တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၉) (အပိုင်းနှစ်)
Vol. 63 Ch. 968-2
သို့သော် ထိုရွှေရောင်လက်သီးသည် ပြင်းထန်လွန်းသည်။
နေအဆင့်အရှင်သခင်ကိုသတ်ပြီးနောက်၊ ၎င်းသည် ရွှေရောင်အလင်းတန်းတစ်ခုအသွင် ရှေ့သို့ ဆက်လက် ဦးတည် ပျံသန်းသည်။
ထိုငါးရှဉ့်မျိုးရိုးမှ အရှင်သခင်နောက်ကွယ်မှ ထောင်နှင့်ချီသော ပင်လယ်မျိုးနွယ်ဝင်များနှင့် ရှေးဟောင်း အဆောက်အအုံများသည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ ချောက်ကမ်းပါးတစ်ဖက်တွင် တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး ပင်လယ်ရေသည် ၎င်းထဲသို့ ချက်ချင်းပင် တဟုန်ထိုး စိမ့်ဝင်သွားစေသည်။
ချမ်းဘော့ဒ်ဘုရင်က ပရိယာယ်သုံး၍ နေအဆင့်အရှင်သခင်များကို ဖြတ်ကျော်ရန်ကြိုးစားနေကြောင်း ဘက်ကင်ဟမ်နားလည်လိုက်သည်။ ထို့ကြောင့် ပြိုင်ဘက်များမှာ ချက်ချင်းပင် အာရုံပျက်ပြားပြီးအချင်းချင်း အလျင်အမြန်ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။
ဘုရင်၏ တိုက်ခိုက်ရေးပရိယာယ် က အံ့မခန်းပင်ဖြစ်သည်။ ရလဒ်အနေဖြင့် စစ်သည်တော်များစွာ၏ အထင်ကြီးလေးစားခံရလောက်အောင် တန်ခိုးကြီးသော ဤနေအဆင့်အရှင်သခင်သည် ချမ်းဘော့ဒ်ဘုရင်၏ သံမဏိ လက်သီးများအောက်တွင် စတေးခံခဲ့ရသည်။
မယုံနိုင်စရာ ခွန်အားနှင့် ကြွယ်ဝသောပရိယာယ်ပင်ဖြစ်သည်။ ၎င်းက ရူးချင်စရာကောင်းအောင် တိုက်ပွဲ အတွေ့အကြုံကြွယ်ဝကြောင်း ပြသနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အင်အားကြီး အင်ပါယာတစ်ခုကို ထောက်ပံ့ပေး နိုင်လောက်အောင် စွမ်းဆောင်နိုင်သော နေအဆင့်အရှင်သခင် နှစ်ဦးသည် ၎င်းတို့၏ ခန္ဓာကိုယ်များ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားကာ သေဆုံးသွားခဲ့ရသည်။
" အားး မိုက်ရိုင်းလိုက်တဲ့ လူသား "
ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့သောနေအဆင့်အရှင်သခင် နှစ်ဦးအနက်မှ တစ်ဦးမှာ ကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းများနှင့်အတူ ဒေါသလည်းထွက်နေ၏။ သူ့တွင် ရေဘဝဲ၏ အင်္ဂါရပ်များ ပိုင်ဆိုင်သောကြောင့် သူသည် ရေဘဝဲ မျိုးနွယ်မှ ဖြစ်ပုံရသည်။
သူ၏ များပြားသော လက်တံများဖြင့် လက်နက်များကိုကိုင်ဆောင်ကာ တိုက်ခိုက်ဟန် ပြင်လိုက်စဉ်တွင် သူ့နှလုံးသားမှ ပြင်းထန်သော ထိပ်လန့်မှုကို ခံစားလိုက်ရ၏။
သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို အသုံးပြုခါနီးတွင် သူ သတိမထားမိစဉ်၌ပင် ရွှေရောင်စွမ်းအင် လက်သီးက သူ့နှလုံးသားကို ဖိနှိပ်နေပြီဆိုသည်ကို သိလိုက်ရသည်။
" အား မဟုတ်သေးဘူး "
ရေဘဝဲ နေအဆင့်အရှင်သခင် သွေးရူးသွေးတန်း ထအော်သည်။
နောက်အခိုက်အတန့်တွင်တော့ သေဆုံးသွားသည့် သူ့အဖော်နှစ်ယောက်လိုပင် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။
နောက်ဆုံးအခိုက်အတန့်အထိ နေအဆင့်အရှင်သခင်သည် သူ့အနေနှင့် လူသားသခင်ငယ်တစ်ယောက်၏ အသတ်ခံလိုက်ရသည်ဟု သူ့ကိုယ်သူ မယုံကြည်နိုင်ဘဲ အသက်ပျောက်သွားသည်။
