← Chapters

နဂါးကျွန်းမှ ကပ်ဆိုး၏ စွမ်းအား

Vol. 76 Ch. 1183

နဂါးကျွန်းမှ ကပ်ဆိုး၏ စွမ်းအား

Vol. 76 Ch. 1183

နဂါးတောင်ကြား-

ကျောက်စိမ်းဖြူ နန်းတော်၏ ဥယျာဉ် တံခါးဝ၌ ဖြစ်သည်။

အဲလစ်က ပန်းများနှင့် အပင်များကို ခေါင်းငုံ့၍ စီစဉ်နေသော အမျိုးသမီး၏ နောက်ကျောကို တိတ်တဆိတ်နှင့် ခေါင်း ပြူထွက်ရင်း ကြည့်နေသည်။

ဆိုဖီယာ ရပ်တန့်လိုက်၏။ “မင်းသမီး အဲလစ်...”

ရှာတွေ့ ခံလိုက်ရသော အဲလစ်က လျှာထုတ်ပြီး ထွက်လာခဲ့သည်။ “အရှင်မ ဆိုဖီယာ။”

လွန်ခဲ့သော ရက်အနည်းငယ် အတွင်း အဲလစ်က ချန်လွေ့နှင့် ကျောက်စိမ်းဖြူ နန်းတော်သို့ နေ့စဉ်လိုက်ပါခဲ့ပြီး သူက ဆိုဖီယာနှင့် ပို၍ ရင်းနှီးလာခဲ့သည်။

ဆိုဖီယာ ထရပ်လိုက်သည်။ “မင်းသမီး ဒီနေ့ အစောကြီး ရောက်လာတာပဲ။ ဧည့်ခန်းမမှာ အရင်ဆုံး ထိုင်နေလိုက်ပါ။ မင်းသမီး အတွက် သရေစာ တချို့ ယူလာပေးပါ့မယ်။”

အဲလစ်က အမြန် ပြောလိုက်သည်။ “မလိုပါဘူး။ အရှင်မ ဆိုဖီယာ။ ကျွန်မက ဥယျာဉ်ကို ရှင်းလင်းဖို့ ကူညီချင်တာပါ။ အဆင်ပြေရဲ့လား။”

ဆိုဖီယာ အနည်းငယ် အံ့အားသင့် သွားပြီးနောက် ခေါင်းညိတ်လိုက်သည်၊ “ရတာပေါ့။”

အဲလစ်က ပျော်ရွှင်စွာ ခုန်လွှားလိုက်ပြီး ဆိုဖီယာကို ရှင်းလင်းရာတွင် စတင်၍ ကူညီပေးနေခဲ့သည်။ သူက အစပိုင်းတွင် အခြေအနေများကို ပိုဆိုးသွားအောင် ဖြစ်စေသော်လည်း ၎င်းနှင့် အလျင်အမြန် လိုက်လျောညီထွေ ဖြစ်သွားခဲ့လေသည်။ ခဏတာ အလုပ်လုပ်ပြီးနောက်တွင် သူ၏ မျက်နှာက ချွေးများ ရွှဲနေခဲ့သည်။

ဆိုဖီယာ မျက်နှာသုတ်ပုဝါ တစ်ထည် ထုတ်ယူလိုက်ပြီး အဲလစ်၏ မျက်နှာကို သုတ်ပေးလိုက်သည်။ ထို့နောက် သူက ရုတ်တရက် အဲလစ်၏ မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရ၏။ ဆိုဖီယာ လန့်သွားသော်လည်း ထိုရက်များအတွင်း အဲလစ်၏ လုပ်ရပ်များကို တွေးမိရာ အမျိုးသမီးတစ်ဦး၏ ခံစားလွယ်မှုကြောင့် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။ သို့နှင့် သူက အဲလစ်ကို လက်မောင်းထဲ ညင်သာစွာ ပွေ့ဖက်လိုက်၏။

