Chapters

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (12) (အပိုင်းနှစ်)

Vol. 63 Ch. 971-2

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (12) (အပိုင်းနှစ်)

Vol. 63 Ch. 971-2

ဖေး၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာ ပေါ်လာ၏။ ခဏတာ စောင့်ကြည့်လေ့လာပြီးနောက် မြောင်းအတွင်းမှာရှိသော အရာများကို သူ သိရှိလိုက်သည်။

.....သွေး...

.....ရွှေသွေး ....

၎င်းက ပင်လယ်မျိုးနွယ်စု၏ မင်းသမီး၏ သွေးပင်ဖြစ်သည်။

ဤ ယစ်နန်းဆောင်အပြင်ဘက်၌ သူ ပြိုင်ဘက်ကင်းလက်သီးဖြင့် ပင်လယ်မျိုးနွယ်စုမင်းသမီးကို ထိုးခဲ့စဉ်က မျက်နှာဖုံးပေါ်မှ ရွှေရောင်သွေးများစီးကျခဲ့သည်။ ထိုသွေးများ၏ အရှိန်အဝါက ယခု အရှိန်အဝါနှင့် အတူတူပင်ဖြစ်သည်။

"ပင်လယ်နွယ်ရဲ့ မင်းသမီးက ဒီ‌မြောင်းထဲကို သူ့သွေးတွေကို အလကားထုတ်ပစ်မှာတော့မဟုတ်ဘူး "

ဖေးက ဆက်လက်စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် ထိုင်ချလိုက်ပြီး ရွှေအရည်ကို လက်ချောင်းဖြင့်ယူကာ နမ်းလိုက်ပြီး အတွင်းမှ စွမ်းအင်ကို ဂရုတစိုက် အာရုံခံလိုက်လေသည်။

ဤအရည်အတွင်း၌ အားနည်းသော စွမ်းအင်တစ်ခု ပါရှိပြီး ၎င်းစွမ်းအင်ကအဆင့်မြင့်မားသည်။

ရုတ်တရက် ခေါင်းထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ဖေးအတွေးတစ်ချက်ပေါက်သွား၏။

"...ငါသိပြီ ဒါက ဒီလို‌နေမယ် ပင်လယ်နွယ်ရဲ့ခေါင်းဆောင်က မိန်းမဖြစ်ပေမဲ့ သူမဟာ ကြောက်စရာကောင်းပြီး ရက်စက်တယ် သူမဟာ တခြားသူတွေကို ရက်စက်တတ်သလို ကိုယ့်ကိုယ်ကိုလည်း ရက်စက်တယ် သူမက ဆိုးသွမ်းတဲ့နတ်ဘုရား ပြန်လည်ရှင်သန်မှုကို အရှိန်မြှင့်ဖို့လုပ်ခဲ့တာနေမယ် "

ဖေး ချက်ချင်းထရပ်ပြီး ရွှေသွေးစီးဆင်းသွားသော မြောင်းဦးတည်ရာနောက်သို့ လျင်မြန်စွာ ပြေးသွားလေသည်။

သူမျှော်လင့်ထားသည့်အတိုင်းပင် မိနစ်အနည်းငယ်အကြာတွင် ဤဝင်္ကဘာကဲ့သို့သော နန်းတော်၏အဆုံးသည် ပေါ်လာသည်။

နန်းတော်၏ အဆုံးတွင် တောက်ပသော စတုရန်းပုံသဏ္ဍာန် တံခါးတစ်ခု ရှိနေသည်။

ဖေးသည် တံခါး၏ တစ်ဖက်ကိုဖြတ်၍ သွားလိုက်ရာ တစ်ဖက်တွင် အလွန်တောက်ပနေသည်ကို တွေ့ရလေသည်။

