← Chapters

ဥတိုက်ပွဲ

Vol. 9 Ch. 117

ဥတိုက်ပွဲ

Vol. 9 Ch. 117

လေထဲတွင် အချိန်အတန် ကြာအောင် ပျော်ရွှင်စွာဖြင့် ပျံသန်းပြီးသည့်  နောက်တွင် အန်လင်းသည် အနည်းငယ် မောပန်းလာလေသည်။

သူသည် ဓားပျံစီးနင်းခြင်း၌ လူသစ် တစ်ဦးသာလျှင် ဖြစ်သည်။

သို့သော်လည်း အုတ်ခဲပျံ စီးနင်းရာတွင်မူ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီဟု သတ်မှတ်နိုင်သည်။

အန်လင်း ပြန်လာသည့် အခါတွင် သူ့အဖွဲ့သားများဩ အကြည့်များနှင့် ရင်ဆိုင်ရလေသည်။

အရုပ်ဆိုးလှသည့် အုတ်ခဲဖြင့် ပျော်ရွှင်စွာ ပျံသန်းနေသည့် စွမ်းရည်နှင့် ပတ်သက်၍ သူတို့သည် အန်လင်းအား အလွန်အမင်း လေးစား ကြည်ညိုသည့် အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

အန်လင်းသည် ဆံပင်ကို ဖွလိုက်ပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲကာဖြင့် "ဥတွေက စားလို့ ရပလားဟေ့ ..."

ရှောင်ချိုးသည် ခေါင်းညိတ်လိုက်ပြီး "အားလုံး ကျက်နေပြီ ... တစ်ယောက်တစ်လုံး စားကြတာပေါ့ ... နှစ်လုံး ကျန်တာကိုတော့ မဝသေးတဲ့သူ ထပ်ယူ ..."

ဥအားလုံးသည် ဖရဲသီး အရွယ်ရှိပြီး လူတစ်ဦးအတွက် လုံလောက်ပေသည်။

သို့သော်လည်း အလွန်အမင်း နှစ်သက်သူ ရှိပါက ထပ်မံ စားသောက်နိုင်ရန် အပိုအနေဖြင့် ထားရှိခြင်း ဖြစ်သည်။

အန်လင်းသည် ဥတစ်လုံးအား ယူလိုက်သည်။ ဥခွံသည် ပူနေဆဲ ဖြစ်သည်။

ဥ၏ အပေါ်တစ်ဝက်တွင် ရှိနေသည့် ဥခွံအား ညင်သာစွာဖြင့် ခွာယူလိုက်သည်။ ထို့နောက်တွင် ပျော့ပျောင်း နူးညံ့သည့်ဥ ထွက်ပေါ်လာသည်။

ဥ၏ မွှေးပျံ့သည့် ရနံ့သည့် နှာခေါင်းအတွင်း ဝင်ရောက်လာသဖြင့် ဆာလောင်မှု တိုးပွားစေသည်။

ချက်ချင်း ဆိုသလိုပင် အဖြူရောင် အကာကို ကိုက်ချလိုက်သည်။ ချိုမြိန်သည့် အရသာသည် လျှာထိပ်တွင် ပေါ်ထွက်လာသည်။ ဥကာသည် လတ်ဆတ်မှုနှင့် နူးညံ့မှုတို့ ရောယှက် နေလေသည်။

“အား… အရသာ ရှိလိုက်တာ ... ...”

အန်လင်းသည် နောက်တစ်လုတ် မစားမီ ကျယ်လောင်စွာဖြင့် ထုတ်ဖော်ချီးကျူး လိုက်ရသည်။

မကြာမီတွင် သူသည် အနှစ်အပိုင်းသို့ ရောက်ရှိလာသည်။

ရွှေရောင် အနှစ်ထံမှ သင်းပျံ့ မွှေးကြိုင်သည့် ရနံ့များ ထွက်ပေါ်နေလေသည်။

အန်လင်းသည် အနှစ်အား ကိုက်လိုက်သည့် အခါတွင် ချောမွေ့ကာ အသားကင် အရသာအား ခံစားမိလိုက်သည်။ ထိုအရသာသည် သူ၏ အရသာခံ အင်္ဂါအား ပိုင်စိုး သွားတော့သည်။

ဥ၏ရနံ့သည် အသားကင် အရသာနှင့် ပေါင်းစပ်သွားသည့်အခါ အလွန် သင်းပျံ့သည့် ရနံ့အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။ ထိုဥများသည် စားကောင်သောက်ဖွယ် တစ်ခု အနေဖြင့် ထိပ်တန်းအဆင့်၌ အမှန်တကယ် ရပ်တည်နေပေသည်။

