ရင်းနှီးသော အသွင်အပြင်
Vol. 38 Ch. 562
ဝမ်ယွိလင်၏ စကားများက ချင်ထျဲကို လှုပ်ခတ်သွားစေခဲ့သည်။ သူက ထိုစကားကို တောင့်မခံနိုင်ဘဲ သူ့မျက်လုံးများက စိုးရိမ်စိတ်များကြောင့် ပြန်တောက်ပလာသည်။
သူ့သမီး သေသွားပြီဆိုတာ သေချာနေပေမယ့် ဝမ်ယွိလင်က သူမကို ရှာတွေ့ပြီလို့ ပြောလာတော့ သူ သူသမီးဆိုတဲ့လူကို ကြည့်ချင်နေတုန်းပဲ။
"သူ(မ) ဘယ်မှာလဲ?"
"ရဲမက်တို့... သူ့(မ)ကို ခေါ်လာခဲ့"
သူ့၏လှည့်ကွက်က အမှန်တကယ် အလုပ်ဖြစ်သွားကြောင်း နားလည်လိုက်သောကြောင့် ဝမ်ယွိလင်က သူ့၏ရာဇအိန္ဒြေကို ပြန်ဆယ်ကာ ခုံနောက်မှီကို ပြန်မှီလိုက်သည်။
ချင်ထျဲက စစ်ဆေးမေးမြန်းသည့်အခန်း၏တံခါးဆီသို့ လှမ်းမျှော်ကြည့်လိုက်ပြီး သူ့လက်သီးများကို တင်းတင်းဆုပ်ထားခဲ့သည်။ သူက အတုနှင့် အစစ်ကို တွက်ချက်နေပြီး စိတ်လှုပ်ရှားနေကာ စိုးရိမ်စိတ်များလည်း ပြည့်လျှံလာပြန်သည်။
သိပ်မကြာခင်မှာပင် တံခါးဝမှ ခြေသံများ ကြားလိုက်ရပြီး ချင်ထျဲ၏ အကြည့်က ပို၍ပင် စိုးရိမ်ပုံပေါ်လာသည်။ သွယ်လျသော မိန်းမပျိုလေးတစ်ယောက်က တံခါးအပြင်ဘက်မှ လှမ်းဝင်လာပြီး သူမ၏ မျက်ခုံးများနှင့် မျက်လုံးများအားလုံးက ချင်ထျဲနှင့် ရင်းနှီးကျွမ်းဝင်နေသည်။ ချင်ထျဲတစ်ယောက် မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်လာတော့သည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? သူ့သမီးလေး သေသွားပြီမဟုတ်လား? သူမက ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ?
ချန်ကျင်းဟိုင်က သူ့ကို မလိမ်ခဲ့ဘူးပေါ့။ ဒါပေမယ့် ဝမ်ယွိလင်က ဘာလို့ ယွီအာအကြောင်း ဘာမှ မသိဘူးလို့ ပြောခဲ့တာလဲ? ဒါဆို ဘယ်သူက လိမ်ခဲ့တာလဲ?
ဒါပေမယ့် အခု ဘယ်သူက လိမ်နေတာပဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး။ အရေးကြီးတာက သူ မသေခင် ယွိအာကို နောက်ဆုံးအကြိမ် တွေ့ခွင့်ရလိုက်တာပဲ။
မျက်ရည်များက ချင်တိ၏ အမြင်အာရုံကို မှုန်ဝါးစေလာစေပြီး သူက သူ့၏တုန်ယင်နေသောလက်ကို မြှောက်ကာ သူ့မျက်လုံးမှ မျက်ရည်များကို သုတ်လိုက်သည်။ သူက သူ့မျက်ရည်များကို သုတ်လိုက်ပြီး သူ့သမီးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစာလိုက်သော်လည်း သူမက မရှိတော့ပေ။
"ယွီအာ? ယွီအာ?"
