← Chapters

အခန်း ၉၇၂( ၁+၂)

Vol. 63 Ch. 972(1+2)

အခန်း ၉၇၂( ၁+၂)

Vol. 63 Ch. 972(1+2)

အခန်း ၉၇၂-၁ ရုတ်တရက် ပြောင်းလဲခြင်း (အပိုင်းတစ်)

အဖြူရောင်ဝတ်စုံဖြင့် ချောမောသော ဤလူငယ်လေးထံမှ ကြမ်းတမ်းသော မကောင်းဆိုးဝါး စွမ်းအင်များ ထွက်ပေါ်မလာပါ။

သူက သဘာဝတရားကို ခံစားရင်း တောင်တန်းများပေါ်တွင် တစ်ယောက်တည်း အထီးကျန်နေသော ရသေ့တစ်ပါးလို ပုံစံမျိုးဖြစ်သည်။

သူက တိရစ္ဆာန်ငယ်လေးများနှင့် ကစားပြီး အပင်များကို ချစ်မြတ်နိုးပုံရ၏။သူက နူးညံ့သိမ်မွေ့ပုံရပြီး မည်သို့မျှ နတ်ဆိုးနတ်ဘုရား၏ ပုံစံနှင့် စပ်ဆက်၍မရပေ။

ဤ တစ်နေရာလုံး၌ အပြင်မှ ရသော ဆိုးညစ်သည့်အရှိန်အဝါမျိုးမရှိဘဲ သာယာစိုပြေသော ပုံစံမျိုးသာရှိနေသည်။

" ညီလေး မင်းဘယ်ကလာတာလဲ... ဘယ်သူကိုရှာနေတာလဲ.."

မျက်နှာပေါ်တွင် နူးညံ့သော အပြုံးဖြင့် အဖြူရောင် ၀တ်စုံနှင့် ချောမောသော လူငယ်လေးသည် နူးနူးညံ့ညံ့ အသံဖြင့် မေး၏။ သူ့လေသံက အခြားသူများ သူ့အပေါ် ရင်းနှီးလိုချင်စိတ်ပေါ်စေသော အသံမျိုးဖြစ်သည် ။

ဖေးက ခေတ္တရပ်လိုက်ပြီး သူ၏ မသေမျိုး တူကြီးကိုချလိုက်သည်။ ထို့နောက် လူငယ်လေးကိုပြောလိုက်၏။

"အင်း၊ ငါ နေရာမှားနေတာ ဖြစ်နိုင်တယ်... အိုး၊ မင်းက ဘယ်သူလဲ၊ မင်း ဒီကို ဘာလို့ ရောက်နေတာလဲ"

"..ငါ..."

လူငယ်လေးက ရုတ်တရက် ဝမ်းနည်းလာဟန်ဖြင့်ပြောသည်။

"ငါက တိုက်ကြီး သိုင်းသူတော်စင် မာရာဒိုနာ ရဲ့ နံပါတ် ၁ တပည့်ပါ... သိုင်း သူတော်စင် တောင်ပေါ်ကနေ လာတာပါ ငါ့နာမည်က ဆာဗီအိုလာ ပါ ငါ့ဆရာက ဒီကိုလာဖို့ အမိန့်ပေးလိုက်တယ် သိုင်းသူတော်စင်က သင်းရနံ့ပင်လယ် ရဲ့ ချိပ်ပိတ်မှုထဲမှာ ထူးခြားတာကို ခံစားမိပြီး ထွက်လာဖို့ အမိန့်ပေးခဲ့တာ ခု ငအ.. ဒဏ်ရာ ပြင်းပြင်းထန်ထန်ရနေတယ်၊ ဒီမှာ အကျဉ်းကျနေတာ... ရှက်လိုက်တာ!”

" တိုက်ကြီး၏ သိုင်း..သူတော်စင်လား"

"ဒီလူက တိုက်ကြီးပေါ်က နတ်ဘုရားလိုပဲ အင်ပါယာအမျိုးမျိုးက ခန့်အပ်ထားတဲ့သိုင်းသူတော်စင်တွေနဲ့မတူဘူး တိုက်ကြီး သိုင်းသူတော်စင်က တိုက်ကြီးမှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်ပဲ၊ သူက အဇာရိုရဲ့ အုပ်ထိန်းသူလိုပဲ တိုက်ကြီးပေါ်က တန်ခိုးကြီးတဲ့ ဧကရာဇ်တွေတောင်မှ သူ့ကိုရိုသေလေးစားပြီး ခေါင်းငုံ့နေကြရတာ ဒီလူနဲ့ မရှုပ်ချင်ကြဘူး"

