← Chapters

စမ်းသပ်မှုအောင်မြင်ခြင်း

Vol. 36 Ch. 493

စမ်းသပ်မှုအောင်မြင်ခြင်း

Vol. 36 Ch. 493

ကျောက်တိုင်ထိပ်ပေါ်တွင်ရှိနေသော ဇူယွမ်မှာ ကောင်းကင်ဘုံနေမင်းအဆင့်ရှိသည့်ပုံရိပ်အား အ့ံအားသင့်စွာ ငေးမောနေမိသည်။ ဇူယွမ်အပေါ် ဖိနှိပ်ထားသော စွမ်းအင်ဖိအားများမှာ ရေပြင်ပေါ်တွင်ထင်ဟပ်သော လမင်း၏ပုံရိပ်က့ဲသို့ လျင်မြန်စွာပင် ကွယ်ပျောက်သွား၏။

"အောင်မြင်သွားပြီဟုတ်လား......"

ဇူယွမ်မှာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်များအား ကြည့်ရှုလိုက်သည်။ အစောပိုင်းတွင် ကြုံတွေ့ခ့ဲရသော အရာများမှာ ပုံရိပ်ယောင်မျှမဟုတ်ပဲ အမှန်တကယ် ရင်ဆိုင်ခ့ဲရခြင်း ဖြစ်၏။

ဇူယွမ်မှာ ဖြည်းညင်းစွာ ေပျာက်ကွယ်နေသော ပုံရိပ်များအား မျက်မှောင်ကျုံ့ကာ ကြည့်ရှုလိုက်သည်။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ စမ်းသပ်မှု၏ သဘောတရားကို နားလည်သိရှိသွား၏။

"ဒီစမ်းသပ်မှုက ကောင်းကင်ဘုံနေမင်းအဆင့်ကို နိုင်အောင်ချဖို့မဟုတ်ပဲ တိုက်ခိုက်ဖို့ သတ္တိရှိလားဆိုတာ စမ်းသပ်တာပဲ...."

ကောင်းကင်ဘုံနေမင်းက့ဲသို့ ကြောက်မက်ဖွယ်ရာအဆင့်ဖြင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက လူအများစုမှာ ကြောက်ရွ့ံမှုကြောင့် လက်လျော့သွားကြမည်ပင် ဖြစ်သည်။

အကယ်၍ ဇူယွမ်သာ ကံကြမ္မာစက်ဝိုင်းအား ထပ်မံလှည့်ခဲ့ပါက မူလစဦးအဆင့်သို့ ကျစေကာမူ အောင်မြင်တော့မည် မဟုတ်ချေ။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်ကို ရှ္ူထုတ်ကာ စိတ်ခံစားချက်များအား ထိန်းချုပ်လိုက်၏။ ဇူယွမ်မှာ ယခုအချိန်မှ ရွှမ်အဖိုးအို၏ သတိပေးမှုများအား အပြည့်အဝ နားလည်သွားရသည်။ ဤတောင်ထွတ်စမ်းသပ်ခြင်းတွင် ေကြာက်ရွ့ံကာ တွန့်ဆုတ်နေ၍မရပါချေ။ အကယ်၍ ဇူယွမ်သာ ကောင်းကင်ဘုံနေမင်းအဆင့်အား ရင်ဆိုင်ရန် ကြောက်ရွ့ံနေခ့ဲပါက စမ်းသပ်ခြင်းတွင် အောင်မြင်နိုင်ခ့ဲမည် မဟုတ်ပေ။

ဝုန်း.....

ရှေးဟောင်းခန်းမကြီးထံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာကာ ကြေးတံခါးချပ်ကြီး ဖြည်းညင်းစွာ ပွင့်ဟလာ၏။

"တတိယမြောက်စမ်းသပ်ခြင်း အောင်မြင်ပါတယ်။"

ရွှမ်အဖိုးအို၏ ငယ်ရွယ်သောအသံ ထွက်ပေါ်လာသည်။

ဇူယွမ်မှာ အသာအယာပင် ရှေးဟောင်ခန်းမကြီးဆီသို့ ပျံဝဲသွားလိုက်၏။ ဇူယွမ်မှာ အဓိကတောင်ထွတ်၏ အဓိကဝင်ပေါက်ဖြစ်သော တံခါးမကြီးအား ကြည့်ရှုလိုက်သည်။ ဇူယွမ်မှာ ရင်ထဲ၌ ပျော်ရွှင်နေသော ခံစားချက်များအား ထိန်းချုပ်မရအောင်ပင် ဖြစ်နေရ၏။

"ဒုတိယမြောက် သူတော်စင်မှော်စာလုံးကို ရတော့မှာပဲ...."