ချင်ထျဲက ထိတ်လန့်တုန်လှုပ်သွားပြီး သူ့သမီးနောက်သို့ လိုက်သွားရန် ကြိုးစားလိုက်သော်လည်း ထောင်စောင့်နှစ်ယောက်က သူ့ကို ချုပ်နှောင်ထားခဲ့သည်။
"မင်း ကျန်းအတွက် လူသတ်လက်နက်ကြီးတစ်ခု ဖန်တီးပေးတာနဲ့၊ မင်းနဲ့ မင်းရဲ့သမီးကို ပြန်တွေ့ ခွင့်ပေးမယ်"
ဝမ်ယွိလင်က ချင်ထျဲကို ဖြည်းဖြည်းချင်း ပြောနေပြီး သူ့စကားထဲမှ အဓိပ္ပါယ်က ရှင်းလင်းလွန်းလှသည်။
မင်း ငါ့ကို လူသတ်လက်နက်ကြီးတစ်ခု ဖန်တီးပေးဖို့ မကူညီရင် မင်းရဲ့သမီးကို တွေ့ဖို့ စဉ်းတောင် မစဥ်းစားနဲ့။
“ကောင်းပြီ၊ ငါ လုပ်ပေးမယ်၊ ဒါပေမယ့် အခြေအနေတစ်ခု ရှိတယ်။ ယွီအာကို ငါ့ဆီ ချက်ချင်း ပို့ပေးရမယ်"
ချင်ထျဲက သူ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ပြီး ထပ်မံညှိုနှိုင်းရန် ဝမ်ယွိလင်ကို ပြန်ကြည့်လိုက်သည်။
“မင်း လူသတ်လက်နက်ကြီးတစ်ခု ထုတ်ပေးနိုင်တဲ့အထိတော့ စောင့်ရမယ်”
သူ့ထံတွင် ချင်ထျဲအား ချုပ်ကိုင်စရာတစ်ခု ရှိနေပြီ ဖြစ်သောကြောင့် ဝမ်ယွိလင်က လုံးဝ အလျော့မပေးတော့ဘဲ ချင်ထျဲကို အေးစက်စွာ ပြန်ကြည့်နေခဲ့သည်။
“မင်း ဆက်ပြီး ခေါင်းမာနေရင် ဒုက္ခရောက်မှာက မင်းရဲ့သမီးနော်၊ မင်း စဥ်းစားပေါ့”
သူ့လေသံတွင် ခြိမ်းခြောက်မှုများ ရှိနေသည်မှာ သံသဖြစ်စရာပင် မလိုတော့ပေ။
မင်း နားမထောင်ရင် မင်းရဲ့သမီးကို ဒုက္ခပေးမယ်။
"ငါ မင်းကို ကတိပေးတယ်၊ ဒါပေမယ့် ငါ့ရဲ့ ယွိအာနဲ့ တွေ့ခွင့်ပေးရမယ်"
ချင်ထျဲ၏နှလုံးသားထဲတွင် သံသယစိတ်များ တိုးဝင်လာပြီ ဖြစ်သည်။
သူ တစ်ကြိမ် အလိမ်ခံရပြီးပြီလေ၊ ဒီတခေါက်တော့ ပိုသတိထားရတော့မှာပဲ။
သူ မော်တာတစ်လက် လုပ်ပေးပြီးမှ ဝမ်ယွိလင်က ကတိမတည်ရင် သူ ဘာတတ်နိုင်မှာလဲ? ပြီးတော့ သူ မော်တာလုပ်နေတဲ့အချိန်မှာ ဝမ်ယွိလင်က တစ်ယောက်ယောက်ကို စေလွှတ်ပြီး သင်ယူခိုင်းမှာလည်း သေချာတယ်။ သူ အဲ့ဒိမော်တာကို လုပ်ပြီးတဲ့နေ့က သူ သေရမယ့်နေ့တောင် ဖြစ်နိုင်သေးတယ်။
အဲ့အချက်အပြင် အခုန တွေ့ဆုံမှုကလည်း အရမ်းမြန်လွန်းတယ်။ အဲ့မိန်းခလေးရဲ့မျက်ခုံး၊ မျက်လုံးတွေက သူ့သမီးလေးရုပ်ရည်နဲ့ အတိအကျ တူနေပေမယ့် တစ်ခုခု မှားနေသလို သူ ခံစားနေမိသေးတယ်။ ဝမ်ယွိလင်က အရမ်းစက်ဆုပ်ဖို့ ကောင်းတဲ့ လူယုတ်မာဆိုတော့ ယွီအာလိုမျိုး အယောင်ဆောင်ဖို့ တစ်စုံတစ်ဦးကို ရှာခဲ့တာလည်း ဖြစ်နိုင်သေးတယ်။
မဟုတ်ရင် အဲ့မိန်းခလေးက ဘာလို့ သူ့ကို အဖေလို့တောင် မခေါ်ဘဲ ဒီလောက်မြန်မြန် ပြန်ထွက်သွားရတာတုန်း?
