← Chapters

ရွှေရောင်အလင်းမျှင်

Vol. 36 Ch. 491

ရွှေရောင်အလင်းမျှင်

Vol. 36 Ch. 491

သဲကန္တာရမြင်ကွင်းမှာ ပြန်လည်ပေါ်ပေါက်လာပြီး ဇူယွမ်မှာ သဲတောင်ပို့ပေါ်တွင် ရပ်နေလျက် ရှိသည်။ ဇူယွမ်မှာ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အား ငေးမောကြည့်ရှုလိုက်၏။

ရွှေရောင်နေမင်းကြီးမှာ နတ်ဘုရားကျောက်တုံးကြောင့် ပျက်စီးသွားရပြီဖြစ်သဖြင့် ဇူယွမ်မှာ စိတ်ဝိဉာဥ်နာကျင်ရခြင်း မရှိတော့ချေ။

ဇူယွမ်မှာ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်မိသည်။ ပထမစမ်းသပ်မှုနှင့် နှိုင်းယှဥ်ကြည့်ပါလျှင် ယခုစမ်းသပ်မှုမှာ မစတင်ရသေးခင်မှာပင် ပြီးဆုံးသွားခြင်း ဖြစ်၏။

ချပ်....ချပ်....

ဇူယွမ်မှာ တွေးတောရင်းဖြင့် ရယ်မောနေစဥ်မှာပင် ကောင်းကင်ထက်မှ တုန်ခါသံအချို့အား ကြားလိုက်ရလေသည်။ ဇူယွမ်မှ မော့ကြည့်လိုက်သောအခါတွင် ရွှေရောင်အလင်းမျှင်များ ကောင်းကင်ထက်မှ ကျဆင်းလာနေသည်ကို တွေ့ရှိလိုက်ရ၏။

ထိုရွှေရောင်အလင်းမျှင်များမှာ ရေစီးငယ်လေးအလား ငြိမ့်ညောင်းစွာဖြင့် ပျံဝဲရင်း ဇူယွမ်၏အနီးသို့ ရောက်ရှိလာသည်။

"ဒါကဘာတွေလဲ..." ဇူယွမ်မှာ ရွှေရောင်အလင်းမျှင်များအား ငေးမောကြည့်ရှုလိုက်၏။ ဇူယွမ်၏ စိတ်ဝိဉာဥ်မှာ ရွှေရောင်အလင်းမျှင်နှင့် နီးကပ်လာသည်နှင့်အမျှ ပြင်းထန်စွာ တုန်ခါလာရသည်။ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ ထိုရွှေရောင်အလင်းမျှင်အား ဆာလောင်နေဟန် ရှိ၏။

ဇူယ​ွမ်မှာ ထိုရွှေရောင်အလင်းမျှင်ကိုသာ စုပ်ယူလိုက်ပါက စိတ်ဝိဉာဥ်မှာ အလယ်အလတ်ဒြပ်ထည့်အဆင့်မှ အထွတ်အထိပ်​ဒြပ်ထည်အဆင့်သို့ တမုဟုတ်ချင်း တိုးတက်သွားမည်ဟုပင် ခံစားနေရသည်။

"ဒီအလင်းမျှင်တွေက ခုနကပျက်စီးသွားတဲ့ ရွှေရောင်နေလုံးကြီးရဲ့ အကြွင်းအကျန်လား..."

ဇူယွမ်မှာ နှုတ်ခမ်းများအား သပ်လိုက်၏။ ထို့နောက် ကျောက်စိမ်းပုလင်းတစ်လုံးအားထုတ်ကာ ရွှေရောင်အလင်းမျှင်များအား လျင်မြန်စွာ စုဆောင်းလိုက်သည်။ ဇူယွမ်မှာ ထိုရွှေရောင်အလင်းမျှင်၏ မူလဇစ်မြစ်အား အသေအချာ မသိရှိရသေးသဖြင့် ယောင်ယောင်ထံသို့ သယ်ဆောင်သွားရန် ဆုံးဖြတ်လိုက်၏။