ချန်လွေ့က အဲလစ် တစ်ယောက်တည်း ကျောက်စိမ်းဖြူနန်းတော်သို့ ရောက်နေပြီး ဖြစ်ကြောင်း မသိခဲ့ပေ။ ထိုမနက် ဇိုလာနှင့် သူ လေ့ကျင့်နေစဉ် အတွင်း ဇိုလာက နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် စွမ်းအားကို ပိုမို နားလည်သဘောပေါက် လာခဲ့သည်။ ယခု သူက တံခါးပိတ် လေ့ကျင့်နေရာ ချန်လွေ့က သူ့ကို မနှောင့်ယှက်ဘဲ လေ့ကျင့်မှုကို အဆုံးသတ်လိုက်သည်။ သူက သက်တန့် တောင်ထွတ်မှ ထွက်လာပြီး စတန်ဝဲလ်နှင့် တွေ့ဆုံခဲ့သည်။ “ဆာ-ရစ်ချက်။ ခင်ဗျား လိုအပ်တဲ့ ပစ္စည်းတွေကို စုစည်းပြီးပါပြီ။ တချို့က နဂါးတောင်ကြားကို မရောက် လာသေးဘူး။ လမ်းမှာပဲ ရှိနေသေးတယ်။ အခုလက်ရှိမှာ သက်တန့် ကာလာလီလီနဲ့ ရေခဲမှိုပဲ လိုတော့တယ်။ ဒီအပင် ၂မျိုးက အတော်လေး ရှားပါးတယ်။ ကျောက်စိမ်း သစ်တော ပင်လယ်မှာ နည်းနည်းပါးပါး ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ နတ်သူငယ် မျိုးနွယ်စုက လက်ရှိမှာ နှစ်တစ်ရာ လပြည့်ည ပွဲတော်အတွက် ပြင်ဆင် နေကြတယ်။ နောက်လ အနည်းငယ်မှာ အထူး ဖိတ်ကြားထားတဲ့ ဧည့်သည် မဟုတ်ရင် နတ်သူငယ်တွေက ဘယ်လို အပြင်လူကိုမှ မတွေ့ဘူး...”

“နောက်လအနည်းငယ်လား။” ချန်လွေ့က မျက်မှောင်ကြုတ်လိုက်သည်။ “နားလည်ပါပြီ။ ကျေးဇူးပါပဲ။”

ကျောက်စိမ်းဖြူ နန်းတော်မှ ရွှေနဂါး တံတွေးပန်းကြောင့် ချန်လွေ့က နဂါး တောင်ကြားတွင် ယာယီ နေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ပစ္စည်း စုဆောင်းခြင်းကို နဂါးဧကရာဇ် ပါဂရစ်ဇ်ထံ အပ်နှံခဲ့သည်။ ယခု ထိုသို့ မရည်ရွယ်ဘဲ ပြုလုပ်ခဲ့သော လှုပ်ရှားမှုက အမှန်တကယ် ပါးနပ်သော အရာတစ်ခု ဖြစ်သွားခဲ့ပုံရသည်။ နဂါး တောင်ကြားမှာ လူသားလောကမှ နေရာ တစ်ခုမျှသာ ဖြစ်သော်လည်း နဂါးများ၏ ဂုဏ်သတင်းက နေရာတိုင်းနီးပါးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ အထူးသဖြင့် မှော်ဂိမ်းများနှင့် မှော်ဖုန်းများ ကဲ့သို့သော တီထွင်မှု အသစ်များ ‘ပေါ်ထွက်လာပြီး’ နောက်တွင် လွှမ်းမိုးမှုများက ပို၍ပင် ကြီးထွားလာခဲ့သည်။ ရက်အနည်းငယ် အတွင်းမှာပင် စာရင်းပေါ်မှ ပစ္စည်းများက လမ်းကြောင်း အမျိုးမျိုးမှ စုစည်းထားပြီး ဖြစ်သည်။ အကယ်၍ ၎င်းမှာ ချန်လွေ့ ကိုယ်တိုင်သာ ဖြစ်ခဲ့ပါက နဂါးလင်းလက် အင်ပါယာ၏ စွမ်းအားကို အသုံးပြုလျှင်ပင် ထိုသို့ အကျိုးသက်ရောက်မှုမျိုး ရရှိရန် မဖြစ်နိုင်ပေ။

