← Chapters

ဖုန့်ချင်းက အနိုင်ယူလိမ့်မယ်

Vol. 38 Ch. 564

ဖုန့်ချင်းက အနိုင်ယူလိမ့်မယ်

Vol. 38 Ch. 564

ရှောင်းကျဲယွိက ထိုကိစ္စအား စိတ်မပူတော့ရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်​ဖြစ်​ သူ တိုက်ရမှာ သေချာနေမှတော့​ အရာအားလုံးကို လျစ်​လျူရှုပြီး တိုက်​ရိုက်​တိုက်ခိုက်လိုက်တော့မယ်​။ ဒီအချိန်အတွက် အရာရာ ပြင်ဆင်ထားပြီးမှ ဘာမှမလုပ်ဘူးဆိုရင်တော့ ရွှေရောင်အခွင့်အရေးကို ဆုံးရှုံးရသွားနိုင်တယ်။

“ဒါ အစ်ကိုကြီးအတွက် ဆရာဦးလေး ပေးခိုင်းလိုက်တဲ့စာပါ”

ရှောင်းလန်ရှင်းက သူမ မထွက်ခွာမီ သူမတို့၏ဆရာဦးလေး ပေးလိုက်သော လျှို့ဝှက်စာကို ရုတ်တရက် သတိရသွားပြီး သူမ၏အစ်ကိုကြီးကို အမြန်လှမ်းပေးလိုက်သည်။

ရှောင်းကျဲယွိ ဖွင့်ကြည့်လိုက်ရာ စာရွက်ပေါ်တွင် စာကြောင်းလေးတစ်ကြောင်းသာ တွေ့လိုက်ရသည်။

[ဖုန့်ချင်းက အနိုင်ယူလိမ့်မယ်။ ဖုန့်စန်းမှာ တိုက်ခိုက်ပါ]

ရှောင်းကျဲယွိက သူ့လက်ချောင်းများဖြင့် တွက်ချက်နေပြန်သည်။

မနက်ဖြန်က တတိယလရဲ့ တတိယမြောက်နေ့ပဲ။ အရှေ့လေလည်း ရောက်လာပြီဆိုတော့ အရမ်းကောင်းတယ်။

သူသည် ချက်ချင်း မတ်တပ်ထရပ်ကာ သူ့လက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ပြီး စိတ်အားထက်သန်စွာ အမိန့်ပေးလိုက်သည်။

"မနက်ဖြန် မြို့ကို တိုက်ခိုက်ကြမယ်"

သူ့အမူအရာကြောင့် စူးချင်းပင် ဆရာဦးလေး ရှောင်းကျဲယွိအတွက် ရေးပေးလိုက်သည့်စာကို အလွန်သိချင်သွားပြန်သည်။

သူ ဘာကြောင့် ဒီလိုယုံကြည်မှုရှိရှိနဲ့ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တာလဲ?

စူးချင်းက စာကို ကောက်ကိုင်လိုက်ပြီး ဖတ်ကြည့်လိုက်သည်။

ဖုန့်ချင်းက အနိုင်ရမှာလား?

ဒီ ‘ချင်း’ က သူမအကြောင်းပြောနေတာလား?

နောက်ဆုံးစာကြောင်းကိုတော့ သူမ နားလည်နိုင်သေးတယ်။ သုံးရက်မြောက်နေ့မှာ မြို့ကို တိုက်ခိုက်ဆိုတာက သုံးပါတဲ့တစ်ရက်ရက်မှာ မြို့ကို တိုက်ခိုက်ခိုင်းတာ ဖြစ်နိုင်တယ်။ မနက်​ဖြန်က​ တတိယလရဲ့ တတိယ​မြောက်​​နေ့ဆိုတော့ ရွှေ့ရှန့်က မြို့ကို တိုက်​ခိုက်ဖို့ ချက်ချင်း ​ဆုံးဖြတ်​လိုက်တာပဲ ဖြစ်ရမယ်​။

မြို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိထံတွင် လုပ်စရာများ တပုံတပင် ဖြစ်လာပြန်သည်။ စစ်ပွဲအတွက်ပြင်ဆင်ရန်နှင့် တိုက်ခိုက်ရေးအစီအစဥ်ကို ချမှတ်ကာ စစ်သည်များ၏စိတ်အားထက်သန်မှုကို လှုံဆော်ရမည်ကလည်း သူ့တာဝန်သာ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် အရေးကြီးကိစ္စအားလုံးက သူ တာဝန်ယူရမည့် အရာများ ဖြစ်နေလေသည်။

