ဟုန်ကို လှမ်းမေးလိုက်သည်။

“ရှောင်ယင်…အမေ၊ ဒုတိယအဒေါ်၊ သမီး ဒုက္ခရှာမိပြီ”

လွမ်ဟုန်က အမှားတစ်ခုခု လုပ်ထားမိသည့် ကလေးလေးတစ်ယောက်ကဲ့သို့ ခေါင်းငုံ့နေကာ သူမဘာသာသူမ အပြစ်ဝန်ခံလိုက်သည်။

"ဘာတွေ ဒုက္ခပေးခဲ့ပြန်ပြီတုန်း"

သမီးဖြစ်သူ၏ အသွင်အပြင်ကို မြင်လိုက်ရသည့် ယန်ရုပင်းက စိုးရိမ်တကြီး ပြန်မေးလိုက်သည်။

သူမရဲ့သမီး လူသတ်မှု ဒါမှမဟုတ် မီးရှို့မှုလိုမျိုး တစ်ခုခုကို မကျုးလွန်လာသရွေ့တော့ အဆင်ပြေပါတယ်။

"အပြင်မှာ လူတွေက ရှောင်ယင်အကြောင်း ပြောနေတာကို သမီး ကြားခဲ့တယ်၊ အဲ့ဒါ သမီး အိမ်ပြန်ရောက်တော့ စိတ်မထိန်းနိုင်ဘဲ ရှောင်ယင်ကို ပြောပြလိုက်မိတယ်။ အခု ရှောင်ယင်က စိတ်​မ​ကောင်းဖြစ်ပြီး ငို​​နေတယ်၊ သူ(မ)တစ်ခုခု လုပ်လိုက်မှာကို သမီးစိတ်ပူတယ်”

လွမ်ဟုန်က သူမ အပြင်မှာ ကြားခဲ့ရသည့် အတင်းအဖျင်းများကိုလည်း သူမ၏ ဒုတိယအဒေါ်နှင့် မိခင်အား ပြောပြလိုက်သည်။ လွမ်ဟုန် ပြောပြသည့် ရှောင်းလန်ရှင်းအကြောင်း ကြားလိုက်ရချိန်တွင် ယန်ရုပင်းက ဒေါသတကြီးဖြင့် သမီးဖြစ်သူ၏နဖူးကို လက်ညှိုးဖြင့် ထိုးကာ ဆူပူလိုက်သည်။

“မင်း ငါ့ကို ပြောစမ်း၊ မင်း ပုံမှန်ဆို အရမ်းထက်မြက်နေတာ မဟုတ်ဘူးလား? ဒီလောက်အရေးကြီးတဲ့ အခိုက်အတန့်မှာ ဘာလို့ ဒီလောက် တုံးအသွားရတာလဲ? ဒါက ရှောင်ယင်ကို ပြောပြသင့်တဲ့အရာလား? တစ်ယောက်ယောက်က မင်းရဲ့နောက်ကွယ်မှာ မင်းအကြောင်းပြောနေတာကို ပြန်သိရရင် မင်း ဘယ်လို ခံစားရလဲ?"

"သမီး...သမီး မှားသွားပါတယ်"

လွမ်ဟုန်ကလည်း ဤတစ်ကြိမ်တွင် သူမ အမှားကြီး မှားခဲ့ကြောင်း သိနေသည်။ ထို့ကြောင့်လည်း အကြံကောင်းရရန် မျှော်လင့်ပြီး သူမ၏အပြစ်ကို ဝန်ခံကာ ဆူပူကြိမ်းမောင်း ခံနေခြင်း ဖြစ်သည်။

ရှောင်ယင် သူမဘာသာ သတ်သေသွားရင် သူမ တစ်သက်လုံး အပြစ်သလို ခံစားနေရလိမ့်မယ်။

"ငါတို့ ရှောင်ယင့်ကို သွားတွေ့ကြမယ်"