ဇူယွမ်မှာ ပျော်ရွှင်နေသော မျက်ဝန်းများဖြင့် ကျောက်စိမ်းပုလင်းငယ်အား ဂရုတစိုက်ဖြင့် သိမ်းဆည်းလိုက်သည်။ ထို့နောက် ကန္တာရအတွင်းရှိ တောက်ပနေသော အလင်းရောင်များမှာ ဖြည်းညင်းစွာဖြင့် မှေးမှိန်ပျောက်ကွယ်သွား၏။

"ဒုတိယအဆင့်စမ်းသပ်မှု အောင်မြင်ပါတယ်။"

ရွှမ်အဖိုးအို၏ ငယ်ရွယ်သောအသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျ့ံနှ့ံလွှမ်းခြုံသွားသည်။

ထိုအသံအား ကြားလိုက်ရသောအခါ၌ ဇူယွမ်မှာ ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားသည့်အလား သက်ပြင်းချလိုက်မိ၏။ ဇူယွမ်မှာ ရွှေရောင်နေမင်းကြီးအား ရင်မဆိုင်နိုင်ပဲ ကျရှုံးသွားတော့မည်ဟုပင် ထင်မှတ်ခ့ဲရသည်။

ရွှမ်အဖိုးအို၏အသံ ထွက်ပေါ်လာပြီးသည်နှင့်တကွ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာလည်း ထပ်မံ၍ပြောင်းလဲလာတော့၏။ ဇူယွမ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေရင်းဖြင့် အပြောင်းအလဲများ ရပ်တန့်သွားမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။

ယခုအခါတွင် ဇူယွမ်မှာ နောက်ဆုံးစမ်းသပ်မှုကိုသာ ကျော်ဖြတ်နိုင်ရန် လိုတော့၏။

ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများမှာ ရပ်တန့်သွားပြီးနောက် ဇူယွမ်မှာ ရှေးဟောင်းခန်းမကြီးတစ်ခုအား တွေ့ရှိလိုက်ရသည်။

ဇူယွမ်မှာ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ေကျာက်တိုင်ကြီးများအား စိတ်ဝင်စားမိသွား၏။ ထိုကျောက်တိုင်ကြီးများမှာ အလွန်ပင် ရှေးဟောင်းဆန်လှပြီး ကောင်းကင်ထောက်တိုင်ကြီးများအလား မြင့်မားပေသည်။

ဇူယွမ်မှာ ကျောက်တိုင်ကြီးများ၏အပေါ်သို့ ကြည့်ရှုလိုက်သောအခါတွင် ပုံရိပ်သုံးခုအား တွေ့ရှိလိုက်ရ၏။  ထိုပုံရိပ်များမှာ ရုပ်ထုများအလားရှိနေပြီး မျက်ဝန်းများကို တင်းကြပ်စွာ ပိတ်ထားကြသည်။ ထိုကျောက်တိုင်းသုံးခု၏ကိုယ်ထည်၌ စာလုံးများ ထွင်းထုထား၏။

"ကောင်းကင်ဘုံနေမင်း.....နတ်ဘုံခန်းဝါ......မူလစဦး...."

ထိုစာလုံးများမှာ ကျောက်တိုင်များ၏ထိပ်တွင်ရှိနေသော ပုံရိပ်များအား ကိုယ်စားပြုခြင်း ဖြစ်ပေလိမ့်မည်။ ဘယ်ဖက်ထောင့်စွန်းတွင် ရှိနေသောသူမှာ ကောင်းကင်ဘုံနေမင်းအဆင့်ဖြစ်ပြီး အလယ်တွင်ရှိနေသောသူမှာ နတ်ဘုံခန်းဝါအဆင့်ဖြစ်ကာ ညာဖက်ထောင့်စွန်းတွင် ရှိနေသောသူမှာ မူလစဦးအဆင့်ဖြစ်ပေသည်။

"တတိယအဆင့် စမ်းသပ်မှုဖြစ်ပါတယ်။ ကျောက်တိုင်သုံးခုရဲ့ အရှေ့မှာရှိနေတဲ့ ကံကြမ္မာစက်ဝိုင်းကိုလှည့်ပြီးတော့ ယှဥ်ပြိုင်တိုက်ခိုက်ရမယ့်သူကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။"

"ကံကြမ္မာစက်ဝိုင်းကို နှစ်ကြိမ်လှည့်ခွင့်ရှိပါတယ်။ ယှဥ်ပြိုင်တိုက်ခိုက်ရမယ့်သူကို နှစ်ကြိမ်ရွေးလို့ရပါတယ်။"

ရွှမ်အဖိုးအို၏ ငယ်ရွယ်သောအသံ ထွက်ပေါ်လာ၏။

"ဒါကနောက်ဆုံးစမ်းသပ်မှုပေါ့..."

