← Chapters

အမည်စာရင်း

Vol. 37 Ch. 505

အမည်စာရင်း

Vol. 37 Ch. 505

တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား ကျင်းပပြီးစီးခ့ဲသည်မှာ လဝက်မျှကြာမြင့်နေပြီဖြစ်သောကြောင့်  မူလသူတော်စင်တောင်ထွတ် ချိပ်စည်းပြယ်သွားသည့်သတင်းမှာလည်း သွေးအေးစပြုလာပြီ ဖြစ်သည်။

ထို့အပြင် ကန်ရွှမ်းကလန်၏ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားမှာ နီးကပ်နေပြီဖြစ်၏။ ထို့ကြောင့် ကလန်အတွင်းရှိ တပည့်များအားလုံးမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားကိုသာ အာရုံစိုက်လာကြသည်။

မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားမှာ ထူးခြားသောပွဲတစ်ခုဖြစ်သောကြောင့် ကလန်အတွင်းရှိ တပည့်များမှာ လွန်စွာစိတ်ဝင်စားကြ၏။ အဘယ့်ကြောင့်ဆိုသော် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားမှာ တစ်ဦးချင်းယှဥ်ပြိုင်တိုက်ခိုက်ရသော ပြိုင်ပွဲမျိုးမဟုတ်ပဲ တောင်ထွတ်တစ်ခုလုံးရှိ တပည့်အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ရသော တိုက်ပွဲတစ်ခုဖြစ်သောကြောင့်ပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်မူ တောင်ထွတ်များအကြားရှိ တိုက်ပွဲပင် ဖြစ်၏။

ကလန်အတွင်းရှိ အကြီးအကဲများမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားအား တောင်ထွတ်တစ်ခုစီမှ တပည့်များအား အချင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်ကာ တိုက်ပွဲစွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ကျင်းပပေးခြင်း ဖြစ်သည်။

မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားသည် ကလန်တစ်ခုလုံးရှိ တပည့်များအားလုံး ပါဝင်ယှဥ်ပြိုင်နိုင်သောကြောင့် ကလန်၏ အကြီးမားဆုံး ပြိုင်ပွဲတစ်ခုလည်း ဖြစ်၏။

ပုံမှန်အားဖြင့်ဆိုလျှင် နှစ်လတစ်ကြိမ်ဖွင့်လှစ်သော မူလရေကန်အတွင်းသို့ ခရမ်းရောင်ခါးစည်း တပည့်များသာ ဝင်ရောက်ခွင့်ရှိသောကြောင့် သာမန်တပည့်ငယ်လေးများမှာ အားကျမနာလိုရုံမှလွဲ၍ မတက်နိုင်ကြချေ။

သို့သော် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားမှာမူ ကွဲပြားခြားနားပေသည်။ တောင်ထွတ်အသီးသီးရှိ တပည့်များအားလုံးမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိကြ၏။ ထို့ကြောင့် ကန်ရွှမ်းကလန်အတွင်းရှိ လူကြိုက်အများဆုံးပြိုင်ပွဲမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားပင် ဖြစ်သည်။

ယခုနှစ်တွင်ကျင်းပမည့် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားနှင့်ပက်သတ်ပြီး လူအများအာရုံစိုက်နေကြသည်မှာ ဓားကပ်ဘေးတောင်ထွတ်မှ မူလသူတော်စင်တောင်ထွတ်အား ဖိနှိပ်နှိမ်နင်းခြင်းပြုမည်ဟူသော အကြောင်းအရာပင် ဖြစ်၏။

ထိုအကြောင်းအရာအား အခြားတောင်ထွတ်မှ တပည့်များမှာ စိတ်ဝင်စားကြပါသော်လည်း အ့ံအားသင့်ခြင်း မရှိကြချေ။ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား လုဟုန်း၏အုပ်စုမှ မရရှိနိုင်ခ့ဲခြင်းကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ ကျင့်ကြံခြင်းအရင်းအမြစ်များ ဆုံးရှုံးခ့ဲရသည့်အကြောင်းကို လူတိုင်းမှ သိရှိထားကြသောကြောင့် ဖြစ်သည်။