သက်တန့် ကာလာလီလီနှင့် ရေခဲမှို အတွက်မူ ချန်လွေ့ လအနည်းငယ် စောင့်ဆိုင်းရန် မဖြစ်နိုင်ပေ။ နဂါး တောင်ကြား ကိစ္စ ဖြေရှင်းပြီးနောက်တွင် သူက ကျောက်စိမ်းသစ်တော ပင်လယ်သို့ ကိုယ်တိုင် သွားရောက်ပေမည်။ ထိုပစ္စည်း ၂မျိုးကို ရယူရန်အပြင် ချန်လွေ့သည် နတ်သူငယ် မျိုးနွယ်စု၏ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာနှင့်လည်း တွေ့ဆုံချင်နေသည်။ အချို့သော လျို့ဝှက် နက်နဲမှုများကို ဖြေရှင်းရန် အချိန် ကျရောက်လာပြီ ဖြစ်၍ပင်။

စွမ်းအား ဘယ်လိုပဲဖြစ်ဖြစ် နတ်သူငယ် မျိုးနွယ်စုရဲ့ လပြည့်ညပွဲတော်က ငါ့ကို မတားဆီးနိုင်ဘူး။ ပြီးတော့ ငါ့မှာ နတ်သူငယ် ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်လည်း ရှိနေသေးတယ်။ နတ်သူငယ် ရှေ့ဖြစ်ဟောက ဖီနိုအီရာကို ‘အချိန်ကျော်’ သွားခဲ့ရင်တောင် သဘာဝသစ်ပင်ကို သိမ်းထားဖို့ ငါ့ဆီမှာပဲ အပ်ခဲ့တာ မဟုတ်လား။ တကယ်လို့ ကျေနပ်လောက်စရာ အဖြေတစ်ခု မရရင် သံသယဖြစ်စရာကောင်းတဲ့ သဘာဝ သစ်ပင်ကို နတ်သူငယ်မျိုးနွယ်စုဆီကို ငါ ပြန်ပေးလိုက်မယ်။

ထိုသို့ တွေးလိုက်ပြီးနောက် ချန်လွေ့၏ မျက်မှောင်ကြုတ်မှု လျော့ပါးသွားသည်။ စတန်ဝဲလ်၏ တွန့်ဆုတ်နေမှုကို မြင်ရာ သူက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ တခြား တစ်ခုခု ရှိသေးတာလား။”

“ဟုတ်ပါတယ်။ မဟုတ်ဘူး။ အဲ...”

“လိုရင်းကို ပြောပါ။ အကြီးအကဲ စတန်ဝဲလ်။ မဟုတ်ရင် ကျုပ် အခုပဲ ကျောက်စိမ်းဖြူနန်းတော်ကို သွားမယ်။”

စတန်ဝဲလ်က ဆက်သွယ်ရေး အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံထားရလေသည်။ ချန်လွေ့၏ စွမ်းအားကို ဘေးဖယ် ထားလျှင် လာလာရီယာနှင့် အဲလစ်တို့၏ သရုပ်များက ထူးခြားနေရာ စတန်ဝဲလ် ကဲ့သို့ စိတ်ချရသော အကြီးအကဲက ပါဂရစ်ဇ်ကိုယ်စား ဧည့်ခံခြင်း အတွက် တာဝန်ယူရသည်။ သူက ချက်ချင်း ပြောလိုက်သည်။ “တကယ်တော့ ဒါကို ဘယ်လို ပြောရမလဲ မသိဘူး။ ဒါက အရှင်မ လာလာရီယာ အကြောင်းပါ။ သူက နဂါးတောင်ကြားမှာ ဒီရက်ပိုင်း အတွင်း...”