ဇူယွမ်၏အမူအရာမှာ အနည်းငယ် ခက်ထန်သွားရသည်။ ေတာင်ထွတ်စမ်းသပ်ခြင်း၏ နောက်ဆုံးအဆင့် စမ်းသပ်မှုမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ရွေးချယ်မှုသုံးခုတွင် မူလစဦးအဆင့် တစ်ခုတည်းကိုသာ ဇူယွမ်အနုိင်ရရှိနိုင်သည်။

အခြားနှစ်ခုတွင်မူ ကောင်းကင်ဘုံနေမင်းအဆင့်အား မဆိုထားနှင့် နတ်ဘုံခန်းဝါအဆင့်သည်ပင် ဇူယွမ်အား သေသွားစေရန် လုံလောက်၏။

ကံကောင်းထောက်မစွာဖြင့် နှစ်ကြိမ်တိုင်ရွေးချယ်၍ရသောကြောင်​့ ဇူယွမ်မှာ မူလစဦးအဆင့်အား ရွေးချယ်မိရန် အခွင့်အရေးများလေသည်။

ဇူယွမ်မှာ ခပ်မြန်မြန်ဆုတောင်းလိုက်ပြီးနောက် ကျောက်တိုင်းသုံးခု၏အရှေ့သို့ လျှောက်လှမ်းသွားလိုက်၏။ ထိုနေရာတွင် ကံကြမ္မာစက်ဝိုင်းအား တွေ့ရှိလိုက်ရသည်။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှ္ူထုတ်လိုက်ပြီးနောက် အံကိုကြိတ်ကာ ကံကြမ္မာစက်ဝိုင်းအား ခပ်ပြင်းပြင်းလှည့်လိုက်၏။

ဝှီး...ဝှီး...

ကံကြမ္မာစက်ဝိုင်းမှာ အရှိန်ပြင်းစွာဖြင့် လည်ပတ်နေသည်။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ကံကြမ္မာစက်ဝိုင်းမှာ စတင်၍ အရှိန်လျော့ကျလာ၏။

ဇူယွမ်မှာ ကံကြမ္မာစက်ဝိုင်းထံမှ မျက်စိပင်မခွာနိုင်ပဲ ကြည့်ရှုနေလျက် ရှိသည်။ ဤသို့ဖြင့် ကံကြမ္မာစက်ဝိုင်းမျာ ရပ်တန့်သွား၏။

ဇူယွမ်မှာ မျက်စိမျက်နှာပင် ပျက်ယွင်းသွားရသည်။ ကံကြမ္မာစက်ဝိုင်းမှာ ကောင်းကင်ဘုံနေမင်းအဆင့်အား ညွှန်ပြနေသောကြောင့် ဖြစ်၏။

"ဟာ....သွားပါပြီကွာ..."

ဇူယွမ်မှာ လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် မကျေမနပ်ဖြစ်စွာ ရေရွတ်လိုက်သည်။

ကောင်းကင်ဘုံနေမင်းအဆင့်မှာ လက်လေးတစ်ချက်လှုပ်လိုက်ရုံမျှဖြင့် ဇူယွမ်အား သေစေရန်လုံလောက်၏။

ဇူယွမ်မှာ ကောင်းကင်ဘုံနေမင်းဟု ရေးထိုးထားသော ကျောက်တိုင်ကြီးအား မော့ကြည့်လိုက်သည်။ ကျောက်တိုင်ကြီး၏ထိပ်တွင်ရှိနေသော ပုံရိပ်မှာ ရုပ်ထုတစ်ခုအလား ငြိမ်သက်နေသော်လည်း ပြင်းထန်သောစွမ်းအင်ဖိအားများကို ထုတ်လွှတ်နေ၏။

"ငါသူ့ကို ချနိုင်မှာမဟုတ်ဘူး...." ဇူယွမ်မှာ ခေါင်းကိုခါယမ်းကာ ရေရွတ်လိုက်သည်။

"နောက်တစ်ခါ လှည့်လို့ရသေးလို့ တော်သေးတာပေါ့။"

ဇူယွမ်မှာ ကံကြမ္မာစက်ဝိုင်းအား နောက်တစ်ကြိမ် ထပ်မံလှည့်ရန် တွေးတောလိုက်၏။ သို့သော် ထိုအချိန်မှာပင် ရွှမ်အဖိုးအို၏စကားအား ပြန်လည်အမှတ်ရမိလိုက်သည်။

"မင်းပြောခ့ဲတဲ့ စကားတွေကို မှတ်ထားပါ...."