လူတိုင်းက မြန်မြန်စားသောက်နေကြရပြီး စစ်သည်များက လတ်လတ်ဆတ်ဆတ် ကင်ထားသော သိုးများကို တဲထဲသို့ ယူဆောင်လာကာ အဆင်သင့် စားနိုင်ရန် ဓားဖြင့် လှီးဖြတ်ပေးနေကြသည်။ သို့သော် လူတိုင်းအတွက် အသားက စူးချင်း ပြင်ဆင်ထားသည့် ဟင်းသီးဟင်းရွက်များလောက် ဆွဲဆောင်မှု မရှိတော့ပေ။ သူတို့က ဘာမှ ထပ်မစားနိုင်တော့သည်အထိ စားသောက်ခဲ့ကြသည်။

စူးချင်းက အသားကို တစ်ကိုက်ပင် မစားဘဲ အသီးအနှံများနှင့် မုန့်ပေါင်းတချို့သာ စားနေခဲ့သည်။ ပူပူနွေးနွေး မုန့်ပေါင်းက လူတိုင်းကို တုန်လှုပ်စေခဲ့သော်လည်း ရှောင်းကျဲယွိက ကျင့်သားရနေပြီ ဖြစ်သည်။

မသေမျိုးဂိုဏ်းက ဘယ်အရာကိုမဆို မူလအတိုင်း ထုတ်ယူနိုင်တယ်လေ။ မုန့်ပေါင်းတွေပူနေတာက မထူးဆန်းဘူး။ အငွေ့တထောင်းထောင်း ထွက်နေတာလည်း ပုံမှန်ပဲ။

ယဲ့လွီချွမ်းကတော့ အလွန်အမင်း အံသြနေပြီး သူ့လက်ထဲမှ မုန့်ပေါင်းက အတုဟုပင် သံသယဝင်နေခဲ့သည်။ သူက သူ့နှာခေါင်းအောက်တွင် အရင်အနံ့ခံပြီးမှ အစစ်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထိုနောက်မှသာ သူက သေးငယ်သည့် အပိုင်းလေးတစ်ပိုင်း ဖဲ့ယူပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

မုန့်ပေါင်း၏ မွှေးရနံ့က သင်းပျံနေပြီး ချိုမြိန်မှုပါးပါးလေးလည်း ရှိနေသည်။ အရသာ အလွန်ကောင်းသောကြောင့် သူက သိုးသားတစ်ပိုင်းကို ဖြတ်ကာ မုန့်ပေါင်းကြားထဲသို့ ထည့်လိုက်ပြီး အရွက်တစ်ရွက်နှင့် ခရမ်းချဉ်သီးတစ်ခြမ်း ထပ်ထည့်လိုက်သည်။ သူက မုန့်ပေါင်း စားရန် နည်းလမ်းသစ်ကို ဖန်တီးလိုက်ပြီး ရိုးရိုးရှင်းရှင်းနှင့် အရမ်းစားကောင်းလွန်းသည်ဟု သတ်မှတ်လိုက်သည်။

စူးချင်းက ယဲ့လွီချွမ်း ပြုလုပ်ထားသော အိမ်လုပ်ဟမ်ဘာဂါကို တချက်ကြည့်လိုက်သည်။

ရှေးခေတ်ကလူတွေက တော်တော်ဉာဏ်ကောင်းကြတာပဲ။ ဒီအချိန်တည်းက သူတို့ ဟမ်ဘာဂါ တီထွင်ခဲ့တာ ဖြစ်နိုင်တယ်။ ဒီတတိယမင်းသားကတောင် မူရင်းတီထွင်သူဖြစ်နိုင်သေးတယ်။

ဝလင်အောင်စားသောက်ပြီးနောက် စားပွဲပေါ်မှ ပန်းကန်လုံးများနှင့် ပန်းကန်ပြားများကို ဖယ်ရှားလိုက်ကြသည်။ ထို့နောက် နောက်နေ့အတွက် တိုက်ခိုက်ရေး အစီအစဥ်များ စတင်ဆွေးနွေးကြသည်။ အမျိုးသားများအားလုံးက မနက်ဖြန်တိုက်ပွဲအတွင်း မည်သူက ဦးဆောင်မည်၊ မည်သူက နောက်မှ စီမံကွပ်ကဲမည်၊ မည်သူက ‌ရှေ့ပြေးတပ်ကို ဦးဆောင်မည်၊ မည်သူက နောက်တန်းအား စောင့်ကြပ်မည် စသည်ဖြင့် တာဝန်ခွဲဝေရန် စုဝေးလိုက်ကြသည်။

