နတ်သူငယ်ဘုရင် နှစ်ပါး
Vol. 76 Ch. 1186
အက်စ်ကာ၏ ဦးညွှတ်မှုက အစောင့် အားလုံးကို မှင်တက်သွားစေခဲ့ပြီးနောက် နတ်သူငယ်များကို အံ့ဩသွားစေသည်မှာ စပန်အပေါ် အက်စ်ကာ၏ အခေါ်အဝေါ် ဖြစ်သည်။
အရှင်မင်းကြီးတဲ့လား။
အရှင်မင်းကြီးလို့ ခေါ်လို့ ရနိုင်တဲ့ အမျိုးသား နတ်သူငယ်... ဒဏ္ဍာရီထဲမှာ နည်းနည်းပဲ ရှိတယ်။ သူရဲကောင်းဘုရင်။
နတ်သူငယ် ဧကရီ ကိုယ်တိုင်တောင် လေးစားရမည့် နတ်သူငယ် ဘုရင်ကို ငါ တကယ်ပဲ အပြစ်ပြောခဲ့တာလား။ ဖီဂေါ ကြက်သေသေသွား၏။
“အက်စ်ကာ၊ ငါတို့ ပြန်တွေ့ကြပြန်ပြီ။” စပန်က အက်စ်ကာ၏ ပခုံးကို ပုတ်လိုက်သည်။ “မင်းက အထူးအဆင့်ကို ရောက်တော့မယ်။ မင်း အခု တပ်မှူးချုပ် ဖြစ်နေလောက်တယ်။”
“ကျုပ်က အမြဲတမ်း အရှင်မင်းကြီး အနောက်ကို လိုက်မယ့် မှော်ဓားသမား တစ်ယောက်ပဲ ဖြစ်နေမှာပါ။” အက်စ်ကာ ယခင်က စပန်၏ ဓားအစောင့်အရှောက် ဖြစ်ခဲ့ပြီး စပန်လည်း သူ့ကို သူ၏ ဓားကျွမ်းကျင်မှုများကို သင်ပေးခဲ့သည်။ သူက စပန်နောက်သို့ လိုက်၍ ငွေလ ကောင်းကင် မြို့တော် ပုန်ကန်မှုကို ဖြတ်သန်းခဲ့ပြီး သေခြင်းရှင်ခြင်းကို အတူတကွ ဖြတ်သန်းခဲ့သည်။ ယခု သူ၏ ခေါင်းဆောင်ဟောင်းနှင့် ဆရာဖြစ်သူကို ပြန်တွေ့လိုက်ရာ သူက အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
စပန်က ကြောက်ရွံ့ ရိုသေသော အမူအရာကို ပြသခဲ့သော နတ်သူငယ် အစောင့်များကို ကြည့်ပြီး နတ်သူငယ် တစ်ပိုင်းကို ပြောလိုက်လေသည်။ “ငါက နတ်သူငယ် တစ်ပိုင်းတွေကို ခွဲခြားပြီး ဆက်ဆံတာ မရှိပေမယ့် လပြည့်ည ပွဲတော်မှာ မင်း ပါဝင်ဖို့ အရည်အချင်း တကယ် မရှိဘူး။ အလယ်မှာ ဘယ်လို အလှည့်အပြောင်းတွေပဲ ရှိခဲ့ပါစေ မင်းကို တားရတာက နတ်သူငယ် အစောင့်တွေရဲ့ တာဝန်ပဲ။ ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကိုယ် ရှင်းပြဖို့ အခွင့်အရေးတစ်ခု ပေးနိုင်တယ်။ တစ်ခါပဲ။”
နတ်သူငယ် တစ်ပိုင်းက နတ်သူငယ် မျိုးနွယ်စု၏ သမိုင်းနှင့် မရင်းနှီး သော်လည်း နတ်သူငယ် ဘုရင်၏ ဒဏ္ဍာရီကိုလည်း ကြားဖူးပြီး ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။ သူက အလျင်အမြန်ပင် ဦးညွှတ်လိုက်သည်။ “ဆာ၊ ဒီဖီဂေါက ကျုပ်နဲ့ အရင်က အလောင်းအစားတစ်ခု လုပ်ခဲ့တယ်။ မြှားပစ်တာ နိုင်ရင် ကျုပ်ကို ငွေလကောင်းကင် မြို့တော်ထဲကို ဝင်ခွင့် ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူ ကျုပ်ကို ရှုံးနိမ့်ပြီးတော့ တကယ် ကတိ မတည်ခဲ့ဘဲနဲ့ ကျုပ်ကို သူလျှိုဆိုပြီးတော့ ချောက်ချခဲ့တယ်။”
“မဟုတ်တာတွေ၊ ငါက...”