ထို့အပြင် မူလသူတော်စင်တောင်ထွတ်၏ အစားထိုးတောင်ထွတ်ဆရာသခင်အသစ်ဖြစ်သော အကြီးအကဲစိန်းထိုက်ယွမ်မှာ အကြီးအကဲလုဟုန်းတို့၏အုပ်စုအား ဓားကပ်ဘေးတောင်ထွတ်ထံသို့ ပြန်လည်နှင်ထုတ်လိုက်​ေပသေး၏။ ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှာ မျက်နှာရစရာပင်မရှိအောင် အရှက်များစွာ ကွဲခ့ဲရပေသည်။

ဤသို့ဖြင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အပေါ် ဒေါသတရားများဖြင့် ပြည့်နှက်လာရ၏။ ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ မူလသူတော်စင်တောင်ထွတ်အား သင်ခန်းစာပေးနိုင်ရန် ကြံရွယ်ထားကြသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ အခြားတောင်ထွတ်များမှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အား သနားစိတ်ဝင်မိကြ၏။ သို့သော် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ တောင်ထွတ်အချင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်ခြင်းမှာ ပုံမှန်သာဖြစ်သောကြောင့် ရိုးသားစွာပြောရပါလျှင်မူ ဓားကပ်ဘေးတောင်ထွတ်မှ မူလသူတော်စင်တောင်ထွတ်အား မျက်စိကျသွားခြင်းမှာ အခြားသောတောင်ထွတ်များအတွက် ကောင်းမွန်သောအရာပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မူလသူတော်စင်တောင်ထွတ်အား ဖိနှိပ်ရန်မှာ ဓားကပ်ဘေးတောင်ထွတ်အတွက် ခက်ခဲသောအရာတစ်ခု မဟုတ်ချေ။ မူလသူတော်စင်တောင်ထွတ်တွင် အသစ်ခန့်အပ်ထားသော ထူးချွန်လှသည့် တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်ရှိနေပါသော်လည်း ဓားကပ်ဘေးတောင်ထွတ်၏အင်အားနှင့် နှိုင်းယှဥ်နိုင်ရန်မှာ ဝေးကွာနေဆဲပင် ဖြစ်၏။

ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များမှာ ဓားကပ်ဘေးတောင်ထွတ်မှ မူလသူတော်စင်တောင်ထွတ်အား ဖိနှိပ်နှိမ်နင်းခြင်းပြုမည့် သတင်းများအား ကြားသိနေရပါသော်လည်း ဝင်ရောက်တားဆီးပေးနိုင်ခြင်း မရှိကြပေ။

ကလန်ခေါင်းဆောင်ချင်းယန်မှာ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းအား တိတ်တဆိတ်တွေ့ဆုံ၍ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတွင်ပြုလုပ်မည့် တပည့်များ၏ အကြံအစည်များအား တားဆီးပေးရန် တောင်းဆိုခ့ဲသေးသည်။ သို့သော် ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှာ တပည့်များ၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များအား တောင်ထွတ်ဆရာသခင်တစ်ဦးအနေဖြင့် လေးစားပေးသင့်ကြောင်းသာ ပြောခ့ဲ၏။

ဓားကပ်ဘေးတောင်ထွတ်မှ ဆရာသခင်လင်ကျွမ်း၏လုပ်ရပ်မှာ တိတ်တဆိတ် ခွင့်ပြုပေးနေခြင်း ဖြစ်ပါသော်လည်း ကလန်ခေါင်းဆောင်ချင်းယန်မှာ မည်သို့မျှ မတက်နိုင်ခ့ဲပေ။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား ပြီးဆုံးသွားပြီးသည့်နောက် ဓားကပ်ဘေးတောင်ထွတ်မှာ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခ့ဲရခြင်းအတွက် မူလသူတော်စင်တောင်ထွတ်အပေါ် အငြိုးအတေးများ ရှိလာကြသည်။ ထို့ကြောင့် ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော ေတာင်ထွတ်ဆရာသခင်များမှာလည်း ဓားကပ်ဘေးတောင်ထွတ်မှ ဆရာသခင်လင်ကျွမ်း၏ ဆုံးရှုံးများအား စာနာထောက်ထားသောအနေဖြင့် ဖိအားပေးတားဆီးစေမှုများ မပြုလုပ်ကြခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် တောင်ထွတ်အချင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်လေ့ရှိသည်မှာ ပုံမှန်အကြောင်းအရာတစ်ခုသာ ဖြစ်သည်။

ဤသို့ဖြင့်ပင် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ ပါဝင်ကြမည့် တပည့်စာရင်းမှာလည်း ထွက်ပေါ်လာတာ့၏။

မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ပါဝင်ကြမည်ဖြစ်သော တပည့်များ၏ အမည်စာရင်းတွင် မူလသူတော်စင်တောင်ထွတ်၏ အမည်စာရင်းမှာ အင်အားအနည်းဆုံး ဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်မှ ပါဝင်မည့်သူဦးရေမှာ အရေအတွက် ငါးရာမျှပင် မရှိချေ။ မူလသူတော်စင်တောင်ထွတ်၏ ပါဝင်မည့်သူများစာရင်းတွင် လူတိုင်းအား အ့ံအားသင့်စေခ့ဲသည်မှာ ဇူရှောင်ယိုပါဝင်လာခြင်းပင် ဖြစ်၏။

ကန်ရွှမ်းကလန်တစ်ခုလုံးတွင် ယောင်ယောင်မှာ ရွေးချယ်ခံတပည့်များနှင့်မခြား ကျော်ကြားလှသူ ဖြစ်သည်။ ထို့အပြင် ယောင်ယောင်မှာ ထူးချွန်ထက်မြက်လှသူဖြစ်သောကြောင့် မူလသူတော်စင်တောင်ထွတ်၏ ပါဝင်မည့်သူများစာရင်းတွင် ပါဝင်လာခြင်းမှာ လူအများ၏ စိတ်အာရုံအား ဆွဲဆောင်နိုင်လိုက်၏။

.....................

"ဇူယွမ်ကဘာလို့ ယုံကြည်ချက်အပြည့် ရှိနေရပါလိမ့်လို့ စဥ်းစားမိနေတာ။ ယောင်ယောင်ရဲ့ အကူအညီကို ရမှာမို့လို့ အရမ်းကို ယုံကြည်ချက် ပြည့်ဝနေတာများလား။" ဓားကပ်ဘေးတောင်ထွတ်၏ ခြံဝန်းတစ်ခုအတွင်းရှိနေသော ပိုင်လီချွီးမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတွင်ပါဝင်မည့် တပည့်များ၏ အမည်စာရင်းအားကြည့်ရှုကာ စကားဆိုလိုက်သည်။ ပိုင်လီချွီး၏ မျက်ဝန်းများမှာ မထီမဲ့မြုင်ပြုဟန်များဖြင့် ပြည့်နှက်နေ၏။

ပိုင်လီချွီး၏ တစ်ဖက်တစ်ချက်စီတွင်ရှိနေသော ခုန်းရှန်နှင့် ကျောင်းဇူတို့မှာ အမည်စာရင်းအား ကြည့်ရှုလိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဇူရှောင်ယိုက နည်းနည်းတော့ သတိထားရမယ့်သူပဲ။"

ခုန်းရှန်မှ ဆက်လက်ပြောဆိုလိုက်၏။ "မနှစ်ကတုန်းက မူလရေကန်မှာ အဲ့ကောင်မလေးက ငါ့ရဲ့အကြံအစည်တွေကို ပျက်စီးစေခ့ဲတယ်။ ပြီးတော့ သူမက တကယ်လည်း အရည်အချင်းရှိတဲ့ သူပဲ။ သူမမှာ ချီစွမ်းအင်မရှိပေမယ့် မူလမှော်စာလုံး ကျွမ်းကျင်မှုကတော့ ယဲ့ကယ်ထက်တောင် အများကြီးသာလွန်သေးတယ်။"

ကျောင်းဇူမှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "အဲ့ကောင်မလေး ပါလာပြီဆိုရင် သူမနားမှာရှိနေတက်တဲ့ ဘာမှန်းမသိတဲ့ ဟိုအကောင်စုတ်လေးကိုလည်း သတိထားမှရမယ်။"

ကျောင်းဇူမှာ ထန်ထန်အား ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်၏။ ထန်ထန်နှင့် ရင်ဆိုင်တွေ့ကြုံခ့ဲရပြီးနောက် ထိုချစ်စဖွယ်ကောင်းလှသော ထူးဆန်းလှသည့် သတ္တဝါလေးမှာ ကြောက်မက်ဖွယ်ကောင်းလှကြောင်း သိရှိနားလည်သွားရသည်။

ပိုင်လီချွီး၏ မျက်ဝန်းများမှာ မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ပျောက်ကွယ်သွားပြီးနောက် ေလးနက်စွာ စကားဆိုလိုက်၏။ "အဲ့ဒါဆိုရင် အခုမူလသူတော်စင်တောင်ထွတ်မှာ ရွေးချယ်ခံနှစ်ယောက် ပါလာတဲ့သဘောပေါ့။"