ဒေါင်......

ကြေးတံခါးချက်အတွင်းသို့ ဇူယွမ်ခြေချလိုက်သည်နှင့်တကွ ကျယ်လောင်လှသော ခေါင်းလောင်းသံကြီးတစ်ခုမှာ တောင်တန်းများဆီသို့ ပဲ့တင်ထပ်သွားလေတော့သည်။

................

လွန်ခ့ဲသော အချိန်အနည်းငယ်ခန့်၌....

ကန်ရွှမ်းကလန်အတွင်းရှိ လူများအားလုံးမှာ အဓိကတောင်ထွတ်အား အာရုံစိုက်နေကြ၏။ အဓိကတောင်ထွတ်၏ ချိပ်စည်းကြောင့် ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာသခင်များသည်ပင် ဇူယွမ်ဖြတ်ကျော်နေရသော အဆင့်များအား ကြည့်ရှု၍မရနိုင်ပဲ ရှိသည်။ ထို့ကြောင့် လူတိုင်းမှာ အဆုံးသတ်ရလဒ်ကိုသာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေရ၏။ စောင့်ဆိုင်းနေရသည်မှာ ပျင်းရိဖွယ်ကောင်းလှသောကြောင့် တပည့်များမှာ စကားစမြည်များ ပြောဆိုနေကြလျက် ရှိသည်။

"ဇူယွမ်က ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပါ့မလား။ သူသွားတာ အရမ်းကြာနေပြီ။ အရင်တပည့်ခေါင်းဆောင်တွေတောင် သူ့လောက်ဘယ်သူမှ မကြာဖူးဘူး။"

"ဒါပေမယ့် အရင်ခေါင်းဆောင်တွေက တစ်ယောက်မှ မအောင်မြင်ကြဘူးလေ။"

"အဟက်....အချိန်ကြာတာနဲ့ပဲ အောင်မြင်မှာတဲ့လား။"

"မူလသူတော်စင်တောင်ထွတ်ရဲ့ အဓိကတောင်ထွတ်က စမ်းသပ်မှုသုံးခုကို မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းကိုယ်တိုင် ပြုလုပ်ခ့ဲတာ။ တောင်ထွတ်စမ်းသပ်မှုကို အောင်မြင်သွားတဲ့ တပည့်မှန်သမျှ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းဆီက လမ်းညွှန်မှုတွေကို ရရှိကြတယ်တဲ့။ "

"ဟုတ်တယ် ကန်ရွှမ်းကလန် စတင်တည်ထောင်တဲ့ အချိန်ထဲက တပည့်တွေအများကြီး စမ်းသပ်မှုကို ကျော်ဖြတ်ခဲဲ့ကြပေမယ့် အရေအတွက် နည်းနည်းလေးပဲ အောင်မြင်ခ့ဲကြတာ။"

"အရမ်းထူးချွန်တဲ့ တပည့်တွေတောင်မှ ဒီတောင်ထွတ်စမ်းသပ်မှုကို မအောင်မြင်ခ့ဲကြဘူး။ အဲ့ဒါကို ဇူယွမ်က အောင်မြင်မယ်လို့များ ထင်နေတာလား။"

"ငါထင်တာတော့ ဒီမူလသူတော်စင်တောင်ထွတ်ရဲ့ အဓိကတောင်ထွတ်ချိပ်စည်းက ပွင့်မှာမဟုတ်ပါဘူးကွာ။"

"........."

ဝေဖန်ပြောဆိုသံများမှာ ပတ်ဝန်းကျင်တစ်ခွင် ပျ့ံနှ့ံလွှမ်းခြုံနေလျက် ရှိ၏။

ကွင်းပြင်ကျယ်အတွင်းရှိနေသော စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှာ ဝေဖန်ဆွေးနွေးနေမှုများကြောင့် အမူအရာများ ပျက်ယွင်းနေရသည်။ သို့သော် တောင်ထွတ်စမ်းသပ်မှုမှာအမှန်တကယ်ပင် ခက်ခဲလွန်းလှသဖြင့် စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှာ ဇူယွမ်အပေါ် ယုံကြည်မှုမရှိ ဖြစ်နေရ၏။

