← Chapters

မလိုလားသည့် ဧည့်သည်

Vol. 9 Ch. 118

မလိုလားသည့် ဧည့်သည်

Vol. 9 Ch. 118

အသင်္ချေတောင်တန်း နယ်မြေ၏ အနောက်တောင် အရပ်တွင် တိမ်တိုက်တောင် ဟူသည့် တောင်တစ်လုံး ရှိသည်။

တိမ်တိုက်တောင်ဟု ခေါ်ရခြင်းမှာ တစ်နှစ်ပတ်လုံး တိမ်တိုက်များ မြူခိုးများ ဖုံးလွှမ်း နေခြင်းကြောင့် ဖြစ်ပြီး တောင်၏ အစစ်အမှန် ပုံစံအား မြင်ဖူးသူဟူ၍ မရှိချေ။

တိမ်တိုက်တောင်၏ ပတ်လည်တွင် တစ်နှစ်ပတ်လုံး လေပြင်းများ တိုက်ခတ်လျက် ရှိသော ကျယ်ပြန့်သည့် ကုန်းပြင်မြင့်တစ်ခု ရှိသည်။ ထိုနေရာအား လေတောင်ကုန်းမြေဟု ခေါ်လေသည်။

ဧရာမ အုတ်ခဲကြီးသည် ကောင်းကင်မှနေ ကျဆင်းလာပြီး ကုန်းပြင်မြင့်ပေါ်တွင် ဆင်းသက်လိုက်သည်။

"အဲဒီတော့ ဒီဟာက လေတောင်ကုန်း မြေပေါ့ ... မြင်ကွင်းက အတော်လေး ကောင်းတာပဲ ..."

အန်လင်းသည် ပတ်ဝန်းကျင်အား လေ့လာကာဖြင့် ချီးကျူးလိုက်သည်။

စိမ်းစိုနေသည့် မြက်ခင်းပြင်၊ လေတဟူးဟူး တိုက်ခိုက်သံ၊ တိမ်မြူခိုးများ ဖုံးအုပ်ထားသည့် တောင်တစ်လုံးနှင့် လတ်ဆတ်သည့်လေ ...။ ဤနေရာသည် အတော်လေး ကောင်းမွန် လှပေသည်။

"ဒီမှာရှိတဲ့ သန္ဓေပြောင်း သားရဲတွေက အတော်လေး ရက်စက် ကြမ်းကြုတ်တယ်လို့ ကြားဖူးတယ် ... အဲဒီတော့ သတိမလွတ်မိစေနဲ့ ..." ရှောင်ချိုမှ သတိပေးလာသည်။

အဖွဲ့သည့် အရှေ့သို့ ဆက်သွား လိုက်ပြီးနောက် သားရဲ အနည်းငယ်နှင့် ရင်ဆိုင်ရလေသည်။ သို့သော်လည်း ထိုသားရဲများသည် ယဉ်ပါးသည် သမင်များနှင့် ကျွဲနွားများသာ ဖြစ်ကြပြီး သန္ဓေပြောင်း သားရဲများ မဟုတ်ကြပေ။

အန်လင်းသည် သူတို့၏အရှေ့တွင် ရှိနေသည့် ဧရာမတောင်ကြီးအား ကြည့်လိုက်ပြီးနောက် ရုတ်တရက် ဆိုသလို အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ "အဲဒီတောင်ကို ရှာကြည့်ရအောင် ..."

ရှောင်ချိုးသည်လည်း တောင်ဆီသို့ အကြည့်ပို့လိုက်သည်။ "အဲဒီတောင်ကို တိမ်တိုက်တောင် လို့ခေါ်တယ် ... အသင်္ချေတောင်တန်း နယ်မြေမှာ အတော်လေး ထင်ရှားတဲ့ တောင်တစ်လုံးပဲ ... ဒီတောင်က ပေတစ်သိန်းကျော်လောက် မြင့်ပြီး ကောင်းကင်ကို ငေါထွက်နေပုံ ရတယ် ..."