“ပြဿနာ ရှာခဲ့တာလား။” ချန်လွေ့ ထိတ်လန့်သွားသည်။ လာလာရီယာက နတ်ဆိုးဘုံမှ နဂါးနက် ဖြစ်သည်။ ပါဂရစ်ဇ်က အမိန့်ပေးခဲ့သော်လည်း နဂါး တောင်ကြားမှ နဂါးများ သူအပေါ်တွင် ပြင်းထန်သော ရန်လိုမှု ရှိမည် မဟုတ်ဟု အာမမခံနိုင်ပေ။ အဲလစ်၏ ပြောစကား အရဆိုလျှင် လာလာရီယာသည် သက်တန့် တောင်ထွတ်သို့ လုံးဝ ပြန်မသွားခဲ့ပေ။ သူက နဂါးတောင်ကြား ပတ်လည်တွင် လျှောက်သွားနေရုံသာ ဖြစ်သည်။ သူက ပြဿနာ တစ်ခုခု ဖြစ်နိုင်စေလောက်၏။

“ဒါကို ဘယ်လိုပြောရမလဲ မသိပါဘူး။” စတန်ဝဲလ်က သက်ပြင်းချလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဆက်သွယ်ရေး အရာရှိ တစ်ယောက်အနေနဲ့ ကျုပ်ရဲ့ တံခါးက အဲဒီ တိုင်တန်းတဲ့ သူတွေကြောင့် ပျက်စီးလု နီးပါး ဖြစ်နေပြီ။”

“တိုင်တန်းတဲ့သူတွေလား။” ချန်လွေ့ မမျှော်လင့်ထားသော အမူအရာမျိုးကို ပြသခဲ့သည်။ သူက လာလာရီယာ၏ အစွမ်းထက် အရည်အချင်း အချို့ကို ရုတ်တရက် တွေးမိသွားပြီး အစမ်းသဘော မေးလိုက်၏။ “သူတို့တွေမှာ... သမီးတွေ ရှိလို့လား။”

စတန်ဝဲလ်က ခါးသက်သက် အပြုံးဖြင့် ခေါင်းညိတ်လိုက်လေသည်။ ချန်လွေ့ ရုတ်တရက် ပြောစရာစကား မဲ့သွား၏။ သေချာပြီ...

ချန်လွေ့က တစ်ခုခု မှားနေကြောင်း ခံစားလိုက်ရပြန်သည်။ လာလာရီယာက နဂါးတောင်ကြားကိုရောက်တာ ခဏပဲ ရှိသေးတယ်။ ပြီးတော့ သူက တခြား လောကက နဂါးတစ်ကောင်ပဲ။ ဒီလိုမျိုး အချိန်တို အတွင်းမှာ ဘယ်လိုလုပ်...

သူ မစဉ်းစားနိုင်ခင် သလင်းကျောက် ဒင်္ဂါးများစွာ ပြုတ်ကျသံ စတန်ဝဲလ်ထံမှ ထွက်ပေါ်လာခဲ့သည်။ မှော်ဖုန်းအသံပင်။

ထူးဆန်းသော ဖုန်းသံနှင့် ယှဉ်လျှင် ချန်လွေ့၏ အာရုံကို ဆွဲဆောင်သည်မှာ ဖုန်းမှအသံ ဖြစ်သည်။

“ရွှေတောက်ပရင်ပြင်လား။” ချန်လွေ့ ဖုန်းမှ စကားများကို ကြားနှင့်ပြီးဖြစ်သည်။ စတန်ဝဲလ် စကား မပြောနိုင်ခင်မှာပင် သူ ခေါင်းညိတ်လိုက်သည်။ “ကျုပ် သွားကြည့် လိုက်မယ်။”