အဇာရိုတိုက်ကြီးတွင် သိုင်းသူတော်စင် မာရာဒိုနာသည် အားလုံးထက်ထူးခြားသည်။ သူ၏ မယုံကြည်နိုင်သော စွမ်းအားဖြင့် တောတွင်းဥပဒေဖြင့် အုပ်စိုးထားသော ဤကမ္ဘာကြီးကို အကြွင်းမဲ့ ထိန်းချုပ်နိုင်ခဲ့သည်။

ဖေး သည် တိုက်ကြီး သိုင်းသူတော်စင်တောင် နှင့် ပတ်သက်သော ပုံပြင်များစွာကို ကြားသိခဲ့သည်။ ဤဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်သည် ကမ္ဘာအနှံ့ခရီးထွက်ပြီး ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းပေးသော အစွမ်းထက် ဆရာသခင်ဖြစ်ပြီး အရည်အချင်းရှိသော တပည့်များစွာလည်း ရှိကြောင်း သူသိသည်။ မာရာဒိုနာ၏ နံပါတ် (၁) တပည့်ဖြစ်သူမှာ ဆာဗီအိုလာ ဖြစ်သည်။

ထိုစကားကို ကြားပြီးနောက် ဖေး၏မျက်နှာမှာ သက်တောင့်သက်သာရှိသော အမူအရာတစ်ခုပေါ်လာပြီး သူခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ကာ

"မစ္စတာဆာဗီအိုလာ၊ မင်းဒဏ်ရာရသွားပြီလား"

"ဘာဖြစ်တာလဲ"

"မင်းရဲ့ခွန်အားနဲ့ ပင်လယ်မျိုးနွယ်မှာ မင်းကိုဘယ်သူကဒဏ်ရာရစေ နိုင်မလဲ"

လူငယ်၏ပါးစပ်မှ သွေးများ လျှောကျလာပြီး ရုတ်တရက် တုန်ယင်လာသည်။ သူက ဖြည်းညှင်းစွာထိုင်လိုက်ပြီး သူ၏စစ်သည်တော် စွမ်းအင်ကို ဖြန့်ကျက်ရန် အစွမ်းကုန်ကြိုးစားလိုက်သည်။

"ပင်လယ်မျိုးနွယ်ဝင် သာမန်အဖွဲ့ဝင်တွေက ငါ့ကို မယှဉ်နိုင်ပါဘူး ဒါပေမယ့် ဒီမှာ ချိပ်ပိတ်ခံထားရတဲ့ ပင်လယ်မျိုးနွယ်ရဲ့နတ်ဘုရယးရှိတယ် သူ့နာမည်က ကလူအီဗာ သူက ပင်လယ်မျိုးနွယ်တွေ ကုန်မြေပေါ်မှာ တိုက်ခိုက်သတ်ဖြတ်တဲ့ခေတ်တုန်းက ကျော်ကြားခဲ့တဲ့ နတ်ဆိုးတစ်ပါးပဲ သူက တိုက်ပွဲနတ်ဘုရားရဲ့ ချိပ်ပိတ်မှုကို လျှို့ဝှက်နည်းလမ်းနဲ့ ဖျက်ပြီး နှိုးထလာတာ ကြောက်စရာကောင်းတယ် ”

ထိုစကားကိုကြားပြီးနောက် ဖေး၏မျက်နှာပေါ်ရှိ သံသယများအားလုံး ပျောက်ကွယ်သွားသည်။ သူက လျင်မြန်စွာ လျှောက်သွားကာ ဖြူဖွေးချောမောသော ဤလူငယ်လေး၏ ဘေးတွင် ရပ်လိုက်သည်။ သူက စိုးရိမ်တကြီးနှင့် “ငါတို့ ဘာလုပ်သင့်သလဲ အဲဒီ မကောင်းဆိုးဝါး နတ်ဘုရား ကလူဗာ ဘယ်မှာလဲ၊ သူက ဘယ်လောက် တန်ခိုးကြီးသလဲ… ငါ မင်းကို ကူညီပါရစေ။”