အလွန် အရသာ ရှိလှသည်။

လူငါးယောက်နှင့် မျောက်တစ်ကောင်သည် ပျော်ရွှင်စွာဖြင့် သူတို့၏ ကိုယ်ပိုင်ဥများအား ဖြိုဖျက် စားသောက်လျက် ရှိကြသည်။

ထို့နောက်တွင် သူတို့၏ အကြည့်များသည် ကျန်ရှိနေသည့် ဥနှစ်လုံးထံ ရောက်ရှိ သွားကြသည်။

သူတို့အားလုံး၏ မျက်လုံးများသည် လိုချင တပ်မက်မှုများဖြင့် တောက်လောင်လျက် ရှိနေလေသည်။

မှတ်ပေသည်။ ဥ တစ်လုံးသည် လုံလောက်မှု မရှိပေ။

လူတိုင်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။

ဥများအတွက် တိုက်ခိုက် ရပေလိမ့်မည်။

"ငါက ဒီထဲမှာ အသေးဆုံးဆိုတော့ အာဟာရ အများကြီး လိုအပ်တယ် ... အသက်အရလည်း ဖွံ့ဖြိုးတဲ့ အရွယ် ဖြစ်နေတာကြောင့် ငါ့ကို တစ်လုံးလောက် အပိုပေးနိုင်မလားဟင် ..." မုန့်ထျန်းသည် သူမ၏ မျက်လုံးရွဲကြီးများအား ပုတ်ခတ်ကာဖြင့် လူတိုင်းအား ကြည့်လိုက်သည်။ သူမ၏ သေးသွယ်သည့် ကိုယ်ခန္ဓာ ဖွဲ့စည်းမှုကြောင့် လူတိုင်း၏ နှလုံးသားလေး ပျော့ပျောင်းလာရန် မျှော်လင့်လျက် ရှိနေသည်။

ကျုံးရုံရန်သည် အေးစက်စွာ ရယ်မော လိုက်ပြီးနောက် ယပ်တောင်အား တဖျပ်ဖျပ် ခတ်ကာဖြင့် "ကျောင်းသူမုန့်က ဖွံ့ဖြိုးတဲ့အရွယ်ကို ကျော်လွန်သွားပြီလေ ... အများကြီးစားလည်း အရပ်ရှည် မလာနိုင်တော့ဘူး ... ဒီလိုဆိုရင်ကော ဗန်းစကား ဖော်တဲ့ဂိမ်း ဆော့ကြမယ် ... နိုင်တဲ့သူက ဥတစ်လုံး ရမယ် ..."

လောင်ကျိပင်သည် ဗဟုသုတ မကြွယ်ဝသူ ဖြစ်သည့်အတွက် ချက်ချင်းဆိုသလို ငြင်းပယ်လိုက်သည်။ "ဘောကို ဗန်းစကား ဖော်တဲ့ဂိမ်း ... အစားအစာဆိုတာ လိုအပ်တဲ့အပေါ် လိုက်ပြီး ခွဲဝေရတာမျိုး ... ငါက အရပ်အရှည်ဆုး ဖြစ်တာကြောင့် ဥတစ်လုံးက ဘယ်လိုနည်းနဲ့မှ မဝနိုင်ဘူး ... အဲဒါကြောင့် နောက်တစ်လုံး လိုအပ်တယ် ..."

စွန်းရှန့်လျန်သည် သူမ၏ နှုတ်ခမ်းများကို တွန့်ကွေး လိုက်ပြီးနောက် "ဒီမှာရှိတဲ့ လူတွေထဲ ငါ့ရင်သားတွေက အကြီးဆုံးပဲ ... အဲဒါကြောင့် နင်တို့အားလုံး ငါပြောတာကို နားထောင်သင့်တယ် ... ကျန်တဲ့ဥတွေ အားလုံးကို ငါယူမယ် ..."

မုန့်ထျန်း : “…”

ကျုံးရုံရန် : “…”

လောင်ကျိပင် : “…”

ဤသို့ဖြင့် ထိုလေးယောက်လုံးသည် စကားလုံးတိုက်ပွဲများ ဆင်နွှဲကြတော့သည်။ သူတို့အားလုံးသည် သူတို့၏ ကိုယ်ပိုင် အကြောင်းအရာများကို တင်ပြကြသည်။

အချိန် အတော်ကြာအောင် ငြင်းခုံခဲ့ပြီးသော်လည်း သူတို့သည် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ ချမှတ်နိုင်ခြင်း မရှိသေး‌ချေ။

ထို့ကြောင့် အန်လင်းအား ကြည့်လိုက်ကြသည်။

မုန့်ထျန်း _ "နင်က အဖွဲ့ခေါင်းဆောင်လေ ... ဘာလို့ တစ်ခုမှ မပြောရတာလဲ ... ဥတွေကို ဘယ်လို လုပ်ရမယ်ဆိုတဲ့ အကြံလေး ဘာလေး မရှိဘူးလား ..."