“မင်း ရှင်းပြလို့ ရတယ်။ ဒါပေမဲ့ အခွင့်အရေး တစ်ခုပဲ ရှိမယ်။” စပန်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ဖီဂေါသည် နတ်ဆိုး ဧကရာဇ်အဆင့် စွမ်းအားသာ ရှိလေသည်။ စပန်က မည်သည့် စွမ်းအားကိုမှ အသက်မသွင်း ခဲ့သော်လည်း မမြင်နိုင်သော စွမ်းအား တစ်ခုကို ခံစားမိလိုက်ပြီး ချွေးစေးများ ပြန်လာခဲ့သည်။ “ကျုပ်က မျိုးနွယ်စုထဲက ထိပ်တန်း သူတော်စင် မှော်လေးသမား တစ်ယောက်ပါ။ အဲဒီမုန်းစရာကောင်းတဲ့ နတ်သူငယ် တစ်ပိုင်းရဲ့ ဆိုးယုတ်တဲ့ အကွက်ချစီစဉ်မှုသာ မရှိခဲ့ရင် ကျုပ် ဘယ်လိုလုပ် ရုတ်တရက် လွဲနိုင်မှာလဲ။”
ထိုစကား ထွက်လာသည်နှင့် ချန်လွေ့ အဖြစ်အပျက်ကို သိရှိသွားခဲ့လေသည်။ ဒီဖီဂေါက ပြိုင်ပွဲရှုံးသွားတာ သေချာတယ်။ သူက ကတိကို မဖြည်းဆည်းပေးနဲ့ လက်စားချေခဲ့တယ်။ ပြောရရင် ဖီဂေါက အစပိုင်းမှာ နတ်သူငယ် တစ်ပိုင်းကို အာရုံမစိုက်ခဲ့ဘဲနဲ့ မမျှော်လင့်ဘဲ ရှုံးနိမ့် သွဦးခဲ့တယ်။ အဲဒါကြောင့်နဲ့ သူက ရှက်ယ်မ်းယမ်းပြီး နတ်သူငယ်တစ်ပိုင်းကို သူလျှို တစ်ယောက်လို့ ချောက်ချခဲ့တယ်။ သူက တေးလို့စ်ကို နှုတ်ပိတ်ဖို့အတွက် သတ်ပစ်ချင်ခဲ့တာ။
“ဟွန့်! မြှားပစ်တာကို ရှုံးနိမ့်ပြီးတော့ စရိုက်ကိုလည်း ဆုံးရှုံးသွားတာပဲ။” လာလာရီယာ၏ မထီမဲ့မြင်အသံက ထွက်ပေါ်လာသည်။
အများပြည်သူ အရှေ့တွင် ပြစ်တင် ရှုတ်ချခံရပြီးနောက် ဖီဂေါ၏ လည်ပင်းက ရှက်ရွံ့မှုဖြင့် နီရဲသွားသော်လည်း သူက ‘နတ်သူငယ်မိန်းကလေးငယ်’မှာ နတ်သူငယ်ဘုရင်နှင့် အထူး ဆက်ဆံရေး တစ်ခု ရှိကြောင်း သေချာနေသောကြောင့် သူက တိတ်တိတ်လေး ခံစားနေရုံသာ တတ်နိုင်ခဲ့သည်။
“ဒီကိစ္စက ရှင်းလင်းနေပြီ။” စပန်က ဖီဂေါကို ကြည့်ပင်မကြည့်ခဲ့။
အက်စ်ကာ၏ မျက်နှာက အရောင် မှိန်နေပြီး ဖီဂေါအား အပြစ်တင်သော အကြည့် ကြည့်လိုက်သည်။ “လပြည့်ည ပွဲတော် ပြီးသွားရင် စစ်တရားသူကြီးဆီကို သွားပြီး အပြစ်ဒဏ်ကို သွားခံလိုက်။”
ဖီဂေါက နောက်ထပ် မပြောရဲဘဲ ခေါင်းကို ငုံ့ကာ နောက်ဆုတ်သွားခဲ့သည်။