ရွှေတောက်ပရင်ပြင်။

ထိုနေရာက နဂါးတောင်ကြားရှိ အဓိက ရင်ပြင်ကြီး နှစ်ခုထဲမှ တစ်ခု ဖြစ်သည်။ နဂါးများ၏ ဧရာမမူလခန္ဓာအတွက်ပင် အတော်အတန် ကျယ်ပြန့်သော ရင်ပြင် ဖြစ်သည်။ ယခု ရင်ပြင်တွင် နဂါးများ စက်ဝိုင်းပုံစံ ရှိနေကြသည်။ အချို့မှာ လူသားပုံစံသို့ ပြောင်းထားပြီး အချို့မှာမူ နဂါးပုံစံ ရှိနေကြသည်။ ထိုနဂါးများ အများစုမှာ အမများ ဖြစ်သော်လည်း အမျိုးသား များစွာလည်း ရှိနေလေသည်။ သူတို့ အားလုံးတွင် တူညီသော လက္ခဏာ တစ်ခုရှိနေ၏။ ငယ်ရွယ်ခြင်းပင်။

ထိုနဂါးစက်ဝိုင်း၏ အလယ်ဗဟိုတွင် ရင်းနှီးပုံရသော အရပ်ပုပြီး ပြားချပ်သော ပုံရိပ်တစ်ခု ရှိသည်။ သူသည် ရုပ်ထု တစ်ခုပေါ်တွင် ရပ်နေပြီး စိတ်အား ထက်သန်သော အသံများဖြင့် ပြောဆို နေလေသည်။

...

ငါတို့က လူငယ်တွေ။

တစ်ခါတလေ အစီအစဉ်တွေကို ငါတို့ အထင်သေးကြတယ်။

ထုံးတမ်းစဉ်လာ ဆို‌တာတွေကို နှာခေါင်းရှုံ့ကြတယ်။

ငါတို့လည်း ရှုံးနိမ့်တယ်၊ စိတ်ပျက်ပြီး ငိုကြွေးကြတယ်။

ဘာလို့လဲဆို ငါတို့က ငယ်ရွယ်လို့ပဲ။

ငါတို့တွေ အများစုက မိဘတွေနဲ့ အဘိုး အဘွားတွေရဲ့ အရိပ်အောက်မှာ နေနေကြရတယ်။

အမှား နည်းနည်း ဒါမှမဟုတ် ရှုံးနိမ့်မှု တစ်ခု ဖြစ်ခဲ့ရင် ဘယ်သူ ဘယ်သူတွေ အရှက်ရလိမ့်မယ်။

မင်းတို့ ရောက်ရှိခဲ့တဲ့ အမြင့်တွေ၊ အောင်မြင်ခဲ့တဲ့ အောင်မြင်မှုတွေက ‘ဖြစ်သင့်’တဲ့ဟာတွေ။

‘ဖြစ်ချင်’တဲ့ဟာတွေ မဟုတ်ဘူး။

ငါနဲ့ လူတိုင်းက ဒါကို သေသေချာချာ သိတယ်။ အဲဒီ အိုကြီးအိုမတွေထက် ပိုပြီးတောင် သိသေးတယ်။

ငါတို့ နှလုံးသားတွေက အပြောင်းအလဲ တစ်ခုကို တမ်းတနေကြတယ်။

နာခံဖို့ မလိုဘူး။

အညံ့ခံဖို့ မလိုဘူး။

ဒုက္ခခံစားနေဖို့ မလိုဘူး။

ငါတို့ကို သူပုန်တွေလို့ မြင်ရင်မြင်မယ်။ ဟားတိုက်ခံရမယ်။ ပျက်ရယ်ပြုခံရမယ်။

ပိုပြီးတော့ ဆုတ်ယုတ်မှုတွေကို ခံစားရလိမ့်မယ်။

ဒါပေမဲ့ ငါတို့ရဲ့ သတ္တိကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။

ဘာလို့လဲဆို ငါတို့က ငယ်ရွယ်လို့ပဲ!

