← Chapters

တောင်ထွတ်အစည်းအဝေး

Vol. 36 Ch. 500

တောင်ထွတ်အစည်းအဝေး

Vol. 36 Ch. 500

နောက်တစ်နေ့၌

ဇူယွမ်မှာ ဂူနန်းအတွင်း၌ ကျင့်ကြံနေစဉ်အတွင်း တပည့်တဦးမှ ဂူနန်းဝဆီသို့လာရောက်ကာ သတင်းစကားပါးလိုက်သည်။ “တပည့်ခေါင်းဆောင် ဆရာစိန်းကပြောခိုင်းလိုက်လို့ ဒီနေ့တောင်ထွတ်အစီးအဝေးရှိတယ်တဲ့ တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ အကိုတော်ကသွားပြီးတော့ တတ်ရောက်ရမယ်လို့ ပြောတယ်”

ဇူယွမ်မှာ လေးစားသောမျက်ဝန်းများဖြင့် ထိုတပည့်အားခေါင်းညိမ့်ပြလိုက်ပြီးနောက် အနည်းငယ်မျှတွေးတောလိုက်မိ၏။

တောင်ထွတ်အစည်းအဝေးဆိုသည်မှာ တောင်ထွတ်ဆရာသခင်များမှ ဦးဆောင်ကျင်းပရသော အစည်းအဝေးတစ်ခုဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်သည် တောင်ထွတ်ဆရာသခင်မရှိသောကြောင့် တောင်ထွတ်အစည်းအဝေးအား မကျင်းပခဲ့ရသည်မှာ ကြာမြင့်လွန်းလှပြီး ဖြစ်၏။

ယခုအခါတွင်မူ မူလသူတော်စင်တောင်ထွတ်၏ တောင်ထွတ်ဆရာသခင်တံဆိပ်ပြားအား ပြန်လည်တွေ့ရှိနိုင်ခဲ့ပြီဖြစ်ပြီး စိန်းထိုက်ယွမ်မှာ အစားထိုးတောင်ထွတ်ဆရာသခင်တစ်ဦး ဖြစ်လာသောကြောင့် တောင်ထွတ်အစည်းအဝေးအား ပြန်လည်ကျင်းပနိုင်တော့မည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် မူလသူတော်စင်တောင်ထွတ်၌ လုပ်ဆောင်ရမည့်အရေးကိစ္စများစွာရှိနေပြီး စိန်းထိုက်ယွမ်မှာလည်း အနားယူချိန်ပင် မရှိလောက်အောင် ပင်ပန်းနေရ၏။

သို့ပေသော်ငြားလည်း စိန်းထိုက်ယွမ်မှာ တောင်ထွတ်အစည်းအဝေးအား ကျင်းပရန် ဆုံးဖြတ်ခဲ့လေသည်။ တောင်ထွတ်အစည်းအဝေးမှာ ပုံမှန်အားဖြင့် အရေးကြီးသောအကြောင်းကိစ္စများကိုသာ ပြောဆိုဆွေးနွေးလေ့ရှိကြ၏။

ဇူယွမ်မှာ အချိန်အနည်းငယ်မျှ အတွေးများကြား နစ်မြုပ်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းမှာ တွန့်ကွေးသွားရသည်။

“စိတ်ဝင်စားစရာပဲ။ နောက်ဆုံးတော့ ဆရာစိန်း လှုပ်ရှားတော့မှာပေါ့။”

…………..