အက်စ်ကာက ထို့နောက်တွင် သူ၏ မျက်လုံးများကို နတ်သူငယ် တစ်ပိုင်း အပေါ်သို့ ကြည့်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ ချုပ်နှောင်ထားခြင်းကို ပယ်ဖျက်လိုက်၏။ “နတ်သူငယ်တစ်ပိုင်း၊ မင်းအခု ထွက်သွားလို့ရပြီ။ မင်းမှာ ကိစ္စ တစ်ခုခု ရှိခဲ့ရင် လပြည့်ညပွဲတော် ပြီးတဲ့ အထိ စောင့်ရလိမ့်မယ်။”
နတ်သူငယ်တစ်ပိုင်းက လက်သီးကို ဆုပ်လိုက်သည်။ “မပြန်ဘူး။ ကျုပ်မှာ သွားရမယ့် အကြောင်းရင်း ရှိတယ်။”
အက်စ်ကာက မျက်မှောင်ကြုတ်ပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခု ပျံ့နှံ့ သွားခဲ့သည်။ “ငါ ထပ်မပြောတော့ဘူး။ နတ်သူငယ်တစ်ပိုင်း! မင်းမသွားဘူးဆိုရင် ငါ သနားညှာတာမှာ မဟုတ်ဘူး!”
နတ်သူငယ် တစ်ပိုင်း၏ မျက်နှာပေါ်မှ သွေးပုံစံကွက်များက တောက်ပစွာဖြင့် တောက်ပလာပြီး သူ၏ အရှိန်အဟုန်က ပို၍ အားကောင်းလာခဲ့လေသည်။ သူ၏ စွမ်းအားက အဆင့်ငယ် တစ်ခုအထိ မြင့်တက်သွားလေပြီ။ အသေအချာပင် သူက ကြံရာမရ တိုက်ပွဲ တစ်ခုကို ပြုလုပ်တော့မည် ဖြစ်သည်။ သို့တိုင် အက်စ်ကာ၏ စွမ်းအားက S++ အဆင့်သို့ ရောက်နေလေပြီ။ နတ်သူငယ်တစ်ပိုင်း၏ ခွန်အားသည် A+သို့ မြှင့်တက်သွားလျှင်ပင် အနိုင်ရနိုင်ခြေမရှိပေ။
နတ်သူငယ်တစ်ပိုင်း ကိုယ်တိုင်လည်း ထိုအချက်ကို နားလည်နိုင်သည့်တိုင် သူက မတွန့်ဆုတ်နေပေ။
“ခဏနေပါဦး။ ဆာ-အက်စ်ကာ ကျုပ်ကို ဒီနတ်သူငယ် တစ်ပိုင်းနဲ့ စကား နည်းနည်း ပြောခွင့်ပြုပါ။” ချန်လွေ့က လျှောက်လာခဲ့သည်။
“ခင်ဗျားက...” အက်စ်ကာက စပန်အား တိုင်ပင်သောအကြည့် ကြည့်လိုက်သည်။
“သူ... ငါ့ရဲ့ ဆွေမျိုး တစ်ယောက်ပဲ။ ပြီးတော့ သူ့မှာ မေးမြန်းဖို့ အရည်အချင်း ရှိတယ်။” စပန် ပြောလိုက်သည်က ချန်လွေ့၏ ‘နတ်သူငယ်ဘုရင်’ သရုပ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ မှန်ပေသည်။ အက်စ်ကာက ထိုကဲ့သို့ ထူးဆန်းသော ‘နတ်သူငယ်’မှာ နတ်သူငယ်မျိုးနွယ်စုမှ နောက်ထပ် သူရဲကောင်း ဘုရင်တစ်ပါး ဖြစ်ကြောင်း မခန့်မှန်းနိုင်ခဲ့ပေ။ သူက စပန်၏ ဆွေမျိုးဖြစ်ကြောင်း ကြားရာ ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ နာမည် ဘယ်လိုခေါ်လဲ။”
“တေးလို့စ်...”
