← Chapters

မျိုးနွယ်စုခေါင်းဆောင်၏ကျောက်စိမ်းရုပ်ထု

Vol. 36 Ch. 495

မျိုးနွယ်စုခေါင်းဆောင်၏ကျောက်စိမ်းရုပ်ထု

Vol. 36 Ch. 495

"ခေါင်းလောင်းသံကိုးချက်...."

ဇူယွမ်မှာ ကြေးတံခါးချပ်အတွင်းသို့ ေခြချပြီးသည်နှင့်တကွ ပျ့ံလွင့်လာသော ခေါင်းလောင်းသံ ကိုးချက်အား ကြားလိုက်ရသည်။ ဇူယွမ်မှာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရလောက်အောင် အ့ံအားသင့်မိသွား၏။ ဇူယွမ်ကိုယ်တိုင်သည်ပင် ရွှမ်ခေါင်းလောင်း ကိုးကြိမ်မြည်လိမ့်မည်ဟု ထင်မှတ်မထားခ့ဲချေ။

"နဆ်ဘုရားကျောက်တုံးက ရွှေရောင်နေလုံးကြီးကို ဖျက်စီးပစ်လိုက်လို့များ ကိုးကြိမ်မြည်သွားတာလား။" ဇူယွမ်မှာ ခေါင်းကိုကုတ်ရင်းဖြင့် ရေရွတ်လိုက်မိသည်။ ဇူယွမ်မှာ ခေါင်းလောင်သံ ခုနစ်ကြိမ်ခန့်သာ မြည်ဟီးလိမ့်မည်ဟု ယူဆထားခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ တောင်ထွတ်စမ်းသပ်မှုရလဒ်အား ကြားသိလိုက်ရပြီးနောက် ဇူယွမ်မှာ ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားသက့ဲသို့ စိတ်လက်အနည်းငယ် ေပါ့ပါးသွားရသည်။ ယခုဆိုလျှင် ဇူယွမ်မှာ စမ်းသပ်မှုသုံးခုလုံးအား ကျော်ဖြတ်နိုင်ခ့ဲပြီပင် ဖြစ်၏။

ဇူယွမ်မှာ ပျော်ရွှင်နေသော စိတ်ခံစားချက်များအား ထိန်းချုပ်၍ ကြေးတံခါးချပ်အတွင်းသို့ ကြည့်ရှုလိုက်သောအခါတွင် စမ်းချောင်းငယ်လေးများဖြင့် ဝန်းရံထားသော လှေကားတစ်ခုအား တွေ့ရှိလိုက်ရသည်။ ဇူယွမ်မှာ တွေဝေမနေတော့ပဲ လှေကားထစ်အတိိုင်း တက်သွားလိုက်၏။

အသက်ရှုစာ အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ လှေကားထစ်များ၏ အဆုံးသတ်ဆီသို့ ရောက်ရှိိလာပြီး ရှေးဟောင်းခန်းမကြီးတစ်ခုအား တွေ့ရှိလိုက်ရသည်။ ရှေးဟောင်းခန်းမကြီးမှာ အလွန်ပင် အိုဟောင်းနေပြီဖြစ်ကာ ရိုးရှင်းသောပုံစံ ရှိ၏။ ထိုခန်းမမှာ မူလသူတော်စင်တောင်ထွတ်၏ အဓိကခန်းမကြီးပင် ဖြစ်သည်။

ဇူယွမ်မှာ ရှေးဟောင်းခန်းမကြီးအား လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်၏။ ဒုတိယမြောက် သူတော်စင်မှော်စာလုံးမှာ ဤခန်းမကြီးအတွင်း၌ ရှိနေခြင်း ဖြစ်ပေလိမ့်မည်။

ဇူယွမ်မှာ ပတ်ဝန်းကျင်အား လျင်မြန်စွာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ခန်းမအနီးသို့ လျှောက်လှမ်းသွားလိုက်သည်။ ထိုအချိန်၌ပင် ဇူယွမ်မှာ အန္တရာယ် အငွေ့အသက်များအား ခံစားလိုက်ရ၏။