ဇူယွမ်မှာ ထိုစကားအား ပြန်လည်တွေးတောနေရင်းဖြင့် ကံကြမ္မာစက်ဝိုင်းဆီသို့ လှမ်းနေသောလက်များ ရပ်တန့်သွားရ၏။ ရွှမ်အဖိုးအိုမှာ အရေးမကြီးသော စကားအား မှာကြားလိုက်မည်မဟုတ်ချေ။

"ငါပြောခ့ဲတဲ့ စကား....."

ဇူယွမ်မှာ တိ်တ်ဆိတ်ငြိမ်သက်စွာဖြင့် ရွှမ်အဖိုးအိုနှင့် ပြောကြားခ့ဲသော စကားများအား ပြန်လည်တွေးတောလိုက်သည်။

"မင်းမှာ ယုံကြည်ချက်ရှိလား။"

"ကျွန်တော့်မှာ ယုံကြည်ချက် အပြည့်အဝရှိတယ်လို့လဲ မဟုတ်ပါဘူး။ ဒါပေမယ်​့ ကျွန်တော်က ကြောက်ရွ့ံပြီး နောက်တွန့်နေမှာ မဟုတ်ဘူး။"

ဇူယွမ်မှာ ထိုစကားများအား ပြန်လည်တွေးတောလိုက်ပြီးနောက် တိုးညင်းစွာ ရေရွတ်လိုက်၏။ "မကြောက်ဖို့လား...."

ဇူယွမ်မှာ ကံကြမ္မာစက်ဝိုင်းမှ ကောင်းကင်ဘုံနေမင်းအဆင့်အား ညွှန်ပြနေသည်ကို တွေ့ရှိလိုက်ရသောအခါ၌ ပထမဆုံး ဖြစ်ပေါ်လာသော ခံစားချက်မှာ ကြောက်ရွ့ံခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ နောက်တစ်ကြိမ် ထပ်မံလှည့်ရန် တွေးတောလိုက်ခြင်း ဖြစ်၏။

သို့သော် ထိုသို့ထပ်မံလှည်ခ့ဲပါက ဇူယွမ်မှာ ကောင်းကင်ဘုံနေမင်းအဆင့်အား ရင်ဆိုင်ရန် ကြောက်ရွ့ံနေခြင်း ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ကံကြမ္မာစက်ဝိုင်းအား ထပ်မံလှည့်ရန်မှာ မှန်ကန်သောရွေးချယ်မှုတစ်ခု ဖြစ်ပုံမရပေ။ ကြောက်ရွံ့စိတ်အား စမ်းသပ်သော လှည့်စားမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ဇူယွမ်မှာ ကံကြမ္မာစက်ဝိုင်းအား မလှည့်တော့ပဲ ခြေနှစ်လှမ်းမျှ နောက်ဆုတ်လိုက်ပြီးနောက် ကျောက်တိုင်ကြီးပေါ်ရှိ ပုံရိပ်တစ်ခုအား ကြည့်ကာအော်ဟစ်လိုက်သည်။

"ငါသေရမယ်ဆိုရင်လည်း ကောင်းကင်ဘုံနေမင်းအဆင့်ကို တိုက်ရင်းနဲ့ပဲသေမယ်။ ငါမင်းကို ကြောက်မယ်များထင်နေလား။"

ဇူယွမ်မှာ ထိုပုံရိပ်အား လက်ညှိုးထိုး၍ ကျယ်လောင်စွာ ထပ်မံအော်ဟစ်လိုက်၏။

"ကောင်းကင်ဘုံနေမင်းအဆင့်....."

"ငါမင်းကိုစိန်ခေါ်တယ်....."

All Chapters