“မင်း ဒီအချိန် ငွေရောင် ကောင်းကင် မြို့တော်ထဲကို အတင်း ဝင်ရောက်ဖို့ လုပ်ရတဲ့ အကြောင်းကို သိချင်တယ်။ ဒီအချိန် အရမ်းကာရော ဝင်ရောက်တာက မသင့်လျော်ဘူး ဆိုတာနဲ့ မပညာရှိဘူး ဆိုတာကို မင်းသိမှာပါ။”
တေးလို့စ်က သူ၏ခေါင်းကို ငုံ့ထားပြီး အဖြေမပေးခဲ့ပေ။
“တကယ်လို့ အကြောင်းအရင်းက ထိုက်တန်မယ် ဆိုရင်တော့ ငါ မင်းကို ကူညီပေးနိုင်လောက်တယ်။” ချန်လွေ့က ရုတ်တရက် တစ်စုံတစ်ခုကို နောက်တစ်ခါ ပြောလိုက်ရာ အက်စ်ကာကို မျက်မှောင် ကြုတ်သွားစေသည်။
နတ်သူငယ်တစ်ပိုင်းက အံ့အားသင့်ပြီး မော့လိုက်ကာ ချန်လွေ့၏ မျက်လုံးထဲ အနည်းငယ်မျှ မထီမဲ့မြင်ပြုသောအကြည့် မပါဝင်သည်ကို တွေ့လိုက်ရပြီး သူက နောက်ဆုံးတွင် အဖြေကို ပြောလိုက်၏။ “အယ်လ်တာနီကြောင့်ပါ။ သူက ဒီနေ့ စေ့စပ်တော့မှာ။ ဒါပေမဲ့ သူက အဲဒီ နတ်သူငယ်ကို မချစ်ဘူး...”
ဒါကြောင့်ကိုး။ ချန်လွေ့ နားလည်သော အကြည့် ပြသခဲ့သည်။ “သူ ချစ်တာက မင်းလား။”
“သူ့ကို မိသားစုက အတင်းအကျပ် ဖိအားပေးခဲ့တာ။ ပြီးတော့ သူတို့ ကျုပ်ကို သတ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်။ သေရမယ် ဆိုရင်တောင် ဒီစေ့စပ်ပွဲကို ကျုပ် ရပ်တန့်ရမယ်၊ သူက ကျုပ်နဲ့ ခွဲခွာလို့ ရတယ်။ ပြီးတော့ အနာဂတ်မှာ သူ့ကို ပိုချစ်ပြီး သူ့နဲ့ ပိုပြီးတော့ သင့်တော်တဲ့ လူတစ်ယောက်ကို ရှာတွေ့ရင် တွေ့မယ်။ ဒါပေမဲ့ သူ မချစ်တဲ့ ယောက်ျား တစ်ယောက်နဲ့ အတင်းအကျပ် လက်ထပ် ခိုင်းတာကိုတော့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး...”
သူ၏ စကားများ မဆုံးခင်မှာပင် အချို့သော နတ်သူငယ်များက ရယ်မော လိုက်ကြသည်။
“အယ်လ်တာနီက မင်းကို ချစ်တယ် ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။”
“ရယ်စရာ ကောင်းရုံတင် မကဘူး၊ ဒါက ရူးနေတာပဲ။”
“အယ်လ်တာနီက အကြီးအကဲ ချီရိုပန်ရဲ့ ညီမငယ်ပဲ။ နတ်သူငယ် မျိုးနွယ်စုထဲက အလှပဆုံး ပန်းပွင့်တွေ အထဲက တစ်ပွင့်ပဲ။ သူက မင်းလိုမျိုး ရုပ်ဆိုးတဲ့ အမှောင် နတ်သူငယ် တစ်ယောက်ကို ဘာလို့ ချစ်မှာလဲ။”
“...”
“လှပတယ်လို့ ထင်ရတဲ့ အချို့ အရာတွေက မြင်ရသလောက် လှပချင်မှ လှပတယ်လေ။” ချန်လွေ့က ခပ်ပေါ့ပေါ့ ပြောလိုက်ရာ နတ်သူငယ် အစောင့်များက ကြမ်းတမ်းသည်ဟု ခံစားရသော်လည်း စပန်ကြောင့် ချေပရဲခြင်း မရှိခဲ့ကြပေ။
“တေးလို့စ်၊ မင်းရဲ့ ဆုံးဖြတ်ချက်က သေချာလား။”
“သေချာပါတယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ။ မင်းရဲ့ ယုံကြည်မှုနဲ့ သတ္တိရလဒ်ကို ငါလည်း ကြည့်ချင်တယ်။ ဒါပေမဲ့ ဘာပဲ ပေးဆပ်ရပါစေ၊ လုပ်ဖို့ ဆန္ဒရှိရဲ့လား။”
တေးလို့စ်၏ လေသံမှာ ခိုင်မာနေ၏။ “ရှိပါတယ်!”