တောင်၏အမြင့်အား သိရှိလိုက်ရသည့် အခါတွင် အန်လင်း၏ မျက်လုံးများ အရောင်တောက် လာသည်။ ဤအခွင့်အရေးတွင် နည်းစနစ် တစ်ခုအား တတ်မြောက် နိုင်ပေတော့မည်။

"အဆင့် ၁ လေစိတ်ဝိညာဉ် _ လိုအပ်ချက် : ပေတစ်သိန်း အမြင့်ရှိ တောင်စွန်းမှ ခုန်ချပါ"

ယခုအခါတွင် သူသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီး ဓားပျံစီးနင်းခြင်း အားလည်း တတ်ကျွမ်းထားပြီး ဖြစ်သည့်အတွက် ထိုတာဝန်အား ပြီးမြောက်ရန် ယုံကြည်ချက် ရှိပေသည်။

အန်လင်းနှင့် သူ၏အဖွဲ့သည် တိမ်တိုက်တောင်ပေါ်သို့ စတင် တက်လိုက်ကြသည်။ လမ်းတွင် ခေါင်းနှစ်လုံး သွေးကြောင်နှင့် ရင်ဆိုင် ရလေသည်။ အဆိုပါ သန္ဓေပြောင်း သားရဲဿည် သာမန်သန္ဓေပြောင်း သားရဲများထက် ပို၍ စွမ်းအား ကြီးပေသည်။ သူ၏ စွမ်းအားသည် တာအိုခန္ဓာ အဆင့် ၁၀ ကျင့်ကြံသူ တစ်ဦးနှင့် ယှဉ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း အဆုံးတွင် ရှောင်ချိုး၏ ငွေသံတုတ်နှင့် ရိုက်နှက် ခံရမှုကြောင့် သေဆုံး သွားရသည်။

တောင်ခြေသို့ ရောက်သည့် အခါတွင် သူတို့သည် တိမ်တိုက်ကန်ဟု ခေါ်ဆိုသော ကြီးမားသည့် ကန်တစ်ခုအား မြင်တွေ့ရလေသည်။

တဟူးဟူး တိုက်ခတ်နေသည့် လေများကြောင့် ရေမျက်နှာပြင်တွင် အဖြူရောင် လှိုင်းလေးများ ဖြစ်ပေါ်နေလေသည်။

"အစ်ကိုကြီးချိုး ... ကျွန်မတို့က အဝေးကြီး ရောက်လာခဲ့ပေမဲ့ သက်တံနွား တစ်ကောင်ကိုတောင် မမြင်ရသေးဘူးနော် ... အစ်ကိုကြီးရဲ့ အချက်အလက်တွေက တကယ်ကော ယုံလို့ရရဲ့လား ..." မုန့်ထျန်းသည် မကျေနပ်သည့် အမူအရာဖြင့် ပြောလာသည်။

ရှောင်ချိုးသည် ခေါင်းကုတ် လိုက်ပြီးနောက် မျက်နှာတွင် ကိုးရိုးကားရား အမူအရာများ ပေါ်လာသည်။ "သက်တံနွားတွေ ရှိတဲ့အကြောင်းကို ပြောတဲ့သူက မဟာနွားမင်းလေ ... ဒီလို အကြောင်းအရာလေးကို လိမ်ရ လောက်အောင်တော့ စိတ်ဓာတ် နိမ့်ကျတဲ့သူ မဟုတ်ပါဘူး ... သူက ..."

"ငါက တောင်ထိပ်ကို ပျံသန်းသွားမလို့ ... ပြီးရင် ခုန်ချမလို့လေ ... ဘယ်သူ လိုက်ချင်သေးလဲ ..."

အန်လင်းသည် ရုတ်တရက်ဆိုသလို တိမ်တိုက် တောင်ထိပ်အား ညွှန်ပြကာဖြင့် ပြောလိုက်သည်။

လောင်ကျိပင်နှင့် ကျန်သူများသည် ချက်ချင်းဆိုသလို ခေါင်းခါ လိုက်ကြသည်။

အန်လင်းသည် တစ်ခါတစ်ရံတွင် ထူးဆန်းသည့် အရာများအား ပြုလုပ် တတ်သည်ကို ရှောင်ချိုး သတိပြုမိသည်။ သူ၏ အဖွဲ့ဝင်များသည် အန်လင်းနှင့် လိုက်ပါ မသွားလိုသဖြင့် ရှောင်ချိုးသည် သူတို့အား ကာကွယ်ရန် နေခဲ့လိုက်သည်။

အန်လင်းသည် ရှောင်ချိုးအား အာရုံခံ အဆောင်လက်ဖွဲ့ တစ်ခု ပေးလိုက်သည်။ "မင်းတို့က ဒီနေရာတစ်ဝိုက် လျှောက်ကြည့်ချင် ကြည့်ကြပေါ့ ... ဒီအာရုံခံ အဆောင်လက်ဖွဲ့က ၅ ကီလိုမီတာ ပတ်လည်ကိုပဲ အာရုံခံနိုင်မှာ ... အဲဒီတော့ ပြီးသွားပြီဆိုရင် မင်းတို့ကို လာရှာမယ် ..."

