← Chapters

မြေဓာတ်စွမ်းအင်သူတော်စင်မှော်စာလုံး

Vol. 36 Ch. 496

မြေဓာတ်စွမ်းအင်သူတော်စင်မှော်စာလုံး

Vol. 36 Ch. 496

ကျောက်စိမ်းရုပ်ထုကြီး၏ လက်အတွင်းတွင် ခပ်မှိန်မှိန် လင်းလက်တောက်ပနေသော မူလမှော်စာလုံးတစ်ခု ရှိနေသည်။ ဇူယွမ်မှာ ထိုမှော်စာလုံးထံမှ ထွက်ရှိနေသော အရှိန်အဝါကြောင့် ဒုတိယမြောက် သူတော်စင်မှော်စာလုံးဖြစ်ကြောင်း သိရှိလိုက်၏။

ဇူယွမ်မှာ အချိန်အတော်ကြာသည့်တိုင်အောင် ပျော်ရွှင်ဝမ်းမြောက်နေသော စိတ်ခံစားချက်များအား မထိန်းချုပ်နိုင်ပဲ ဖြစ်နေရသည်။

ဇူယွမ်မှာ ကျောက်စိမ်းရုပ်ထုအနီးသို့ လျှောက်လှမ်းသွားကာ တုန်ရီစွာဖြင့် ရုပ်ထု၏လက်အား ထိတွေ့လိုက်၏။ ဇူယွမ်မှာ အေးမြသောအထိအတွေ့အား ခံစားလိုက်ရပေသည်။ ကျောက်စိမ်းရုပ်ထုအတွင်းမှ သူတော်စင်မှော်စာလုံးမှာ စတင်၍ လင်းလက်တောက်ပလာ၏။

ဇူယွမ်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ဂရုတစိုက်ဖြင့် သူတော်စင်မှော်စာလုံးအား ရယူနိုင်ရန် ကြိုးစားလိုက်သည်။

ဝုန်း....

သို့သော် မှော်စာလုံးမှာ ဇူယွမ်၏ ချည်းကပ်မှုကို သိရှိနေသည့်အလား စွမ်းအင်များအား ထုတ်လွှတ်ကာ ရုပ်ထုထံမှတဆင့် လေထုထဲသို့ ပျံဝဲသွား၏။

ဇူယွမ်မှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အလွန်ပင် ထိတ်လန့်သွားမိသည်။ အကယ်၍ သူတော်စင်မှော်စာလုံးသာ ပျောက်ဆုံးသွားပါက ဇူယွမ်ကြိုးစားခ့ဲရသမျှ အရာမထင် ဖြစ်သွားရပေလိမ့်မည်။

ဝုန်း...

ဇူယွမ်မှာ တွေဝေတုန့်ဆိုင်းခြင်း မရှိပဲ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ စွမ်းအင်စက်ဝန်းတစ်ခု ဖြစ်ပေါ်စေလိုက်ပြီးနောက် သူတော်စင်မှော်စာလုံးထံသို့ ပစ်လွှတ်လိုက်၏။

ဝုန်း....

သို့သော် သူတော်စင်မှော်စာလုံးမှာ စွမ်းအင်စက်ဝန်းအား လွယ်ကူစွာပင် ချိုးဖြတ်ပစ်လိုက်သည်။ ထို့နောက် သူတော်စင်မှော်စာလုံးမှာ ခန်းမတံခါးဝဆီသို့ ပျံဝဲသွားတော့၏။

ဇူယွမ်မှာ နဖူးထက်၌ ချွေးစေးများပင် သီးလာရသည်။ ဒုတိယမြောက် သူတော်စင်မှော်စာလုံးမှာ ရယူနိုင်ရန် လွန်စွာခက်ခဲလွန်းလှ၏။

ဝုန်း....

ဇူယွမ်မှာ အတွေးများကြား နစ်မြုနေစဥ်မှာပင် အနက်ဖော်သူတော်စင်မှော်စာလုံးမှာ စတင်၍ တုန်ခါလာလေသည်။ အနက်ဖော်သူတော်စင်မှော်စာလုံးထံမှ ထူးခြားဆန်းကြယ်သော အလင်းတန်းများ ထွက်ပေါ်လာ၏။

အနက်ဖော်သူတော်စင်မှော်စာလုံးထံမှ အလင်းတန်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတံခါးဝဆီမှ သူတော်စင်မှော်စာလုံးမှာ ဇူယွမ်ထံသို့ ပြန်လည်ပျံဝဲလာတော့သည်။ ဇူယွမ်မှာ သူတော်စင်မှော်စာလုံး ထပ်မံလွတ်မြောက်သွားမည်ကို စိုးရိမ်လွန်းလှသဖြင့် အနည်းငယ်မျှပင် မလှုပ်ရှားရဲပဲ ရှိနေ၏။