အက်စ်ကာက ပြတ်ပြတ်သားသားနှင့် ကြားဖြတ် ပြောလိုက်သည်။ “ခဏနေဦး၊ ဆာ။ အမှောင်နတ်သူငယ်တစ်ယောက်ကို လပြည့်ညပွဲတော်ဆီ ခေါ်ဆောင်သွားလို့ မဖြစ်ဘူး။ ခင်ဗျားက အရှင်မင်းကြီးရဲ့ ဆွေမျိုး ဖြစ်ရင်တောင် မရပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...”
ချန်လွေ့က ညင်သာစွာ ပြုံးလိုက်၏။ သူက [သရုပ်ခွဲမျက်လုံး]ဖြင့် အက်စ်ကာ၏ စိတ်ထဲသို့ ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို အရှက်မရစေချင်ပါဘူး။ သစ္စာရှိ တပ်မှူးချုပ်။ ခင်ဗျားက ကိုယ့်လူတွေကို မျက်နှာသာပေးနေတာ သေချာပေမယ့် ကျုပ် သိသလောက်တော့ နတ်သူငယ် မျိုးနွယ်စု စည်းမျဉ်းတွေအရ ဆိုရင် သူက ကျုပ်ရဲ့ လက်အောက်ငယ်သား ဆိုရင် ပြဿနာမရှိလောက်ဘူး မဟုတ်လား။”
ချန်လွေ့က ယခု ‘နတ်သူငယ်’ တစ်ဦး ဖြစ်နေရာ ထိုသို့ စိတ်ချင်းဆက်သွယ်မှု အတွက် ဝိညာဉ်ဘာသာစကား သိသော အက်စ်ကာအတွက် အံ့ဩစရာ မဟုတ်ပေ။ သူကလည်း ချန်လွေ့အား တူညီသော ဝိညာဉ်ဘာသာစကားဖြင့် ပြောလိုက်၏၊ “ခင်ဗျားက သူရဲကောင်း ဘုရင်တစ်ပါး မဟုတ်ရင်ပေါ့။ မဟုတ်ရင် တကယ်လို့ သူက ခင်ဗျားရဲ့ လက်အောက်ငယ်သား ဖြစ်လာခဲ့ရင်တောင် ဝင်ရောက်ဖို့အတွက် အရည်အချင်း မပြည့်မီဘူး။ ပြီးတော့ အရှင်မင်းကြီး စပန် ဆိုရင်တောင်မှ ဒီလိုလုပ်ရင် တခြားသူတွေရဲ့ ဝေဖန်တာ ခံရလိမ့်မယ်။ တကယ်လို့ ခင်ဗျားက အရှင်မင်းကြီး စပန်ရဲ့ ဆွေမျိုးဆိုရင် သူ့ကို ဒီလိုမျိုး ခက်ခဲတဲ့ အခြေအနေမျိုးထဲ မဆွဲထည့်သင့်ဘူး...”
ချန်လွေ့က မရှင်းပြဘဲ ရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးလိုက်ပြီး အက်စ်ကာ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ အက်စ်ကာ သတိထားနေစဉ် သူသည် အထူး အငွေ့အသက်တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။ ထိုသို့ အငွေ့အသက်က လန်းဆန်းပြီး သန့်စင်သော သဘာဝ အင်အားတစ်ခု ဖြစ်လေသည်။ ၎င်းကို ကြည့်ရုံမျှဖြင့် သူ၏စိတ် ဆေးကြောခြင်း ခံလိုက်ရပြီး စိတ်ဓာတ် တက်ကြွလာသလို ခံစားလိုက်ရသည်။
အက်စ်ကာ တုန်လှုပ်သွားခဲ့လေသည်။ ဒီလို စွမ်းအားက တကယ်...