အဖြူရောင်ဝတ် လူငယ်သည် ဖေးကို ကြည့်၍ ခေါင်းခါကာ ကျေးဇူးတင်သောအမူအရာဖြင့်

" မင်းက အရမ်းအားနည်းနေသေးတယ်၊ ဒီနတ်ဆိုးရဲ့ လိုက်ဖမ်းမှုကို ငါတို့ ရှောင်နိုင်မှာ မဟုတ်ဘူး။ မင်းငါ့ကို အရင်ကုသနိုင်ရင် ငါ ဒီအခြေအနေတွေကို ချိုးဖျက်ပြီး မင်းကို ငါနဲ့အတူခေါ်သွားမယ် "

အခန်း ၉၇၂-၂ ရုတ်တရက်ပြောင်းလဲခြင်း (အပိုင်းနှစ်)

" ကောင်းပြီ၊ လုပ်ရအောင် "

ဖေး ထိုလူငယ်၏နောက်တွင် ရပ်လိုက်ပြီး သူ၏ရွှေစွမ်းအင်မီးတောက်များကို စတင်ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက ဒီလူငယ်ရဲ့ နောက်ကျောကို လက်ဖဝါးတင်ပြီး

" မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်လမ်းကြောင်းတွေကို အရင်ဖွင့်ကြည့်မယ် အဲဒါက မင်းကို ကူညီနိုင်မလား ကြည့်ရအောင် "

"ကောင်းပြီ ကျေးဇူးတင်ပါတယ်"

အဖြူရောင်ဝတ် လူငယ်က ခေါင်းညိတ်ပြသည်။

ထိုအချိန်တွင် လူငယ်၏မျက်နှာတွင် ထူးဆန်းသောအပြုံးတစ်ခုပေါ်လာသည်ကို ဖေးသတိမထားမိလိုက်ပေ။ လူငယ်၏ ဝမ်းဗိုက်ညာဘက်ခြမ်းရှိ ဒဏ်ရာမှာ မီးခိုးများထွက်လာပြီး ၎င်း၏ မျက်နှာ အမူအရာမှာ ဆိုးရွားသွားသည်။

အဖြူရောင်လူငယ်လေး၏ မျက်နှာ အမူအရာမှာ ရုတ်တရက် ဒေါသထွက်သည့်ဟန် ပြောင်းသွား၏။

သူက ဟန်းဟောက်လိုက်ပြီး ရွှေအိုရောင် သွေးတစ်လုတ်ကို ထွေးထုတ်လိုကပြီးနောက် သူ့ခန္ဓာကိုယ်ကို အမြောက်ကျည်ဆံတစ်ခုကဲ့သို့ လွင့်ထွက်သွားက သစ်ပင်များစွာကို တိုက်မိ၍ ကျိုးကြေသွားစေသည်။

"မင်း... ဘာလုပ်နေတာလဲ"

အဖြူရောင် ၀တ်ထားသော ထိုလူငယ်လေးက အမြန်နောက်ဆုတ်လိုက်ရင်း အော်လိုက်သည်။

ဖေးသည် သူ့မျက်နှာပေါ်တွင် အေးစက်သောအပြုံးဖြင့် စကားမပြောဘဲ လျှပ်ပြက်သကဲ့သို့ ရှေ့သို့ ပြေးသွားကာ ထိုလူငယ်နောက်သို့ လိုက်သွားခဲ့သည်။ ရွှေရောင်အလင်းတန်းများသည် ဖေး၏လက်သီးများမှ ထွက်ပေါ်ကာ လူငယ်၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ လူငယ်လေးမှာ သဲအိတ်အလား အရိုက်ခံလိုက်ရလေသည်။ထပ်မံ၍ လေထဲတွင် လွင့်ပျံသွားပြီး သစ်ပင်များစွာကို တိုက်မိပြီး ကျိုးကြေသွားစေခဲ့သည်။

အဖြူရောင်ဝတ်လူငယ်လေးမှာ ပြန်လည်တိုက်ခိုက်နိုင်ခြင်းမပြုသေးပေ။

အံ့သြစရာကောင်းသည်က ဖေး၏ လက်သီးချက်တိုင်းသည် မနက်ခင်းနေမင်းကြီးကို သတ်ဖို့ လုံလောက်သော်လည်း အဖြူရောင်ဝတ် ဤလူငယ်ကတော့ ထိုတိုက်ခိုက်မှုအားလုံးကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အင်အားက သူ့ကို သတ်ဖြတ်ခြင်း မပြုနိုင်သလို သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများပင် မပေါ်စေနိုင်ခဲ့ပေ။

လူငယ်လေးက ဟိန်းဟောက်ပြီး ပြန်တိုက်ခိုက်ရန်ကြိုးစားနေဆဲဖြစ်သည်။

အနီရောင်ရင့်ရင့် စွမ်းအင်မီးတောက်များ ထွက်ပေါ်လာပြီးနောက် ဖေး၏ လက်ထဲတွင် မသေမျိုးတိုက်ပဲဝင်တူကြီး ပြန်လည်ထွက်ပေါ်လာ၏။