ငါတို့မှာ နောက်တစ်ခါ ထရပ်နိုင်မယ့် ယုံကြည်မှု ရှိတယ်။

ငါတို့မှာ အိုကြီးအိုမတွေ မရှိတဲ့ ငယ်ရွယ်တဲ့သွေး ရှိတယ်။

တစ်နေ့ ငါတို့ရဲ့ဆန္ဒ ပြည့်ဝလာမယ်။

တစ်နေ့ ငါတို့ အဲဒီ အိုကြီးအိုမတွေကို အံ့ဩသွားစေရမယ်။

တစ်နေ့ ငါတို့ရဲ့ နာမည်တွေကို မိတ်ဆက်တဲ့အခါ ဘယ်သူ ဘယ်သူရဲ့ ‘သားသမီး’ မဟုတ်ဘဲနဲ့ ငါတို့ရဲ့ ခိုင်မာတဲ့ စစ်မှန်တဲ့ နာမည်တွေ ဖြစ်လာလိမ့်မယ်။

ထိုသို့ ပြောပြီးနောက်တွင် ပတ်လည်မှ နဂါးအားလုံး စိတ်လှုပ်ရှားစွာ သူတို့၏ လက်မောင်းများကို မြှောက်လိုက်ကြပြီး အော်ဟစ်လိုက်ကြ၏။ “လာလာရီယာ! လာလာရီယာ!”

ချန်လွေ့ မှင်တက်သွားသည်။ ဒါက ပရောပရည်လုပ်တာ မဟုတ်ဘူး။ ဒါက မိန့်ခွန်းပဲ။ အတော်လေး စိတ်ကိုဆွပေးတဲ့ မိန့်ခွန်းတစ်ခုပဲ။ ဒီလို အမျိုးသမီးချင်း စိတ်ဝင်စားသော လိုလီ၊ ရှုပ်ယှက်ခတ်ရုံပဲ လုပ်တတ်ပြီး အကြွေးတွေ ပြန်ပြီး‌တော့ ဖောက်ဖျက်ရတာကို ကြိုက်နှစ်သက်တဲ့ လူမိုက်မှာ ဒီလိုစွမ်းရည်တွေ ရှိနေတာပဲ။

လာလာရီယာ ရယ်ပြီး ခုန်ချလိုက်ကာ အနီးဆုံးမှ မိန်းကလေး၏ ခါးကို လက်မောင်းများဖြင့် ပတ်ရစ်လိုက်သည်။ သူက ရုတ်တရက် ရှေ့သို့ ကိုင်းညွှတ်ပြီး အနမ်းတစ်ခု ပေးလိုက်၏။ ပတ်ဝန်းကျင်မှ နဂါးများက အံ့ဩခြင်း မရှိပေ။ ထိုအစား နဂါးမများစွာက အော်ဟစ်လိုက်ကြသည်၊ “မဒမ်-လာလာရီယာက အရမ်းကို ခန့်ညားတာပဲ!”

“အိုဟိုဟိုဟို...” လာလာရီယာက မျက်နှာ နီရဲနေသော မိန်းကလေးကို လွှတ်ပေးလိုက်ပြီး လက်ကို ခါးပေါ်တွင် တင်လိုက်ကာ သူ၏ အမှတ်အသား ရယ်သံဖြင့် ရယ်လိုက်လေသည်။

ခဏအတွင်းမှာပင် ပတ်ဝန်းကျင်မှ နဂါးအားလုံး လာလာရီယာ၏ လေသံနှင့် အနေအထားနှင့် အတုခိုး လိုက်ကြပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ ကျယ်လောင်ပြီး ထူးဆန်းသော ရယ်သံက ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။ “အိုဟိုဟိုဟို...”