"ချိပ်စည်း ထပ်ရှိနေတာလား။" ဇူယွမ်၏ အမူအရာမှာ ခက်ထန်သွားရသည်။ ခန်းမအတွင်းဖက်မှလာသော ချိပ်စည်း၏ အန္တရာယ်အငွေ့အသက်သည် ခန်းမအပြင်ဖက်တောင်ထွတ်ဆီမှ ချိပ်စည်းထက် ပို၍ပြင်းထန်၏။ ခန်းမအတွင်းမှ ထွက်ရှိနေသော ချိပ်စည်း၏ အငွေ့အသက်များမှာ ပြင်းထန်လှပြီး ကောင်းကင်ဘုံနေမင်းအဆင့်ရှိသူသည်ပင် စွမ်းအင်ဖိအားများကို ခံစားရနိုင်သည်။ ထိုချိပ်စည်းမှာ အဓိကခန်းမအား ကာကွယ်ထားသောအရာပင် ဖြစ်၏။

ဇူယွမ်မှာ အနည်းငယ်ပင် စိတ်ကသိကအောက် ဖြစ်သွားရသည်။ ဇူယွမ်မှာ တောင်ထွတ်စမ်းသပ်မှုသုံးခုအား အောင်မြင်အောင် ကြိုးစားခ့ဲရ၏။ ထို့နောက် ဇူယွမ်မှာ အရာအားလုံး ချောမွေ့သွားပြီဟု ထင်မှတ်ခ့ဲသော်လည်း ချိပ်စည်းတစ်ခု ထပ်မံပေါ်ပေါက်လာလေသည်။

ဇူယွမ်မှာ အချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် တစ်စုံတစ်ခုအား အမှတ်ရသွားဟန်ဖြင့် ခေါင်းကိုရိုက်ကာ ရေရွတ်လိုက်၏။ "အာ..ငါမေ့တော့မလို့။"

ဇူယွမ်မှာ သိုလှောင်အိတ်အတွင်းမှ သူတော်စင်အကြွင်းအကျန်ဒေသ၌ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ပေးအပ်ခဲ့သော အဖြူရောင်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုအား ထုတ်ယူလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှာ ထိုတံဆိပ်ပြားဖြင့် ချိပ်စည်းအား ဖြည်နိုင်သည်ဟု မှာကြားခ့ဲဖူး၏။

"စမ်းကြည့်ရမှာပဲ။" ထိုတံဆိပ်ပြားဖြင့် ချိပ်စည်းအား ဖြည်နိုင်ပါ့မည်လား မသေချာပါသော်လည်း ဇူယွမ်မှာ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဇူယွမ်မှာ ကျောက်စိမ်းတံဆိပ်ပြားအား လေထဲသို့ ပျံဝဲစေလိုက်သည်နှင့်တကွ တံဆိပ်ပြားမှာ ခန်းမတံခါးဝရှိ ချိပ်စည်းရှိရာသို့ ရောက်ရှိသွား၏။

ထို့နောက် ကျောက်စိမ်းတံဆိပ်ပြားထံမှ ရောင်ခြည်တန်းများ ထွက်ပေါ်လာကာ ချိပ်စည်းမှာ နှင်းခဲနှင့် ချော်ရည်ထိတွေ့လိုက်ရသည့်အလား အရည်ပျော်ကျလာတော့သည်။

အသက်ရှုစာ အနည်းငယ်မျှသော အချိန်အတွင်းမှာပင် အဓိကခန်းမအား ကာကွယ်ထားသော ချိပ်စည်းမှာ ပျောက်ကွယ်သွား၏။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း အန္တရာယ်အငွေ့အသက်များ မရှိတော့ပဲ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

"လွယ်လိုက်တာ။"

