← Chapters

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ (၁၀) (အပိုင်း ၂)

Vol. 63 Ch. 969-2

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ (၁၀) (အပိုင်း ၂)

Vol. 63 Ch. 969-2

ထို့ကြောင့် ဖေးသည် ဤသို့စွန့်စားခဲ့ခြင်းဖြစ်သည်။

အကယ်၍ ဤနတ်ဆိုးကို ပြန်လည် အသက်သွင်းရန် ပင်လယ်မျိုးနွယ်၏ အစီအစဉ်ကို နှောင့်ယှက်နိုင်ခဲ့ပါက အကောင်းဆုံး ဖြစ်လိမ့်မည်။ မအောင်မြင်ခဲ့လျှင်တော့ နောက်ဆုံးနည်းလမ်းကိုသာ သုံးရတော့မည်ဖြစ်သည်။

ယခုအချိန်တွင် ဖေးအနည်းငယ် ရူးသွပ်နေသလိုခံစားနေရ၏။ ယခုကဲ့သို့ တဇွတ်ထိုးလုပ်ခြင်းက ကိုယ့်ကိုယ်ကို သက်သေသည်နှင့်မခြားလှပေ။

ဖေး အလောင်းအစား လုပ်နိုင်သည့်တစ်ချက်က ဤနတ်ဆိုးက နှစ်ပေါင်းများစွာ ချိတ်ပိတ်ခံရသည်ဖြစ်ရာ ခွန်အားယုတ်လျော့နေပေလိမ့်မည်။ ထို့ကြောင့် သူ့အတွက် အခွှင့်အရေး အနည်းငယ် ရှိကောင်းရှိနိုင်၏။

သို့သော် ထိုသို့သော နတ်ဘုရားနှင့် ရင်မဆိုင်မှီ ဖေးက မိမိကိုယ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးအခြေအနေတွင် ရှိနေကြောင်း သေချာစေရမည်။

နေအဆင့်အရှင်သခင် လေးယောက်ကို သတ်ဖြတ်စင်က ထွက်ပေါ်ခဲ့သော စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ပင်လယ်မျိုးနွယ်စုဝင် အတော်များများ သေဆုံးသွားခဲ့ကြရသည်။

ယခု ဖေးနှင့် ဘက်ကင်ဟမ်တို့မှာ ဒေါသထွက်နေသည့်တိုင် တုန်လည်းတုန်လှုပ်နေသော ပင်လယ်မျိူးနွယ်စုဝင်အုပ်စုကြီး၏ ဝန်းရံမှုကို ခံထားရ၏။

သို့သော်လည်း ဤရက်စက်ကြမ်းကြုတ်သောမျိုးနွယ်စုဝင်များသည် ရှေ့သို့မတိုးရဲပေ။ သူတို့သည် ထိုနေရာတွင် ရပ်နေကြည့်နေစဉ်တွင်ပဲ လူသား လူသတ်နတ်ဘုရားသည် သူ၏ အထွတ်အထိပ် ခွန်အားသို့ ဖြည်းညှင်းစွာ ပြန်ရောက်ရှိလာပြီး မီးခိုးရောင် စွမ်းအင်အလင်းတန်းဆီသို့ လျှောက်သွားခဲ့သည်။

ဘက်ကင်ဟမ်ကတော့ ဖေးနောက်မှ

မတွန့်ဆုတ်ဘဲ လိုက်မြဲဖြစ်သည်။

မီတာ တစ်ထောင် ခန့် လမ်းလျှောက်ပြီးနောက်တွင် ပင်လယ်မျိုးနွယ်၏ ခမ်းနားထည်ဝါသော မြို့တစ်မြို့ ပေါ်လာသည်။

ဧရာမ အပြာရောင်စွမ်းအင် အကာအကွယ်လွှာတစ်ခုသည် ဤမြို့ကို လွှမ်းခြုံထားသည်။

ဖေး အရင်က ၎င်းကို မြင်ဖူးသည်။

အလံနှစ်သွယ် မြို့အောက်တွင်ရှိသော ဒဏ္ဍာရီလာ နန်းတော်ပတ်ပတ်လည်တွင် လည်း စွမ်းအင်အကာအကွယ်လွှာတစ်ခု တည်ရှိသည်။ သို့သော် ထိုနန်းတော်သည် ပိုမိုအစွမ်း ပြင်းထန်ပြီး နတ်ဘုရားတန်ခိုးအချို့ ပိုင်ဆိုင်သည်။

အပြာရောင်စွမ်းအင်အတားအဆီးမှတစ်ဆင့် ဖေးသည် ထူးခြားသောဗိသုကာပုံစံနှင့်ရှေးဟောင်းမြို့ကို ကောင်းစွာကြည့်ရှုနိုင်ခဲ့သည်။

ဒဏ္ဍာရီလာခေတ်က မြို့တစ်မြို့ဟာ အာကာသနှင့် အချိန်တွေကို ဖြတ်သန်းပြီး သူ့ရှေ့မှာ ပေါ်လာသလို ခံစားလိုက်ရသည်။

မြင့်မားပြီး ခမ်းနားထည်ဝါသော ဘုံဗိမာန်များ၊ ချောမွေ့ပြီး စည်းစနစ်ကျသော လမ်းများ၊ ပင်လယ်နတ်ဘုရား၏ ရုပ်တုများစွာ၊ ဆန်းကြယ်သော ရေတွင်းများ၊ ရောင်စုံအပင်များ...

