← Chapters

တံဆိတ်ပြားအားရှာဖွေခြင်း

Vol. 36 Ch. 498

တံဆိတ်ပြားအားရှာဖွေခြင်း

Vol. 36 Ch. 498

ကျယ်လောင်လှသော ခေါင်းလောင်းသံမှာ ကန်ရွှမ်းကလန်တစ်ခုလုံးအား ပျံနှံလွှမ်းခြုံသွားသည်။

ကောင်းကင်ထက်တွင်ရှိသော ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာသခင်များမှာ တစ်ဦးနှင့်တစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် အဓိကတောင်ထွတ်၏ ရှေးဟောင်းခန်းမကြီးရှေ့သို့ ပျံဝဲဆင်းသက်လိုက်ကြ၏။

ဇူယွမ်မှာ ခန်းမ၏ရှေ့တွင် ဆရာသခင်များအား စောင့်ဆိုင်းနေလေသည်။ ဇူယွမ်မှာ ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များအား မြင်တွေ့လိုက်ရသည်နှင့်တကွ အရိုအသေပြုကာ နှုတ်ဆက်လိုက်၏။

“ကလန်ခေါင်းဆောင်နဲ့ တောင်ထွတ်ဆရာသခင်တွေကို နှုတ်ဆက်ပါတယ်။”

ကလန်ခေါင်းဆောင်မှဇူယွမ်အား နွေးထွေးစွာကြည့်ကာ ပြောလိုက်သည်။ “ဇူယွမ် မင်းကမူလသူတော်စတောင်ထွတ်က အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းကို ဖြည်ပေးနိုင်ခဲ့တာပဲ။ ဒီကိစ္စအတွက် ငါတို့ကမင်းကို ကျေးဇူးတင်ပါတယ်။”

ဇူယွမ်မှ လျင်မြန်စွာ ပြန်ပြောလိုက်၏။ “မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကျွန်တော်မှာ တာဝန်ရှိပြီးသားပါ။”

ကလန်ခေါင်းဆောင်ချင်းယန်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ခန်းမအတွင်းရှိ ကျောက်စိမ်းရုပ်ထုဆီသို့ လေးနက်စွာဖြင့် လျှောက်လှမ်းသွားလိုက်သည်။ အခြားသောတောင်ထွတ်ဆရာသခင်များမှာလည်း ကလန်ခေါင်းဆောင်နောက်မှ လိုက်သွားကြ၏။

ကလန်ခေါင်းဆောင်နှင့် တောင်ထွတ်ဆရာသခင်များမှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ ကျောက်စိမ်းရုပ်ထုအား လေးနက်စွာဖြင့် အရိုအသေပြုလိုက်ကြသည်။

“ဒီရုပ်ထုကို မမြင်ရတာတောင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။” ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ စကားဆိုလိုက်၏။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ ကျောက်စိမ်းရုပ်ထုအား အချိန်အနည်းငယ်မျှ ကြည့်ရှုနေပြီးနောက် တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။ “ကျွန်တော်တို့ ရှာကြတော့မလား။”

အခြားသော တောင်ထွတ်ဆရာခင်များမှာလည်း လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ကလန်ခေါင်းဆောင်ချင်းယန်မှာ သက်ပြင်းချလိုက်နောက် ကျောက်စိမ်းရုပ်ထုအား ထပ်မံအရိုအသေပြုလိုက်သည်။ "အနှောက်အယှက်ဖြစ်စေရတဲ့အတွက်တောင်းပန်ပါတယ် ဆရာသခင်။"

ထို့နောက် တောင်ထွတ်ဆရာသခင်များမှာ အဓိကတောင်ထွတ်၏ နေရာအနှံအပြားဆီသို့ ပျံနှံရောက်ရှိသွားကြ၏။ ချက်ချင်းဆိုသလိုပင် ဇူယွမ်မှာလည်း ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ခံစားလိုက်ရသည်။

ကလန်ခေါင်းဆောင်ချင်းယန်မှာ ကျောက်စိမ်းရုပ်ထု၏ရှေ့၌ပင် မျက်ဝန်းများအားပိတ်ထားလိုက်ပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်အား ဖြန့်ကျက်ကာ အဓိကတောင်ထွတ်တစ်ခုလုံးအား စစ်ဆေးလိုက်၏။

ဇူယွမ်မှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် စိတ်နှလုံးများပင်တုန်ရီလာရသည်။ ဇူယွမ်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ကလန်ခေါင်းဆောင်ချင်ယန်နှင့်တောင်ထွတ်ဆရာသခင်များမှာ သူတော်စင်တံဆိပ်ပြားအား ရှာဖွေနေခြင်း ဖြစ်ပေလိမ့်မည်။