ခုန်းရှန်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ပြောလိုက်သည်။ "ဘာပဲပြောပြော မူလသူတော်စင်တောင်ထွတ်က အရမ်းအင်အားနည်းလွန်းတယ်လေ။ ဇူရှောင်ယိုတစ်ယောက်လောက် ပါလာရုံနဲ့ ဘာများပြောင်းလဲသွားမှာမို့လို့လဲ။"

"ဇူယွမ်က တကယ့်ငတုံးပဲ။"

ခုန်းရှန်မှာ ကျောင်းဇူအားကြည့်လိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်၏။ " အဲ့ဘာမှန်းမသိတဲ့ သတ္တဝါလေးပါလာရင်တောင် ဂျူနီယာညီတော်ကျောင်းဇူက ကိုင်တွယ်နိုင်တယ်မလား။"

ကျောင်းဇူမှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "အဲ့ဒါက အသိဥာဏ်မရှိတဲ့ သားရဲတစ်ကောင်ပဲဟာ။ အရင်တစ်ခါက ကျွန်တော်အငိုက်မိသွားလို့ပါ။ အဲ့အကောင်စုတ်လေးနဲ့သာ ထပ်တွေ့ရရင် သူ့ကိုအမွှေးတစ်ပင်ချင်းပါ ဆွဲနှုတ်ပေးလိုက်မှာ။"

ခုန်းရှန်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်၏။ "ဟားဟား...ဟုတ်ပါပြီ။ အဲ့ဒါဆိုရင် ငါကဇူရှောင်ယိုကို ကိုင်တွယ်လိုက်မယ်။"

"အရင်တစ်ခါ မူလရေကန်မှာတုန်းက ငါ့ရဲ့အကြံအစည်တွေကို ဖျက်စီးသွားတဲ့အတွက် သူမဆီက ပြန်ယူရ​ေတာ့မှာပေါ့လေ။"

"စီနီယာအကိုတော်ခုန်းရှန်က သူမကို အရမ်းစိတ်ဝင်စားနေပါလား။ ကြည့်ရတာ သူမက ကျွန်တော့်ထက်တောင် သာမယ့်ပုံပဲ။" ကျောင်းဇူမှ တိုးညင်းစွာ ​ပြောလိုက်သည်။

ခုန်ရှန်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်၏။ "သူမက မူလမှော်စာလုံးပညာမှာပဲ တော်တာပါကွာ။"

ခုန်းရှန်၏ စကားကြောင့် ကျောင်းဇူမှာ ကျေနပ်အားရသွားရသည်။

ခုန်းရှန်မှာ ပိုင်လီချွီးအားကြည့်ကာ စကားဆိုလိုက်၏။ "ဇူရှောင်ယိုနဲ့ ဟုိသတ္တဝါလေးကိုသာ ကိုင်တွယ်နိုင်ရင် ကျန်တာတွေက ဂရုစိုက်နေစရာကို မလိုတော့ဘူး။ အဲ့ဒါကြောင့် ကျန်တဲ့သူတွေကို မင်းပဲဖြေရှင်းလိုက်။"

ပိုင်လီချွီးမှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့ စီနီယာအကိုတော်။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဂျူနီယာညီတော်လေးဇူယွမ်ကို တပည့်ခေါင်းဆောင်တစ်ယောက်ဆိုတာ ဘယ်လိုအရည်အချင်းရှိရတယ်ဆိုတာကို သေချာသင်ပြပေးလိုက်ပါမယ်။ နောက်ကြရင် ကန်ရွှမ်းကလန်ထဲမှာ ဇူယ​ွမ် မျက်နှာတောင် မပြရဲစေရဘူး။"

"ဟီးဟီး.....သူတို့ရဲ့ တပည့်ခေါင်းဆောင်ကြီး ဆိုးဆိုးရွားရွား နှိပ်စက်ခံရတာကို မြင်ရပြီးရင် မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်တွေက ဇူယွမ်ကို ဆက်ပြီးထောက်ခံကြဦးမလားဆိုတာ သိချင်နေမိပြီ။"

"အဲ့အချိန်ကြရင် ဇူယွမ်ကတော့ ကန်ရွှမ်းကလန်တစ်ခုလုံးမှာ သနားစရာအကောင်းဆုံး တပည့်ခေါင်းဆောင် ဖြစ်လာတော့မှာပဲ။"

All Chapters