သူတော်စင်တောင်ထွတ်၏ အဓိကတောင်ထွတ်၌

ရိုးရှင်းသပ်ရပ်သော အစည်းဝေးခန်းမတစ်ခုအတွင်းတွင် စိန်းထိုက်ယွမ်မှာ ခေါင်းဆောင်နေရာ၌ ထိုင်လျက်ရှိ၏။ ဘေးတစ်ဖက်တစ်ချက်ဆီတွင်မူ လုစုန့်နှင့် လုဟုန်းတို့လည်းရှိနေကြသည်။

အကြီးအကဲများ၏ နောက်တွင်မူ မူလသူတော်စင်တောင်ထွတ်မှ ထူးချွန်ထက်မြက်သော တပည့်များဖြစ်သည့် ဇူထိုက်၊ ကျန်းယန်၊ လုယန်း၊ ယွမ်ဟောင်နှင့် အခြားသော တပည့်အနည်းငယ် ရှိနေကြ၏။

ဇူယွမ်မှာမူ အကြီးအကဲများထက် တဆင့်နိမ့်သော နေရာတွင်ရှိကာ အခြားသော တပည့်များအားလုံးထက် မြင့်သောနေရာတွင်ရှိနေသည်။ ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်ကြောင်းထင်ရှားလွန်းလှ၏။

ခန်းမအတွင်းရှိ ပတ်ဝန်းကျင်မှာ တင်းမာခက်ထန်နေလျက်ရှိသည်။

အကြီးအကဲလုဟုန်းမှာ မနာလိုမှုများနှင့် အမျက်ဒေါသများရောပြွန်နေသော မျက်ဝန်းများဖြင့်စိန်းထိုက်ယွမ်အား ကြည့်ရှုနေ၏။

“မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းပြယ်သွားတဲ့အတွက် အခုအချိန်မှာ လူတိုင်းအလုပ်ရှုပ်နေကြတယ်။ အဲဒါကို ဒီအချိန်ကြမှ အကြီးအကဲစိန်းက တောင်ထွတ်အစည်းအဝေးလုပ်တာလဲဆိုတာကို ငါသိချင်တယ်။ အခုအစည်းအဝေးက အရေးမကြီးဘူးဆိုရင် ငါ့မှာလုပ်စရာတွေအများကြီးရှိသေးတယ်။” လုဟုန်းမှ စကားဆိုလိုက်သည်။

လုဟုန်းမှာ စိန်းထိုက်ယွမ်သည် အစားထိုးတောင်ထွတ်ဆရာသခင်တစ်ဦးသာဖြစ်ပြီး အစစ်အမှန်တောင်ထွတ်ဆရာသခင်မဟုတ်ကြောင်း ပြသလိုသည့်အတွက် ရည်ရွယ်ချက်ရှိစွာဖြင့် ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်၏၊

အဓိကတောင်ထွတ်၏ ချိတ်စည်းပြယ်သွားပြီးနောက် မူလသူတော်စင်တောင်ထွတ်မှာ ကျင့်ကြံခြင်းအရင်းအမြစ်များ ပြန်လည်ပေါကြွယ်ဝလာသည်။ လုဟုန်းမှာ ရှိသမျှအင်အားများအား အသုံးပြု၍ ရနိုင်သမျှ ကျင့်ကြံခြင်းအရင်းအမြစ်များအား လိုက်လံစုဆောင်းနေ၏။ လုဟုန်းမှာ သူ၏အုပ်စုအား ပိုမိုသန်မာလာအောင်ပြုလုပ်၍ မူလသူတော်စင်တောင်ထွတ်၏ ဆရာသခင်အုပ်စုနေရာအား ရယူနိုင်ရန် ကြံရွယ်လျက်ရှိသည်။ လုဟုန်းမှာ ဓားကပ်ဘေးတောင်ထွတ်၏ ဆုံးရှုံးနစ်နာမှုများအား မည်သည့်အခါမှ မေ့ပျောက်သွားလိမ့်မည် မဟုတ်ပါချေ။

လုဟုန်းမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရယူနိုင်ရန် ကျရှုံးခဲ့သောကြောင့် တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ ဆူပူမှုများကို များစွာခံစားခဲ့ရ၏။ ထို့ကြောင့်လုဟုန်းမှာ မူလသူတော်စင်တောင်ထွတ်တွင် ပြန်လည်ဦးမော့လာနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားရမည်ပင် ဖြစ်သည်။