သူတော်စင်တံဆိပ်ပြားမှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းသေဆုံးသွားသည့် အချိန်မှစ၍ ပျောက်ဆုံးသွားခဲ့ခြင်းပင်ဖြစ်၏။ အကယ်၍ ကန်ရွှမ်းကလန်သာ သူတော်စင်တံဆိပ်ပြားအား ပြန်လည်ပိုင်ဆိုင်ခွင့်ရခဲ့ပါက ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးတွင် ပြန်လည်လာနိုင်မည်ပင် ဖြစ်သည်။

မူလသူတော်စင်တောင်ထွတ်မှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ အနှစ်သက်ဆုံး နေရာတစ်ခုဖြစ်၏။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းသေဆုံးသွားသည့် အချိန်မှစ၍ သူတော်စင်တောင်ထွတ်မှာလည်း ချိပ်ပိတ်သွားခဲ့ရသည်။ ထို့ကြောင့် ကန်ခေါင်းဆောင်ချင်ယန်နှင့် အခြားသောတောင်ထွတ်ဆရာသခင်များမှာ မူလသူတော်စင်တောင်ထွတ်၌ သူတော်စင်တံဆိပ်ပြား ရှိနေလိမ့်မည်ဟု ယူဆမိခြင်း ဖြစ်၏။

ဇူယွမ်တစ်ဦးတည်းကသာ ဤနေရာတွင် သူတော်စင်တံဆိပ်ပြား မရှိကြောင်းကို သိရှိနေခြင်း ဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှာ ဒုတိယမြောက်သူတော်စင်မှော်စာလုံးအား ကာကွယ်ထားရန်အတွက်သာ တောင်ထွတ်ကို ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်၏။ ယခုမခါတွင် ဒုတိယမြောက် သူတော်စင်မှော်စာလုံးမှာ ဇူယွမ်၏လက်ထဲ၌ ရှိနေပြီဖြစ်သောကြောင့် သူတော်စင်တံဆိပ်ပြားနှင့်ပတ်သက်သော မည်သည့်အရာကိုမှရှာဖွေတွေ့ရှိနိုင်တော့မည်မဟုပေ။

တောင်ထွတ်ဆရာသခင်များမှာ အချိန်များစွာ ကြာသည့်တိုင်အောင် ရှာဖွေခဲ့ပြီးနောက် စိတ်ပျက်အားလျော့စွာဖြင့် ခန်းမဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။

ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ စကားဆိုလိုက်၏။ "ငါတို့ကသာ သူတော်စင်တံဆိပ်ပြားရှိလိမ့်လို့ ထင်နေခဲ့တာနဲ့ တူပါတယ်။"

ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှ မျက်မှောင်ကျုံကာ ပြောလိုက်သည်။ "ဆရာသခင်ကန်ရွှမ်းက ဘာမှမထားခဲ့ပဲနဲ့ ဒီနေရာကို ချိပ်ပိတ်မှာတဲ့လား။ ဘယ်လိုမှမဖြစ်နိုင်ဘူး။"

"ဆရာသခင်ကအေးအေးချမ်းချမ်း အနားယူချင်လို့ရော မဖြစ်နိုင်ဘူးလား။" သူတော်စင်မှော်စလုံးတောင်ထွတ်၏ ဆရာသခင်မျက်ခုံးဖြူမှ ဝင်ရောက်ပြောဆိုလိုက်၏။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ ခေါင်းအားခါယမ်းလိုက်သည်။ ထို့နောက် စူးရှလေးနက်သော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "မင်းကဒီထဲကို ပထမဆုံး ဝင်တဲ့သူပဲ။ မင်းဘာမှမတွေဘူးလား။"

ဇူယွမ်မှတည်ငြိမ်သော အမူအရာဖြင့်ပင် ခေါင်းကိုခါယမ်းကာ ပြန်လည်ဖြေကြားလိုက်၏။ "တောင်ထွတ်ဆရာလင်ကျွမ်း ဘာကိုဆိုလိုချင်တာလဲဆိုတာ ဒီတပည့်နားမလည်ပါဘူး။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ ပြန်၍ပြောလိုက်သည်။ "မင်းက မူလစဦး ပဉ္စမအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် မင်းရဲ့ချီစွမ်းအင်အခြေခံအုတ်မြစ်ကတော့ အရမ်းကိုကြောက်စရာကောင်းတယ်။ အဲ့ဒါဘာဖြစ်လို့လဲ။"

