တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၉) (အပိုင်းတစ်)
Vol. 63 Ch. 968-1
ပင်လယ်မျိုးနွယ်စုမှ အရှင်သခင်သည် အားကုန်ကြုံးဝါး၍ ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သူ့ကိုယ်မှ အပြာရောင်စွမ်းအားအလင်းတန်းများထွက်ပေါ်လာ၏။
သို့သော်လည်း ပြိုင်ဘက်၏ရွှေရောင်စွမ်းအားများက သူ့ကိုယ်လွှမ်းခြုံပြီးသားဖြစ်ရာ နောက်ကျသွားပြီဖြစ်သည်။
ဘုန်းးး!
ဧရာမ နေအဆင့်အရှင်သခင်၏ လောကကြီးမှာ အမှောင်ကျသွားပြီဖြစ်သည်။
ထိုဖြစ်ရပ်ကို မြင်လိုက်ရသူအားလုံး နှလုံးခုန်နှုန်း ရပ်သွားကြ၏။ အံ့ဩ တုန်လှုပ်လွန်း၍ တွေးခေါ်နိုင်စွမ်း စကားပြောဆိုနိုင်စွမ်းများ ခနမျှ ပျောက်ဆုံးသွားကြရသည်။
လူသား နေအဆင့်အရှင်၏ လက်သီးတစ်ချက်ထဲက ပင်လယ်မျိုးနွယ်၏ ဧရာမနေအဆင့်အရှင်ကို လက်သီးတစ်ချက်ထဲဖြင့် ပေါက်ကွဲသေဆုံးစေသည်က မယုံကြည်နိုင်စရာကောင်းလှသည်။
ပင်လယ်မျိုးနွယ်က ဖေးအား လူသား လူသတ်နတ်ဘုရားဟု သမုတ်ကြသည်က
အံ့သြစရာတော့ မဟုတ်ချေ။ ယခု ဖြစ်ရပ်က တမဟုတ်ချင်း သတ်ဖြတ်မှုပင်ဖြစ်သည်။
ထို ဧရာမပင်လယ်မျိုးနွယ်စုအရှင်၏ ခန္တာကိုယ်က သွေးမြူများအဖြစ်ပေါက်ကွဲသွား၏။ ချပ်ဝတ်တန်ဆာနှင့် လက်နက်များပင် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ နတ်ဘုရားများပင်လျှင် သူ့ကို ပြန်လည်ရှင်သန်နိုင်အောင် လုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။
အခြားသော နေအဆင့်အရှင်သခင် သုံးယောက်သည်လည်း ၎င်းကို ကူညီချင်သည့်တိုင် အလွန်နောက်ကျသွားပြီဖြစ်သည်။
ဘုန်း! ဘုန်း!!!!!
ယခုအခါ၊ ကျယ်လောင်သော ပေါက်ကွဲသံများ နောက်ဆုံးတွင် ထွက်ပေါ်လာပြီး မီတာ တစ်ထောင် အချင်းဝက်အတွင်းမှ ရေအားလုံးကို ဖေး လက်သီးအတွင်းမှ အင်အားဖြင့် တွန်းထုတ်လိုက်သည်။
ပင်လယ်မျိုးနွယ်စု၏ အဆင့်မြင့် ထောင်ပေါင်းများစွာသော အဖွဲ့ဝင်များ၊ ပြိုကျနေသော နန်းတော်များ၊ ရှေးဟောင်းနတ်ဘုရားရုပ်ထုများနှင့် မြို့ရိုးများအားလုံး စွမ်းအင်လှိုင်းများဖြင့် ပြိုကျခဲ့ပြီး ပင်လယ်ကြမ်းပြင်တွင် နက်နဲမှောင်မိုက်သော အက်ကြောင်းများကို ဖွင့်ပေးနေစဉ် ရွှေစွမ်းအင်လှိုင်းများသည် လမ်းကြောင်းအရပ်ရပ်သို့ ဆက်လက်ပျံ့နှံ့သွားခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် သမုဒ္ဒရာတစ်ခုလုံး စိမ့်ဝင်သွားသည့်နှယ်။
ဘက်ကင်ဟမ်သည် မေးရိုးပြုတ်ကျလုမတတ် ပါးစပ်အဟောင်းသား မှင်သက် နေတော့သည်။
သူ့စိတ်များ လွတ်ထွက်သွားပြီး သူ ဂုဏ်ယူရသည့် သူ၏ ညဏ်ပညာက ဤအချက်အလက်ကို တွေးခေါ်ဆင်ခြင်ရန် မလုံလောက်သလို ရုတ်တရက် ခံစားလိုက်ရသည်။
" ဘာ..ဘယ်လိုဖြစ်ရတာပါလိမ့် ချမ်းဘော့ဒ် ဘုရင်က ဘာကြောင့် ရုတ်တရက် ဒီလောက် တန်ခိုးကြီးရတာလဲ၊ ဘယ်နှစ်ရက် တောင် ကြာသေးလို့လဲ ဒါက တကယ့်ကို မယုံနိုင်စရာပဲ "