သဘာဝ အငွေ့အသက်က ပို၍ပို၍ ပြင်းထန်လာခဲ့လေသည်။ အက်စ်ကာက ပင်လယ်သို့ ပြန်လည်ရောက်ရှိသွားသော ရေတစ်စက်ကဲ့သို့ ခံစားလိုက်ရလေသည်။ ခံစားချက်မှာ မကြုံစဖူး သက်တောင့် သက်သာရှိနေပြီး ရင်းနှီးနေသည်။ သူ၏ ဝိညာဉ် တစ်ခုလုံးက မသိစိတ်ဖြင့် ပြင်းထန်သော တမ်းတမှုကို ပြသနေ၏။ အက်စ်ကာ နောက်ဆုံးတွင် အတည်ပြု လိုက်နိုင်သည်။ သဘာဝသစ်ပင်ပဲ!
ဒါက တကယ် သိဒ္ဓိသစ်ပင် စွမ်းအားပဲ!
သိဒ္ဓိသစ်ပင်သည် ထိုအချိန်က စပန်မှ ချိပ်ပိတ်ထားသော်လည်း ၎င်းက နှစ်ပေါင်း ၂၀၀၀၀ကြာ မကောင်းဆိုးဝါး အင်အားစု တိုက်စားခြင်းမှ လုံးဝ မလွတ်မြောက်ခဲ့။ လွန်ခဲ့သော နှစ်အနည်းငယ်အထိ လူသား တစ်ဦး ငွေလ ကောင်းကင် မြို့တော်သို့ ရောက်လာခဲ့ပြီးနောက် မကောင်းဆိုးဝါး အင်အားစုကို ဖျက်ဆီးကာ သိဒ္ဓိသစ်ပင်ကို အမှန်တကယ် ပြန်လည်၍ မွေးဖွား စေခဲ့သည်။ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာ၏ ညွှန်ကြားမှုအောက်တွင် သဘာဝသစ်ပင်ကို လူသားမှ ယာယီ ထိန်းသိမ်းထားပြီး ထိုလူသားက နှစ်ပေါင်း ၂၀၀၀၀ကြာ စပန်အပြီး နောက်ထပ် နတ်သူငယ် သူရဲကောင်း ဘုရင်တစ်ပါး ဖြစ်ပေသည်။
ဒီနတ်သူငယ်... မဟုတ်ဘူး၊ သူက နတ်သူငယ်တစ်ယောက် မဟုတ်ဘူး!
သိဒ္ဓိသစ်ပင်ကို ၂နှစ် အတွင်းမှာ ကောင်းကင် မြို့တော်ကို ပြန်ပေးမယ်လို့ အရင်က သဘောတူခဲ့ပေမဲ့ တချို့သော အထူး အကြောင်းတွေကြောင့် လူသားက အချိန်ဇယားအတိုင်း ပြန်မလာနိုင်ခဲ့တာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ငါတို့ နတ်သူငယ်တွေ ဘာမှမပြောကြတောင် စိတ်ထဲမှာ ဧကရီ အရှင်မ လစ်ဗ်နှင့် ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အပေါ်မှာ အတိုင်းအတာ တစ်ခုအထိ မကျေမနပ် ခံစားနေကြတယ်။ ယခု နောက်ဆုံးတော့ သဘာဝ သစ်ပင်ကို လရောင်နတ်ဘုရားမ လက်ထဲ ပြန်အပ်နှံဖို့ အချိန်ရောက်ပြီ။
စိတ်လှုပ်ရှားနေရင်းနှင့် တပ်မှူးချုပ်က စပန်သည် ချန်လွေ့၌ ‘အရည်အချင်း’ ရှိကြောင်း အဘယ်ကြောင့် ပြောခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူ့မှာ တကယ် ရှိနေတာပဲ။
စဉ်းစားမနေဘဲ သူက ချန်လွေ့အား နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ ထိုသူ၏ သရုပ် ဖြစ်စေ၊ သူပိုင်ဆိုင်သော သဘာဝ သစ်ပင်ဖြစ်စေ၊ သူက ထိုသို့ကြီးမားသော ဦးညွှတ်မှုနှင့် ထိုက်တန်ပေသည်။
