ကိုယ် မင်းကို လက်ထပ်ဖို့ ပြန်လာတဲ့အချိန်ကို စောင့်နေနော်
Vol. 38 Ch. 567
ရှောင်းကျဲယွိက စူးချင်းကို စိတ်အားထက်သန်စွာ လှမ်းကြည့်နေလေသည်။
သူရဲ့ချင်းအာက သူမရဲ့စွမ်းရည်ကို ပြသတော့မယ်။ သူမ တကယ် လှုပ်ရှားလိုက်တာနဲ့ သေပြီးတဲ့သူတောင် ပြန်ရှင်လာနိုင်လိမ့်မယ်။
ရှောင်းကျဲယွိက သူမအား နတ်ဘုရားကဲ့သို့ ထင်မှတ်နေသည်ကို စူးချင်းကတော့ မသိသေးပေ။
သူမ သေပြီးတဲ့သူကို ပြန်ရှင်အောင်လုပ်နိုင်လား?
ရှောင်းကျဲယွိ၏ ထိုအတွေးကို သိသွားလျှင် စူးချင်းက မဆိုင်းမတွ ခေါင်းခါပေလိမ့်မည်။
သူမ မလုပ်နိုင်ဘူး။
စူးချင်းက ဝမ်ယွိလင်ဘေးသို့ လျှောက်သွားလိုက်ပြီး သူ့သွေးခုန်နှုန်းကို စစ်ဆေးရန် ထိုင်ချလိုက်သည်။ တော်ဝင်သမားတော်များကလည်း ရှောင်းကျဲယွိ၏နံဘေးတွင် ထိုင်နေသော အမျိုးသမီးကို ဆင်းလာသည်ကို ကြည့်နေကြပြီး သူတို့မျက်နှာတွင် မည်သည့်အမူအရာမှ မပြရဲကြသော်လည်း သူတို့၏နှလုံးသားထဲတွင် မထီမဲ့မြင် ပြုနေကြသည်။
သူတို့ရဲ့ ဆေးပညာကျွမ်းကျင်မှုက အရမ်းကောင်းနေတာတောင် သူတို့ ဝမ်ယွိလင်ကို မကယ်တင်နိုင်ကြတော့ဘူး။ သေလုမြောပါးဖြစ်နေတဲ့ လူကို ငရဲဘုရင်လက်ထဲကနေ ပြန်ဆွဲယူရလောက်အောင် ဒီမိန်းမပျိုလေးက ဘယ်လောက်ထူးချွန်နိုင်မှာမလို့လဲ?
စူးချင်းကတော့ ဘယ်သူ့ကိုမှ မကြည့်ဘဲ ဝမ်ယွိလင်၏သွေးခုန်နှုန်းကိုသာ အေးအေးဆေးဆေး စစ်ဆေးနေခဲ့သည်။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေပြီး ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များကတော့ စူးချင်းကို အကြွင်းမဲ့ ယုံကြည်စွာ တလေးတစာား လှမ်းကြည့်နေကြသည်။
သူတို့က သူတို့ သခင်မလေးရဲ့ ဆေးပညာ ကျွမ်းကျင်မှုကို သိထားပြီးပြီ။
ယဲ့လွီချွမ်းဆိုလျှင် စူးချင်းကို ပို၍ပင် ယုံကြည်နေသေးသည်။
စူးချင်းက သူ့ခမည်းတော်နဲ့ မယ်တော်နှစ်ယောက်လုံးကို ကုသပေးခဲ့တာလေ။ စူးချင်းရဲ့ဆေးပညာကျွမ်းကျင်မှုကို သံသယဝင်တဲ့သူတိုင်းက မျက်လုံးရှိပေမယ့် ထိုက်တောင်ကို မမှတ်မိနိုင်တဲ့သူတွေပဲ။
စူးချင်းက ဝမ်ယွိလင်၏ သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး ၎င်းက အားနည်းနေသော်လည်း ခုန်လှုပ်နေဆဲဖြစ်ကြောင်း သူမ ခံစားလိုက်မိသည်။
ဒါဆို သူ မသေသေးဘူးပေါ့။ ကောင်းတယ်၊ သူ မသေသေးသရွေ့တော့ ဖြေရှင်းဖို့ လွယ်ကူလွန်းတယ်။ လက်၇ှအခြေအနေက သူ့ကို ပျောက်ကင်းအောင် ကုသပေးရမှာမှ မဟုတ်တာ၊ သူ ပြန်နိုးလာပြီး အသိရှိနေရင် ရပြီလေ။ ဒါက သူမအတွက် လုံးဝ မခက်ခဲဘူး။