စိန်းထိုက်ယွမ်မှာ လုဟုန်းအား တည်ငြိမ်စွာပင်ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “ဒီအစည်းအဝေးကို အရေးကြီးလို့လုပ်တာပါ။ ဆွေးနွေးမယ့်အကြောင်းအရာက မင်းနဲ့လည်းသက်ဆိုင်တယ်။”

“အဲ့လိုလား။” လုဟုန်းမှ ပြောလိုက်သည်။

စိန်းထိုက်ယွမ်မှာ ဆက်လက်ပြောဆိုလိုက်၏။ “လုဟုန်းရဲ့အုပ်စုက ဓားကပ်ဘေးတောင်ထွတ်ကနေ မူလသူတော်စင်တောင်ထွတ်ကို ပြောင်းလာရတဲ့အဓိကအကြောင်းအရင်းက အဓိကတောင်ထွတ်ရဲ့ ချပ်စည်းကို ဖြည်နိုင်ဖို့အတွက်ပဲ။ အခု ဇူယွမ်က အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းကိုဖြည်နိုင်သွားပြီဆိုတော့ အကြီးအကဲလုဟုန်းရဲ့အုပ်စုကလည်း ဒီနေရာမှာ ဆက်ရှိနေဖို့ မလိုတော့ဘူး။ အဲ့ဒါကြောင့် အကြီးအကဲလုဟုန်းရဲ့အုပ်စုက ဒီနေ့ပဲ ဓားကပ်ဘေးတောင်ထွတ်ဆီကိုပြောင်းဖို့ ငါအကြံပေးချင်တယ်။”

စိန်းထိုက်ယွမ်၏ စကားကြောင့် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိပ်ငြိမ်သက်သွားရသည်။

လုဟုန်း၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် အေးစက်စွာဖြင့်ပြောလိုက်၏။ “စိန်းထိုက်ယွမ် မင်းဘာပြောလိုက်တာလဲ။ မင်းကငါတို့ကို မူလသူတော်စင်တောင်ထွတ်ကနေ မောင်းထုတ်နေတာလား။”

စိန်းထိုက်ယွမ်မှာ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ “မောင်းထုတ်နေတာ မဟုတ်ပါဘူး။တောင်းဆိုနေတာပါ။”

“ စိန်းထိုက်ယွမ် မင်းကတော်တော်သတ္တိဥ၏ရှိနေတာပဲ။ ငါ့ရဲ့အုပ်စုက တောင်ထွတ်ဆရာသခင်လင်ကျွမ်းရဲ့ အမိန့်နဲ့မူလသူတော်စင်တောင်ထွတ်ဆီကိုပြောင်းလာခဲ့ကြတာ။ အခုမင်းရဲ့ရည်ရွယ်ချက်ကိုရော တောင်ထွတ်ဆရာသခင်လင်ကျွမ်းဆီ သတင်းပို့ပြီးပြီးလား။” လုဟုန်းမှ အလေးမထားဟန်ဖြင့် ပြောလိုက်၏။

မူလသူတော်စင်တောင်ထွတ်၏ ချိပ်စည်းအား ဖြည်နိုင်ခဲ့ပြီးနောက် ကျင့်ကြံခြင်းအရင်းအမြစ်များ ပြန်လည်ပေါကြွယ်ဝလာပြီဖြစ်သည်။ ထို့ကြောင့် လုဟုန်းမှာ ယခုအချိန်၌ မူလသူတော်စင်တောင်ထွတ်မှ ထွက်ခွါသွားလိုစိတ်မရှိပေ။

စိန်းထိုက်ယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်ပင် စကားဆိုလိုက်သည်။ “မူလသူတော်စင်တောင်ထွတ်က ချိပ်စည်းလည်းပြယ်သွားပြီးတော့ တောင်ထွတ်ဆရာသခင်တံဆိပ်ပြားလည်း ပြန်တွေ့ပြီလေ။ အဲဒါကြောင့် ဓားကပ်ဘေးတောင်ထွတ်ရဲ့ ဆရာသခင်လင်ကျွမ်းက ငါတို့မူလသူတော်စင်တောင်ထွတ်ရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူး။ အဲဒါကိုငါက တောင်ထွတ်ဆရာသခင်လင်ကျွမ်းကို ဘာကိစ္စနဲ့အကြောင်းအရာအားလုံး လိုက်တင်ပြနေရမှာလဲ။”

