တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ ( ၁၁ ) (အပိုင်းနှစ်)
Vol. 63 Ch. 970-2
သူမသည် ပင်လယ်မျိုးနွယ်၏ ပြီးပြည့်စုံခြင်းသို့ ပြောင်းလဲသွားကြောင်း ထင်ရှားလှသည်။ သူမ၏ သွင်ပြင်အရ သာမန်လူသားတစ်ယောက်နှင့် ခြားသည်ဟု ပြော၍မရပေ။ သူမတွင် ပင်လယ်မျိုးနွယ်၏ အရိပ်အခြေပင်မရှိရာ ဖေးသည် သူမ မည်သည့်မျိုးနွယ်မှ ဆင်းသက်လာသည်ကို မပြောနိုင်ပေ။
"..မင်း... စကားမပြောချင်ရင်...သေတော့..."
ဖေးလည်း မရေမတွက်နိုင်သော ရွှေရောင်လက်သီးချက်များကို အကာအကွယ်မဲ့နေသော ထိုမင်းသမီးထံသို့ ပစ်လွှတ်လိုက်၏။
ထိုသို့ဖြစ်နေစဉ် ဖေးသည် လျှပ်စီးလက်သည့်အလား ရှေ့သို့ ပြေးသွားကာ သူ၏ ညာလက်ကို ရွှေရောင်မီးတောက်များ ဖုံးလွှမ်းစေပြီးမှ လက်သီးကိုဆုပ်လိုက်၏။ ၎င်းက ပြိုင်ဘက်ကင်းအင်ပါယာလက်သီး-တစ်ချက်ထဲ အသေသတ်လက်သီးပင်ဖြစ်သည်။
ရွှေမျက်နှာဖုံးအောက်မှ မင်းသမီးလေး၏ အလှက သူမတူအောင်လှပသော်လည်း ဖေးမှာ အလျှော့ပေးရန် စိတ်ကူမရှိချေ။ ရန်သူ အားနည်းချိန်မှာ အပြတ်ဖြုတ်ရမည်။ ဖေးက ထိုစကားအတိုင်း လုပ်သည်။
ဖေးသည် ပင်လယ်နွယ်မင်းသမီးလေး အဘယ်ကြောင့် အင်အားနည်းပါးနေသည်ကို မသိသော်လည်း သူမကို သတ်ရန် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ကြောင်းကိုတော့ သူသေချာသည်။ သူမသေ သွားပါက လူသားများအတွက် အန္တရာယ်ကြီးတစ်ခု လျော့ပါးမည်ဖြစ်သည်။
ဤကဲသို့ တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသည့်တိုင် ဖေးကြောင့် ဒဏ်ရာရပြီးသား ပင်လယ်နွယ်မင်းသမီးလေးသည် ရှောင်တိမ်းဖို့ မကြိုးစားခဲ့ပါ။ ထိုအစား လှောင်ပြောင်သော အပြုံးတစ်ခု သူမမျက်နှာတွင် ပေါ်လာသည်။။
" ဖောက် "
ဖေး၏ လက်သီးနှင့် ထိလိုက်သည်နှင့် သူမက ရုတ်တရက် ကွဲအက်သွားပြီး ပူဖောင်းတစ်ခုလို ပျောက်သွားသည်။
"ဘုန်း"
ကျောက်ခေတ်က သားရဲကြီး၏ ဟိန်းဟောက်သံကဲ့သို့ အသံတစ်ခုပွင့်လာပြီး ကျောက်တံခါးကြီးရုတ်တရက်ပွင့်ဟလာ၏။ ထို့နောက် လေချွန်သံများနှင့်အတူ စုပ်အားတစ်ခု ထွက်ပေါ်လာသည်။
ဖေးမှာ သူ့လက်သီးချက်က ပင်လယ်နွယ်မင်းသမီးလေး ကျန်ရစ်ခဲ့သော ပုံရိပ်ကို ဖြတ်သွားသည်နှင့် တပြိုင်နက် တစ်စုံတစ်ခု မှားယွင်းနေမှန်း သိလိုက်သည်။ သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်သော်လည်း ပြင်းထန်သော စုပ်ယူမှုစွမ်းအားက သူ့အရှိန်ကို တိုးမြင့်စေပြီး အနက်ရောင် ဘုရားဝတ်ပြုနန်းတော်ထဲသို့ ဆွဲသွင်းသွားခဲ့သည်။
...ဘန်း...