ပထမဦးစွာ စူးချင်းက ဝမ်ယွိလင်၏နှလုံး မရပ်သွားစေရန် ကာကွယ်ထားဖို့ အပ်စိုက်ကုထုံး အသုံးပြုလိုက်သည်။ ထို့နောက် ဆေးကို အမြန်ပြင်ဆင်လိုက်သည်။ တော်ဝင်သမားတော်များက စူးချင်းကို စိုက်ကြည့်နေကြပြီး စူးချင်း၏ အပ်စိုက်ကုထုံးကို မြင်လိုက်ကြချိန်တွင် တကျစ်ကျစ်ဖြင့် စုတ်သတ်နေကြတော့သည်။
ဒီနည်းစနစ်က ရဲတင်းလွန်းတယ်။ သူတို့သာဆိုရင် ဒီလိုအပ်စိုက်ကုထုံးကို ဘယ်တော့မှ မခံရဲပါဘူး။
သို့သော် ဝမ်ယွိလင်၏မျက်နှာတွင် သွေးများ ပြန်ပြည့်လာပြီး သူ့ရင်ဘတ်က တဟုန်းဟုန်း မောက်တက်လာသည်ကို မြင်လိုက်ရသဖြင့် ထိုတော်ဝင်သမားတော်များအားလုံး သူတို့၏မျက်လုံးများကို ပွတ်သပ်လိုက်မိကြသည်။
ဒါက ဖြစ်နိုင်လို့လား? သူတို့ ဝမ်ယွိလင်ကို စစ်ဆေးပြီး ကုသဖို့ ကြိုးစားကြည့်ပြီးပြီလေ၊ သူ့မှာ ပြန်လည်ကောင်းမွန်လာဖို့ အလားအလာမရှိတော့ဘူး။
ဒီမိန်းမငယ်လေးက ဘယ်လို လုပ်လိုက်တာလဲ? မျိုးဆက်တိုင်းမှာ အရည်အချင်းရှိတဲ့ လူငယ်တွေ ထွက်ပေါ်လာပြီး လူအိုကြီးတွေ နေရာမှာ အစားထိုးတယ်ဆိုတာ မှန်နေတာပဲ။
လူအိုကြီးတွေက လုံးဝ နောက်ကျကျန်နေခဲ့ပြီ။
စူးချင်းက သက်တော်စောင့်များအား ဆေးတစ်လုံးလှမ်းပေးလိုက်ပြီး ဝမ်ယွိလင်အား ဆေးတိုက်ရန် အမိန့်ပေးလိုက်သည်။ လက်ဖက်ရည်ခွက် တစ်ဝက်လောက် ကုန်ခါနီးအချိန်တွင် သတိလစ်နေသော ဝမ်ယွိလင်၏မျက်လုံးများ ပြန်ပွင့်လာသည်။ ယခင်က စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး သေနေမည့်ပုံပေါ်နေသည့် သူ့မျက်နှာက ယခု နီရဲနေပြီး တက်ကြွမှုအပြည့် ပြန်ဖြစ်လာသည်။
တော်ဝင်သမားတော်များက စူးချင်းကို ထိတ်လန့်တကြား ကြည့်ကာ လေးစားနေသည့်ဟန်ပန် အမူအရာများ ပေါ်လာခဲ့သည်။
သူတို့အထဲမှ ဆေးပညာရှင်ကျွာက ဝမ်ယွိလင်၏အခြေအနေကို အသိဆုံးဖြစ်ပြီး သူ့ကို ကယ်တင်ရန် မဖြစ်နိုင်ဟု သတ်မှတ်ထားပြီး ဖြစ်သည်။ စူးချင်းက ဝမ်ယွိလင်အား ပြန်အသက်ဝင်လာစေသည်ကို မြင်လိုက်ရသောကြောင့် သူက စူးချင်းကို တအံ့တဩ လှမ်းကြည့်လိုက်သည်။
ဒါကို လူလို့ ခေါ်လို့ ရနိုင်သေးလား? ဒါက သေမျိုးလောကကို ဆင်းသက်လာတဲ့ ကြီးမြတ်တဲ့ မသေမျိုးတစ်ယောက်ပဲ ဖြစ်ရမယ်။
ဝမ်ယွိလင်က သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး သူ့ရာဇပလ္လင်ခန်းမဆောင်၏ ကြမ်းပြင်တွင် လဲလျောင်းနေရမှန်း သိသွားခဲ့သည်။ သူ ချက်ချင်း ဒေါသတကြီး ထထိုင်ကာ အော်ဟစ်ကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း နန်းပလ္လင်ပေါ်တွင် ထိုင်နေသည့် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုလူငယ်၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် ဝမ်ယွိလင်၏ မျက်လုံးများ ပြူးကျယ်လာပြန်သည်။
သူက ရှောင်းဟမ်နဲ့တူလွန်းတယ်။ သူက ရှောင်းမိသားစုရဲ့ကလေး ဖြစ်နိုင်လား?