လူတိုင်း သဘော တူညီကြသည်ကို မြင်ရသည့်အခါတွင် အန်လင်းသည် တိမ်တိုက် တောင်ပေါ်သို့ ပျံသန်း သွားတော့သည်။

တိမ်တိုက်များ အတွင်းသို့ ရောက်ရှိပြီးနောက်တွင် တောင်၏ ဘေးနံရံအတိုင်း အထက်သို့ ဦးတည်ပျံသန်း လိုက်သည်။

တိမ်တိုက်တောင်သည် ချီစွမ်းအင် ကြွယ်ဝပေသည်။ အထက်သို့ ပျံသန်းလာသည်နှင့် အမျှ ပတ်ဝန်းကျင်သည် အပင်များဖြင့် စိမ်းစို လာလေသည်။ တောင်နံရံ တစ်လျှောက်တွင် ထူးဆန်း ရှားပါးသည့် ပန်းပင်မျိုးစုံ ရှင်သန်ကြီးထွားလျက် ရှိသည်။

စိတ်ဝိညာဉ် မျောက်များသည် သစ်ပင်များအကြားမှ ထွက်ပေါ် လာတတ်သည်။ အန်လင်းသည် တောင်တစ်လျှောက်တွင် ပျော်ရွှင်စွာဖြင့် အော်ဟစ် ပျံသန်းနေသည့် ကြိုးကြာဖြူများကိုပင် မြင်ရသေးသည်။

"ဘုရားရေ ... တိမ်တိုက်တောင် ဆိုတာ အင်မော်တယ် ဂိုဏ်းကြီး တစ်ခုခုရဲ့ နေရာတော့ မဟုတ်လောက် ပါဘူးနော် ..."

ဤကဲ့သို့သော မြင်ကွင်းသည် အလွန် ရှားပါးလွန်း လှသည်။ မသိသည့် သူများအတွက် အင်မော်တယ် လောကတစ်ခုသို့ ရောက်ရှိသွားခြင်းဟု ထင်မှတ်မိပေလိမ့်မည်။

တောင်သည် အတော်လေး မတ်စောက်ပြီး စိတ်ဝိညာဉ် တိရစ္ဆာန်များ ပေါ်များပေသည်။ စွမ်းအားကြီးသည့် သန္ဓေပြောင်းသားရဲများ မရှိခြင်းကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။

ထို့ကြောင့်သာ သူ့အနေဖြင့် သက်ပြင်းချနိုင်ခြင်း ဖြစ်သည်။ အကယ်၍ စိတ်ဝိညာဉ် သားရဲများနှင့် ရင်ဆိုင်ရမည် ဆိုပါက သူ၏ခရီးသည် ပျက်စီး ရပေလိမ့်မည်။

အန်လင်းသည် သူရောက်ရှိနေသည့် အမြင့်အား ခန့်မှန်းလိုက်ပြီးနောက် အထက်သို့ ဆက်လက် ပျံသန်းလိုက်သည်။ ပေ ၉၀၀၀၀ ခန့်သို့ ရောက်ရှိအခါတွင် အဝေးမှ တောင်ထိပ်အား မြင်ရပြီ ဖြစ်သည်။

တောင်ထိပ်သည် ပန်းရောင်သန်းနေပြီး မက်မွန်ပွင့်ခိုင်များနှင့် တူပေသည်။

ဘန်း ...

တစ်စုံတစ်ခုသည် အန်လင်းအား ပြင်းထန်သည့် စွမ်းအားဖြင့် ရိုက်ချလိုက်သည်။

အန်လင်း၏ခေါင်းသည် ရုတ်တရက်ဆိုသလို မမြင်နိုင်သည့် အကာအကွယ် တစ်ခုနှင့် တိုက်မိပြီး သူ့မျက်လုံးရှေ့တွင် ရွှေကြယ်လေးများ ကခုန်နေလေသည်။

အုတ်ခဲနက်သည် တုန်ယင်လာပြီးနောက် လေထဲမှ ပြုတ်ကျတော့ မတတ်ပင် ဖြစ်သည်။

"အိုး ... အဲဒါက ဘာကြီးတုန်းဟ ..."