စူးချင်းက ကိုယ်ဝန်လွယ်ထားရသောကြောင့် အိပ်ငိုက်နေပြီ ဖြစ်သည်။ ခရီးကလည်း သူမကို ပင်ပန်းနွမ်းလျစေပြီး သူမက မနက်ဖြန်တွင် တိုက်ပွဲဝင်ရန် ယခု ရေချိုးကာ ကောင်းကောင်း အနားယူရန် အိပ်ချင်နေပြီ ဖြစ်သည်။

ရှောင်းလန်ရှင်းက အစ်ကိုဖြစ်သူ၏စကားများကြောင့် ယောင်းမဖြစ်သူ ကိုယ်ဝန်ရှိနေကြောင်း သိသွားပြီး သူမ စိုးရိမ်ကြောက်လန့်နေရှာသည်။ သူမက စူးချင်းအား လမ်းလျှောက်သင်နေသည့် ကလေးတစ်ယောက်လို ဂရုစိုက်နေပြီး စူးချင်းနောက်မှ တောက်လျှောက် လျှောက်လိုက်နေတော့သည်။

“ယောင်းမ၊ ဘာလို့ အစောတည်းက မပြောပြခဲ့တာတုန်း?”

သူမရဲ့ယောင်းမမှာ ကိုယ်ဝန်ရှိနေမှန်း သူမ သိခဲ့ရင် ဒီစစ်ပွဲကို ဘယ်တော့မှ လာခိုင်းမှာ မဟုတ်ဘူး။

"မင်းတို့​တွေက ငါ့အတွက် အကြီးမားဆုံးအတားအဆီးဖြစ်မှာဆိုးလို့ ငါ မ​ပြောခဲ့တာ။"

စူးချင်းက သူမ၏ယောင်းမ‌လေးကို လှမ်းကြည့်နေပြီး ရှောင်းလန်ရှင်း၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကို မြင်နေရသည်။

သူမမှာ ကိုယ်ဝန်ရှိမှန်းသိရင် ရှောင်ယင်၊ အဖိုးနဲ့ သူမရဲ့မိဘတွေက သူမကို အိမ်ထဲကနေတောင် ထွက်ခွင့်ပေးမှာ မဟုတ်ဘူး။

ရှောင်းကျဲယွိက ညဉ့်နက်မှ အိပ်ပြန်ရောက်လာခဲ့သည်။ စူးချင်းက တနေ့ခင်းလုံး အိပ်ပြီဖြစ်သောကြောင့် ညဘက်တွင် တက်ကြွနေသည်။ ရှောင်းကျဲယွိ ပြန်လာသည်ကို တွေ့လိုက်ချိန်တွင် နောက်နေ့အတွက် စတင်တိုက်ခိုက်မည့်အချိန်ကို မေးမြန်းလိုက်သည်။

“မနက်ဖြန် မိုးသောက်တာနဲ့ စတိုက်မယ်။ အုပ်စုလေးစုခွဲပြီး တံခါးလေးပေါက်ကို အတူတူ တိုက်ခိုက်ကြမယ်။ ကိုယ်က ပင်မတံခါးကို တာဝန်ယူရမယ်၊ ကျုံးယုံနဲ့ ကျန်းကျင့်လင်းက ဘယ်ဘက်နဲ့ ညာဘက်က တံခါးတွေကို ထိမ်းထားပေးလိမ့်မယ်၊ ယဲ့လွီချွမ်းကတော့ အနောက်ဘက် တံခါးကို တာဝန်ယူလိမ့်မယ်”

ရှောင်းကျဲယွိက သူ၏ စစ်ဝတ်စုံကို ချွတ်လိုက်သည်။ တိုက်ပွဲအတွင်း၌ မည်သည့်စစ်သည်မျှ အထူးအခွင့်မအရေး မလိုအပ်ပေ။ သူက ရေမချိုးတော့ဘဲ အနားမယူကို ခြေထောက်ကိုသာ ဆေးကြောလိုက်သည်။