ဝမ်ယွိလင်က လှောင်ပြောင်ချင်ဟန်ဖြင့် ချင်ထျဲအား အထင်အမြင်သေးစွာ ပြန်ပြောလိုက်သည်။
“မင်းမှာ ကျန်းနဲ့ ညှိနှိုင်းပိုင်ခွင့် မရှိဘူး။ မင်း လူသတ်လက်နက်ကြီး ဖန်တီးပေးမလား? ဒါမှမဟုတ် မင်းရဲ့သမီးကို အသေခံလား? တစ်မျိုးပဲ ရွေးချယ်လို့ ရမယ်”
“ငါ့သမီးကို မတွေ့ရရင် ငါ ဘာမှ မလုပ်ပေးနိုင်ဘူး။ မင်း ငါ့သမီးကို သတ်ချင်ရင် သတ်လိုက်၊ ငါတို့ မြေအောက်ကမ္ဘာမှာ ပြန်ဆုံလို့ ရသေးတယ်"
ချင်ထျဲ ပြန်တည်သွားပြီ ဖြစ်သည်။ ဝမ်ယွိလင်က သူ့ကို သူ့သမီးနှင့် စကားမပြောခိုင်းရဲလေလေ သူ့သံသယများက ပိုတိုးလာလေလေဖြစ်သည်။
"မင်း"
ဝမ်ယွိလင်ကလည်း မုန်းတီးမှုအပြည့်ဖြင့် အံ့ကြိတ်နေခဲ့သည်။
ဒီနိမ့်ကျတဲ့ သာမန်လူကတောင် သူ့ကို ပြန်ခြိမ်းခြောက်ရဲနေပြီလား?
ဝမ်ယွိလင်၏ညိုမှိုင်းနေသော မျက်လုံးများက ချင်ထျဲကို စိုက်ကြည့်နေကာ အံကြိတ်ထားသော သွားကြားထဲမှ လေသံဖြင့် မေးမြန်းလိုက်သည်။
“မင်းက မင်းသမီးရဲ့ အသက်ကိုတောင် ဂရုမစိုက်တော့ဘူးပေါ့"
“သေခြင်းတရားက ငှက်မွေးလို ပေါ့ပါးနိုင်သလို ထိုက်တောင်လိုလည်း လေးလံနိုင်တယ်။ ခံယူတဲ့သူရဲ့စိတ်နဲ့ပဲ ဆိုင်တာ၊ သူ(မ)က ငါ, ချင်ထျဲရဲ့ သမီးဆိုရင် သေရမှာကို ကြောက်နေမှာ မဟုတ်ဘူး”
ချင်ထျဲက ဝမ်ယွိလင်ကို မထီမဲ့မြင်ပြုကာ စိုက်ကြည့်နေပြန်သည်။ သူ ပိုဒေါသေထွက်လေလေ ချင်ထဲက သူ့အထင်ကို ပိုသေချာလေလေ ဖြစ်နေသည်။
သူ့သမီး သေဆုံးသွားပြီဖြစ်ကြောင်း သူ သိထားပြီးသော်လည်း သူမ သေဆုံးသွားသည်ကို အတည်ထပ်ပြုနိုင်သောကြောင့် ချင်ထျဲ၏ မျက်လုံးများမှ ဝမ်းနည်းပူဆွေးမှုများ ထွက်ပေါ်လာပြန်သည်။
“သူ(မ)ကို အထဲ ပြန်ခေါ်လာခဲ့”
ဝမ်ယွိလင်က ချင်ထျဲ၏ မျက်လုံးများကို စိုက်ကြည့်နေရင်း ဒေါသများ ပြည့်နှက်နေသည့် အသံဖြင့် ထပ်အမိန့်ပေးလိုက်သည်။
ချင်ထျဲက ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် သူ့မျက်လုံးများကို ပွတ်သပ်လိုက်ပြီးမှ တံခါးဝကို စိုက်ကြည့်နေခဲ့သည်။