ပြီးတော့ သူ…
သူက မြို့တော်ထဲကို ရောက်နေပြီလား?
ဝမ်ယွိလင်က ဘေးဘက်သို့ ဝေ့ကြည့်လိုက်ပြန်သည်။ သူ၏ သားတော်၊ သမီးတော်များ၊ မြေးတော်များ၊ မောင်းမမိဿံများအားလုံး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှိသည်။ သူ့သမီးတော်များက ကြောက်လွန်းလို့ ငိုနေကြကာ ယောက်ျားလေးများ၏ မျက်နှာများကလည်း ဖြူဖျော့နေပြီး တုန်ယင်နေကြသည်။ ဝမ်ယွိလင်က စိတ်ပျက်လက်ပျက်ဖြင့် သူ့မျက်လုံးများကို ပြန်မှိတ်ချထားလိုက်သည်။
သူ ဘာကြောင့် အသက်ပြန်ရှင်လာရတာလဲ? သူ သေသွားရင် ဒီလို အရှက်ရစရာတွေ မရှိနိုင်တော့ဘူး။
“ဝမ်ယွိလင်၊ အကြွေးဟောင်းတွေကို ဖြေရှင်းဖို့ အချိန်ကျပြီ။ ခင်ဗျားရဲ့သားမြေးတွေ တစ်ယောက်ပြီးတစ်ယောက် ခင်ဗျားရှေ့မှာ သေဆုံးသွားတာကို ခင်ဗျား မြင်ရလိမ့်မယ်။ ပြီးရင်တော့ ခင်ဗျားကို အရှင်လတ်လတ် အရေခွံခွာမယ်၊ ပြီးမှ ခင်ဗျားရဲ့ခန္ဓာကိုယ်ကို မြင်းငါးကောင်နဲ့ဆွဲပြီး အပိုင်းပိုင်း ခွဲပစ်မယ်၊ အဲ့နေ့က ခင်ဗျား ကျုပ်တို့ ရှောင်းမိသားစုကို ဖျက်ဆီးခဲ့တယ်၊ ဒီနေ့တော့ အဲ့အရသာကို ခင်ဗျားကိုယ်တိုင် ပြန်မြည်းစမ်းခွင့်ပေးလိုက်မယ်"
ရှောင်းကျဲယွိက နဂါးပလ္လင်ပေါ်တွင် ထိုင်နေရင်း ဝမ်ယွိလင်ကို လှမ်းကြည့်နေသည်။ သူ၏ ဓားနှင့်တူသော မျက်ခုံးများအောက်မှ အေးစက်သော မျက်လုံးများ၌ အမုန်းမီးတောက်များ ပြည့်နှက်နေပြီး သူ့နှုတ်မှ ထွက်လာသမျှ စကားလုံးတိုင်းက ရန်လိုမှုများ ပြည့်နေလေသည်။
ရှောင်းကျဲယွိ၏စကားကြောင့် ဝမ်ယွိလင်၏မျက်နှာတစ်ခုလုံး ပြာနှမ်းသွားတော့သည်။
သူ အကြောက်ဆုံးနေ့ကို ရောက်လာပြီပေါ့။
အရင်တစ်ခါက သူ ဒီလိုမျိုး အိပ်မက်တွေ မက်ခဲ့ဖူးတယ်။ သူ ပြန်နိုးလာတော့ သူ အကြောက်လွန်ပြီး ချွေးအေးတွေတောင် ထွက်နေခဲ့တယ်။ အခု ရှောင်းဟမ်ရဲ့သားက သူ့ကို လက်စားချေဖို့ ရောက်လာပြီ၊ သူ့အိပ်မက်ထဲက မြင်ကွင်းနဲ့ အတူတူပဲလား?