ချန်လွေ့ ချွေးစေးများ ပြန်လာခဲ့သည်။ လာလာရီယာကို ဘာကြောင့် နဂါးကျွန်း၏ အကြီးမားဆုံး ကပ်ဘေးဟု ခေါ်ရခြင်းကို နောက်ဆုံးတွင် နားလည်သွားသည်။

ဒါက မိသားစုကောင်း တစ်စုက မိန်းမ တစ်ယောက်ကို ဖြားယောင်းရုံလောက် ရိုးရှင်းတာ မဟုတ်ဘူး။

တကယ်လို့ ရင်ပြင်မှာ မိန့်ခွန်း နားထောင်နေတဲ့ ဒီနဂါးတွေကို ဂိုဏ်း တစ်ခုနှင့် နှိုင်းယှဉ်ရင် လာလာရီယာက အကြွင်းမဲ့ ဂိုဏ်းခေါင်းဆောင်ပဲ။

သုံးလေးရက်တည်းနဲ့ လာလာရီယာက ‘အဖွဲ့တစ်ဖွဲ့’ကို ရခဲ့တယ်။

ပိုပြီးတော့ ထူးဆန်းတာက ဒီနေရာက ဆန့်ကျင်ဘက် နဂါးတွေရဲ့ အခြေစိုက် စခန်း ဖြစ်နေတာပဲ။

နဂါးကျွန်းရဲ့ နဂါးဧကရာဇ်လောင်း ဆိုတဲ့ အတိုင်းပါပဲ။ ချန်လွေ့က ထိုကဲ့သို့ စိတ်ကိုဆွပေးသော အင်အားအရဆိုလျှင် သူကိုယ်တိုင်ပင် ရှက်ရွံ့မိသွားသည်။

စတန်ဝဲလ်ရဲ့ အိမ်တံခါးက အဲဒီလို မိဘတွေကြောင့် ဖျက်ဆီးခံရတာ အံ့ဩစရာ မရှိပါဘူး...

ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီး သူက လာလာရီယာကို တားဆီးရန် မသွားခဲ့ပေ။ သူက နောက်ဆုံးတွင် ‘ဂိုဏ်းခေါင်းဆောင်’ ၏ ပျော်ရွှင်မှုကို ခံစားခွင့်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ပစ္စည်းတွေကို ရှာတွေ့ဖို့က အချိန်အကြာကြီး မယူရဘူး။ ပြီးရင် ငါက လာလာရီယာကို နတ်ဆိုးဘုံဆီ ပြန်ပြီး ‘ဂိုဏ်းခေါင်းဆောင်’ ထွက်သွားတာနဲ့ ‘အဖွဲ့ဝင်တွေ’လည်း ပျောက်သွားမှာပဲ။

အခုတော့ အရင်ဆုံး ကျောက်စိမ်းဖြူ နန်းတော်ကို သွားတာက ပိုကောင်းမယ်။ အချိန်ကို တွက်ကြည့်မယ်ဆိုရင် မှော်စာ အစီအရင် အကျိုးသက်ရောက်မှုက လွန်ခဲ့တဲ့ သုံးလေးရက် အတွင်း လုံးဝ စုပ်ယူပြီးလောက်ပြီ။ ပြီးသွားတာနဲ့ ငါ ရွှေနဂါးတံတွေးပန်း ဝိညာဉ်ကို ထုတ်ယူဖို့ ကြိုးစားလို့ရနိုင်လောက်တယ်။

ချန်လွေ့က ရွှေတောက်ပ ရင်ပြင်ကို ရှောင်သွားပြီး သိဒ္ဓိဝိညာဉ်တောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။

ကျောက်စိမ်းဖြူနန်းတော်သို့ ဝင်ရောက်ပြီးနောက်တွင် အဲလစ်က ဆိုဖီယာ ဘေးနားတွင် ထိုင်လျက် စကား ပြောနေသည်ကို သူ တွေ့လိုက်ရသည်။ သူတို့ နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန် နီးကပ်နေပုံ ရလေသည်။ ဆိုဖီယာပင်လျှင် ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ရှိနေခဲ့သည်။

“အစ်ကို!” အဲလစ်က ချန်လွေ့ကို မြင်လိုက်ပြီး ပြေးလာခဲ့သည်။

“အဲလစ်။ ဘာလို့ တစ်ယောက်တည်း ရောက်လာတာလဲ။ အရှင်မ ဆိုဖီယာကို မင်း ဒုက္ခပေးခဲ့တာလား။”