သူတော်စင်မှော်စာလုံးများမှာ ထူးခြားဆန်းကြယ်လွန်းလှပြီး ရရှိပိုင်ဆိုင်နိုင်ရန်မှာလည်း လွန်စွာခက်ခဲလှသည်။ ဇူယွမ်မှာ အနက်ဖော်သူတော်စင်မှော်စာလုံးကိုပင် နတ်ဘုရားကျောက်တုံး၏ အကူအညီကြောင့်သာ ရရှိနိုင်ခ့ဲခြင်း ဖြစ်၏။ ထို့ကြောင့် ဒုတိယမြောက် သူတော်စင်မှော်စာလုံးအား ရယူနိုင်ရန်အတွက် အခြားသော တစ်စုံတစ်ခု၏ အကူအညီအား လိုအပ်မည်သာ ဖြစ်သည်။ ဇူယွမ်မှာ ကံကောင်းထောက်မစွာဖြင့် အနက်ဖော်သူတော်စင်မှော်စာလုံးထံမှ အကူအညီအား ရရှိခ့ဲ၏။

ဒုတိယမြောက် သူတော်စင်မှော်စာလုံးမှာ ဇူယွမ်အား နှစ်ကြိမ်မျှ လှည့်ပတ်စစ်ဆေးလိုက်ပြီးနောက် အနက်ဖော်သူတော်စင်မှော်စာလုံးထံမှ ထွက်ပေါ်နေသော ရင်းနှီးကျွမ်းဝင်သည့် စွမ်းအင်များကြောင့် ဇူယွမ်ထံသို့ ဆင်းသက်လာလေသည်။

ဇူယွမ်မှာ လက်ဝါးကိုဖြန့်ကာ သူတော်စင်မှော်စာလုံးအား လက်ခံရယူလိုက်၏။ ဇူယွမ်၏လက်နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် သူတော်စင်မှော်စာလုံးမှာ အရည်ပျော်ကျသွားသည့်အလား အသွေးအသားများအတွင်းသို့ စီးဝင်သွားလေတော့သည်။ ထို့နောက် ဇူယွမ်၏ လက်ဝါးပေါ်၌ ရှေးဟောင်မှော်စာလုံးအမှတ်အသားတစ်ခု ပေါ်ပေါက်လာ၏။

ဇူယွမ်မှာ သူတော်စင်မှော်စာလုံး ပြန်လည်ထွက်ပြေးသွားမည်ကို စိုးရိမ်လွန်းလှသဖြင့် လက်အားအလျင်အမြန်ပင် ဆုပ်ထားလိုက်သည်။ ဇူယွမ်မှာ ဒုတိယမြောက် သူတော်စင်မှော်စာလုံး၏ အချက်အလက်များအား လက်ခံရရှိလိုက်၏။

"မြေဓာတ်စွမ်းအင်သူတော်စင်မှော်စာလုံးက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားရဲ့ ဒုတိယမြောက် မှော်စာလုံးဖြစ်တယ်။ မြေဓာတ်စွမ်းအင်တွေကို စုပ်ယူနိုင်ပြီးတော့ အသုံးပြုသူရဲ့ စွမ်းအင်တွေကို တိုးပွားစေတယ်။"

"အဲ့ဒါဆို ဒီသူတော်စင်မှော်စာလုံးရဲ့နာမည်က မြေဓာတ်စွမ်းအင်ပေါ့။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် ဇူယွမ်မှာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ဆက်လက်ရေရွတ်လိုက်၏။ "မြေဓာတ်စွမ်းအင်........အသုံးပြုသူရဲ့ စွမ်းအင်တွေကို တိုးပွားစေတယ်တဲ့။"

ဇူယ​ွမ်မှာ ခေါင်းအားကုတ်လိုက်မိ၏။ ကြည့်ရသည်မှာ ဤသူတော်စင်မှော်စာလုံးသည် တိုက်ပွဲများတွင် အသုံးဝင်ပေလိမ့်မည်။ သို့သော် ဇူယွမ်မှာ လေ့လာနေရန် အချိန်မရသဖြင့် လက်သီးဆုပ်လိုက်ကာ သူတော်စင်မှော်စာလုံးအား အသွေးအသားကြား နစ်ဝင်ပျောက်ကွယ်သွားစေလိုက်သည်။

ဇူယွမ်မှာ ဒုတိယမြောက် သူတော်စင်မှော်စာလုံးအား ရရှိပိုင်ဆိုင်နိုင်ခ့ဲပြီ ဖြစ်သောကြောင့် ဝန်ထုပ်ဝန်ပိုးများအားလုံး လျော့ကျသွားသလို ခံစားလိုက်ရ၏။ ဇူယွမ်၏ ပထမဆုံး အဓိကရည်မှန်းချက်တစ်ခုမှာ ပြီးမြောက်သွားခ့ဲပြီပင် ဖြစ်သည်။

ဝုန်း.....