အမှောင်ထဲမှ ထွက်လာသည်ဖြစ်ရာ ထိုအလင်းတန်းများက ပြင်းထန်လှသဖြင့် ဖေး မျက်လုံးပိတ်လိုက်၏။ သို့သော်လည်း စိတ်၏ ကြည်လင်မှုကိုခံစားလိုက်ရသည်။ ဖေး မသေမျိုးဘုရင်၏ ကျောက်တုံးချေဖျက်ခြင်းကို သူ့ရှေ့တွင်ထားလိုက်၏။ အကယ်၍ ရန်သူက တိုက်ခိုက်လာပါက ကာကွယ်ရန်ဖြစ်ပြီး ခုန်ရှောင်ရန်အတွက်လည်း အသင့်ပြင်ထားသည်။

ဤနေရာက နတ်ဆိုးနတ်ဘုရား တစ်ပါး အိပ်စက်ရာနေရာမဟုတ်ပါလော။ သို့သော်လည်း ဖေးထင်ထားသလို သွေးထွက်သံယို တိုက်ခိုက်မှုများပေါ်မလာခဲ့ပေ။

အလောင်းတောင်နှင့် သွေးမြစ်များကို မြင်ရမည့်အစား ကြည်လင်သောဂီတသံနှင့် သင်းပျံ့သော ပန်းရနံ့ကိုသာ သူခံစားလိုက်ရ၏။

ဖေး သူ့မျက်လုံးများကို ညှင်သာစွာဖွှင့်လိုက်ပြီးနောက် အံ့ဩသွားရသည်။ သူမြင်နေသည်ကိုပင် မယုံနိုင်ဖြစ်သွား၏။

သူ့ရှေ့တွင် စိမ်းစိုသောမျက်ခင်းပြင်စိမ်းလမ်းသော သစ်ပင်များရှိပြီး တေးသီကျူးနေသော ရွှေရောင်ငှက်ကလေးများက လူးလားခေါက်တုံ့ပြန်‌သန်းနေ၏။ သက်တံ့ရောင် သမင်ကလေးများ မြူးထူးပျော်ပါးနေသလို ကြည်လင်သောမြစ်တစ်စင်းသည်လည်း တောအုပ်ကိုဖြတ်စီးဆင်းနေပြီး အထဲမှ ရွှေငါးလေးများက ရေပြင်ထက်ခုန်ထွက်ပျော်ပါးနေကြသည်။

ဤလှပသောမြင်ကွင်းအလယ်တွင်တော့ အဖြူရောင်ဝတ်ရုံဝတ်ထားသည့် ချောမောသောလူငယ်လေးသည် ဖေးကို အပြုံးတစ်ခုဖြင့်ကြည့်နေ၏။ သူ့ခန္ဓာကိုယ်မှာ ထွားကျိုင်းပြီး လှပသော အဝါရောင်ငှက်တစ်ကောင်က သူ့ပခုံးပေါ်မှာ နားနေသည်။

"...ဘာတွေဖြစ်နေတာလဲ..."

ဖေး အံ့သြသွားသည်။

"...ဒါက အဓိပ္ပာယ်မရှိဘူး..."

သူ့ဘာ့သာသူ စဉ်းစားကြည့်သည်။

သူ့အရင်ဘဝက ဖတ်ဖူးသမျှ ပုံပြင်များအရ၊ နတ်ဆိုးဘုရားကို ပြန်လည်ရှင်သန်စေမည့် ယဇ်ပလ္လင်သည် တံခါးနောက်တွင် ရှိရပေမည်။ အလောင်းတောင်များ မရှိရင်တောင် အနည်းဆုံးတော့ အုံ့မှိုင်း၊ အန္တရာယ်များပြီး ဘေးဒုက္ခများဖြင့် ပြည့်နေသင့်သည်။ ထို့အပြင်၊ နိုးတစ်ဝက်ဖြင့် နိုးထလာသော ထိုနတ်ဆိုးသည် သူစိမ်းများကို အရူးအမူး တိုက်ခိုက်သင့်သည်။

ထို့ကြောင့် ဖေးသည် သူ့ရှေ့ရှိ နတ်ပြည်နှင့်တူသောနေရာကို နားမလည်နိုင်ခဲ့ပါ။