အခန်း ၉၇၃(၁+၂)
Vol. 63 Ch. 973(1+2)
အခန်း ၉၇၃- နတ်ဘုရားသတ်သူ (အပိုင်း ၁)
" မင်းငါမှန်းဘယ်လိုသိတာလဲ " အဖြူရောင်ဝတ်လူငယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လူငယ်၏ နှစ်လိုဖွယ် အမူအရာလုံးဝပျောက်ကွယ်သွားပြီး သူ၏ ရက်စက်ကြမ်းကြုတ်ဟန် ပေါ်ထွက်လာသည်။ သူ၏ ဆံပင်များက သွေးကဲ့သို့ ရဲရဲနီနေပြီး ခန္တာကိုယ်၌ ရွှေရောင်သွေးတို့ဖြင့် စွန်းထင်းနေသော ဝတ်ရုံတစ်ခုက သူ့ကို တင်းကြပ်စွာရစ်ပတ်ထားသည်။
လူငယ်၏ တစ်ကိုယ်လုံး က ဖေး မရောက်ခင်ကပင် ဒဏ်ရာအပြည့်နှင့် ဖြစ်နေရာမှ ဖေး၏ တူချက်များကြောင့် ပိုမို ဆိုးရွားသွားသည်။
ထိုဒဏ်ရာများကြောင့် လူငယ်၏ အသား အရည်ပြားများမှာ မွစာကြဲနေပြီး အရိုးဖြူများပင်ပေါ်ထွက်နေ၏။ အချို့သော အရိုးများက ကျိုးကြေပြီး ငေါထွက်နေရာ ဖြူးတစ်ကောင်ပုံစံပေါက်နေ၏။
လူငယ်လေးက ထိုမျှထိ ဒဏ်ရာပြင်းထန်နေသည့်တိုင် မသေနိုင်သေးပေ။ ထို့ပြင် သူက ဖေးကိုလွင့်ထွက်အောင်ပင် ထိုးလွှတ်နိုင်သေးသည်။
"ဟားဟားဟား" ပြိုင်ဘက်၏ မာကျောမှုကြောင့် ဖေးအနည်းငယ် တုန်လှုပ်သွားသည်။ သို့သော်လည်း သူ လှိုက်လှိုက်လဲလဲ ရယ်မောလိုက်သည်။ သူသည်လည်း ဒဏ်ရာ ပြင်းထန်စွာရသည့်တိုင် ပြိုင်ဘက်ထက် အခြေအနေတော့ ကောင်းသေးသည်။
သူက မိမိအနုပညာကို ကြည့်နေသော ဖန်တီးရှင်အနုပညာသည်တစ်ဦး၏ ဟန်ဖြင့် လူငယ်ကို ပြုံး၍ ကြည့်နေသည်။
" မင်းကို ငါဘယ်လို သတိထားမိတာလဲ ဟုတ်လား မင်းရဲ့ ဇာတ်လမ်းက ပြီးပြည့်စုံပြီး ဟာကွက်မရှိဘူး ဒါပေမယ့် ဒီနေရာမှာ သတိပိုထားတာ မမှားဘူးလေ မင်းက တိုက်ကြီးရဲ့ သိုင်းသူတော်စင့်တပည့်ဆိုရော ဘာဖြစ်လဲ ငါ့ထိန်းချုပ်မှုအောက်မှာ ရှိအောင် အရင်လုပ်မှာပဲ ဒါပေမယ့် မင်းကိုယ်ထဲ ငါ့စွမ်းအားတွေ ထိုးသွင်းပေးကထဲက မင်းက လူသားမဟုတ်မှန်းငါသိလိုက်ပြီ "
" အိုး ငါသိပြီ မင်းက တကယ့် ပါးနပ်တဲ့လူပဲ " အဖြူရောင်ဝတ်လူငယ်က ခေါင်းညိတ်ပြသည်။
"ငါ မင်းကို ဘယ်လိုခေါ်ရမလဲ ဆာဗီအိုလာလား နတ်ဆိုးနတ်ဘုရား ကလူးဗျာလား " ဖေးက ရယ်မောလိုက်သည်။ အဖြူရောင်ဝတ်ထားသည့်လူငယ်သည် ပင်လယ်မျိုးနွယ်၏ နတ်ဆိုးနတ်ဘုရား အမှန်ပင်ဖြစ်ကြောင်း သူသေချာသွားသည်။ နတ်ဆိုးနတ်ဘုရားမှ လွဲ၍ မည်သူမျှ ဤမျှအထိ အစွမ်းထက်နိုင်မည်မဟုတ်ပေ။