ဇူယွမ်မှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်းအားကြည့်ကာ ပြောလိုက်၏။ “ဒီတပည့်က ကျင့်ကြံရေးလမ်းစဉ် ပေါ်မှာ ကံကောင်းမှုတချို့ကိုရရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ ကိစ္စတွေက တောင်ထွတ်ဆရာသခင်လင်ကျွမ်းနဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ တောင်ထွတ်ဆရာလင်ကျွမ်းက တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခန်းအနားတုန်းက ဓားကပ်ဘေးတောင်ထွတ်ရဲ့ အစီအစဉ်တွေကို ပျက်စီးစေခဲ့လို့ ကျွန်တော့်ကို မျက်မုန်းကျိုးနေတာများလား။”

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ ဇူယွမ်အားစူးရှလေးနက်စွာကြည့်၍ စကားဆိုလိုက်သည်။ “မရိုင်းစိုင်းနဲ့စမ်း။ ငါက အရေးကြီးလို့ မေးမြန်းနေတာ။ မင်းကိုသံသယရှိတဲ့အတွက် မိုးကြိုးအကျဉ်းတောင်ထွတ်ကိုသွားပြီး စစ်ဆေးတာခံယူသင့်တယ်။”

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရ၏။ ဇူယွမ်မှာ သံသယဖြစ်ခံရခြင်းအတွက် အနည်းငယ်မျှပင် စိတ်အနှောက်အယှက် မဖြစ်မိချေ။ အဘယ့့်ကြောင့်ဆိုသော် ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောဆရာသခင်များမှာ သူတော်စင်မှော်စာလုံးများ၏အကြောင်းအား သိရှိနိုင်မည်မဟုတ်သောကြောင့်  ဖြစ်သည်။ သူတော်စင်မှော်စာလုံးအား ရှာဖွေတွေ့ရှိသွားလျှင်ပင် ကံကောင်းထောင်းမမှုဖြင့် ရရှိခဲ့သော ရှေ့ဟောင်းမှော်စာလုံးများဖြစ်သည်ဟု ဖြေကြား၍ ရနိုင်ပေ၏။ သို့သော် အကြောင်းပြချက်မရှိဘဲ သံသယဖြစ်ခံရခြင်းမှာ အလွန်ပင်ကသိကအောက်ဖြစ်ရသည်။

“လင်ကျွမ်း မင်းက သူတော်စင်တံဆိပ်ပြားနဲ့ ပတ်သက်ပြီး တော်တော်ကိုပြောမရဆိုမရ ဖြစ်နေတာပဲ။”

အေးစက်ကျယ်လောင်လှသော အသံတစ်ခုမှာ ခန်းမအတွင်း ပဲ့တင်သံထပ်သွား၏။ ရွှမ်းအဖိုးအိုမှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်းအား ဒေါသထွက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေလျက် ရှိ၏။

ဇူယွမ်က ငါတို့သူတော်စင်တောင်ထွတ်အတွက် ချိပ်စည်းကိုတောင်ဖြေပေးခဲ့တာ။ သူ့ကို ဆုလဒ်မပေးရင်တောင်နေပါ။ ဘာလို့ သံသယဖြစ်မှုနဲ့ မိုးကြိုးအကျဉ်းထောင်ကို ပို့ရမှာလဲ။ မင်းမှာ အသိတရားရောရှိသေးရဲ့လား။”

မင်းရဲ့စကားတွေသာ တပည့်တွေကြားသွားရင် ငါတို့ကန်ရွှမ်းကလန်အတွက် ဘာမှလုပ်ပေးရဲမှာ မဟုတ်တော့ဘူး။”

တောင်ထွတ်ဆရာလင်ကျွမ်းမှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ “ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက အရမ်းအရေးကြီးတယ်လေ။ အဲ့ဒါကြောင့် တပည့်တစ်ယောက်တလေ စစ်ဆေးခံရတာမျိုးကတော့ ဖြစ်သင့်တယ်မလား။”

ရွှမ်းအဖိုးအိုမှာ လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောလိုက်၏။ “မင်းတို့အကုန်လုံး ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက ဘယ်လိုရတနာလဲဆိုတာ သိနေကြတာပဲ မဟုတ်ဘူးလား။ ဇူယွမ်မှာသာရှိနေရင် မင်းတို့မခံစားရပဲ နေပါ့မလား။ အဲ့ဒါကိုမိုးကြိုးအကျဉ်းထောင်အထိ ပို့ဖို့လိုအပ်နေလို့လား။”

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ တိတ်ဆိတ်ငြိမ်သက်သွားရ၏။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ အလွန်စွမ်းအားကြီးသော မူလရတနာတစ်မျိုးဖြစ်ပြီး ကလန်ခေါင်းဆောင်ချင်းယန်ကဲ့သို့သော လူမျိုးသည်ပင် ကွယ်ဝှက်ထားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မူလစဦးပဉ္စမအဆင့်သာရှိသော ဇူယွမ်ဆိုလျှင် မည်သို့မျှ ကွယ်ဝှက်ထားနိုင်စရာ အကြောင်းမရှိချေ။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ “မထင်မှတ်ထားတတ်တာတွေဆိုတာက ဖြစ်လာနိုင်တာပဲ။”

ရွှမ်းအဖိုးအိုမှာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ကလန်ခေါင်းဆောင်ချင်းယန်အားကြည့်ကာ စကားဆိုလိုက်သည်။ “ကလန်ခေါင်းဆောင်ရော ဇူယွမ်ကို မိုးကြိုးအကျဉ်းထောင်ပို့ဖို့ ဆန္ဒရှိလား။”

ကလန်ခေါင်းဆောင်ချင်းယန်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဇူယွမ်က မူလသူတော်စင်တောင်ထွတ်အတွက် အများကြီးလုပ်ဆောင်ပေးခဲ့တာပဲ။ သံသယဖြစ်စရာမလိုအပ်ပါဘူး။”

“ဒါပေမဲ့ ........” တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ ဝင်ရောက်ပြောဆိုလိုသော်လည်း ကလန်ခေါင်းဆောင်ချင်းယန်မှာလက်ကာပြကာ တားဆီးလိုက်သည်။

ထို့နောက် ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ ဆက်လက်ပြောဆိုလိုက်၏၊ “တောင်ထွတ်ဆရာသခင်လင်ကျွမ်း ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက အရမ်းအရေးကြီးတယ်ဆိုတာ ငါလည်းသိပါတယ်။ ဒါပေမယ့် ဆရာသခင်ကန်ရွှမ်းက မူလသူတော်စင်တောင်ထွတ်မှာ ဘာမှမထားခဲ့ဘူးဆိုတာ ထင်ရှားနေတာပဲ။ အကြောင်းပြချက်ရေရေရာရာမရှိပဲနဲ့ အရမ်းကြီးသံသယဖြစ်နေတာ မကောင်းဘူး။”

ဇူယွမ်က ကန်ရွှမ်းကလန်ရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့အပြင် ချီးကျူးစရာ ကိစ္စတွေအများကြီးကို လုပ်ဆောင်ပေးခဲ့တာ။ ငါတို့ကသူ့ကို ဒီလိုသံသယမျိုးနဲ့ မဆက်ဆံသင့်ဘူး။”

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ မည်သည့်စကားမှ ထပ်မံပြောဆိုခြင်း မပြုတော့ချေ။

ငါတို့ အချိန်တွေပဲ ဖြုန်းလိုက်မိပြန်ပြီပေါ့။” မိုးကြိုးအကျဉ်းထောင်တောင်ထွတ်၏ ဆရာသခင်လဲ့ကျွမ်းမှ ကျောက်စိမ်းရုပ်ထုအားကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။ “ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက ဒီနေရာမှာ မရှိဘူးဆိုရင် ဘယ်နေရာမှာရှိနေတာလဲ။ မြင့်မြတ်သောနန်းတော်ရဲ့ လက်ထဲတော့ ရောက်သွားလို့ မဖြစ်ဘူး။”

ကလန်ခေါင်းဆောင်နှင့်အခြားသောဆရာသခင်များအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရ၏။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချ၍ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ “အရမ်းလည်းစိတ်ပူမနေကြပါနဲ့။ ဆရာသခင်က မသေဆုံးခင်မှာ သေချာပြင်ဆင်ထားခဲ့မှာပါ။ မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို လွယ်လွယ်ကူကူနဲ့ ရှာတွေ့မှာ မဟုပါဘူး။”

တောင်ထွတ်ဆရာသခင်များအားလုံးမှ သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။

ကလန်ခေါင်းဆောင်ချင်းယန်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ “အခုအချိန်က မူလသူတော်စင်တောင်ထွတ်ကြီး ချိပ်စည်းပြယ်သွားတဲ့အတွက် ပျော်ရွှင်ရမယ့်အချိန်ပဲ။”

ဇူယွမ်က မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဆိုတော့ မူလရေကန်ဖွင့်လှစ်တဲ့အခမ်းအနားကြရင် မင်းကမူလသူတော်စင်တောင်ထွတ်ကိုဦးဆောင်ပေးရမယ်။ မူလသူတော်စင်တောင်ထွတ်က နဂါးကောင်းချီးဘယ်လောက်ရလဲဆိုတာ မင်းပေါ်မှာပဲမူတည်တယ်နော်။”

“မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနား.......”

ဇူယွမ်မှာ အနည်းငယ်အံ့အားသင့်သွားရပြီးနောက် လေးစားသော အမူအရာဖြင့် ကလန်ခေါင်းဆောင်ချင်းယန်အား အရိုအသေပြုကာပြောလိုက်၏။

“ဒီတပည့်အကောင်းဆုံးကြိုးစားမှာပါ။”

All Chapters