ငရဲပုံစံ၏ လူရိုင်းဘုရင် အဆင့်၂၄စွမ်းအားအပါအဝင် ဖေး၏ အစွမ်းအားလုံး အဖြူရောင်ဝတ်လူငယ်လေးအပေါ်ကျရောက်သွားသည်။

မသေမျိုးဘုရင်၏ တူကြီးက နတ်ဘုရားအဆင့်လက်နက်ပီသလှသည်။ ၎င်းက အသက်ရှိနေသည့်အလား အနီရောင်ရင့်ရင့်အလင်းများတောက်ပနေပြီး ၎င်း၏မျက်နှာပြင်ပေါ်မှာ အနီရောင်ပုံစံများသည်လည်း လှုပ်ရှား ကခုန်နေ၏။ ဖေးက ထိုတူကြီးဖြင့် လူင်လေးကို ရိုက်နှက်လိုက်သည်။

အက်! အက်! အက်! အက်!

လူငယ်လေးထံမှ အရိုးကွဲအက်သံများ ထွက်ပေါ်လာသည်။

မသေမျိုးဘုရင်၏ တိုက်ပွဲဝင်တူကြီးက နောက်ဆုံးတွင် လူငယ်လေး၏ ခုခံနိုင်မှုကျော်ဖြတ်ကာ လူငယ်လေးအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာစေတော့သည်။

ဖေးက ကြမ်းတမ်းသောတိုက်ခိုက်ရေးစက်ကြီးအလား မရပ်မနားတိုက်ခိုက်နေ၏။ လူရိုင်းဘုရင်၏ ရိုင်းစိုင်းကြမ်းကြုတ်မှုကို ထုတ်ဖော်ထားပြီး တိုက်ပွဲတွင် အာရုံအပြည့်အဝစိုက်ထားသည်။ သူ၏ စွမ်းအားနှင့် အရာအားလုံးကို ထုတ်ဖော်ပြီး လူငယ်လေးကိုတိုက်ခိုက်နေသည်။

နောက်ဆုံးတွင်တော့ လူပုံစံများပင်ပျောက်ကွယ်သွားပြီး ပြေးတမ်းလိုက်တမ်းကစားနေသည့် မီးလုံးကြီးနှစ်လုံးသာ ကျန်ရစ်တော့၏။

နောက်ဆုံးတော့ အဖြူဝတ်လူငယ်လေး လုံလောက်သွားပြီဖြစ်သည်။

" လုံလောက်ပြီ လူသား "

ဆိုးယုတ်သော မီးခိုးရောင် အလင်းများလူငယ်၏ မျက်လုံးများမှ ထွက်ပေါ်လာပြီး သူ၏ဖြူဖွေးသော လက်မောင်းများတွင် လိမ္မော်ရောင် အက်ကြောင်းများ ပေါ်လာသည်။ စိတ်ကူးမယဉ်နိုင်သော စွမ်းအားတစ်ခု သူ့လက်များမှ လွတ်ထွက်လာပြီး သူ့ခေါင်းပေါ်ဝဲနေသော မသေမျိုးဘုရင်၏ကျောက်ချေခြင်း တိုက်ပွဲဝင်တူကြီးအပေါ်ကျဆင်းသွား၏။

" အုံး "

ဖေး၏ တစ်ကိုယ်လုံး တုန်ခါသွား၏။ ထို့နောက် တိုက်ပွဲဝင်တူမှ ပြန်ကန်အားကြောင့် ဖေးလွင့်ထွက်သွားရတော့သည်။

ဖေး မီတာ တစ်ထောင်လောက်လွင့်ထွက်သွားပြီး မြေပေါ်ပြုတ်အကျတွင် မီတာတစ်ရာခန့်တွင်းတစ်ခု ဖြစ်သွားစေခဲ့၏။ အတော်ကြာမှ သူထိုတွင်းမှ ကုန်းထွက်လာနိုင်ခဲ့သည်။

ယခုအချိန်၌ ဖေး၏ ခန္တာကိုယ်တွင် အသားများကွဲအက်နေပြီး အရိုးပင်ပေါ်နေသည်။ ခန္တာကိုယ်မှ သွေးများစွာကျဆင်းနေပြီး မနည်းရပ်နေရ၏။

All Chapters