← Chapters

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၁၀) (အပိုင်း ၁)

Vol. 63 Ch. 969-1

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၁၀) (အပိုင်း ၁)

Vol. 63 Ch. 969-1

တိုက်ပွဲက စက္ကန့်အနည်းငယ်အတွင်း ပြီးဆုံး၍ လွယ်ကူပုံရခဲ့သော်လည်း ဖေး အတော်လေး အားထုတ်ခဲ့ရခြင်းဖြစ်၏။

ဤလက်သီးချက် လေးချက်သည် စစ်သည်တော်၏လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့ကတည်းက ဖေး ထုတ်ဖော်သမျှတွင် အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။

ပင်လယ်မျိုးနွယ်၏ ဧရာမသခင်ကိုသတ်ရန် သူ၏ပထမဆုံး လက်သီးကိုသုံးသောအခါ ပြိုင်ဘက်က လွန်ခဲ့သောဆယ်ရက် သူတို့တိုက်ခိုက်စဉ်က ဖေး၏ခွန်အားကိုသာ စိတ်တွင် မှတ်ယူထားပြီး အားကုန်စိုက်မထုတ်၍ တစ်ချက်ထဲဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပင်လယ်မျိုးနွယ်၏ အဖွဲ့ဝင်က သူတို့ချင်း ခွန်အားလက်ရည်တူသည်ဟု ထင်နေသေးသော်လည်း ဒိုင်ယာဘလိုကမ္ဘာ၌ ဖေး ပြင်းပြင်းထန်ထန် ကြိုးစားပြီး အဆင့်မြှင့်ခဲ့ခြင်းကို ၎င်းက သိနိုင်စွမ်း မရှိပေ။

တိုက်ပွဲနှစ်ခုအကြား အချိန်ကွာခြားချက်က ဆယ်ရက်လောက်သာရှိသော်လည်း ဖေး၏ အစွမ်းက သိသိသာသာ တိုးလာခဲ့ပေသည်။

ပြိုင်ဘက်သည် အနည်းငယ် သတိလက်လွတ် ဖြစ်နေချိန် ဖေးက အပြည့်အ၀ ပြင်ဆင်ထားသောကြောင့် လူရိုင်းအသွင်၏ အပြင်းအထန် ထိုးနှက်ချက်ကို အသုံးပြု၍ တိုက်ပွဲကို ချက်ချင်း အဆုံးသတ်နိုင်ခဲ့သည်။

သူ၏ ဒုတိယမြောက်လက်သီးကိုအသုံးမပြုခင် ဖေး အနေနှင့် ပြိုင်ဘက် ပင်လယ်မျိုးနွယ်စုမှ နေအရှင်သခင်များက သူ့ကို ရှေ့မဆက်စေချင်သည့်အချက်ကို ကောင်းစွာနားလည်ထား၏။ထိုအချက်ကို အခွှင့်ကောင်းယူ၍ ဖေးမှာ ရှေ့သို့ ဆက်တိုးဟန် ဆောင်ခဲ့ပေသည်။

သူသည် ပြိုင်ဘက်များကို အာရုံပြောင်းစေကာ သူတို့၏ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်းကို ချိုးဖျက်နိုင်ပြီးချိန်၌ သူ၏ အင်အားက မြင့်တက်နေပြီဖြစ်၏။ ထို့ကြောင့် အထိတ်တလန့်နှင့် ဝါးအစည်းပြေသလို ဖရိုဖရဲဖြစ်နေသော ပင်လယ်မျိုးနွယ်စုဝင် နေအဆင့်အရှင်သခင်သုံးဦးကို ရုတ်တရက် ပြန်လှည့်၍ အလစ်အငိုက်တိုက်ခိုက်ပြီး ပြိုင်ဘက်တစ်ဦးကို အဆုံးသတ်နိုင်ခဲ့ပေသည်။

တတိယအကြိမ် တိုက်ခိုက်မှုတွင်တော့ လက်ကျန် ပင်လယ်မျိုးနွယ်စု၏ အရှင်သခင်နှစ်ဦးမှာ စိတ်ပျက်အားငယ်နေပြီဖြစ်သည်။ ဤ အဆင့်၌ စိတ်ပျက်အားငယ်မှုက အင်အားကိုနည်းပါးစေပေသည်။

နေအဆင့်သခင် နှစ်ယောက်က သူ့ကို ခြိမ်းခြောက်မှု မရှိရာ ဖေးက ခွန်အား နိမ့်ကျသည့် သူကို ရွေးပြီး ချက်ချင်း သတ်ပစ်လိုက်သည်။

ထို့နောက်မှာတော့ နောက်ဆုံးနေအဆင့်သခင်သည် အူထဲအသည်းထဲအထိ ထိတ်လန့်သွားပြီး ပြန်မတိုက်ခိုက်ရဲတော့ပေ။ ဖေးအတွက် ထွက်ပြေးလာသည့် ရန်သူကို ထိန်းရတာ အလွန်လွယ်ကူလှသည်။

လူရိုင်းအသွင်၏ အစွမ်း အပြင်းအထန် ထိုးနှက်ချက်ကို လေးကြိမ် အသုံးပြုခဲ့ပြီး ထိုအစွမ်းက အသက်ဓာတ်ကိုစားသုံးပေသည်။