သူက ခြေထောက် ရေစိမ်ရင်း ယနေ့ ဆွေးနွေးခဲ့သည့် တိုက်ခိုက်ရေး အစီအစဉ်များအကြောင်း စူးချင်းကို ပြောပြနေသည်။ သူတို့ တစ်လကျော်ကြာ တိုက်ခိုက်နေခဲ့ကြပြီး မနက်ဖြန်က အရေးကြီးဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် သူ စိတ်အားထက်သန်နေပြီး သူ၏မျက်လုံးများတွင် အောင်ပွဲခံရန် မျှော်လင့်ချက်ရောင်ခြည်များ လင်းလက်တောက်ပနေသည်။

မကြာခင်မှာ သူ့အဖေနဲ့အမေအတွက် လက်စားချေနိုင်တော့မယ်။ သူ ဒီနေ့ကို စောင့်နေခဲ့ရတာ အရမ်းကြာနေပြီ။

"ကျွန်မ ရှင့်တာဝန်ယူထားတဲ့ဘက်မှာ နောက်တန်းတပ်မှူးအဖြစ် ကွပ်ကဲပေးမယ်"

စူးချင်းက သူမ ရန်သူများကြောင့် မသွားသင့်တော့မှန်း နားလည်နေသည်။ သူမ သွားချင်လျှင်ပင် ရှောင်းကျဲယွိက သဘောတူမည် မဟုတ်ပေ။ ထို့နောက် သူမက နောက်တန်း တပ်မှူး ဖြစ်လာပြီး နောက်တန်းမှ စောင့်ကြည့်ကာ စစ်တပ်၏ တိုက်ခိုက်ရေးစိတ်ဓာတ်ကို မြှင့်တင်ရန်နှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ပေးရန် တောင်းဆိုလိုက်သည်။

“မင်း တဲကြီးထဲမှာနေပြီး ကိုယ်အောင်ပွဲနဲ့အတူ ပြန်လာတဲ့သတင်းကိုပဲ စောင့်နေလို့ရပါတယ်။ တိုက်ပွဲအတွက် စိတ်ပူစရာ မလိုပါဘူးကွာ”

ရှောင်းကျဲယွိက စူးချင်း၏ စရိုက်ကို ကောင်းစွာ နားလည်နေပြီ ဖြစ်သည်။ ယခု အခြေအနေကို မမြင်ရသေးသောကြောင့် သူမ နောက်တန်း၌ နေမည်ဟု တောင်းဆိုနေခြင်းဖြစ်ပြီး သူတို့ဘက်မှ အရေးမသာပါက သူမက မြင်းပေါ် ခုန်တက်ပြီး ရန်သူမျာကြားထဲသို့ တိုးဝင်သွားနိုင်သည်၊။ ထို့ကြောင့် သူက သူမကို စစ်မြေပြင်သို့ လုံးဝ သွားခွင့် မပြုရန် ဆုံးဖြတ်ထားခဲ့သည်။

"ရှင် မမေ့နဲ‌နော် ဖုန့်ချင်းက အနိုင်ရမှာ။ ကျွန်မ အနောက်ကနေ ရှင့်ကို စောင့်ကြည့်နေမယ်၊ ကျွန်မ ရှိနေမှ ဖြစ်မှာ"

စူးချင်းက ထိုစကားတစ်ခွန်းကိုသာ ပြောလိုက်ပြီး ရှောင်းကျဲယွိ ဘာမှ ပြန်မပြောနိုင်တော့ပေ။ ရှေးခေတ်မှ လူများက အယူသီးကြသည့်အပြင် ရှောင်းကျဲယွိအတွက်လည်း စူးချင်း သူ၏စွန့်စားမှုမှားနှင့် ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် တစ်ဦးတည်းသောသူသာ ဖြစ်သည်။

နောက်တစ်နေ့ မနက်တွင် စည်တီးသံများ ကျယ်လောင်စွာ မြည်ဟီးလာသည်။ စစ်ဗုံများ၏အသံက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေသည်။ အိုးသူကြီးများကလည်း မနက်အစောကြီးထကာ မုန့်ပေါင်းများ ပေါင်းထားပြီးဖြစ်သည်။