မကြာမီ တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး ချင်ယွီအာက သူမအိမ်၌ မကြာခဏ ၀တ်ဆင်လေ့ရှိသော အစိမ်းဖျော့ရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူမ၏ခေါင်းပေါ်တွင် ကျောက်စိမ်းဆံထိုးတစ်ခု ရှိနေပြီး ပြစ်ဒဏ်စီရင်ရေးအခန်း၏တံခါးဝတွင် ကျော့ရှင်းစွာ မတ်တပ်ရပ်နေသည်။ သူမက လှေကားထစ်များ အောက်သို့ ဆင်းမလာသေးသလို စကားလည်း မပြောဘဲ ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်နေခဲ့သည်။
ရှောင်းကျဲယွိကတော့ တစ်ဖက်မှ ချင်ထျဲ၏အဖြစ်အပျက်များကို လုံးဝ မသိသေးပေ။ သူက ကျန်းကျင့်လင်းနှင့် ကျုံးယုံကို ခေါ်ကာ မြို့တော်ကို တိုက်ခိုက်ရန်အတွက် တိုက်ပွဲဗျူဟာများ ဆွေးနွေးတိုင်ပင်နေခဲ့သည်။
မြို့တော်ကို စောင့်ကြပ်နေသည့် မြို့စောင့်တပ်က အင်အားတောင့်တင်းလွန်းပြီး မြို့ရိုးများကလည်း ထူထဲကာ ခိုင်ခံ့လွန်းလှသည်။ မြို့တံခါး ရှိနေသည့် နေရာတွင် ကျုံးတစ်ခု ကာရံထားပြီး ထိုကျုံးကို ဖြတ်ဖို့ ကြိုးတံတားတစ်ခု တည်ဆောက်ရမည် ဖြစ်သည်။
သို့သော်လည်း သူတို့ဘက်မှ တံတားစတည်ဆောက်သည်နှင့် တပြိုင်နက် ဝမ်မိသားစုစစ်တပ်ကလည်း တိတ်တဆိတ် ရပ်ကြည့်နေမည်မဟုတ်ပေ။ သူတို့က အရေးကြီးသော ဝင်ပေါက်နေရာကို ခုခံကာကွယ်ရန် ထောင်သောင်းပေါင်းများစွာသော မြှားများကို အကန့်အသတ်မဲ့ လွှတ်တင်မည်ဖြစ်သည်။ ထို့အပြင် တံတား၏ကျဉ်းမြောင်းမှုနှင့် ခိုင်ခံမှုကလည်း ဖြတ်ကူးနိုင်မည့် လူအရေအတွက်နှင့် အရှိန်ကို ပြင်းထန်စွာ ကန့်သတ်ထားနိုင်ပြီး သူတို့အားလုံး မြို့ရိုးပေါ်မှ လေးသမားများအတွက် လူသားပစ်မှတ်ဖြစ်သွားပေလိမ့်မည်။
ဤအတားအဆီး၏ပထမအဆင့်ကို ရှင်းလင်းရန် မော်တာများကို သုံးနိုင်သော်လည်း အကွာအဝေးကလည်း ပြဿနာရှိနေသေးသည်။ အကွာအဝေးက ဝေးလွန်းနေသည့်အတွက် တိကျသေချာမှုကို အာမမခံနိုင်သလို ပတ်၀န်းကျင်တွင်လည်း မြင့်မားသော ကုန်းမြင့်မရှိပေ။ သူတို့ဘက်ကလည်း ကျည်အရေအတွက်ကို အလဟသ မဖြုန်းတီးနိုင်ဘဲ ပစ်ချက်တိုင်း အတိအကျ ထိမှန်စေရန် လိုအပ်နေပြန်သည်။