ထိုလက်သီးလေးချက် ထိုးသွင်းပြီးနောက် သူ့စွမ်းအင်၏ လေးပုံတစ်ပုံကို အသုံးပြုခဲ့ရသည် ဖြစ်ရာ ဖေး၏ အသက်ဓာတ်မှာ ထက်ဝက်တိတိ ကျဆင်းသွားသည်။

ဖေးသည် အားဖြည့်ဆေးရည်ကို သောက်လိုက်သောအခါတွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူ့ခန္ဓာကိုယ်သည် အထွတ်အထိပ်သို့ ပြန်ရောက်လာခဲ့သည်။

သူ ရှေ့ဆက် တိုးဝင်သွားပါက ထိုနတ်ဆိုးနတ်ဘုရား ပြန်လည် ရှင်ပြန် ထမြောက်မည့် နေရာသို့ ရောက်သွားတော့မည် ဖြစ်သည်။

ဖေးသည် အခြေအနေ၌ မည်သို့မည်ပုံ မျှော်လင့်၍ရနိုင်မည်လဲ မသိပါချေ။

ဖေးသည် လွန်စွာ ကြီးစိုးနိုင်၍ သူ့လက်ထဲတွင် ဝှက်ဖဲများ အများအပြား ကိုင်ထားသော်လည်း ဤအခြေအနေ မထိန်းချုပ်နိုင်‌ပေ။ ထို့ကြောင့် အနည်းငယ်ရင်ထိတ်‌နေသည်။

နောက်ဆုံးတော့ သူဟာ တကယ့်နတ်ဘုရားနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ပါလော။

ပင်လယ်မျိုးနွယ်ဝင်အနည်းငယ်၏

မှတ်ဉာဏ်များကို စစ်‌ဆေးခြင်းဖြင့် ပင်လယ်မျိုးနွယ်စု ဂိုဏ်းဝင်မှ ၎င်းတို့ ကိုးကွယ်သော နတ်ဆိုးနတ်ဘုရား

ကလူအီဗားတ်ကို ပြန်လည်အသက်သွင်းလိုကြောင်း ဖေး သိရှိခဲ့သည်။

ပင်လယ်မျိုးနွယ်၏ ယခင် ဂုဏ်ကျက်သရေကို ပြန်လည်ရရှိရန် ဤနတ်ဆိုးစွမ်းအားကို အားကိုးလိုကြသည်။

သို့သော်လည်း ပင်လယ်မျိုးနွယ်စုဝင်များအဆိုအရ ဤနတ်ဆိုးသည် တစ်နှစ်ခွဲခန့်အတွင်း ပြန်လည်ရှင်သန်လာနိုင်သည် ဟူ၍ သိရသည်။

ထို့ကြောင့် ဤနတ်ဆိုး နှစ်ပတ်ခန့်အကြာတွင် နိုးထလာမည်ကို သိလိုက်ရချိန်၌ ဖေး အံ့သြသွားမိသည်။

ပင်လယ်မျိုးနွယ်စုသည် လျှို့ဝှက်ဆန်းကြယ်သောနည်းလမ်းကို အသုံးပြုကာ စိတ်ကူး မယဉ်နိုင်လောက်အောင် အောင်မြင်ခဲ့ပုံ ရသည်။

သူ့အနေနှင့် ထွက်ပြေးလွတ်မြောက်နိုင်ပေမယ့် ထိုသို့ ပြုလုပ်ဖို့ မရွေးချယ်ခဲ့ပါ။

နတ်ဆိုး ကလူအီ‌ဗားတ် ပြန်လည်ရှင်သန်လာသောအခါ သင်းရနံ့ပင်လယ်၏ ကီလိုမီတာ ငါးသိန်း အကွာအဝေး အတွင်းရှိ လူသားအားလုံး အချိန်တိုအတွင်းသတ်ဖြတ်ခံရမည်ဖြစ်ပြီး ဤနတ်ဆိုး၏ အစာဖြစ်လာကာ သူ့ခွန်အားကို ပြန်လည်ရရှိစေရန် စတေးခံရမည် ဖြစ်သည်။

အသိုက်ကွဲသွားပါက အထဲမှ ဥများ ပျက်စီးမည်မှာ ဓမ္မတာပင် ဖြစ်သည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ဇင်းနစ် အင်ပါယာသည် ချက်ချင်းပင် ထိခိုက်သွားမည်ဖြစ်သည်။

ဘိုင်ဇန်တိုင်း နိုင်ငံမှ စတင်၍ သတ်ဖြတ်မှုသည် ဇင်းနစ်တောင်ပိုင်းဒေသမှ စိန့်ပီတာစဘတ်အထိ၊ ထို့နောက် ချမ်းဘော့ဒ်နိုင်ငံသို့ ပျံ့နှံ့သွားမည် ဖြစ်သည်။

အကယ်၍ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင် သောင်းကျန်းလာပါက ချမ်းဘော့ဒ်မြို့ နောက်ကွယ်ရှိ မြေအောက်လှိုဏ်ဂူသည်လည်း ထိုတိုက်ခိုက်မှုများကို

မတားဆီးနိုင်ပါ။

ဖေးသည် ဤအန္တရာယ်အား မစွန့်စားပါက ချမ်းဘော့ဒ် နိုင်ငံငည် ကြီးစွာသော

ကပ်ဘေး ကြုံရပေလိမ့်မည်။

All Chapters