ယန်ရုရွှယ်ကလည်း တူမဖြစ်သူကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ သို့သော် လွမ်ဟုန်၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်နေပြီး သူမကိုယ်တိုင်လည်း အပြစ်ရှိမှန်း သိနေသောကြောင့် ဘာမှ ထပ်မပြောတော့ပေ။ သို့သော်လည်း သူမက ‌ရှောင်းလန်ရှင်းအတွက် စိတ်ပူနေပြီး အခန်းထဲတွင် ထိုင်မနေနိုင်တော့ပေ။ သူမက စူးချင်း ပို့ပေးလိုက်သော ဟင်းသီးဟင်းရွက်များ၊ ခေါက်ဆွဲခြောက်များ၊ သခွားသီးစိမ်းချဉ်များကိုယူကာ ရှောင်းလန်ရှင်း၏အခန်းဆီသို့ သွားရန် ပြင်လိုက်သည်။

"ရှောင်ယင်ရှေ့မှာ ဒီကိစ္စ ထပ်မပြောနဲ့တော့၊ မင်းအခန်းကို မင်းပြန်သွားလိုက်တော့။ အမေ ရှောင်ယင်ကို သွားတွေ့ပေးမယ်”

ယန်ရုပင်းက သမီးဖြစ်သူကို စိုက်ကြည့်ကာ သူမ၏အခန်းဆီသို့ ပြန်သွားရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ရှောင်းလန်ရှင်းကို သွားတွေ့ရန် သူမ၏ညီမနောက်မှ အမြန်လိုက်သွားတော့သည်။

ယန်ရုပင်းနှင့် ယန်ရုရွှယ်တို့က ရှောင်းလန်ရှင်း ငိုနေသည်ကို မြင်ရလိမ့်မယ်ဟု ထင်ထားခဲ့ကြသည်။ သို့သော်လည်း သူမတို့ အခန်းထဲသို့ ဝင်သွားချိန်တွင် ရှောင်းလန်ရှင်းက တည်တည်ငြိမ်ငြိမ် အမူအရာလေးဖြင့် ကုတင်တိုင်ကိုမှီကာ အေးအေးဆေးဆေး ပန်းထိုးနေလေသည်။

သူမ၏မျက်နှာနှင့် မျက်လုံးများတွင် ဝမ်းနည်းနေသည့် အရိပ်အယောင်ပင် မရှိသောကြောင့် ယန်ရုပင်းနှင့် ယန်ရုရွှယ်တို့ မယုံနိုင်သလို ခံစားလိုက်ရပြီး တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။

“ဒေါ်ဒေါ်တို့ ရောက်လာလာလား?”

ရှောင်းလန်ရှင်းကလည်း တံခါးဖွင့်သံကို ကြားသွားပြီး မော့ကြည့်လိုက်ရာ သူမတို့ကို မြင်သွားသည်။ ရှောင်းလန်ရှင်းက အပြုံးလေးဖြင့် မတ်တပ်ထရပ်ကာ သူမတို့ကို နှုတ်ဆက်လိုက်သည်။

“အင်း၊ မင်းရဲ့ယောင်းမက လော့ချန်ကနေ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အစားအစာတချို့ ပို့ပေးလိုက်တယ်။ အဲ့ထဲက တချို့ကို မင်းအတွက် ယူလာပေးတာ"

ယန်ရုရွှယ်က ခဏတာမျှ တွေဝေနေသော်လည်း သူမ၏ထုံးစံအတိုင်း ရှောင်းလန်ရှင်းကို ညင်သာစွာ ပြုံးပြလိုက်သည်။ သို့သော်လည်း သူမကို မျက်လုံးများထဲတွင် စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသေးသည်။

