Chapters

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ (၁၁) (အပိုင်းတစ်)

Vol. 63 Ch. 970-1

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ (၁၁) (အပိုင်းတစ်)

Vol. 63 Ch. 970-1

ဖေးသည် စွမ်းအင်အတားအဆီးကိုဖြတ်ပြီး မြို့ထဲသို့ ဝင်လာသည်နှင့် ချက်ချင်းပင် သက်တောင့်သက်သာဖြစ်သွားသည်။ ပြီးခဲ့သည့် ကာလတစ်လျှောက် သူကြုံတွေ့ခဲ့ရသော ကြီးမားသည့်ရေဖိအားသည် ပျောက်ကွယ်သွားသည်။ ဤမြို့ထဲ၌ ရေဖိအား လုံးဝမရှိ‌ချေ ။

လက်ဆက်စိုစွတ်သော လေ၏ တိုးဝှေ့ကို ခံရပြီးနောက် ဖေး သက်တောင့်သက်သာဖြစ်သွားသည်။ အချိန်အကြာကြီး အသက်မရှူဘဲနေရခြင်းက လအဆင့်အထက် အရှင်သခင်များအတွက် ကိစ္စကြီးတစ်ခုမဟုတ်သော်လည်း ကုန်နေသတ္တဝါဖြစ်သော ဖေးအတွက် အသက်ရှူရှိုက်ရခြင်းက အလွန်ပင် စိတ်လက်ချမ်းသာမှုကို ခံစားရသည်။

လျှပ်စီးလက်သကဲ့သို့ ဖေးသည် ရှေ့သို့‌ပြေးကာ မြို့လယ်ရှိ ရှေးဟောင်းယဇ်ပလ္လင်ဆီသို့ ဦးတည်သွားခဲ့သည်။

စွမ်းအင်အတားအဆီးအပြင်ဘက်ရှိ ပြိုကျနေသော ရှေးဟောင်းအဆောက်အအုံများကဲ့သို့ပင်၊မြို့အတွင်းပိုင်းသည်လည်း အလားတူအခြေအနေတွင် ရှိနေပုံရသည်။

သူရှေ့သို့ ပြေးရင်း စောင်းငဲ့ကြည့်ရာ ပင်လယ်မျိုးနွယ်စုမှ ရှေးဟောင်း အမွေအနှစ်များအပေါ်တွင် ထပ်၍ ဤမြို့ကို ပြန်လည်မွမ်းမံပြီး တည်ဆောက်ထားကြောင်း အရိပ်အယောင်များကို တွေ့ရှိခဲ့သည်။

မြို့ထဲတွင်တော့ ပင်လယ်မျိုးနွယ်ဝင် တယောက်မှ သူ့ကို တားရန် မလာကြပေ။

ထို့ကြောင့် ဖေး၏ခရီးသည် အလွန်ချောမွေ့ခဲ့ပြီး မည်သည့်အတားအဆီးမှ မကြုံခဲ့ရပေ။

များမကြာမီ ဖေးသည် မီးခိုးရောင်စွမ်းအင်အလင်းတန်းရှေ့သို့ ရောက်လာသည်။ ဤစွမ်းအင်အလင်းတန်းသည် ဘုရား ဝတ်ပြု နန်းတော်အတွင်း တည်ဆောက်ထားသည့် ယဇ်ပလ္လင်တစ်ခုမှ ထွက်လာခြင်းဖြစ်သည်။ စတုရန်းပုံသဏ္ဍာန်ရှိ ဘုရားဝတ်ပြုနန်းတော်သည် လှေကားပေါင်း ၆၀၀ ရှိပြီး ခံ့ညားထည်ဝါသော တောင်ကြီးတစ်ခု၏ထိပ်ပေါ်တွင် ရှိနေသည်။

ဘုရားဝတ်ပြုရာနန်းတော်၏ အလယ်ဗဟိုမှ မီးခိုးရောင်စွမ်းအင် အလင်းတန်းသည် ကောင်းကင်ပြင်သို့ ထိုးထွက်နေ၏။

နတ်ဘုရားနန်းတော် တံခါးရှေ့ ထိပ်ရှိလှေကားတွင်တော့ လှပသော ရုပ်သွင်တစ်ခုက ရွှေရောင်စွမ်းအင် မီးတောက်များကိုထုတ်လွှတ်ရင်း ငြိမ်သက်စွာ ရပ်နေ၏။ သူမ၏ ရှည်လျားသော ခရမ်းရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး ဖေးကို ခက်ထန်စွာငုံ့ကြည့်နေသည်။

သူမသည် သင်းရနံ့ပင်လယ်မှ ပင်လယ်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။

....အုန်း...