ဖေးကို စုပ်ယူပြီးသည်နှင့် ဝတ်ပြုနန်းဆောင်ကြီး၏ တံခါးက ပိတ်ကျသွားသည်။ ဖေးမှာ နန်းဆောင်အတွင်း ပိတ်ဆို့ခံလိုက်ရပြီဖြစ်သည်။
ဖောက်...
ထပ်မံ၍ ပူဖောင်းပေါက်သံမျိုးထွက်ပေါ်လာပြီး ပျောက်ကွယ်သွားသည့် မင်းသမီးလေးမှာ ပိတ်ဆို့ထားသော ဝတ်ပြုနန်းဆောင်၏တံခါးရှေ့တွင် ပြန်လည်ထွက်ပေါ်လာသည်။
သူမ၏ မျက်နှာဖုံးအောက်မှ ရွှေရောင်သွေးစက်များ စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ကျသွား၏။ ၎င်းတို့က ကြမ်းပြင်နှင့် ထိသည်နှင့် စုပ်ယူခံလိုက်ရသည့်အလား ပျောက်ကွယ်သွားသည်။ ၎င်းက အံ့ဩစရာကောင်းလှသည်။
“ ဒီလူသားက တော်တော် ကြောက်စရာကောင်းတာပဲ ငါတို့ အိပ်ပျော်နေခဲ့တဲ့ နှစ်ထောင်ချီကာလထဲမှာ လူသားတွေက ဒီလိုကြောက်စရာကောင်းလာကြတာလား "
သူမက သူမ၏ သွေးများကို မသုတ်လိုက်ပေ။ ထို့အစား နန်းဆောင်တံခါးကို မှီရင်း ၎င်းသွေးများကို ကြမ်းပြင်ပေါ်သို့ စီးကျနေ၏။
သူမက သူမဘာ့သူမတွေးနေသည်။
" နေ့အဆင့်ငါ့လူလေးယောက်ကိုသတ်နိုင်ခဲ့တာ ဒီလူသားမလွယ်ဘူး ဒါပေမယ့် ခုသူပြန်ပေးဆပ်ရတော့မယ် "
ဟား...ဟား...ဟား...ဟား...
"...ဒီနန်းတော်ထဲမှာ ဘယ်သူမဆို စတေးခံရလိမ့်မယ်..."
" လူသားက နတ်ဘုရားကလူဗာကြောင့် ငါတို့အတွက် ပထမဆူံ ယစ်ပူဇော်ခံယစ်ကောင် ဖြစ်လာလိမ့်မယ် ပင်လယ်မျိုးနွယ်စုရဲ့ အသရည်ကို ဘယ်သူမှ ယုတ်လျော့အောင်မလုပ်နိုင်ဘူး "
ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေ၏။
လေထဲတွင် ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သွေးရနံ့မျိုးဖြစ်သော်လည်း အနည်းငယ် ချိုမြိန်ပြီး မွှေးရနံ့နှင့် ပြည့်နေသည်။
၎င်းက လူသတ်သမားတစ်ယောက်၏ အရှိန်အဝါမျိုးရှိပြီး ဖေးသည်လည်း သူ့ခန္တာကိုယ်ကို လက်နက်ရာထောင်ချီ ဖြတ်ပိုင်းခြင်းခံရသကဲ့သို့ ခံစားနေရ၏။
သူ၏ခန္ဓာကိုယ်သည် လူရိုင်းဘုရင်ပုံစံတွင်ရှိပြီး အလွန်မာကျောခြင်းမရှိပါက ခန္ဓာကိုယ်သည် အပိုင်းပိုင်းဖြစ်သွားလိမ့်မည်။
ဘုရားဝတ်ပြုသောနန်းတော်အတွင်း၌ သဘာဝလွန်နက်နဲသောအရာအချို့ရှိခဲ့သည်။ ၎င်းတို့မှာ ပြင်ပကမ္ဘာနဲ့ လုံးဝမတူညီချေ။
နေအဆင့်အရှင်သခင်၌ ဖေးသည် မိုင်ပေါင်းများစွာ အကွာမှာ ယင်ကောင်ကိုပင်မြင်နိုင်သော်လည်း ယခုတော့ ဆယ်မီတာ ပတ်လည်ကိုမနည်းမြင်အောင်ကြည့်နေရသည်။ တစ်ခန်းလုံးမဲမှောင်နေ၏။ ရုတ်တရက် ခပ်လှမ်းလှမ်းမှ ဖေး ရေစီးသံကြားလိုက်သည်။