ချန်လွေ့က အက်စ်ကာအား ဝိညာဉ် ဘာသာစကားဖြင့် စကား အနည်းငယ် ပြောလိုက်ပြီး ဧကရီအရှင်မ လစ်ဗ်ထံသို့ အစီရင်ခံရန် တောင်းဆိုခဲ့သော်လည်း လောလောဆယ် သတင်းကို အခြား သူများထံသို့ မထုတ်ဖော်ရန် တောင်းဆို ခဲ့လေသည်။
အက်စ်ကာ ခေါင်းညိတ်လိုက်ပြီး နတ်သူငယ် တစ်ပိုင်း တေးလို့စ်ကို ကြည့်လိုက်သည်။ “မင်း ဒီဆာ့နောက်ကို လိုက်သွားလို့ရတယ်။”
နတ်သူငယ်များက ထပ်မံ၍ တုန်လှုပ် သွားကြပြန်လေသည်။ တပ်မှူးချုပ်က နတ်သူငယ် တစ်ပိုင်းအား လပြည့်ည ပွဲတော်တွင် ကောင်းကင် မြို့တော်သို့ ဝင်ရောက်ခွင့် အမှန်တကယ် ပေးခဲ့၏။ ပြီးတော့ သူက ဒီထူးဆန်းတဲ့နတ်သူငယ် နတ်သူငယ်ကို အတော် လေးစားနေပြီး နတ်သူငယ်ဘုရင်နဲ့ တူညီတဲ့ ယဉ်ကျေးမှု ပြသနေတယ်။ ဒီနတ်သူငယ်ရဲ့ ဇစ်မြစ်က ဘာများလဲ။
တေးလို့စ်လည်း အံ့ဩသွားသည့်တိုင် ကောင်းကင်မြို့တော်မှ သူ၏ချ စ်သူကို ပို၍ ဂရုစိုက်သည်။ ထိုသူမှ ခေါ်ဆောင် သွားနိုင်ခြင်းမှာ သေချာပေါက် အံ့သြစရာ တစ်ခု ဖြစ်လေသည်။ အကယ်၍ သူက သူ၏ချစ်သူကို အမှန်တကယ် ‘ကယ်တင်’ နိုင်ခဲ့ပါက ပြန်လည် ပေးဆပ်ခြင်းနှင့် နောက်လိုက်ခြင်းမှာ ထိုက်တန်ပေသည်။ သို့ဖြင့် နတ်သူငယ် တစ်ပိုင်းက နောက်လိုက်ရန် သစ္စာပြုလုပ်ခဲ့သည်။
ချန်လွေ့က တေးလို့စ် လိမ်နေခြင်း မဟုတ်ကြောင်း မြင်နိုင်ရာ စာချုပ်ကဲ့သို့ အရာ တစ်ခုခုကို မတောင်းဆိုခဲ့ပေ။ သူက အချစ်နောက် လိုက်နေသော နတ်သူငယ် တစ်ပိုင်းကို ကူညီလိုခဲ့ရုံသာ ဖြစ်သည်။
“ဆာတို့၊ ကျုပ် အရင်သွားပါဦးမယ်။” အက်စ်ကာက ချန်လွေ့နှင့် စပန်တို့ကို ဦးညွှတ်ပြီး အစောင့်များက ဦးဆောင် လာခဲ့သော ငွေရောင် ပီဂါဆက်ပေါ်သို့ တက်စီးကာ ပျံသန်း ထွက်ခွာသွားခဲ့သည်။
အက်စ်ကာက ဧကရီ အရှင်မ လစ်ဗ်ထံသို့ အစီရင်ခံရန် သွားမည်ကို သိသောကြောင့် ချန်လွေ့က လူတိုင်းကို ခေါင်းညိတ် ပြလိုက်သည်။ “ငါတို့လည်း သွားကြတာပေါ့။”
နတ်သူငယ်များက အခြေခံအားဖြင့် စပန်၏ သရုပ်ကို အတည်ပြုပြီး ဖြစ်ကာ ချန်လွေ့လည်း အရေးကြီးသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ရမည်ဖြစ်ရာ သူတို့သည် မှတ်ပုံတင်ရန် မတောင်းဆိုခဲ့ပေ။ သူတို့ အားလုံးက ဦးညွှတ်လိုက်ပြီး သူတို့ကို ပို့ဆောင်ပေးခဲ့ကြသည်။