ဇူယွမ်မှာ အ့ံအားသင့်စွာဖြင့် ရေရွတ်လိုက်မိ၏။ ဇူယွမ်မှာ ချိပ်စည်းဖြည်ရန် တံဆိပ်ပြားအား ပေးအပ်ခ့ဲသော မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းအား အလွန်ပင် ကျေးဇူးတင်နေရသည်။ ထိုတံဆိပ်ပြားသာမရှိပါက ဇူယွမ်မှာ မည်မျှပင် ကြိုးစားစေပါမူ ၎င်းချိပ်စည်းအား ဖြည်နိုင်လိမ့်မည် မဟုတ်ပေ။

ဇူယွမ်မှာ တွေဝေတုန့်ဆိုင်းမနေတော့ပဲ တင်းကြပ်စွာပိတ်ထားသော တံခါးချပ်ကြီးအား တွန်းဖွင့်လိုက်၏။

ကျွီ.....

တံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်ဟလာပြီးနောက် ဇူယွမ်မှာ ရှေးဟောင်းအငွေ့အသက်အချို့အား ခံစားဘိုက်ရသည်။ ခန်းမ၏ အတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းလှပြီး နံရံကပ်မီးတိုင်များဖြင့် အလင်းပေးထား၏။ အောက်ခြေကြမ်းပြင်ရှိ ကျောက်သားမှာလည်း မှန်တစ်ချပ်အလား ချောမွေ့ပြောင်လက်နေကာ ဖုန်တစ်စက်မျှပင် မရှိပါချေ။

ဇူယွမ်မှာ ခန်းမအလယ်တွင်ရှိနေသော ကျောက်စိမ်းရုပ်ထုကြီးအား ​အ့ံအားသင့်စွာ ငေးမောကြည့်ရှုလိုက်မိသည်။ ကျောက်စိမ်းရုပ်ထုမှာ အလွန်ပင် ချောမောခန့်ညားသော လူငယ်တစ်ဦး၏ ပုံရိပ်အား ထွင်းထုထားခြင်း ဖြစ်၏။ ထိုလူငယ်မှာ သူတော်စင်အကြွင်းအကျန်ဒေသ၌ ဇူယွမ်တွေ့ဆုံခ့ဲရသော မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းပင် ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်၏ ကျောက်စိမ်းရုပ်ထုကြီးမှာ အလွန်ပင် အသက်ဝင်လှပြီး မျက်ဝန်းများက ထူးခြားဆန်းကြယ်သော ခံစားချက်အား ပေးစွမ်းနေ၏။ ကန်ရွှမ်းကောင်းကင်ဒေသတွင် နံပါတ်တစ်ဖြစ်ခ့ဲသော မျိုးနွယ်စုခေါင်းဆောင်၏ ပုံတူရုပ်ထုသည်ပင် လေးစားဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေရသည်။

"မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်။"

ဇူယွမ်မှာ ရုပ်ထုအား အရိုအသေပြုကာ ပြောလိုက်၏။

အတိတ်ကာလများ၌ သူတော်စင်အကြွင်းအကျန်ဒေသတွင် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းနှင့်သာ မဆုံတွေ့ခ့ဲပါက ဇူယွမ်မှာ ကန်ရွှမ်းကလန်ဆီသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိကာလ၌ ဇူယွမ်မှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ လမ်းညွှန်ပြသမှုများအား အလွန်ပင် ကျေးဇူးတင်နေရပြီ ဖြစ်သည်။

ဇူယွမ်မှာ ကျောက်စိမ်းရုပ်ထုကြီးအားကြည့်၍ ေမးမြန်းလိုက်၏။ "မျိုးနွယ်စုခေါင်းဆောင် ကျွန်တော် ဒီနေရာထိ ရောက်လာပြီလေ။ ဒုတိယမြောက် သူတော်စင်မှော်စာလုံးက ဘယ်နေရာမှာလဲဟင်။"

....