လုဟုန်းမှာ အေးခဲသွားရသည်။ ယခင်အချိန်ကာလများ၌ အကြီးအကဲတစ်ဦး အဆင့်သာရှိသော စိန်းထိုက်ယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ အရေးကိစ္စများအား ဆုံးဖြတ်ခွင့်မရှိခဲ့ပါသော်လည်း ယခုအခါတွင် တောင်ထွတ်ဆရာသခင်တံဆိပ်ပြားအား ပိုင်ဆိုင်ထားသဖြင့် ဤတောင်ထွတ်၏ အရာအားလုံးကို ဆုံးဖြတ်ပိုင်ခွင့်ရှိနေ၏။

လုဟုန်းမှာ အံကြိတ်လျက် စကားဆိုလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ငါလုံးဝသဘောမတူနိုင်ဘူး။ မင်းငါ့ကိုဆက်ပြီးဖိအားပေးနေမယ်ဆိုရင် ငါကလန်ခေါင်းဆောင်ကို အကြောင်းကြားရလိမ့်မယ်။ မင်းလို အစားထိုးတောင်ထွတ်ဆရာသခင်အဆင့်နဲ့ လုပ်ချင်ရာလုပ်လို့ရမယ်လို့ မထင်နေနဲ့။”

စိန်းထိုက်ယွမ်မှာ အင်္ကျီလက်မောင်းအိုးအတွင်းမှ ရွှေရောင်စာအိပ်တစ်ခုအားထုတ်ယူကာ ပြောလိုက်၏။ “မင်းအလုပ်တွေရှုပ်နေမှာစိုးလို့ ငါကိုယ်တိုင်ပဲ ကလန်ခေါင်းဆောင်ဆီကို အကြောင်းကြားခဲ့တယ်။ ကလန်ခေါင်းဆောင်ကလည်း မင်းတို့အုပ်စု ဓားကပ်ဘေးတောင်ထွတ်ကို ပြန်ပြောင်းဖို့ သဘောတူလိုက်တယ်။”

စိန်းထိုက်ယွမ်မှာ ရွှေရောင်စာအိပ်အား လုဟုန်းထံသို့ ပေးအပ်လိုက်သည်။

လုဟုန်းမှာ စာအိပ်အား ဖောက်၍ဖက်ရှုလိုက်ပြီးနောက် သွေးဆုတ်ဖြူရော်သွားဟန်ဖြင့် စိန်းထိုက်ယွမ်အား အော်ဟစ်လိုက်သည်။ “စိန်းထိုက်ယွမ်…….မင်းအရမ်း တရားလွန်တာပဲ။”

စိန်းထိုက်ယွမ်မှာ လုဟုန်းအား အလေးပင်ထားဟန်မရှိပဲ တည်ငြိမ်စွာဖြင့်သာ ရှိနေသည်။

လုဟုန်းမှာ အသက်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်ပြီးနောက် အေးစက်စွာဖြင့် ပြောလိုက်၏။ “စိန်းထိုက်ယွမ် အခုအချိန်မှာ သူတော်စင်တောင်ထွတ်က အုပ်စုသုံးခုပဲရှိတယ်။ ငါတို့သာပြောင်းသွားမယ်ဆိုရင် မင်းတို့ဆီမှာအုပ်စု နှစ်ခုပဲကျန်တော့မှာ။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကလည်း လာတော့မှာ။ မင်းက သူတော်စင်တောင်ထွတ်ကို မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ အရှက်ကွဲစေချင်နေတာလား။”

လုဟုန်းမှာ ဇူယွမ်အား ကြည့်ရှုကာ လှောင်ပြောင်ရယ်မောလိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။ “ဒီတပည့်ခေါင်းဆောင်အသစ်က မူလရေကန်ဖွင့်လှစ်တဲ့ အခန်းအနားမှာ မူလသူတော်စင်တောင်ထွတ်ကို ဦးဆောင်နိုင်မယ်လို့ ထင်နေတာလား။”