လွန်ခဲ့သည့် ဆယ်ရက်ကျော်ခန့်က၊ ချမ်းဘော့ဒ် ဘုရင်နှင့် ဤပင်လယ်မျိုးနွယ်၏ ဧရာမသခင်သည် လက်ရည်တူခဲ့သည်။ ၎င်းကို သူ့မျက်စိနှင့် တပ်အပ် မြင်လိုက်ရ၏။ သို့သော် ယနေ့မှာတော့ ချမ်းဘော့ဒ် ဘုရင်က သူ့ပြိုင်ဘက် ဧရာမ သခင်ကို အလွယ်တကူသတ်ပစ်လိုက်သည်။
" အလိုလေး နေအဆင့်သခင်ကိုချက်ချင်းသတ်တာလာ အာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သလောက်ကို ရ်ုးရှင်းလှပါလား နှစ်ယောက်ကြားက ခွန်အား အရမ်းကွာဟနေမှရမယ် ဘာဖြစ်သွားတာလဲ ချမ်းဘော့ဒ် ဘုရင်က သူ့ရဲ့ခွန်အားကို အရင်က ဖုံးကွယ်ထားခဲ့တာလား ဒါမှမဟုတ် သူ နောက်ထပ်အောင်မြင်မှုတစ်ခု ထပ်ရခဲ့သလား "
ဘက်ကင်ဟမ် ပိုလို့တောင် ခေါင်းခဲရ၏။
"ဟားဟားဟား ငါ့ကို တားတဲ့သူ သေဖို့ ပြင်ထားစမ်း"
သူ့ပြိုင်ဘက်ကို ချက်ချင်းဖျက်ဆီးပြီးနောက် ဖေး သည် မီးခိုးရောင် အလင်းတန်းတစ်ခုဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။
" သွားပြီ "
" သူ့ကို တားကြစမ်း "
ပင်လယ်မျိုးနွယ်၏ အခြား နေအဆင့်သခင် သုံးယောက် ကြောက်လန့်သွားကြသည်။
သူတို့သည် ဖေး၏ ကြိမ်းဝါးသံကြောင့် ထိတ်လန့်တုန်လှုပ်စွာ ပြန်လည် အသိဝင်လာခဲ့ကြပြီး ယခုအချိန်တွင် အခြားအရာများကိုပင်
မတွေးနိုင်ကြတော့ပေ။ သူတို့သည် ချက်ချင်းပင် အင်အားအပြည့်ကို ထုတ်လွှတ်ပြီး ဖေးနောက်သို့ အသည်းအသန် လိုက်ကြသည်။
သူတို့ နောက်ဆက်တွဲ အဖြစ်အပျက်များကို ဆက်တွေးမိကြသည်။ ဤ လူသားကို သူတို့နတ်ဘုရား၏ ချိတ်ပိတ်ခံနေရာနှင့် နီးစပ်ခွှင့်မပြုနိုင် ပေ။ သို့မဟုတ်ပါက ပင်လယ်နတ်ဘုရား ကလူအီဗာ၏ နိုးထမှု အနှောက်ယှက်ခံရမည်ဖြစ်ကာ ပင်လယ်မျိုးနွယ်၏ ရှေ့ဆက်အစီအမံများ ပျက်စီးသွားေပလိမ့်မည်။
" ဟားဟား လူမိုက်တွေ သောက်ရူးတွေ "
ထိုအချိန်တွင် ရှေ့သို့ ပြေးဝင်တိုက်ခိုက်နေသည့် ဖေးက ရုတ်တရက် နေအဆင့်သခင်တွေဘက်သို့ လှည့်ပြီး ရယ်မောလိုက်သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် စိတ်ပင်မကူးနိုင်သော အမြန်နှုန်းနှင့် မဖြစ်နိုင်သော ထောင့်ချိုးအတိုင်း ပြန်လှည့်သွားကာ ထိုပင်လယ်မျိုးနွယ်၏ နေအဆင့်အရှင်သခင် သုံးယောက်ကို တိုက်ခိုက်ခဲ့သည်။
ဘုန်း!
နောက်ထပ် ရွှေရောင်လက်သီးလှိုင်းတစ်ခု ထွက်ပေါ်လာပြန်သည်။
သံသယ မရှိဖွယ်ပင် နေအဆင့်အရှင်သခင် သုံးဦးထဲမှ တစ်ဦး ဇီဝိန်ချုပ်ရ၏။
ငါးရှဉ့်မျိုးနွယ်မှ နေအဆင့်အရှင်သခင်သည်လည်း သွေးအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ဖောင်းကားနေသည့် ပူပေါင်းတစ်ခုကဲ့သို့ သူသည် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိဘဲ ချက်ချင်းဆိုသလို ပေါက်ထွက်ပြီး သူ့အသားစများက ပင်လယ်ထဲသို့ တဖြည်းဖြည်း လွင့်ပျံသွားသည်။