တစ်ဖက်တွင်မူ လုဟုန်းတပည့်များ၏ အမူအရာမျာစမှာ အေးစက်ခက်ထန်နေကြသည်။ လုဟုန်းမှာမူ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ရှိနေ၏။ လုဟုန်းမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအတွက် အစီအစဥ်များအားလုံး ပျက်သုန်းသွားခ့ဲရသောကြောင့် ဇူယွမ်အား အလွန်ပင် မုန်းတီးနေမိပါသော်လည်း ကလန်၏စည်းမျဥ်းများအရ ဒေါသများကိုသာ မြိုသိပ်ထားခ့ဲရသည်။ ထို့ကြောင့် ယနေ့တွင် ဒေါသစိတ်များအား အနည်းငယ် ပြေလျော့သွားစေရန်အတွက် ဇူယွမ်ကျရှုံးခြင်းအား လာရောက်ကြည့်ရှုခြင်းပင် ဖြစ်၏။

ကောင်းကင်ထက်၌

ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာသခင်များမှာ ချီကြာပွင့်ပေါ်တွင်ထိုင်လျက် အဓိကတောင်ထွတ်အား အာရုံစိုက်နေကြသည်။ ဆရာသခင်များမှာ ဝေဖန်ဆွေးနွေးသံများအား ကြားသိနေရပါသော်လည်း အနည်းငယ်မျှ ဟန့်တားခြင်း မရှိကြချေ။ မည်သို့ပင်ဖြစ်စေကာမူ တောင်ထွတ်စမ်းသပ်ခြင်းမှာ အမှန်တကယ်ပင် ခင်ခဲလှသောအရာဖြစ်၏။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ အစပြုကာ စကားဆိုလို်က်သည်။ "ဇူယွမ်သွားတာ တော်တော်ကြာနေပြီနော်။"

"နင်ကဘာတွေလောနေတာလဲ။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ ဝင်ရောက်ပြောဆိုလို်က်၏။

ကလန်ခေါင်းဆောင်ချင်းယန်မှာ အချင်းများကြမည်အား စိုးရိမ်သဖြင့် လက်ကာပြကာ တားဆီးလိုက်သည်။ ထို့နောက် ကလန်ခေါင်းဆောင်ချင်းယန်မှာ အသံတစ်ခုအား ကြားလိုက်ရသဖြင့် အ့ံအားသင့်စွာ အော်ဟစ်လိုက်၏။ "ရွှမ်ခေါင်းလောင်း မြည်နေပြီဟေ့.."

အခြားသောတောင်ထွတ်ဆရာသခင်များအားလုံးမှာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။ အသက်ရှ္ူစာ အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ငြိမ့်ညောင်းလှသော ခေါင်းလောင်းသံတစ်ခုမှာ တောင်တန်းများဆီသို့ ပျ့ံလွင့်လာ၏။

ချက်ချင်းဆိုသလိုပင် ဆူညံသံအားလုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်။

လူတိုင်းမှာ အဓိကတောင်ထွတ်ဆီသို့ ကြည့်ရှုရင်းဖြင့် ခေါင်းလောင်းသံအား နားစွင့်လိုက်ကြ၏။

ရွှမ်ခေါင်းလောင်းမှာ စမ်းသပ်မှု ပြီးဆုံးသွားသော အခါမှသာ ကြားရခြင်းဖြစ်သည်။ ခေါင်းလောင်းသံ ခုနစ်ချက်မြည်လျှင် စမ်းသပ်မှုသုံးခုလုံးအား အောင်မြည်သည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်၏။

အကြီးအကဲစိန်းထိုက်ယွမ်နှင့် လုစုန့်တို့မှာ အလွန်ပင် စိတ်လှုပ်ရှားနေဟန် ရှိသည်။ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ခေါင်းလောင်းသံတစ်ခုတည်းကိုသာ ရှင်းလင်းစွာ ကြားနေရ၏။

ဒေါင်.....

ဒေါင်.....

ဒေါင်.....

..........

ခေါင်းလောင်းသံမှာ ခြောက်ကြိမ်အထိ ရှိလာပြီ ဖြစ်သည်။

လူများမှာ အသက်ပင်မရှ္ူနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြ၏။

ရွှမ်းခေါင်းလောင်းမှာ ခြေောက်ကြိမ်အထိမြည်ပြီးနောက် ခေတ္တမျှ ရပ်တန့်သွားသည်။

လုဟုန်းမှာ အလွန်ပင် ပျော်ရွှင်သွားဟန်ဖြင့် သက်ပြင်းတစ်ချက်အား ချလိုက်၏။ သို့သော် ထိုအချိန်မှာပင် ခုနစ်ကြိမ်မြောက် ခေါင်းလောင်းမြည်သံမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျ့ံနှ့ံသွားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဝေဖန်ဆူညံသံများဖြင့် ပြည့်နှက်သွားရလေတော့သည်။

All Chapters