“သခင်လေး၊ မြို့တော်မှာ စစ်သည်တစ်သိန်းနီးပါး စုဆောင်းထားတယ်လို့ ကြားတယ်၊ ကျွန်တော်တို့မှာ လူနှစ်သောင်းပဲ ရှိတယ်၊ အင်အားက တော်တော်ကွာတယ်”
သူတို့ထံတွင် အားကောင်းသည့်လက်နက်များ ပိုင်ဆိုင်ထားသော်လည်း ရန်သူဘက်မှ စုစုပေါင်းအင်အား တစ်သိန်းဖြင့် တိုက်ခိုက်လာလျှင် သူတို့ ခုခံနိုင်မည် မဟုတ်ကြောင်း ကျန်းကျင့်လင်းက ရှောင်းကျဲယွိကို သတိပေးလိုက်သည်။
“ပြီးတော့ နန်းတွင်းဘက်ကလည်း အရင်က မော်တာတွေ သုံးခဲ့ဖူးသေးတယ်။ ကျွန်တော်တို့ ရှန်ဟိုင်းမြို့ကို တိုက်ခိုက်တုန်းက သူတို့ မော်တာတွေ သုံးတာ မတွေ့ရပေမယ့် ဝမ်ယွိလင်က မြို့တော်မှာ သုံးဖို့ မော်တာတွေ ချန်ထားတာလည်း ဖြစ်နိုင်ချေ ရှိတယ်”
“မင်း ဘာတွေပြောနေလဲဆိုတာ ငါ သိတယ်။ အရေးကြီးတာက သူတို့မှာ မော်တာ ရှိ မရှိပဲ၊ သူတို့မှာ မော်တာ မရှိရင် လူအရေအတွက်က အဲ့လောက် ပြဿနာကြီး မဟုတ်တော့ဘူး”
ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ရင်း သူ့အတွေးကို ပြန်ရှင်းပြလိုက်သည်။
သူ ဒီအရာတွေအားလုံးကို စဥ်းစားပြီးပြီ၊ မြို့တော်က သူလျှိုတွေကိုတောင် နန်းတွင်းမှာ မော်တာတွေ ရှိ မရှိ စုံစမ်းဖို့ စေလွှတ်ထားသေးတယ်။ ဒါပေမယ့် သူရဲ့သူလျှိုတွေက အဆင့်မြင့်လူကြီးမင်းတွေနဲ့ မဆက်သွယ်နိုင်ခဲ့သလို နန်းတွင်းဘက်ကလည်း အဲ့အကြောင်းကို လုံးဝ လျှို့ဝှက်ထားတယ်။ သူ ယခုထိ ဝမ်ယွိလင်မှာ မော်တာတွေ ရှိ၊ မရှိ အတည်မပြုနိုင်သေးဘူး။
အဲ့လိုမှ မဟုတ်ရင် သူ မြို့ကို မဆိုင်းမတွ ချေမှုန်းပြီးနေလောက်ပြီ။ အမြောက်တပ်ကို အရင် အသုံးပြုပြီး နောက်ကနေ ဗုံးကြဲလိုက်မယ်၊ ပြီးမှ ခြေလျင်တပ်ကို ချီတက်ခိုင်းလိုက်ရုံပဲ။
တကယ်တော့ အဲ့တာတွေက တစ်ဖက်က ဝမ်ယွိလင်ရဲ့လိမ္မာပါးနပ်မှုကြောင့် ဖြစ်နေတဲ့အရာတွေပဲ။ အဲ့လူက အစစ်အမှန်နဲ့ အတုအယောင်ကို ရောထွေးစေပြီး အခြားသူတွေ သူရဲ့ဝှက်ဖဲကို မဖော်ထုတ်နိုင်အောင် လုပ်ထားခဲ့တာ။