အခုတော့ သူ့အိမ်မက်ထဲက မြင်ကွင်းက လက်တွေ့ဖြစ်လာခဲ့ပြီ။ သူ့ရှေ့မှာ သူ့မိန်းမတွေနဲ့ သားသမီးတွေ သေသွားတာကို သူ ကြည့်ရတော့မယ်။ ဒီလို ညှဉ်းပန်းနှိပ်စက်မှုနဲ့ သေဆုံးရမယ့်အခြေအနေကို ကြောက်ရွံ့စိတ်က သူ့ကို ရူးသွပ်လုနီးပါး ခံစားရစေတယ်။
နောက်ဆုံးတွင် ဝမ်ယွိလင်က ရှောင်းကျဲယွိကို တရစပ် အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေတော့သည်။
"ရှောင်းမိသားစုက ကောင်လေး၊ မင်းတို့ တစ်မိသားစုလုံးက သစ္စာဖောက်တွေပဲ။ မင်းကလည်း ထီးနန်းကို သိမ်းပိုက်ချင်နေတဲ့ သစ္စာဖောက်တစ်ယောက်ပဲ။ လောကတခွင်က မင်းကို ကျိန်ဆဲကြလိမ့်မယ်။ ငါကမှ ဒီတိုင်းပြည်ရဲ့ အုပ်စိုးရှင်ပဲ။ ဘယ်သူကမှ ငါ့ကို တရားမစီရင်နိုင်ဘူး”
ဝမ်ယွိလင်တစ်ယောက် အသဲအသန် အော်ဟစ်နေချိန်တွင် စူးချင်းက သူ့မေးရိုးကို လှမ်းကန်လိုက်သောကြောင့် သူ အသံပင် မထွက်နိုင်တော့ပေ။ သူက စူးချင်းကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူ ကြောင်အသွားရပြန်သည်။
ဒါက ချင်ဖုန်းနဲ့အတူ နားနေတည်းခိုစခန်းမှာ တည်းခိုခဲ့တဲ့ မိန်းမ မဟုတ်ဘူးလား? အဲ့တုန်းက ချင်ဖုန်းကတောင် သူ့ကို မိုးမခတောင်းတွေ အတင်းဝယ်ခိုင်းခဲ့သေးတယ်။ ဒီမိန်းမက အဲဒီမိုးမခခြင်းတောင်းဆယ်လုံးကို လုပ်ခဲ့တာလေ။
အဲ့တုန်းက ဒီမိန်းမရဲ့ ငြိမ်သက်လွန်းတဲ့အကြည့်တွေကို သူ မြင်လိုက်လို့ သူမကို သတိထားခဲ့မိသေးတယ်။ သူမဆီကနေ ရခဲ့တဲ့ လူသတ်ရောင်ဝါကြောင့် သူ သူမကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်ထားဖို့ တွေးမိသေးတယ်။ နောက်တော့ သူ လုပ်စရာတွေများကြီး အဲ့အတွေးကို စွန့်လွှတ်လိုက်ရတယ်။
လက်ရှိအချိန်တွင် ဝမ်ယွိလင်၏ရင်ဘတ်ထဲ၌ နောင်တတရားများ ပြည့်နှက်နေလေသည်။
ဒီအမျိုးသမီးက လူသတ်လက်နက်ကြီးတွေကို ဖန်တီးခဲ့တဲ့ စူးချင်းပဲ ဖြစ်ရမယ်။ သူ စောစောကသာ သိခဲ့ရင် အဲ့နေ့က သူမကို သတ်ခဲ့တာပေါ့။ အဲ့လိုဆိုရင် သူ ဒီနေ့ ဒီလို အရှက်ခွဲခံရမှာ မဟုတ်ဘူး။
"စစ်သည်တို့၊ ဝမ်ယွိလင်ကို ဆွဲထုတ်သွားပြီး ကွပ်မျက်လိုက်ကြ။ သူ့ရဲ့အရေခွံကို အရင်ခွာပြီး အရွတ်တွေကို ဆွဲထုတ်၊ ပြီးမှ ခြေလက်တွေကို ဖြတ်ပြီး အပိုင်းပိုင်း ဖြတ်တောက်ကြ”
ရှောင်းကျဲယွိက ခန်းမဆောင်အတွင်းရှိ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ ထိုအပြင် ဝမ်ယွိလင်ကို မသတ်ခင်တွင် သူ့မျက်လုံးရှေ့၌ သူ၏ ဇနီးများနှင့် သားသမီးများ သေဆုံးသွားသည်ကို စောင့်ကြည့်ခိုင်းရန်လည်း ထပ်အမိန့်ပေးလိုက်သည်။