“ငါ့ရဲ့အုပ်စုသာမရှိရင် မင်းရဲ့သူတော်စင်တောင်ထွတ်က မူလရေကန်ဖွင့်လှစ်တဲ့အခမ်းအနားမှာ တစ်ရက်တောင်ခံမှာ မဟုတ်ဘူး။”

လုဟုန်း၏ စကားများကြောင့် စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏တပည့်များမှာ  ဒေါသများဖြင့် ပြည့်နှက်လာရ၏။

ဇူယွမ်မှာလည်း လုဟုန်းအား စူးရဲသောမျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။

“ဒီကိစ္စတွေကို မင်းစိတ်ပူနေစရာမလိုပါဘူး။” စိန်းထိုက်ယွမ်မှာ လက်အားဝေ့ယမ်းပြလျက် တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။ ငါမင်းကို ကလန်ခေါင်းဆောင်ဆီက ပြောင်းရွှေ့ဖို့အတွက် အတည်ပြုစာ ပေးပြီးပြီဆိုတော့ မင်းတို့ပြောင်းဖို့ကိစ္စက ဆုံးဖြတ်ပြီးပြီပဲ။ အဲ့ဒါကြောင့် နောက်သုံးရက်အတွင်း မင်းတို့အုပ်စုကို မူလသူတော်စင်တောင်ထွတ်ကနေ ဓားကပ်ဘေးတောင်ထွတ်ဆီကို ပြောင်းပေးဖို့ ပြောချင်တယ်။”

လုဟုန်းမှာ မျက်လုံးများနီရဲနေကာ ကျွတ်ထွက်မတတ်ပင် ဒေါသထွက်နေရသည်။ မူလသူတော်စင်တောင်ထွတ်မှ နှင်ထုတ်ခြင်းခံလိုက်ရသည့်အတွက် လုဟုန်း၏အုပ်စုမှာ ဓားကပ်ဘေးတောင်ထွတ်တွင်လည်း မျက်နှာရစရာ ကျန်တော့မည်မဟုတ်ချေ။ လုဟုန်းမှာ ဒေါသထွတ်လွန်းသောကြောင့် သတိလစ်မတတ်ပင် ဖြစ်နေရ၏။

“အဲ့ဒါအကုန် မင်းကြောင့်ပဲ အရိုင်းအစိုင်းကောင်……” လုဟုန်းမှာ ဒေါသထွက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား စူးစိုက်ကြည့်ရှုကာ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

လုဟုန်းမှာ အသက်ပြင်းပြင်း တစ်ချက်ရှုထုတ်လိုက်ပြီးနောက် စိန်းထိုက်ယွမ်အား ကြည့်၍ အေးစက်စွာပြောလိုက်၏။ “စိန်းထိုက်ယွမ် မင်းဒီဆုံးဖြတ်ချက်အတွက် နောင်တရစေရမယ်။ မူလရေကန် ဖွင့်လှစ်တဲ့ အခန်းအနားမှာ မူလသူတော်စင်တောင်ထွတ်က အရှက်ကွဲရလိမ့်မယ်။ အဲ့အခါကြရင် အစားထိုးတောင်ထွတ် ဆရာသခင်တစ်ယောက် အနေနဲ့ မင်းဘယ်လိုဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့။”

လုဟုန်းမှာ အစည်းအဝေးခန်းမ၌ ဆက်လက်နေလိုစိတ် မရှိသောကြောင့် လျင်မြန်စွာပင် ထွက်ခွါသွားလေသည်။

လုဟုန်း၏ တပည့်များမှာလည်း လျင်မြန်စွာပင် လိုက်ပါသွားကြ၏။

လုဟုန်းတို့ ထွက်ခွါသွားပြီးနောက်တွင် စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်အောင်ပွဲခံ လိုက်ကြသည်။