သူဘက်ကလည်း အင်အား နှစ်သောင်းရှိတဲ့ စစ်တပ်ကြီးနဲ့ ဒီနေရာတွင် ထိုင်နေပြီး ဘာမှ မလုပ်ဘဲ နေတာက အကြံကောင်းတော့ မဟုတ်ဘူး။ စစ်သည်တွေက သူတို့ရဲ့အကြီးမားဆုံး စိတ်အားထက်သန်မှုကို ပြသနေကြပြီ။ သူတို့သာ ဒီမှာ ထိုင်နေရပြီး ဘာမှ မလုပ်ရရင် စစ်သည်တွေကို ဒေါသထွက်စေနိုင်သလို တပ်မကြီးတစ်ခုလုံးရဲ့ တိုက်ခိုက်လိုစိတ်ကိုပါ ထိခိုက်သွားစေနိုင်တယ်။
“မြို့တော်ကနေ အခုပဲ လျှို့ဝှက်အစီရင်ခံစာတစ်စောင် ပို့လိုက်ပါတယ်။ ဝမ်ယွိလင်က ချင်ထျဲရဲ့သမီး ချင်ယွီအာကို မရရအောင် ရှာဖွေဖို့ လျှို့ဝှက်အထောက်တော်တွေ စေလွှတ်ခဲ့တယ်လို့ စာထဲမှာ ရေးထားပါတယ်”
ကျန်းကျင့်လင်းက ရှောင်းကျဲယွိအား နောက်ဆုံးရ သတင်းအချက်အလက်များ ပြောပြနေပြီး ရှောင်းကျဲယွိ၏ မျက်လုံးများက ပြန်တောက်ပလာသည်။
"ငါတို့ အခု စတိုက်လို့ရပြီ"
"သခင်လေး ဘာဖြစ်လို့လဲ?"
ကျန်းကျင့်လင်းက ထိုအရာကို နားမလည်နိုင်သေးပေ။
အခုပဲ သူက သတိထားဖို့ ပြောခဲ့တာ မဟုတ်ဘူးလား? သခင်လေးက ဘာလို့ ရုတ်တရက် ထတိုက်ချင်နေရတာတုန်း?
မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုက စစ်တပ်တစ်ခုလုံးကို ချေမှုန်းပစ်နိုင်သောကြောင့် ကျန်းကျင့်လင်းတစ်ယောက် စိုးရိမ်နေဆဲ ဖြစ်သည်။
"ဝမ်ယွိလင်က ချင်ထျဲရဲ့သမီးကို ဘာလို့ ရှာနေတာလဲ? ဒါက ချင်ထျဲ သူ့လက်ထဲမှာ ရှိနေတာကို သက်သေပြနေပြီ၊ ဒါ့ပေမယ့် သူက ဝမ်ယွိလင်ကို ကူညီဖို့ ဆန္ဒမရှိလောက်ဘူး၊ အဲ့ဒါကြောင့် ဝမ်ယွိလင်က ချင်ထျဲကို ဖိအားပေးပြီး မော်တာလုပ်ခိုင်းဖို့ ချင်ယွီအာကို ရှာချင်နေတာ။
ရှောင်းကျဲယွိက စိတ်အခြေအနေ ကောင်းရှိနေပြီး ချင်ထျဲ၏ သစ္စာဖောက်မှုကြောင့် ဖြစ်လာသည့် စိတ်ဓာတ်ကျမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက ကျန်းကျင့်လင်းကို သူ့ရည်မှန်းချက်အကြောင်း ထပ်ရှင်းပြလိုက်သည်။
"သူတို့က မော်တာ မလုပ်နိုင်သေးတာကို အခွင့်ကောင်းယူပြီး အလစ်အငိုက် တိုက်ကြမယ်"
“သတင်းပို့ပါတယ်၊ သခင်လေးရဲ့ဇနီးက စစ်တပ်နဲ့အတူ ရောက်လာပါပြီ”