အမျိုးသမီးများက ကြောက်လန့်တကြား အော်ငိုနေကြပြီး ကြမ်ပြင်ပေါ်တွင် ဒူးထောက်ကာ ရှောင်းကျဲယွိအား ဦးညွတ်တောင်းပန်နေကြသည်။ သူမတို့ အသက်ရှင်ချင်သောကြောင့် ကျေးကျွန်ဘဝရောက်လျှင်ပင် အဆင်ပြေကြောင်း အသနားခံနေကြသည်။
ရှောင်းကျဲယွိက ငိုယိုပြီး အသနားခံနေသည့် ဝမ်မိသားစုဝင်များကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။
သူတို့ထဲမှာ အပြစ်ကင်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူတို့အားလုံးက သေဖို့ ထိုက်တန်တယ်။ ပြီးတော့ သူက အရင်လို ပျော့ညံ့တဲ့သူ မဟုတ်တော့ဘူး။
ဝမ်ယွိလင်၏ မျက်လုံးများထဲတွင် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေပြီး သူ့မိသားစုဝင်များ ခွေးသေကောင်ကဲ့သို့ ဆွဲထုတ်ခံရနေရသည်ကို ကြည့်နေရချိန်တွင် သူ့မျက်လုံးများ နီရဲလာသည်။
သူ အရမ်း သေချင်နေပြီ။ သူ သေသွားရင် အရမ်းကောင်းမှာပဲ....
တာ့ကျိုးမင်းဆက်ရှိ အရာရှိများကလည်း ရှောင်ကျဲယွိကို ပို၍ ကြောက်လန့်နေကြပြီ ဖြစ်သည်။
တစ်စုံတစ်ယောက်ကို ညှင်းပမ်းနှိပ်စက်ဖို့ သေခါနီး အသက်ကပိုတောင် ပြန်ဆွဲဆန့်ထားသေးတယ်။ ဝမ်မိသားစုစစ်တပ်ကို အနိုင်ယူနိုင်တဲ့သူတစ်ယောက်က သူတို့မျှော်လင့်ထားတာထက်တောင် ပိုပြီး ရက်စက်ကြမ်းကြုတ်နေသေးတယ်။
ဝမ်ယွိလင်က သူ့မိသားစုဝင်များ၏ ကြေကွဲဖွယ် သေဆုံးမှုကို မျက်မြင်တွေ့ခဲ့ရသည်။ ထို့နောက် သူကိုယ်တိုင်လည်း အရေခွံခွာ နှိပ်စက်ခံရပြီး နောက်ဆုံး ထွက်သက်မတိုင်မီ မြင်းငါးကောင်ဖြင့် ဆွဲကာ အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရသည်။
မြို့တော်ထဲတွင် သူ့အော်သံများ ပဲ့တင်ထပ်နေပြီး တမြို့လုံးနီးပါး သူ့အော်သံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ရှောင်းကျဲယွိနှင့် ရှောင်းလန်ရှင်းတို့၏ မျက်လုံးများကတော့ အပြာရောင် ကောင်းကင်ပေါ်မှ တိမ်ဖြူများကို မော့ကြည့်နေကြပြီး မျက်ရည်များ ရစ်ဝဲနေသည်။
ရှောင်းကျဲယွိက တိုးတိုးလေး ရေရွတ်လိုက်သည်။
'အဖေ၊ အမေ၊ ကျွန်တော် အဖေနဲ့အမေအတွက် လက်စားချေပြီးပါပြီ'