အန်လင်း၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက် သွားပြီးနောက် မျက်မှောင်ကြုတ် ကာဖြင့် အဝေးသို့ ကြည့်လိုက်သည်။

ထို့နောက်တွင် အပြုံးတစ်ခု ချိတ်ဆွဲလိုက်ပြီး "ကျန်တဲ့ ဥတွေကို ပိုင်ဆိုင်ရမယ့် သူကို တိုက်ခိုက်နိုင်စွမ်းကို အခြေခံပြီး ဆုံးဖြတ် သင့်တယ်လို့ ထင်တယ် ... ဒါက အကောင်းဆုံးသော နည်းလမ်းပဲ ..."

ရှောင်ချိုးသည် ချက်ချင်းဆိုသလို လက်နှစ်ဖက်အား မြှောက်လိုက်ပြီး "သဘောတူပါတယ် ..."

လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် အကြည့်ချင်း ဖလှယ်ကာဖြင့် မျက်နှာတွင် လျှို့ဝှက်သည့် အပြုံးကိုယ်စီနှင့် ဖြစ်ကြသည်။

မုန့်ထျန်းနှင့် အခြား သူများသည် သူတို့နှစ်ဦး၏ မျက်လုံးချင်း စကားပြောခြင်းကို မြင်တွေ့လိုက် ကြရသည်။

***

ထန် ထန် ထန်… ဘန်း ဘန်း ဘန်း… ရှဲ ရှဲ ရှဲ… ဖျစ် ဖျစ် ဖျစ် …

အဖွဲ့သား လေးဦးတို့သည် မီးပုံဘေးရှိ မြေပြင်တွင် လဲလျောင်းလျက် ရှိကြသည်။ သူတို့၏ မျက်နှာများမှာ ထိခိုက် ဒဏ်ရာများ သွေးထွက်သံယိုများ ရှိနေကြသည်။

မုန့်ထျန်း၏ မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလာပြီးနောက် "ဒီလိုမျိုး အရှက်မဲ့တဲ့သူကို တစ်ခါမှတောင် မမြင်ဖူးခဲ့ဘူး ..."

ကျုံးရုံရန်သည် ဒေါသတကြီးဖြင့် "ငလူး ... သူက ကျောက်ခေတ်က လာတာလား ... အဲဒါကြောင့် စကားနဲ့ မဖြေရှင်းဘဲ ခွန်အား အသုံးပြုတာပေါ့ ..."

စွန်းရှဲ့လျန်သည် အန်လင်းအား စက်ဆုပ်ရွံရှာမှု အပြည့်ဖြင့် ကြည့်လိုက်ပြီး "ငါ့မှာ ဒီလိုမျိုး အဖွဲ့ခေါင်းဆောင် ရှိနေတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး ..."

လောင်ကျိပင်သည် သူ၏ ကြွက်သားများကို ဖိနှိပ်ကာဖြင့် မျက်နှာတွင် ဆုံးဖြတ်ချက် ပြတ်သားသည့် အမူအရာ ထင်ဟပ်လျက် ရှိနေသည်။ "သိပ်မကြာခင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီး လက်စား ပြန်ချေရမယ် ..."

ထိုလေးဦးနှင့် ယှဉ်ပါက အန်လင်းနှင့် ရှောင်ချိုးတို့သည် ဒုတိယမြောက် ဥအား ပျော်ရွှင်စွာဖြင့် စားသောက် နေကြလေသည်။ သူတို့သည် ဘဝအား ရွှင်မြူးစွာဖြင့် ဖြတ်သန်းနေခြင်း ဖြစ်သည်။

အရသာရှိလိုက်တဲ့ ဥတွေပါလား ...။

***

မနက်ခင်းသို့ ရောက်ရှိလာသည့် အခါတွင် လူတိုင်းသည် နောက်တစ်ဖန် ခရီးဆက် ကြပြန်သည်။

ဤတစ်ကြိမ်တွင် သူတို့သည် တောင်ပံခြောက်ခု ငှက်များနှင့် မုန်တိုင်းဓား ငှက်များကို အဓိကထား ရှာဖွေကြသည်။