ဖေးက ရွှေရောင်အလင်းတန်းအသွင်ပြောင်း၍ ခုန်ထွက်လိုက်ရာ မြေပြင်တွင် တွင်း‌ေပါက်တစ်ခုဖြစ်ကျန်ခဲ့၏။ ထို့နောက် ဖေး စကားပင်မပြောဘဲ တိုက်ခိုက်လိုက်သည်။ စွမ်းအင်လက်သီးအများအပြားထုတ်လွှတ်၍ ပင်လယ်မျိုးနွယ်စုမင်းသမီးထံ ဦးတည်၍ တိုက်ခိုက်လိုက်၏ ။

...ဘန်း....ဘန်း....ဘန်း....ဘန်း....

ရွှေတြိဂံက ထိုပင်လယ်မင်းသမီး၏ ပတ်လည်တွင်ဝဲပျံသွားပြီးနောက် ရွှေရောင်အကာအကွယ်စက်ဝန်းတစ်ခု သူမ၏ ပတ်ပတ်လည်တွင်ဖြစ်တည်လာသည်။

စွမ်းအင်လက်သီးချက်များသည် ဥက္ကာပျံများကဲ့သို့ ရွှေစွမ်းအင်စက်ဝိုင်းပေါ်သို့ ကျရောက်သွားရာ မီးပွားများနှင့် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာ၏။

ပင်လယ်မျိုးနွယ်မင်းသမီးလေး၏ ခန္တာကိုယ်သည်ယိမ်းယိုင်နေရာ ဖေး၏ လက်သီးချက်ကို မည်သို့မျှ မခုခံနိုင်ပေ။ လက်သီး၏ ပြင်းထန်သော အင်အားကြောင့် သူမမှာ ကျောက်တိုင်းများကိုဝင်တိုက်၍ မီတာများစွာလွှင့်ထွက်ပြီးမှ ယစ်ပလ္လင်တံခါးဝနား မှီကျလူမတတ်ဖြစ်၍ ရပ်တန့်သွားသည်။

ရွှေရောင်သွေးစီးကြောင်းများက မျက်နှာဖုံးပေါ်မှ လျှံကျလာ၏။

ဖေးမှာ လှေကား၏ အထက်လေထုထဲ ပျံတက်လိုက်သည်။

"..မင်း အားနည်းလာပြီ လွန်ခဲ့တဲ့ ရက်ကနဲ့ ယှဉ်ရင် တော်တော် အားနည်းသွားပြီ...!"

ပင်လယ်မျိုးနွယ် မင်းသမီးလေး သည် ဖေးကို လွန်ခဲ့သော ရက်တိုက်ပွဲ၌ ဖိအားများစွာပေးခဲ့သည်။ ဖေးကိုမသေမျိုးဘုရင်၏ ကျောက်တုံးချေဖျက်ခြင်း ကိုတောင် အသုံးပြု၍ သူမထံမှ တိုက်ခိုက်မှုကို တားဆီးရန် ဖိအားပေးခဲ့သည်။

သို့သော် ယခုအချိန်တွင်တော့ ဖေး၏အစပျိုးတိုက်ခိုက်မှုကပင် မင်းသမီးကိုလွှင့်ထွက်သွားစေခဲ့သည်။ သူမအတော် အားနည်းနေပြီဖြစ်သည်။

၎င်းက ဖေး အင်အားတိုးနှုန်း အလွန်မြန်သဖြင့် မခံနိုင်ခြင်းမဟုတ်ချေ။ သူမ၏ ခန္တာကိုယ်က ပိုအိုမင်လာပုံရပြီး သွေးတွင်းမှ စွမ်းအားသည်လည်း ကျဆင်းနေပုံရသည်။

မင်းသမီးလေးသည် ခါးမတ်မတ်ရပ်ပြီး သူမ၏ နှုတ်ခမ်းမှ သွေးကိုတည်ငြိမ်စွာသုတ်လိုက်သည်။ သူမက ဘာကိုမျှ ပြောခြင်းမပြုပေ။