အရာအားလုံးသည် စိတ်ကူးယဉ်ဆန်ပြီး လှပနေသောကြောင့် ကောင်းကင်ဗိမ္ဗာန်တစ်ခုလို ခံစားရသည်။

" ဒါဆို ဒီမြို့က ပင်လယ်မျိုးနွယ်စုရဲ့ မြို့ပဲပေါ့... ဒါ အရမ်းလှတယ် " ဟု

ဘက်ကင်ဟမ်ကလည်း တအံ့တဩ ချီးကျူးလိုက်သည်။

ထိုမီးခိုးရောင်စွမ်းအင် အလင်းတန်းသည် ဤမြို့လယ်ရှိ ယဇ်ပလ္လင် အဆောက်အအုံမှ ထွက်ပေါ်လာကာ အပြာရောင်စွမ်းအင်အကာအကွယ်လွှာကို ဖြတ်၍ အပြင်သို့တိုးထွက်လျက် နတ်ဘုရားတစ်ပါးအပေါ် ကြောက်မက်ဖွယ်ဖိနှိပ်မှုကို လွတ်မြောက်စေသည်။

" ငါ့အတွက် ဒီတံခါးကို စောင့်ကြပ်ထား "

ဖေးက ဘက်ကင်ဟမ်ကို ကြည့်ကာ စွမ်းအင်အတားအဆီး၏ ခြေရင်းရှိ

ဂိတ်‌ပေါက်နှင့် တူသော အရာကို ညွှန်ပြပြီးပြောခဲ့သည်။

ထို့နောက် ဘုရင်ဖေးသည် ဘက်ကင်ဟမ့်ပခုံးကို ဖမ်းဆုပ်လိုက်ပြီး ဂိတ်ပေါက်ရှေ့တွင် ဘွားခနဲ ပေါ်လာသည်။

ဤသည်မှာ ဤမြို့တွင်းသို့ ဝင်ရာ တစ်ခုတည်းသောလမ်း ဖြစ်သည်မှာ ထင်ရှားပါသည်။

ဖေး ကျော်ဖြတ်သွားသောအခါ၊ ပင်လယ်မျိုးနွယ်စု၏ သောင်းနှင့်ချီသောအဆင့်မြင့်အဖွဲ့ဝင်များသည် နောက်ဆုံးတွင် ၎င်းတို့၏ကြောက်ရွံ့မှုကို ကျော်လွှားကာ ဖေးနှင့် ဘက်ကင်ဟမ်တို့ကို ရေလွှမ်းမိုးသလို နောက်မှ တဟုန်ထိုး လိုက်လံ တားဆီးကြသည်။

ထိုအခါ.. ဖေး၏ ကိုယ်မှ ရွှေအလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးဝိညာဉ် နေရာလပ် ချိတ်တံဆိပ်များကို ဤဂိတ်ပေါက်တစ်ဝိုက်တွင် စီရင်ခဲ့ရာ နီးကပ်လာသော ပင်လယ်မျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များသည် အပိုင်းပိုင်းခြေမှုန်းခံရသည်။

သို့သော်လည်း တချို့က သေးငယ်သည့် အပေါက်များကို ဖြတ်ကျော်ပြီး တိုက်ခိုက်ရန် ပြေးဝင်လာကြပြန်သည်။

ဖေးကတော့ သူတို့ကို လျစ်လျူရှုပြီး တံခါးပေါက်ထဲကို တိုးဝင် ပျောက်သွားသည်။

ဘက်ကင်ဟမ်ကတော့ လှံရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ဤအခိုက်အတန့်တွင် တဖြည်းဖြည်းစိတ် တည်ငြိမ်သွားသည်။

တဟုန်ထိုး ပြေးဝင်လာသော ပင်လယ်မျိုးနွယ်၏ အဆင့်မြင့်အဖွဲ့ဝင်များကို စိုက်ကြည့်နေစဉ်တွင် သူက ချမ်းဘော့ဒ်ဘုရင်၏သူရဲကောင်းဆန်သော ရယ်မောသံကို အတုယူပြီး ဟစ်ကြွေးလိုက်သည်။

"လာစမ်း..သောက်ရူးကောင်တွေ ..

ချမ်းဘော့ဒ် ဘုရင်အပြင်၊ ငါ

ဘက်ကင်ဟမ်ရဲ့ အစွမ်းကိုလည်း မြည်းစမ်းကြည့်စမ်း.."

All Chapters