အကြောင်းအရင်းမှာ ... ဟိဟိ ... အတော်လေး သိသာနေတယ်လေ မဟုတ်ဘူးလား။

နှစ်ဆုံးစာမေးပွဲအတွင်း ရှားပါးကောင်းမွန်သည့် စားဖွယ်များအား ရှာဖွေခြင်းသည် အန်လင်းနှင့် သူ၏အဖွဲ့အတွက် ပျော်ရွှင်မှု၏ အရင်းအမြစ် ဖြစ်လာသည်။

သို့သော်လည်း ငှက်အမျိုးအစား သန္ဓေပြောင်း သားရဲများသည် ရင်ဆိုင်ရန် အတော်လေး ခက်ခဲလှသဖြင့် သူတို့သည် မျှော်လင့်ချက် ကြီးစွာ မထားကြပေ။

ဗြိ ...

အန်လင်းသည် ဧရာမ လိပ်ပြာကြီးအား နှစ်ခြမ်း ခြမ်းလိုက်ပြီး ထိုအပိုင်းများမှနေ အစိမ်းရောင် အရည်များ စီးကျလာသည်။

လူတိုင်းသည် မျက်မှောင်ကြုတ် လိုက်ကြသည်။ အဆိုပါ သန္ဓေပြောင်း သားရဲသည် စားကောင်းမည့်ပုံ မပေါ်ချေ။

ထို့ကြောင့် အန်လင်းနှင့် သူ၏အဖွဲ့သည် တောင်အနက်ပိုင်းသို့ ခရီးဆက် ကြလေသည်။

ဘန်း ...

ရှောင်ချိုးသည် အနီရောင် ယူနီကွန်းအား သူ၏သံတုတ်ဖြင့် တစ်ချက်တည်း အဆုံးသတ်ပေး လိုက်သည်။

အဖွဲ့၏ လေ့လာချက်အရ ယူနီကွန်းသည် သန်မာပြီး ကြွက်သားများ ရှိသည်။ ထို့ကြောင့် သူတို့သည် တညီတညာတည်း ခေါင်းညိတ် လိုက်ကြသည်။

ဤသန္ဓေပြောင်း သားရဲသည် စားလို့ရပေသည်။

ထို့ကြောင့် အန်လင်းသည် ယူနီကွန်းအား သူ၏ သိုလှောင် လက်စွပ်အတွင်း ထည့်သွင်းလိုက်သည်။

***

အန်လင်းတို့ အဖွဲ့နောက်မှ လိုက်ပါလာကြသော တပ်သားများသည် မျက်ရည်များ စီးကျလာကြသည်။

အဆိုပါ ယူနီကွန်းသည် ရှားပါးလှသည့် မျိုးစိတ်ဖြစ်သည်။ သူ၏ အသွေးအသား များသည် လွန်စွာ အဖိုးတန်လှသည်။

သူတို့သည် ယူနီကွန်းအား ယူဆောင်သွားချင် မိသော်လည်း အန်လင်းသည် ကောက်ယူသိမ်းဆည်း လိုက်လေပြီ။

***

"ဟေ့လူတွေ ... အသင်္ချေတောင်တန်း နယ်မြေထဲမှာ သက်တံနွားလို့ခေါ်တဲ့ သန္ဓေပြောင်းသားရဲ တစ်ကောင်ရှိတယ် ... သူ့ရဲ့အသားတွေက နူးညံ့ရုံတင် မကဘူး မတူညီတဲ့ အရသာ ၇ မျိုးကိုလည်း စားနိုင်ဦးမှာ ... သူ့ရဲ့ နာမည်အတိုင်းလေ ..." ရှောင်ချိုးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ရှောင်ချိုး၏ စကားများကို နားထောင်ပြီးနောက်တွင် လူတိုင်းသည် တံတွေးများ မျိုချမိကြသည်။ သူတို့၏ မျက်လုံးများတွင် စားသောက်ချင်စိတ်များ လောင်ကျွမ်း လာလေသည်။

"ရှောင်ချိုး ... မင်းပြောတဲ့ သက်တံနွားဆိုတာ ဘယ်အစိတ်အပိုင်း လောက်မှာ ပေါ်လာတတ်သလဲ ..."

ရှောင်ချိုးသည် အနောက်တောင် အရပ်အား ညွှန်ပြကာဖြင့် "ငါသိသလောက်ကတော့ အနောက်တောင် အရပ်မှာရှိတဲ့ လေတောင်ကုန်းမြေမှာ သက်တံနွားကို တွေ့ရတတ်တယ်တဲ့ ... ငါတော့ တစ်ခါမှ မရောက်ဖူးဘူး ... ဒီကနေဆို ကီလိုမီတာ ၃၀၀ လောက်ပဲ ဝေးတယ် ..."