"ငါက ပင်လယ်မျိုးနွယ်ရဲ့ ထောက်တိုင် ၇၂တိုင်ထဲက နတ်ဘုရားတစ်ပါးဖြစ်တဲ့ ကလူးဗာပဲ " ကလူးဗာ၏ မျက်လုံးထဲ၌ မာနကြီးသော ဟန်ပန်ပေါ်ထွက်လာ၏။ " ဒီလူသားကတော့ တကယ့် သိုင်းသူတော်စင်ရဲ့တပည့် ဆာဗီအိုလာပဲ ဒီလိုနုံ့နဲ့တယ် လူသားတစ်ယောက်က နတ်ဘုရားကို သတ်မယ်လို့တောင်ပြောရဲသေးတယ် နောက်ဆုံးတော့ ငါကိုရှုံးနိမ့်ပြီး ငါ ပြန်နှိုးထဖို့ သူ့ခန္တာကိုယ်ကို ထိန်းချုပ်လိုက်တာပဲ "
ဖေး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဒါဆို ဆာဗီအိုလာက က ဒီကိုလာဖူးတာလား ”
" ဟုတ်တယ် သူ့ကို သိုင်းသူတော်စင်ငမိုက်သားက လွှတ်လိုက်တာ လွန်ခဲ့တဲ့သုံးရက်ကထဲက ဒီလူသားက မာနကြီးပေမယ့် တုံးအပြီး အားနည်းတယ် ငါသူ့ကိုလှည့်စား သတ်ဖြတ်ပြီး သူ့ခန္တာကိုယ်ကိုသိမ်းယူထားတာ မင်းကိုတော့ အားအပြည့်ထည့်ပြီး သတ်ပေးပါမယ် "
"ဟုတ်လား" ဖေး နတ်ဆိုး ဘာကြောင့် ပြန်နိုးထလာသည်ကို မသိသော်လည်း တိုက်ကြီး၏ သိုင်းသူတော်စင် မာရာဒိုနာနှင့် သူ့တပည့်ဆာဗီအိုလာအကြောင်းကို အနည်းငယ်သိလိုက်၏။
"ဒါပေမယ့်သိုင်းသူတော်စင် မာရာဒိုနာက သင်းရနံ့ပင်လယ်မှာ နတ်ဆိုးနတ်ဘုရားနိုးထလာတာကို ဘယ်လိုသိတာလဲ သူ့တပည့်လွှတ်လိုက်ပေမယ့် နှိမ်နှင်းမှုကျရှုံးသွားခဲ့ရတယ် ဒါကသူ့တွက်ချက်မှုမှားသွားလို့ပဲ ဘာကြောင့်မှားသွားရတာလဲ '
ဖေး ယူဆချက်သာမမှားပါက ထိုအရာက ပင်လယ်မျိုးနွယ်မင်းသမီးကြောင့်ဖြစ်ပေလိမ့်မည်။
ဖေး၏ရှာဖွေတွေ့ရှိချက်အရ နတ်ဆိုးနတ်ဘုရားကလူးဗာ ၏ပြန်လည်နိုးထမှုလုပ်ငန်းစဉ်ကိုအရှိန်မြှင့်ရန်အတွက် ထိုပင်လယ်နွယ်မင်းသမီးလေးသည် သူမ၏ရွှေတော်ဝင်သွေးတော်များကိုအသုံးပြုခဲ့သည်။
ထို့ကြောင့် ဆာဗီအိုလာ သည် သတိလက်လွတ်ဖြစ်ပြီး ပင်လယ်အောက်တွင် သေဆုံးသွားကာ သူ၏အလောင်းကို ဤနတ်ဆိုးအား ပေးအပ်မိခဲ့သည်။
ကလူးဗာက ဖေး နှင့်တဖြည်းဖြည်းနီးကပ်လာပြီး သူကဖေးကို စိုက်ကြည့်လိုက်ပြီး "နှစ်ပေါင်းသောင်းချီကြာပြီးတဲ့နောက် မင်းငါ့ကို ဒဏ်ရာရစေခဲ့တဲ့ ဒုတိယလူသားပဲ ဂုဏ်ယူသင့်တယ်" လို့ ပြောခဲ့ပါတယ်။
အခန်း ၉၇၃- ၂ နတ်ဘုရားသတ်သူ (အပိုင်းနှစ်)
"တကယ်လား" ဖေး ပြုံးလိုက်ပြီး တက်နိုင်သမျှ အချိန်ဆွဲလိုက်သည်။ သူက ဒဏ်ရာပျောက်ကင်းဆေးတစ်လုံး သောက်ထပြီးဖြစ်က ဆေးအာနိသင်စပြလာပြီဖြစ်၍ ဒဏ်ရာက တဖြည်းဖြည်း သက်သာလာနေသည်။
ထိုအချိန်တွင် ဖေးခပ်လှောင်လှောင်ပြောလိုက်၏။ "ဒါဆို ငါ မင်းကို ကျေးဇူးတင်ရမလား"