လုဟုန်း၏အုပ်စုမှာ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ အုပ်စုအတွက် ရေနှင့်မီးကဲ့သို့ ဆန့်ကျင်ဖက်သာ ဖြစ်ခဲ့၏။ ယခုအခါတွင် လုဟုန်းတို့အုပ်စုအား နှင်ထုတ်နိုင်ခဲ့ပြီဖြစ်သောကြောင့် မူလသူတော်စင်တောင်ထွတ်မှာ ပြန်လည်အေးချမ်းသွားရတော့မည် ပင်ဖြစ်သည်။

အဟမ်း.......

စိန်းထိုက်ယွမ်မှာ ချောင်ဟန့်လိုက်ပြီးနောက် ဆူညံအော်ဟစ်သံများအား တိတ်ဆိတ်စေလိုက်၏။

စိန်းထိုက်ယွမ်မှာ ဇူယွမ်အား ကြည့်ကာနူးညံနွေးထွေးစွာဖြင့် စကားဆိုလိုက်သည်။ “ဇူယွမ် မင်းကမူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ မူလရေကန် ဖွင့်လှစ်တဲ့ အခမ်းအနားမှာ နဂါးကောင်းချီးရဖို့ ကြိုးစားပေးရလိမ့်မယ်။”

“လုဟုန်းရဲ့အုပ်စုက မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ပါလာရင်လည်း အကူအညီရမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သူတို့ကိုငါ ရှင်းထုတ်လိုက်တာ။”

အဲဒါကြောင့် လာမယ့်မူလရေကန် ဖွင့်လှစ်တဲ့ အခမ်းအနားကြရင် ငါတို့မူလသူတော်စင်တောင်ထွတ်ရဲ့ ရလာဒ်က မင်းအပေါ်မှာပဲ မူတည်တော့တယ်။”

ဇူယွမ်မှာ အနည်းငယ်ပင်အံ့အားသင့် သွားရ၏။ လုဟုန်း၏အုပ်စု ရှိနေခြင်းမှာ ဇူယွမ်အတွက် များစွာအနှောက်အယှက် ဖြစ်ရသည်။ သို့သော် တပည့်ခေါင်းဆောင်တစ်ဦးအနေဖြင့် လုဟုန်း၏အုပ်စုအား မည်သည့်ဝေဖန်မှုမှ ပြုလုပ်ခွင့်မရှိခဲ့ချေ။ ဇူယွမ်မှာ စိန်းထိုက်ယွမ်မှ လုဟုန်းတို့အုပ်စုအား ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် အမှန်တကယ်ပင် အံ့အားသင့်သွားရခြင်းဖြစ်၏။

စိန်းထိုက်ယွမ်မှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်းထံမှ ရရှိလာနိုင်သော ဖိအားများကိုပင် အမှုမထားပဲ လုဟုန်း၏အုပ်စုအား လျင်မြန်စွာ ရှင်းထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဇူထိုက်၊ ကျန်းယန်၊ လုယန်းနှင့် အခြားတပည့်များမှာ ဇူယွမ်အား အရိုအသေပြုလိုက်ကြ၏။ “မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကြရင် တပည့်ခေါင်းဆောင်ကိုပဲ အားကိုးပါရစေ။”

တပည့်ခေါင်းဆောင် ရွေးခြယ်ခြင်း အခမ်းအနား ပြီးဆုံးသွားသည့် အချိန်မှစ၍ ဇူယွမ်၏ အဆင့်အတန်းမှာ အထွတ်အထိတ်သို့ ရောက်ရှိသွားခဲ့သည်။ လုဟုန်း၏ အုပ်စုမှလွဲ၍ အခြားတပည့်များမှာ ဇူယွမ်အား လိုလားစွာ လေးစားဆက်ဆံလာကြ၏။

ဇူယွမ်မှာလည်း လေးနက်သော အမူအရာဖြင့် တပည့်များအား အရိုအသေပြုကာ ပြောလိုက်သည်။

“ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။”

All Chapters