"ကီလိုမီတာ ၃၀၀လား ..." အန်လင်းသည် မျက်မှောင်ကြုတ် လိုက်သည်။ လမ်းလျှောက် သွားမည်ဆိုလျှင် နှစ်ရက်၊ သုံးရက်ခန့် ကြာပေလိမ့်မည်။

သို့သော်လည်း မစောင့်နိုင်တော့ချေ။ အရသာရှိလှသည့် စားဖွယ်လေးသည် သူ့အား စောင့်မျှော် နေပေသည်။ တစ်ရက်မျှ စောင့်ဆိုင်း ရခြင်းပင်လျှင် သူ့အတွက် ကြီးမားသည့် ဆင်းရဲဒုက္ခ ဖြစ်ပေသည်။

သို့ဖြစ်၍ သူ၏ အုတ်ခဲအား ထုတ်ယူလိုက်သည်။

“ကျယ်စမ်း ... ကျယ်စမ်း ... ကျယ်စမ်း ...”

အုတ်ခဲနက်သည် လေထုအလယ်တွင် မျောလျက်ရှိပြီး အန်လင်း၏ ညွှန်ကြားမှုကြောင့် အရွယ်အစားမှာ အဆက်မပြတ် ကြီးထွားလျက် ရှိပေသည်။ နောက်ဆုံးတွင် ၅ စတုရန်းမီတာ အရွယ်အစားရှိ ဧရာမ အုတ်ခဲအသွင် ဖြစ်လာတော့သည်။

"လာလေ ... တက်လိုက် ..."

လူတိုင်း၏ မျက်လုံးများသည် ဝင်းလက် လာပြီးနောက် အုတ်ခဲပေါ်သို့ ခုန်တက် လိုက်ကြသည်။

ဤအုတ်ခဲသည် အနည်းငယ် အရုပ်ဆိုးသော်လည်း လူအမြောက်အမြားအား သယ်ဆောင် နိုင်ပေသည်။

အန်လင်းသည် အူလှိုက်သည်းလှိုက် ရယ်မော လိုက်ပြီးနောက် အုတ်ခဲပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက်တွင် ပေါ့ပါးမန္တန်အား အသုံးပြု လိုက်လေသည်။

လူအများအပြားအား သယ်ဆောင်ရန် အတွက် ချီစွမ်းအင် အများအပြား လိုအပ်ပေသည်။ သို့သော်လည်း သူ့ထံတွင် စွမ်းအင်ဖြည့်တင်းခြင်း ဆေးလုံး ပေါများစွာ ရှိသည်ကြောင့် ပြဿနာတစ်ခု မဟုတ်တော့ပေ။

“သွားကြစို့ ... ...”

အန်လင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အုတ်ခဲသည် တုန်ခါကာဖြင့် လေထုထဲသို့ မြင့်တက်လာသည်။ ထို့နောက်တွင် အနောက်တောင် အရပ်တွင်ရှိသည့် လေတောင်ကုန်းမြေသို့ လျင်မြန်စွာ ပျံသန်း သွားလေတော့သည်။

သို့သော်လည်း အန်လင်းနှင့် သူ၏အဖွဲ့သည် တစ်ခုခုအား မေ့ကျန်ခဲ့ပုံ ရသည်။

***

သံချပ်ကာများ ဝတ်ဆင်ထားသည့် တပ်သားများသည် အတေးတွင် ပျောက်ကွယ်သွားသည့် ဧရာမ အုတ်ခဲနက်ကြီးအား တိတ်ဆိတ်စွာဖြင့် ကြည့်နေမိကြသည်။

တပ်သား ၁ : “ငါတို့က စွန့်ပစ်ခံလိုက် ရတာလား ...”

တပ်သား ၂ : “ငါတို့က သေးငယ်တဲ့ ဖြစ်တည်မှု လေးတွေလေ ... ငါတို့ကို မေ့သွားတာက သူတို့အတွက် ပုံမှန်ပါပဲ ...”

တပ်သား ၃ : “သူတို့က တမင် ချန်ထားခဲ့တာလို့ ဘာလို့များ ခံစားနေမိပါလိမ့် ...”

တပ်သား ၄ : “ငိုချင်လာပြီ ...”

တပ်သား ၅ : “အဲဒီတော့ အခု ဘာလုပ်ကြမတုန်း ...”

တပ်သား ၆ : “…”

***

All Chapters