ဇူယွမ်မှ ဒုတိယမြောက် သူတော်စင်မှော်စာလုံးအား ရရှိပိုင်ဆိုင်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းရုပ်ထု၏ မျက်ဝန်းမှာ လင်းလက်တောက်ပလာ၏။

ဇူယွမ်မှာ ရုတ်တရက် ထိ်တ်လန့်မိသွားပြီးနောက် အနောက်သို့ လျင်မြန်စွာ ဆုတ်လိုက်သည်။

ကျောက်စိမ်းရုပ်ထု၏ မျက်ဝန်းထံမှ ထွက်ပေါ်လာသော အလင်းတန်းများမှာ ရှေးဟောင်းစာလုံးများအ​ဖြစ်သို့ ဖြည်းညင်းစွာ ပြောင်းလဲသွား၏။

"ဒါက....."

ဇူယွမ်မှာ အ့ံအားသင့်သွားပြီးနောက် လျင်မြန်စွာပင် ဖတ်ရှုလိုက်သည်။

"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ...."

"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆိုတာ ဘယ်နေရာလဲ..." ဇူယွမ်မှာ အနည်းငယ်မျှ စဥ်းစားတွေးတောလိုက်ပြီးနောက် မျက်ဝန်းများ ပြူးကျယ်သွားရ၏။ "တတိယမြောက် သူတော်စင်မှော်စာလုံးအတွက် သဲလွန်စပဲ ဖြစ်ရမယ်။"

အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ရုပ်ထုထံမှ ထွက်ပေါ်နေသော အလင်းတန်းများ ပျောက်ကွယ်သွားကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

ဇူယွမ်မှာ လေးနက်တည်ကြည်သော မျက်ဝန်းများဖြင့် ကျောက်စိမ်းရုပ်ထုအားကြည့်ကာ ပြောလိုက်၏။ "မစိုးရိမ်ပါနဲ့ မျိုးနွယ်စုခေါင်းဆောင်။ သူတော်စင်မှော်စာလုံး လေးခုလုံးရနိုင်ဖို့အတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားမှာပါ။"

သူတော်စင်မှော်စာလုံး လေးခုအား စုဆောင်းသိမ်းဆည်းနိုင်ခ့ဲလျှင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရရှိနိုင်မည်ဖြစ်ပြီး ဇူယွမ်မှာ ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင်အသစ် ဖြစ်လာပေလိမ့်မည်။

ဝုန်း....

ထိုအချိန်မှာပင် ကျောက်စိမ်းရုပ်ထုထံမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခွင်လုံးအား လွှမ်းခြုံသွားလေသည်။ ထိုအစိမ်းရောင်အလင်းတန်းမှာ အဓိကတောင်ထွတ်၏ ချိပ်စည်းများအားလုံးကို ပျော်ကျသွားစေ၏။

အဓိကတောင်ထွတ်အား ဖုံးအုပ်ထားသော မြူခိုးများမှာလည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားရသည်။ နှစ်ပေါင်းများစွာ ပိတ်နေခ့ဲသော အဓိကတောင်ထွတ်၏ ချိပ်စည်းမှာ ပြန်လည်ပွင့်ဟသွားခ့ဲပြီပင် ဖြစ်၏။

ဒေါင်.....ဒေါင်....ဒေါင်.....

ကျယ်လောင်လှသော ခေါင်းလောင်းမြည်သံများမှာ ကန်ရွှမ်းကလန်တစ်ခုလုံးသို့ ပျ့ံနှံံလွှမ်းခြုံသွားလေသည်။

ကောင်းကင်ထက်တွင်ရှိနေသော ကလန်ခေါင်းဆောင် ချင်းယန်မှာ အ့ံအားသင့်စွာဖြင့် အဓိကတောင်ထွတ်အား ကြည့်ရှုလိုက်ပြီးနောက် မတ်တပ်ရပ်ကာ အရိုအသေပြုလိုက်၏။

"မူလသူတော်စင်ရဲ့ အဓိကတောင်ထွတ်ကြီး ချိပ်စည်းပြယ်သွားခ့ဲပြီ။"

မူလသူတော်စင်တောင်ထွတ်မှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်သောကြောင့် ချိပ်စည်းပြယ်သွားရခြင်းအပေါ် ကလန်ခေါင်းဆောင်ချင်းယန်မှာ အလွန်ပင် ဝမ်းမြောက်နေမိသည်။

အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း လေးနက်တည်ကြည်စွာဖြင့် အဓိကတောင်ထွတ်အား အရိုအသေ ပြုလိုက်ကြ၏။

"မူလသူတော်စင်တောင်ထွတ် ​ချိပ်စည်းပြယ်သွားတဲ့အတွက် ဝမ်းသာဂုဏ်ပြုပါတယ်။"

ကလန်ခေါင်းဆောင်နှင့် တောင်ထွတ်ဆရာသခင်များ၏ စကားသံကြောင့် ကန်ရွှမ်းကလန်တစ်ခုလုံးမှ တပည့်များမှာလည်း အဓိကတောင်ထွတ်ဆီသို့ ကြည့်ရှုလိုက်ကြသည်။

ယနေ့မှစ၍ ကန်ရွှမ်းကလန်သည် တောင်ထွတ်ခုနစ်ခု ပြန်လည်တည်ရှိတော့မည်ပင် ဖြစ်ပေတော့သတည်း။

All Chapters