ကျောက်စိမ်းရုပ်ထုထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိချေ။

ဇူယွမ်မှာ ရှက်ရွ့ံစွာဖြင့် ခေါင်းကုတ်ကာ ရယ်မောလိုက်မိသည်။ "ဟားဟား...ငါ့ဘာသာပဲ ရှာရမယ်ထင်ပါတယ်။"

ဇူယွမ်မှာ ခန်းမတစ်ခုလုံးအား လိုက်လံရှာဖွေလိုက်၏။ သို့သော် မည်သည့်အရာမှ ရှာဖွေတွေ့ရှိခြင်းမရှိပဲ ရုပ်ထုထံသို့သာ ပြန်လည်ရောက်ရှိလာရသည်။ ဇူယွမ်မှာ ကျောက်စိမ်းရုပ်ထုပေါ်၌ ခပ်မှိန်မှိန် လင်းလက်တောက်ပနေသော ကျောက်စိမ်းတံဆိပ်ပြားတစ်ခုအား တွေ့ရှိလိုက်ရ၏။ ကျောက်စိမ်းတံဆိပ်ပြားပေါ်တွင် မူလသူတော်စင်ဟုသာ ရေးထိုးထားပြီး ဇူယွမ်မှ မ,ယူလိုက်သောအခါတွင် အလွန်ပင် လေးလံလှသည်ကို သိရှိလိုက်ရသည်။

"ဒါက မူလသူတော်စင်တောင်ထွတ်ရဲ့ ဆရာသခင်နေရာအတွက် တံဆိပ်ပြားများလား။" ဇူယွမ်မှာ အနည်းငယ် တွေးတောလိုက်၏။ မူလသူတော်စင်​တောင်ထွတ်၏ ဆရာသခင်တံဆိပ်ပြားမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခ့ဲသောကြောင့် မူလသူတော်စင်တောင်ထွတ်မှာ ဆရာသခင်မရှိပဲ အကြီးအကဲများဖြင့်သာ ရပ်တည်နေခ့ဲရသည်။

တောင်ထွတ်ဆရာသခင်တံဆိပ်ပြားမှာ အရေးကြီးပါသော်လည်း ဇူယွမ်မှာ စိတ်ဝင်စားခြင်း မရှိသောကြောင့် ပြန်လည်ချထားလိုက်၏။ ဇူယွမ်မှာ ဒုတိယမြောက် သူတော်စင်မှော်စာလုံးအား ဆက်လက်ရှာဖွေနေပါသော်လည်း သဲလွန်စတစ်ခုပင် မတွေ့ရှိပဲ ဖြစ်နေရသည်။

"မျိုးနွယ်စုခေါင်းဆောင်က ငါ့ကိုစနောက်သွားတာတော့ မဟုတ်ပါဘူးနော်..."

ဇူယွမ်မှာ ကျောက်စိမ်းရုပ်ထုရှေ့ရှိ ကျောက်ဖျာချပ်တစ်ခုပေါ်တွင် ထိုင်ချလိုက်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ ရုပ်ထုအား ကြည့်ရှုလိုက်၏။  ဇူယွမ်နှင့် ရုပ်ထုတို့၏ မျက်ဝန်းများမှာ တွေ့ဆုံသွားကြသည်။

ထိုအချိ်န်၌ပင် ဇူယွမ်မှာ ခံစားချက်တစ်ခုအား ခံစားလိုက်ရပြီးနောက် အနက်ဖော်သူတော်စင်မှော်စာလုံးမှာလည်း စတင်လည်ပတ်လာတော့၏။

"အနက်ဖော်သူတော်စင်မှော်စာလုံး...."

ဇူယွမ်မှာ အနက်ဖော်သူတော်စင်မှော်စာလုံးနှင့် ကြည့်ရှုလိုက်သောအခါတွင် ရုပ်ထု၏ လက်အတွင်းရှိနေသော အကန့်အသတ်မဲ့ စွမ်းအင်များ ပါရှိနေသည့် မူလမှော်စာလုံးတစ်ခုအား တွေ့ရှိလိုက်ရလေသည်။

ဇူယွမ်မှာ စိတ်နှလုံးများ ပေါက်ကွဲမတက်ပင် ပျော်ရွှင်ဝမ်းမြောက်သွားမိ၏။ ဇူယွမ်မှာ ဒုတိယမြောက်သူတော်စင်မှော်စာလုံးအား ရှာဖွေတွေ့ရှိခ့ဲပြီပင် ဖြစ်လေတော့သည်။

All Chapters