ဝမ်မိသားစုကို ကိုင်တွယ်ပြီးနောက် ရှောင်းကျဲယွိက တပ်သုံးတပ်(ခြေလျင်တပ်၊မြင်းတပ်၊ အမြှောက်တပ်)ကို ဆုချီးမြှင့်ရန် အမိန့်ပေးများ ထပ်ထုတ်ပြန်ခဲ့သည်။ ထို့နောက် သူက လူတိုင်းအတွက် အရသာရှိသော အစားအစာများ ပြင်ဆင်စေပြီး အစောင့်တပ်သားများမှလွဲ၍ လူတိုင်းနီးပါးကို အဝသောက်ခွင့် ပေးခဲ့သည်။
တပ်သုံးတပ်ကို ဆုချီးမြှင့်ခြင်းအပြင် သူက သူ့ကို အကူအညီပေးခဲ့သည့် ယဲ့လွီချွမ်းကိုလည်း ကျေးဇူးတင်စကားပြောခဲ့သည်။ ရှောင်းကျဲယွိက ယဲ့လွီချွမ်းအတွက် ဂုဏ်ပြုစားပွဲတစ်ခု ပြင်ဆင်ရန် အမိန့်ပေးခဲ့သည်။ ပွဲအပြီးတွင် ရှောင်းကျဲယွိက သူခွက်ကို မြှောက်ကာ ယဲ့လွီချွမ်းအား ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။
"တတိယမင်းသား၊ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
"အစ်ကိုကြီး ရပါတယ်၊ ငါတို့က မိသားစုတွေလေ၊ ငါတို့က အမြဲတမ်းတစ်ဖက်တည်းမှာ ရှိနေသင့်တယ်"
ယဲ့လွီချွမ်းက ကမန်းကတန်း ထရပ်လိုက်ပြီး သူ့ခွက်ကို ရှောင်းကျဲယွိရှိရာအရပ်သို့ ပြန်မြှောက်လိုက်ပြီး မိသားစုဆိုသည့် စကားလုံးကို အလေးထားပြောကြားလိုက်သည်။
အခုက အရင်နဲ့ မတူတော့ဘူး။ ရှောင်းကျဲယွိ ဧကရာဇ်ဖြစ်လာတာနဲ့ ရှောင်ယင်က တော်ဝင်မင်းသမီးဖြစ်လာလိမ့်မယ်။ အခု သူက အမြင့်ကို ဖက်တက်ရတော့မှာလေ။
ယဲ့လွီချွမ်းက ရှောင်းကျဲယွိကို ကူညီရန် စစ်တပ်ကို ခေါ်ဆောင်လာဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် သူကိုယ်သူ ပြန်ချီးကျူးနေမိသည်။ သူ မရောက်လာခဲ့လျှင်ပင် ရှောင်းကျဲယွိနှင့် စူးချင်းတို့က မြို့တော်ကို သိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သူ နားလည်နိုင်သည်။
"ဟား ဟား၊ ဟုတ်တယ် ငါတို့က မိသားစုတွေပဲ၊ ဒါကြောင့် ငါတို့မှာ မတူညီတဲ့အမြင်တွေ မရှိသင့်ဘူး"
ရှောင်းကျဲယွိက အားမန်အပြည့်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ယဲ့လွီချွမ်းက တာ့ထန်သို့ မပြန်မီ တစ်ရက်သာ ထပ်နေနိုင်ခဲ့သည်။ သူ့မိသားစုတွင် တပ်ဖွဲ့ဝင်အလုံအလောက် မကျန်ခဲ့သဖြင့် ပြင်ပလူများက ထိုအခြေအနေအား အခွင့်ကောင်းယူမည်ကို သူတွေးနေပြီး သူ့တိုင်းပြည် အန္တရာယ်ကျရောက်မည်ကို သူ စိုးရိမ်နေခဲ့သည်။
သူ ထွက်ခွာတော့မည်အကြောင်း သိလိုက်ရချိန်တွင် ရှောင်းလန်ရှင်းက သူနှင့်ခွဲခွာရန် ဝန်လေးနေခဲ့သည်။ ယဲ့လွီချွမ်းက သူမကို ချစ်မြတ်နိုးစွား ကြည့်နေရင်း တိုးတိုးလေးပြောလိုက်သည်။
"ကိုယ် မင်းကို လက်ထပ်ဖို့ ပြန်လာတဲ့အချိန်ကို စောင့်နေနော်"