သူမ၏သမီးဖြစ်သူက အိမ်ပြန်ရောက်တိုင်း အလျင်စလို ပြန်ထွက်ခွာသွားတတ်သောကြောင့် ယန်ရုရွှယ်အတွက် သမီးဖြစ်သူနှင့် နီးနီးကပ်ကပ်နေရန် အခွင့်အရေး မရှိခဲ့ပေ။ ယခု ရှောင်းလန်ရှင်းက ဤနေရာတွင် နေထိုင်နေသောကြောင့် ယန်ရုရွှယ်က သူမကို သမီးအဖြစ် သတ်မှတ်ကာ ကြင်ကြင်နာနာ ဆက်ဆံနေခဲ့သည်။ ထို့ကြောင့် သူမက ရှောင်းလန်ရှင်း ကြုံတွေ့ခဲ့ရသည့်အရာအတွက် အလွန်ဝမ်းနည်းနေခြင်း ဖြစ်သည်။

ဒီလို မိန်းမပျိုးလေးက ဘာလို့ ဝေဖန်ခံရပြီး ဒီလို ဝန်ထုပ်ဝန်ပိုးကို ခံစားနေရတာတုန်း။ ဘယ်သူက ဒါမျိုးကို ကျိတ်မှိတ်သည်းခံနိုင်မှာလဲ?

“ကျေးဇူးတင်ပါတယ် ‌ဒေါ်ဒေါ်၊ ယောင်းမရဲ့ ဟင်းသီး ဟင်းရွက်တွေက အရမ်းကြီးထွားနေတာပဲ”

ယောင်းမဟူသော အသံကို ကြားလိုက်သည်နှင့် ရှောင်းလန်ရှင်း၏အပြုံးက ပို၍တောက်ပလာသည်။

သူမရဲ့ယောင်းမက အရမ်းတော်လွန်းတယ်။ ဒီရာသီမှာတောင် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်တယ်။

“ဒီခေါက်ဆွဲကိုလည်း စမ်းစားကြည့်ဦး။ မင်းရဲ့ယောင်းမကိုယ်တိုင် လုပ်ထားတာတဲ့"

ယန်ရုရွှယ်က ရှောင်းလန်ရှင်းကို အကဲခတ်နေခဲ့သည်။ ရှောင်းလန်ရှင်း၏ မျက်လုံးများထဲ၌ ဝမ်းနည်းမှုများ မရှိသည်ကို မြင်လိုက်ရမျ သူမလည်း စိတ်သက်သာရာ ရသွားပြီး အနည်းငယ် မာန်တက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

သူမက သိပ်ပြီး မစွမ်းဆောင်နိုင်ပေမယ့် သူမရဲ့သမီးလေးက ဒီလောက် အရည်အချင်းရှိတဲ့အတွက် သူမ ဂုဏ်ယူလို့ မဆုံးနိုင်တော့ဘူး။

"ဒါက အရသာရှိမှာ သေချာတယ်"

ရှောင်းလန်ရှင်းက ယောင်းမဖြစ်သူ၏ ဟင်းချက်လက်ရာကို မစားရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ယောင်းမဖြစ်သူ လုပ်ထားသည့် ခေါက်ဆွဲဟု ကြားလိုက်သည်နှင့် သူမက ထိုခေါက်ဆွဲကို အပိုင်းသေးသေးလေးဖဲ့ကာ သူမ၏ပါးစပ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်သည်။ သူမ စဝါးလိုက်သည်နှင့် သူမ၏မျက်လုံးလေးများ တောက်ပလာပြီး သူမ၏ နှုတ်ခမ်းထောင့်လေးများက သဘာဝကျကျ လှလှပပ ကွေးညွှတ်သွားသည်။

“အရမ်းအရသာရှိတယ်။ ကျွန်မ ယောင်းမဆီကနေ ဒီခေါက်ဆွဲလုပ်နည်း သင်ယူချင်တယ်”

ရှောင်းလန်ရှင်းက ဤနေရာမှ ထွက်သွားချင်နေပြီ ဖြစ်သည်။ လူတိုင်းက သူမကို သနားစာနာစိတ်ဖြင့် ကြည့်နေကြသောကြောင့် သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

ယောင်းမရဲ့အနားမှာ ရှိနေရတာက အကောင်းဆုံးပဲ။ သူမ နေ့တိုင်းနေ့တိုင်း ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မှာ သေချာတယ်။