ရှောင်းလန်ရှင်းနှင့် ကျန်းယွိရန်တို့က အိုးသူကြီးများကို ကူညီရန် သန်းခေါင်ကျော်အချိန်ကတည်းက အိပ်ရာမှ ထလာကြသည်။ သူမတို့က အပြောဖြင့်သာ မဟုတ်ဘဲ အင်တိုက်အားတိုက် ကူညီ‌ပေးနေကြသည်။

သူမတို့က စူးချင်း ယူလာပေးသော နူးညံ့သည့် ပြောင်းဖူးများကို သုံးကာ ပြောင်းဖူးယာဂုတစ်အိုးကို ကျိုခဲ့ကြသည်။ ထိုနည်းလမ်းကိုလည်း စူးချင်း သင်ပေးခဲ့ခြင်း ဖြစ်ပြီး ပြောင်းဖူးထဲတွင် ဗီတာမင်များပါသောကြောင့် စစ်သည်များအတွက် အာဟာရဖြစ်စေနိုင်သည်။ ထို့အပြင် စစ်သည်မှာ တိုက်ပွဲ၌ အင်အားထိန်းသိမ်းနိုင်ရန် ဆားအနည်းငယ် ဖြူးလိုက်လျှင် အကောင်းဆုံးဖြစ်သွားပေလိမ့်မည်။

စစ်ဗုံသံများ မြည်ဟီးလာသောကြောင့် စစ်သည်များက စစ်ရေးပြကွင်းသို့ အပြေးအလွှား ရောက်လာကြသည်။ သူတို့ မြို့တော်ကို တိုက်ခိုက်ရတော့မည် ဖြစ်သောကြောင့် အားလုံးက အလွန်စိတ်လှုပ်ရှားနေပြီး သူတို့၏မျက်လုံးများထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။

ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ သခင်လေးနောက်ကို လိုက်ရုံနဲ့ သူတို့လည်း အောင်မြင်မှုကြီးတွေ ရရှိလာတော့မှာလေ။

ရှောင်းကျဲယွိက စစ်သည်များအား စိတ်ဓာတ်မြှင့်တင်ပေးရန် ခြင်္သေ့နိုးထခြင်းအကဖြင့် စစ်ရေးပြကွင်းကို စဖွင့်လိုက်ပြီး တပ်ဖွဲ့တစ်ခုချင်စီအတွက် တာဝန်များ ပေးအပ်နေသည်။

စူးချင်းက ရှောင်းကျဲယွိ၏နံဘေးမှ လိုက်ပါလာပြီး သူမယောက်ျား၏မျက်နှာပေါ်မှ ယုံကြည်မှုရှိနေသည့် အမူအရာကို ကြည့်နေခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းက ဘုရင်တစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါကို သယ်ဆောင်လာကာ သူ၏အသံက စစ်တပ်ကြီးတစ်ခုလုံးထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီး တိုက်ခိုက်ချင်စိတ်ကို လှုံဆော်ပေးနိုင်သည်ဟု သူမ ယုံကြည်နေခဲ့သည်”

"အောင်ရမယ်၊ အောင်ရမယ်၊ ရှောင်းမိသားစုစစ်တပ် အောင်နိုင်ရမယ်"

ရှောင်းကျဲယွိက စစ်သည်များအား အားပေးစကား ပြောခဲ့ပြီး နောက်ဆုံးတွင် သူက ကျယ်ကျယ်လောင်လောင် အော်ဟစ် ကြွေးကြော်လိုက်သည်။ တပ်ဖွဲ့ကြီးသုံးဖွဲ့ကလည်း သူ့နောက်မှ တစ်ပြိုင်နက်တည်း အော်ဟစ်ကြွေးကြော်လိုက်ကြပြီး သူတို့၏ အော်ဟစ်သံများက မြေကြီးကို တုန်ခါစေကာ ကောင်းကင်အထိ ပဲ့တင်ထပ်နေသည်။

တိုက်ခိုက်မှုကို တပြိုင်နက်တည်း စတင်ကြပြီး ယဲ့လွီချွမ်းက တာ့ထန်စစ်သည်များကို ခေါ်ဆောင်ကာ မြို့တော်၏အနောက်တံခါးဆီသို့ ဦးတည့်လိုက်သည်။ သူက ဝမ်ယွိလင်၏ပြန်ဆုတ်ခွာမှုနှင့် ရိက္ခာများကို ဖြတ်တောက်ရန် တာဝန်ယူထားခဲ့သည်။

ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့က ဘယ်ညာမြို့တံခါးများဆီသို့ အသီးသီး ထွက်ခွာသွားကြသည်။ သူတို့၏ အခန်းကဏ္ဍက အရှေ့တံခါးနှင့် အနောက်တံခါးကြား ချိတ်ဆက်မှုတစ်ခုအဖြစ် လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့က လိုအပ်သည့်နေရာတိုင်းကို သွားနိုင်ရန် အဆင်သင့်ပြင်ထားရမည် ဖြစ်ပြီး မည်သူကမျှ သူတို့ မလိုအပ်လျှင် မြို့တော်၏ ဘေးတံခါးများကို တိုက်ခိုက်ပြီး ဝမ်မိသားစုစစ်သည်များ သူတို့၏ဦးခေါင်းနှင့် အမြီးအား ဂရုမစိုက်နိုင်ရန် ပရမ်းပတာ အဖြစ်မျိုး ဖန်တီးပေးရမည် ဖြစ်သည်။

ရှောင်းကျဲယွိက သူ့တပ်များကို ဦးဆောင်ကာ ပင်မတံခါးကို စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။ ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့က မော်တာတစ်လက်စီ ယူဆောင်သွားပြီး ယဲ့လွီချွမ်းက မော်တာနှစ်လက် ယူသွားကာ ကျန်ရှစ်လက်က ရှောင်းကျဲယွိနှင့်အတူ ပါသွားခဲ့သည်။

သူက ပင်မဝင်ပေါက်မှတဆင့် မြို့တော်ကို ဝင်ရန် ဆုံးဖြတ်ထားပြီး ဝမ်ယွိလင်က ရှောင်းကျဲယွိ ဤမျှ မြန်မြန်မြို့ကို တိုက်ခိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူ့ဘက်ကလည်း ကောင်းကောင်းပြင်ဆင်ထားခဲ့သည်။

သူက နံနက်စောစောတွင် ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားပြီး ဖြစ်ကာ သူ ယခင် စစ်မြေပြင်တွင်ရှိနေစဥ်ကကဲ့သို့ ခန့်ညားထည်ဝါနေသေးသည်။ သူက ယနေ့တိုက်ပွဲအတွက် ခွန်အားဖြစ်စေရန် ဆေးနှစ်ပြား စားထားခဲ့သည်။ ဤအခိုက်အတန့်တွင် သူလည်း စိတ်လှုပ်ရှားနေခဲ့သည်။

သူအတွက် ငယ်စဉ်အခါက လွှမ်းမိုးချုပ်ကိုင်ထားသော ရောင်ဝါကို ပြန်လည်ရရှိခဲ့သောကြောင့် သူ့ဘာသာပင် မယုံကြည်နိုင်လောက်အောင် ခံစားနေရသည်။

ဝမ်ယွိလင်က မြို့ရိုးပေါ်တွင် ရပ်နေပြီး အပေါ်မှ အောက်သို့ ငုံ့ကြည့်နေသည်။ ရှောင်းမိသားစု၏ စစ်အလံများ လေထဲ၌ လွင့်နေသည်ကို သူ မြင်နေရပြီး ရှောင်းကျဲယွိက ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ လှံရှည်ကြီးကို ကိုင်ထားပြီး စစ်မြင်းပေါ်တွင် ထိုင်နေခဲ့သည်။ သူက ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဘယ်တော့မှ မရှုူံးနိုင်သည့် တိုက်ပွဲနတ်ဘုရားနှင့်တူလွန်းလှသည်။

ထိုမြင်ကွင်းက ဝမ်ယွိလင်ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

သူက ရှောင်းကျဲယွိရဲ့ ဒီလိုပုံစံကို လုံးဝ မမြင်ချင်ဘူး။ ရှောင်းမိသားစုရဲ့ကလေးက ဘာလို့ ဒီလောက်တောင် ကြီးကျယ်ခမ်းနားနေရတာလဲ?

“စစ်သည်တို့၊ ကျန်းရဲ့ လေးနဲ့ မြှားကို ယူလာပေးစမ်း၊ ‌ကျန်း ရှောင်းမိသားစုက ကလေးကို အခုချက်ချင်း ပစ်သတ်လိုက်မယ်"

All Chapters