ယခုအချိန်တွင်တော့ ပင်လယ်မျိုးနွယ်၏ နောက်ဆုံး နေအဆင့်အရှင်သခင်ဟာ မျက်နှာ ပျက်ယွင်းနေပြီဖြစ်သည်။
ဤလူသား လူသတ်နတ်ဘုရား၏ အစွမ်းသတ္တိသည် ထောက်လှမ်းမှုအစီရင်ခံစာပါ အချက်အလက်ထက် ကျော်လွန်နေကြောင်း နောက်ဆုံးတွင် သူ နားလည်ခဲ့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို သူ့အနေနှင့် တားဆီးနိုင်စွမ်း မရှိပေ။
နောက်ဆုံး နေအဆင့်အရှင်သခင်သည် အသေအလဲ ကြောက်စိတ်တွေ ပေါ်လာပြီး အရူးအမူး အော်ဟစ်ရင်း ထွက်ပြေးသွားခဲ့သည်။
ဖေး၏ မျက်လုံးများတွင် အေးစက်သောအလင်းများ လင်းလက်လာသည်။
သူနှင့် ပင်လယ်မျိုးနွယ်တို့ကြား ဆက်ဆံရေးသည် ဤအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သူ့ရန်သူများကို လွှတ်ထားရန် အကြောင်း မရှိပေ။
ဖေးက သူ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ သူ့ရှေ့မှ ရေများက ကြောက်ခမန်းလိလိ တွန်းအားတစ်ခုဖြင့် ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ ရွှေရောင် ဝေဝါးမှု တစ်ခုဖြစ်သွားသည်။
ထို့နောက် တဟုန်ထိုး ထွက်ပြေးသွားသော ပင်လယ်မျိုးနွယ် နေအဆင့်အရှင်သခင်သည် ချက်ချင်းပင် အရှိန် လျော့ကျသွားသည်။
ထိုအခိုက်တွင် ဖေးသည် မိုးကြိုးစက်အလား လျင်မြန်စွာ ဖောက်ထွက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုက ပင်လယ်ပြင်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
ပြိုင်ဘက်ကင်း ဧကရာဇ်လက်သီး ...။
သတ်ဖြတ်ရန် တစ်ချက်တည်းသာ အားစိုက်ထုတ်လိုက်ခြင်းဖြစ်သည်။
ရွှေရောင်အလင်းတန်းသည်ဖေး ၏လက်သီးများမှ လွင့်ထွက်ပြီး နောက်ဆုံး နေအဆင့်အရှင်သခင် အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုအလင်းတန်းကြီးက မျက်လုံးကို ကျိန်းစပ် နာကျင်စေသည့်အတွက် တခြား ဘယ်အရာကိုမှ ခဏတာ မြင်နိုင်စွမ်း မရှိခဲ့ပါချေ။
ဤအလင်းရောင် ပျောက်ကွယ်သွားသောအခါတွင် ထိုနေအဆင့်အရှင်သခင်သည်လည်း ဤကမ္ဘာမှ လုံးဝ ကွယ်ပျောက်သွားခဲ့ချေပြီ။
ပူပြင်းသော နွေလယ်ရှိ နှင်းပွင့်များကဲ့သို့ပင်ပင်လယ်မျိုးနွယ်စု၏အဆင့်မြင့်
အဖွဲ့ဝင်များ ကြက်ပျောက်ငှက်ပျောက် ဆိတ်သုဉ်းသွား၏။
ဖေးအား တားဆီးရန် ဤနေရာသို့ ရောက်လာသော နေအဆင့်သခင် လေးယောက်စလုံးသည် အခြားသူများ
မထင်မှတ်နိုင်သော အမြန်နှုန်းနှင့် ဖျက်ဆီးခံခဲ့ရသည်။
ဘက်ကင်ဟမ်သည် မှင်သက်လျက်ရှိသည်။
သူမြင်လိုက်ရသည့် မြင်ကွင်းအတွက်ဘယ်လို စကားလုံးများဖြင့် ထုတ်ဖော် ဖော်ပြရမှန်းပင် မသိနိုင်ပါချေ။
၎င်းတို့က နေအဆင့်သခင်လေးယောက်ဖြစ်ပြီး ဂေါ်ဖီထုပ် လေးထုပ်မဟုတ်ပါချေ။
ဤအတိုင်းပင်ပျောက်ကွယ်သွားကြသည်လော။ချမ်းဘော့ဒ်ဘုရင်က နတ်ဘုရားတစ်ပါးလော။ သူက နတ်ဘုရားဝင်စားသူလော။ ထိုသို့ဆိုပါက ပင်လယ်မျိုးနွယ်မှ နတ်ဆိုးဘုရားကို ရပ်တန့်နိုင်ပေလိမ့်မည်။ဘက်ကင်ဟမ် သူ့ဘာ့သာသူ စဉ်းစားနေသည်။
ထိုအခိုက်အတန့်တွင် ချိုင့်ဝှမ်း အလယ်၌ ရပ်နေသည့် ဖေးက အသက်ဆေးရည်ပုလင်းကို ထုတ်၍ ဖြည်းဖြည်းချင်း မော့ သောက်လိုက်၏။
သူသည် ထိုနေအဆင့်သခင် လေးယောက်ကို သတ်လိုက်သော်လည်း ၎င်းသည် သူ့အတွက် ကြီးကြီးမားမား အားစိုက်ထုတ်ရပုံမပေါ်ချေ။