"ကောင်းပြီ၊ ခဏတော့စောင့်ပေးဦးနော်။ မင်းတို့ရဲ့ဦးလေးယန်ပြန်လာတာနဲ့ မင်းကို လော့ချန်ကို လိုက်ပို့ခိုင်းပေးမယ်"

ယန်ရုရွှယ်က အလွယ်တကူ သဘောတူလိုက်သည်။

ရှောင်ယင် ပျော်ရွှင်နေသရွေ့တော့ အဆင်ပြေပါတယ်။

“ကျေးဇူးတင်ပါတယ် အ‌ဒေါ်၊ ကျွန်မ ဦးလေးရန်ကို သွားရှာပြီး တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပါ့မယ်"

ရှောင်းလန်ရှင်းက အမြန်ဆုံး ထွက်သွားချင်နေပြီး လော့ချန်သို့ သွားရာလမ်းတွင် သူမ တာ့ထန်သို့ ကွေ့ပတ်သွားကာ ယဲ့လွီချွမ်းအား အရာအားလုံးကို ဝန်ခံပြီး ရှေ့လျောက် အတူတူနေနိုင်မလားဟု သူ့ကို ရွေးချယ်ခိုင်းရမည် ဖြစ်သည်။

"အခုက နေရာတိုင်းမှာ ပရမ်းပတာ ဖြစ်နေတာလေ၊ မသွားတာက ပိုကောင်းတယ်"

ယန်ရုပင်းကတော့ ရှောင်းလန်ရှင်း ထွက်ခွာရန် ပြင်ဆင်နေခြင်းက သူမ၏သမီး ပြောခဲ့သည့်စကားများနှင့် ပတ်သတ်နိုင်ကြောင်း တွေးမိကာ ဝင်တားလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး၊ အခု ကျင့်ရှီလျိုမြောင်ကနေ လော့ချန်အထိ ခရီးက လုံးဝ အန္တရာယ်ကင်းနေပါပြီ။ ပြီးတော့ ကျွန်မက ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်သွားမှာပါ"

ရှောင်းလန်ရှင်းက ယောင်းမဖြစ်သူနှင့် ယောက်ျားကဲ့သို့ မကြာခဏ ၀တ်ဆင်လေ့ရှိပြီး ထိုသို့အသွင်ပြောင်းခြင်းက သူမနှင့် ရင်းနှီးပြီးသားဖြစ်သည်။

"ဒါက ဒီလို လုပ်ကြမယ်၊ မင်းရဲ့ဦးလေးကို လိုက်ပို့ခိုင်းပေးမယ်"

ယန်ရုရွှယ်က စိုးရိမ်နေသေးသည်။ ရှောင်းလန်ရှင်းက သူမတို့အိမ်၏ ဧည့်သည်တစ်ဦးဖြစ်သောကြောင့် ထိုကလေး၏ဘေးကင်းမှုက သူမတို့ မိသားစု၏ တာဝန်သာ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ရှောင်းလန်ရှင်း တစ်ခုခုဖြစ်သွားခဲ့ပါက သူမ၏သမီးနှင့် သားမက်ကို သူမ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။

"ရပါတယ်၊ အဲ့လောက်ကြီး မလိုပါဘူး"

ရှောင်းလန်ရှင်းက အဆောတလျင် ငြင်းဆန်လိုက်သည်။

ဒါက ခရှီးရှည်ကြီးလေ။ ဘယ်လိုလုပ်ပြီး ဦးလေးစူးကို အပင်ပန်းခံခိုင်းရမှာလဲ?

သူမတို့ စကားပြောနေကြစဉ်မှာပင် အစေခံတစ်ယောက်၏သတင်းပို့သံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

"သခင်မ၊ တံခါးအပြင်ဘက်မှာ တစ်ယောက်ယောက်က သခင်မလေးရှောင်ယင်ကို တွေ့ခွင့်တောင်းနေပါတယ်”

All Chapters