သူသည် တုန်လှုပ်ကာဖြင့် ပင့်သက်ရှိုက် လိုက်မိသည်။

သို့သော်လည်း သူ့အား ဆီးကြိုနေသည့် မြင်ကွင်းမှာ တောင်ထိပ်ရှိ လှပသည့် ရှုမြင်ကွင်း တစ်ခုသာလျှင် ဖြစ်သည်။ လမ်းတစ်လျှောက်တွင် မည်သည့်အရာမျှ ရှိပုံမရပေ။

အန်လင်းသည် သူ၏လက်အား လေထဲသို့ မြှောက်လိုက်သည်။ မကြာမီတွင် မမြင်နိုင်သည့် အကာအကွယ်နှင့် ထိတွေ့မိသည်။

"ဟမ် ... ဒါက အကာအကွယ် ဝင်္ကပါများလား ..."

တောင်ထိပ်တွင် လူရှိနေ၍သာ အကာအကွယ်ဝင်္ကပါ ခင်းကျင်းထားခြင်း ဖြစ်ရမည်။

အန်လင်းသည် အော်ဟစ်ကာဖြင့် သူ၏သံသယအား စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ "ဟိုင်း ... တစ်ယောက်ယောက်များ ရှိပါသလား ..."

အန်လင်း၏ အသံမှာ ကျယ်လောင်လွန်း လှသဖြင့် တောင်ထိပ်ထိ တိုင်အောင် ရောက်နိုင်စွမ်း ရှိသင့်သည်။

***

ထိုအချိန်တွင် တောင်ထိပ်၌ ...

မက်မုံပင်များသာ ရှိနေသည့် တောအုပ်ငယ်လေး တစ်ခု ရှိသည်။

မက်မုံပွင့်များသည် နီရဲတောက်ပလျက် ရှိပြီး ဧပရယ်လတွင် ပန်းပွင့်နှုန်း အမြင့်ဆုံး ဖြစ်သည်။

တာအို ဝတ်စုံဖြူအား ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးသည် သစ်ပင်တစ်ပင် အောက်တွင် ပန်းချီဆွဲ နေလေသည်။

သူမသည် အတော်လေး အာရုံစူးစိုက်လျက် ရှိပြီး ပါးပြင်တွင် ဆေးနီများ စွန်းထင်းလျက် ရှိသည်။ သူမ၏ အရှေ့တွင် ရှိနေသော ပြီးပြည့်စုံခြင်း မရှိသေးသည့် ပန်းချီကားအား ငေးမော၍ ကြည့်နေလေသည်။

ထိုအချိန်တွင် တောင်အောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

အသံသည် အလွန် ကျယ်လောင်သဖြင့် ချယ်ရီပွင့်ချပ်များအား မြေပြင်သို့ ကြွေကျစေသည်။

အမျိုးသမီးသည် သူမ၏ လှပသည့် မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ ထိုအရိုင်းအစိုင်းအား တွေ့ဆုံလိုခြင်း မရှိပေ။

ထိုကဲ့သို့ ဖြစ်ရပ်မျိုးနှင့် ကြုံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လူတိုင်းသည် အကာအကွယ် ဝင်္ကပါအား ထိုးဖောက်နိုင်ခြင်း မရှိလျှင် ထွက်ခွာသွားကြ သည်ချည်းသာ။

***

အန်လင်းသည် ပြန်လည် ဖြေကြားခြင်း မရှိသည့်အတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာမိသည်။

ဘာလုပ်ရမည်နည်း။ သူ့အနေဖြင့် ယခုနေရာအထိ ရောက်ရှိလာပြီ ဖြစ်သည်ကြောင့် လက်မလျှော့နိုင်ပါ။

ဘယ်သူမှ ရှိမနေဘူးဆိုရင် ငါက ခဏလေးပဲ တက်မှာဆိုတော့ ပြဿနာတော့ မရှိလောက်ပါဘူးနော် ...

ခေတ္တမျှ တုံ့ဆိုင်းနေပြီး နောက်တွင် ဆုံးဖြတ်ချက် တစ်ခုအား ချလိုက်တော့သည်။

နတ်ဘုရား စစ်ဆေးမှု _ အသက်ဝင်။

အကာအကွယ် ဝင်္ကပါ ပြစ်ချက် စစ်ဆေးခြင်း။

ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျောက်ကွယ် သွားကြသည်။

တစ်ခုတည်းသော ကျန်ရှိသည့် အရာမှာ အလွန်ကြီးမားပြီး သွေးကြောများသဖွယ် ထွေးယှက်နေသည့် အကာအကွယ် ဝင်္ကပါ၏ သင်္ကေတများသာလျှင် ဖြစ်သည်။