ဆိပ်ကမ်းရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးနောက်တွင် လပြည့်ည ပွဲတော်၏ အငွေ့အသက်ကို လမ်းတစ်လျှောက်တွင် မြင်တွေ့နိုင်ပြီ ဖြစ်လေသည်။ အရောင်စုံ အလင်းတန်းများသည် မြူဆိုင်းသော တောအုပ်များတွင် ပေါ်လာပြီး သူတို့က လေပြေအောက် သာယာငြိမ့်ညောင်းသော ဂီတကို ထုတ်လွှတ်နေ၏။ အနီးအနားမှ နွယ်ပင်များလည်း အသက်ရှင်နေပုံရပြီး ဂီတနှင့်အတူ ကခုန်နေကြလေသည်။ အလားတူ ရှုခင်းများစွာ ရှိနေကြသည်။ ပို၍ ထူးခြားသည်မှာ ထိုကဲ့သို့သော အလှဆင်မှုများ၊ ရှုခင်းများက သဘာဝနှင့် ပေါင်းစပ်နေပြီး ၎င်းမှာ သဘာဝကျပြီး အံ့ဩဖွယ်ကောင်းနေခြင်းပင်။
“အရမ်းလှတာပဲ!” အဲလစ်က ထိုသို့ မြင်ကွင်းမျိုးကို နတ်ဆိုးဘုံတွင် လုံးဝ မမြင်ဖူးခဲ့ပေ။ သူ၏ မျက်လုံးဝိုင်းဝိုင်းက တောက်ပနေသော ကြယ်လေးများဖြင့် ပြည့်နှက်နေခဲ့သည်။
ချန်လွေ့ ခေါင်းညိတ်လိုက်လေသည်။ အသိအမှတ်ပြုတဲ့ ရှုထောင့်က ကြည့်ရင် နတ်သူငယ်တွေက အမှန်တကယ်ကို ပြိုင်စံရှား အနုပညာရှင်တွေပဲ။
လူတစ်စုက ရှေ့တွင် ပေါ်လာခဲ့သည်။ တေးလို့စ်က ကျောက်စိမ်း သစ်တော ပင်လယ်တွင် အချိန်အချို့ ကုန်ဆုံးခဲ့ဖူးရာ သူတို့မှာ နတ်သူငယ်မျိုးနွယ်စု၏ တော်ဝင် ဂုဏ်ပြုတပ်ဖွဲ့ ဖြစ်ကြောင်း မှတ်မိသည်။ ဂုဏ်ပြုတပ်ဖွဲ့က အိပ်မက်ဆန်ဆန်နှင့် လှပသော တေးဂီတကို တီးမှုတ်နေပြီး အချို့သော နတ်သူငယ်များ ညင်သာစွာ ကခုန်နေကြသည်။ ၎င်းမှာ ကြိုဆိုပွဲ ဓလေ့ထုံးတမ်း၏ အမြင့်ဆုံးအဆင့်ပင်။
တော်ဝင် ဂုဏ်ပြုတပ်ဖွဲ့၏ နောက်တွင် လှပသော နတ်သူငယ်တစ်ဦး ရှိနေပြီး လှပပြီး ကျက်သရေရှိနေသော သရဖူကို ဆောင်းထား၏။ ထိုသူမှာ နတ်သူငယ် ဧကရီအရှင်မ လစ်ဗ် ဖြစ်လေသည်။
ဧကရီအရှင်မ လစ်ဗ်သည် စပန်နှင့် အခြားသူများထံသို့ လမ်းလျှောက်သွားပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ချန်လွေ့နှင့် စပန်တို့ ဓလေ့ထုံးတမ်းကို ပြန်လည်ပြုလုပ်ခဲ့ကြသည်။
“ကြိုဆိုပါတယ်။ အရှင်မင်းကြီးနှစ်ပါး။” ဧကရီအရှင်မလစ်ဗ်၏ အသံက ပုံမှန် အတိုင်းပင် ဆွဲဆောင်မှု ရှိနေ၏။
အရှင်မင်းကြီး နှစ်ပါး!
တုန်လှုပ်သွားသည့် တေးလို့စ်က သူ ယာယီ ‘နောက်လိုက်’ နေခဲ့သော နတ်သူငယ်မှာ အမှန်တကယ် ဒဏ္ဍာရီလာ သူရဲကောင်း ဘုရင်တစ်ပါး ဖြစ်ကြောင်း နောက်ဆုံးတွင် သိရှိသွားခဲ့လေသည်။