“ဟွန့်!” အဲလစ်က ဒေါသတကြီးနှင့် ပြောလိုက်သည်။ “ဘယ်သူက ဒုက္ခပေး နေလို့လဲ။ ကျွန်မက ဒေါ်လေး ဆိုဖီယာကို ဥယျာဉ်ရှင်းဖို့တောင် ကူညီခဲ့သေးတယ်။”

ချန်လွေ့က အဲလစ်၏ အခေါ်အဝေါ်ကို သတိပြုမိလိုက်သည်။ ဒေါ်လေးတဲ့လား။

အသက်အရွယ် အရဆိုရင် ဆိုဖီယာက အဲလစ်ရဲ့ မိဘတွေထက် ပိုပြီးတော့ အသက်ကြီးနိုင်တယ်။ ဒါပေမဲ့ ငါ့မှာ အသက် ၂၀၀၀၀ကျော်နေတဲ့ နတ်မိမယ် နဂါး ဇနီးတစ်ယောက် ရှိနေတယ်လေ... ထားပါ။ ဒါက အဓိက မဟုတ်ဘူး။

ဆိုဖီယာက ထရပ်ပြီး ဦးညွှတ်လိုက်၏။ “ဆာ-ရစ်ချက်။ အဲလစ်က အလုပ်လုပ်တာ အတော်လေး မြန်တယ်။ ဒါက ကျွန်မကို အများကြီး အကူအညီ ဖြစ်စေခဲ့တယ်။ သူ့ကို အတော်လေး သဘောကျတယ်။”

ဆိုဖီယာ၏ ဘွဲ့အမည်နှင့် သဘောထား အရဆိုလျှင် သူတို့၏ ဆက်ဆံရေးမှာ ပိုမို၍ နီးကပ်လာပုံ ရလေသည်။ ချန်လွေ့က ပြုံးလိုက်၏။ “ကောင်းတာပေါ့။ ရွှေနဂါး တံတွေးပန်းကို သွားကြည့်ကြမယ်လေ။”

သူတို့ သုံးယောက်က ခန်းမနောက်မှ ဥယျာဉ်သို့ တန်းတန်း သွားခဲ့ကြသည်။ ချန်လွေ့က လုံးဝနီးပါး စုပ်ယူပြီးဖြစ်သော ရွှေနဂါး တံတွေးပန်းပတ်လည်မှ ထွင်းစာ အခင်းအကျင်းကို ဂရုတစိုက် လေ့လာပြီး ခေါင်းညိတ်လိုက်၏။ “အရှင်မ ဆိုဖီယာ၊ နဂါးတံတွေးပန်းရဲ့ စုပ်ယူမှုက ထင်ထား တာထက် ပိုမြန်တယ်။ အစကတော့ ဒါက မနက်ဖြန်မှ ပြီးဆုံးမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ဒါက လုံးဝနီးပါး ပြီးနေတဲ့ ပုံပဲ။။ ဒါပေမဲ့ ခင်ဗျားကို အရင်ဆုံး အမှန်အတိုင်း ပြောပြပါရစေ။ ဒီနဂါး တံတွေးပန်းက ဒီလောက် စွမ်းအားတွေ အများကြီးကို စုပ်ယူခဲ့ပေမယ့် ဝိညာဉ် စွမ်းအားက အခုထိ အတော်လေးကို အားနည်းနေပါသေးတယ်။ ကျုပ်ရဲ့ ယုံကြည်မှုက...”

ထိုရက်များအတွင်း၌ ဆိုဖီယာသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အချို့ကို ပြုလုပ်ပြီး ဖြစ်သည်။ “ဆာ-ရစ်ချက် လုပ်နိုင်တာကို လုပ်ပြီးပါပြီ။ ကျေးဇူးပြုပြီး အစွမ်းကုန် ကြိုးစားပေးပါ။ တခြား အရာတွေကို မတွေးပါနဲ့။”

All Chapters