အကာအကွယ်ဝင်္ကပါ၏ ချီစွမ်းအင် လှည့်ပတ် စီးဆင်းရာ လမ်းကြောင်း၊ ဝင်္ကပါ ဗဟိုချက်၊ ဆုံမှတ်များ၊ လျှို့ဝှက် မျဉ်းတန်းများ၊ ချို့ယွင်းချက်များ။

အချက်အလက် အားလုံးသည် အန်လင်းရှေ့တွင် ပေါ်လာသည်။

အန်လင်းသည် လက်နှစ်ချောင်းအား ဆန့်လိုက်ပြီးနောက် နေရာတစ်ခုသို့ ညွှန်ပြကာဖြင့် အားကောင်းသည့် စွမ်းအင်စီးကြောင်း တစ်ခုအား ထုတ်လွှတ်လိုက်သည်။

“ချိုးဖျက် ...”

ခွက် …

အကာအကွယ် ဝင်္ကပါတွင် ဝင်ပေါက်တစ်ခု ပေါ်လာသည်။

သူသည် ကိုယ်ကျင့်တရား ချို့တဲ့သူ မဟုတ်သည့် အတွက် အခြားသူတစ်ဦး ခင်းကျင်းထားသည့် အကာအကွယ် ဝင်္ကပါအား ဖျက်ဆီးပစ်လိုခြင်း မရှိပေ။

အကာအကွယ် ဝင်္ကပါ၏ အားနည်းချက်အား အသုံးချကာဖြင့် ယာယီ ဝင်ပေါက်တစ်ခု ဖန်တီးလိုက်ခြင်းသာ ဖြစ်သည်။

ဝင်ပေါ်သည် အချိန်ပြည့်လျှင် သူ့အလိုလို ပြန်လည် ချိပ်ပိတ်သွားမည် ဖြစ်သည်။

မည်သည့်အသံမျှ မကြားရတော့သဖြင့် တောင်ထိပ်ရှိ အမျိုးသမီးသည် အန်လင်း ထွက်ခွာသွားပြီဟု ယူဆကာ သူ၏အလုပ်အား ပြန်လည်အာရုံ စိုက်လိုက်သည်။

သူမ၏ ပန်းချီစုတ်တံအား မြှောက်လိုက်ပြီးနောက် သူမ၏ ပန်းချီကား အတွင်းရှိ ကြိုးကြာဖြူတွင် မျက်လုံးများ မပါရှိခြင်းအား တွေ့လိုက်ရသည်။

အနုပညာအား မျက်စိဖြင့် ခံစားနိုင်လေသည်။ အနုပညာတွင် စိတ်ဝိညာဉ် မရှိသော်လည်း မျက်လုံးများမှနေ အခြား သူများထံသို့ ကူးစက်သွားနိုင်သည်။

သူမ၏ ပန်းချီကားသည် ယခုအခါတွင်  အရေးအကြီးဆုံးသော အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သူမ၏ နှလုံးသားထဲတွင် ဉာဏ်ကွန့်မြူး လာပြီးနောက် သူမရှေ့ရှိ ပန်းချီကာအား အာရုံ စူးစိုက်ကာဖြင့် ပန်းချီစုတ်တံအား ကြိုးကြာဖြူ၏ မျက်လုံးများ ရှိသင့်သည့် နေရာသို့ ရွှေ့ပြောင်းလိုက်သည်။

ဘုန်း ...

အန်လင်း၏ အုတ်ခဲနက်သည် အားပြင်းစွာ ပြုတ်ကျလာပြီး ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာစေသည်။

မြေပြင် တုန်ခါမှုကြောင့် ပန်းရောင် ပန်းလွှာများသည် မိုးရွာသကဲ့သို့ ကြွေကျလာကာ ပန်းပွင့်ရနံ့များ သင်းပျံ့လာစေသည်။

ထိုမြင်ကွင်းသည် လှပသော်လည်း အမျိုးသမီး၏ စိတ်ခံစားမှုသည့် နောက်ကျိ သွားရလေပြီ။

သူမ၏ ပန်းချီစုတ်တံသည် စက္ကူပေါ်သို့ ထောက်မိပြီး ကြီးမားသည့် အနက်ရောင် အစက်တစ်ခု ဖန်တီးလိုက်သည်။

ချစ်စဖွယ် ကြိုးကြာဖြူလေးသည် ယခုအခါတွင် သူ၏ခေါင်းထက် ကြီးများသည့် မျက်လုံးများကို ပိုင်ဆိုင် သွားရလေပြီ။

***

All Chapters