“လူသား မင်းရဲ့ လေသံကို အာရုံစိုက်ပါ မင်းဟာ နတ်ဘုရားနဲ့ စကားပြောနေတယ်”
ဖေး က ထပ်ပြီး ပြုံးပြပြီး "နတ်ဘုရား၊ အရှင်နတ်ဘုရား၊ မင်းရဲ့ အကြီးအကဲနဲ့ ယှဉ်ရင် မင်း ဘယ်လောက် ခွန်အားရှိလဲ" ခပ်ထေ့ထေ့မေးလိုက်၏။
ယခုတော့ ဖေးအချိန်ဆွဲမှု အောင်မြင်နေပြီဖြစ်သည်။
ဖေး၏ လေသံကြောင့် ကလူးဗာ ဒေါသထွက်နေပြီဖြစ်သည်။ " လူသား မင်းသေသင့်နေပြီ "
ကလူဗာက သူ၏ လည်ပင်ကိုလှည့်လိုက်ရာ မအက်ကွဲသေးသော လည်ပင်ရိုးများ အက်ကွဲလာ၏။ ထို့နောက် အဖြူရောင် မီးခိုးများ သူ့ဒဏ်ရာများမှ ထွက်ပေါ်လာပြီး ပြန်လည်သက်သာလာ၏။ မကြာခင်မှာပင် သူခန္တာကိုယ်တစ်ခုလုံး ပြန်လည်ကောင်းမွန်သွားသည်။ ၎င်းက နတ်ဘုရား၏ ရူးသွပ်ဖွယ် စွမ်းရည်တစ်ခုဖြစ်သည်။
ဖေး ၏ ခိုးဝင်တိုက်ခိုက်မှုသည် ယခုအခါ အသုံးမဝင်တော့ပေ။၎င်းက နတ်ဘုရား၏ အစွမ်းဖြစ်သည်။ ဤသို့ ပြန်လည်ကောင်းမွန်နိုင်မှုက ပြိုင်ဘက်ကို စိတ်ပျက်သွားစေနိုင်၏။
ကလူးဗာသည် ထိုသို့ ကုသပြီးနောက် သူ၏ မျက်နှာ၌ ဖေးကိုလှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာ၏။
ဖေး၏ မျက်နာမှ အပြုံးကမပျက်သေးပေ။ သူ၏ ကုသရေးဆေးက အာနိသင်လုံးဝထွက်ပေါ်လာပြီဖြစ်ကာ ဒဏ်ရာများအားလုံးပျောက်ကင်းသွားပြီဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ကလူးဗာ၏ မျက်နှာမှ လှောင်ပြောင်သော အပြုံးမှာ အေးခဲသွား၏။ " လူသား မင်းက ဒီနတ်ဘုရားကို အံ့ဩသင့်စေခဲ့တာပဲ မင်းကိုငါ စိတ်ဝင်စားသွားပြီ "
ရုတ်တရက် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ဖေးထံ ရွှေရောင်အလင်းတန်းတစ်ခု ပြေးဝင်လာ၏။ ၎င်း၏ အမြန်နှုန်းက လူသားများ တုန့်ပြန်နိုင်စွမ်းထက် ပိုလွန်သည်။
"နတ်ဘုရားက အလစ်ဝင်တိုက်နေတာလား" ဖေးတွေးနေရင်းနဲ့ အပြုံးတစ်ခုပေါ်လာသည်။ "ဒါက သူအရမ်းယုံကြည်မှုမရှိဘူးဆိုတာ ပြနေတယ်"
ဖေးက ထိုတိုက်ခိုက်မှုကို ခုခံရန်မကြိုးစားပေ။ ထို့အစားသူက ရှောင်တိမ်းလိုက်၏။
နောက်တစက္ကန့်မျှ အကြာတွင်ပဲ သူ ကလူးဗာ၏ နောက်ကျော၌ ပြန်ပေါ်ထွက်လာသည်။ လူရိုင်းပုံစံက အနီးကပါတိုက်ခိုက်ရာတွင် အလွန်ကြမ်းသဖြင့် ယခုကဲ့သို့ရွေးခြယ်မှုက အကောင်းဆုံးဖြစ်၏။
ရွှေရောင် စွမ်းအင် မီးတောက်များက အချိန်နေရာကိုပင် ဆုတ်ဖြဲကာ ကလူးဗာကို ထိမှန်သွားလေသည်။
" အုန်း "
ပတ်ဝန်းကျင်တစ်ခု လုံးတုန်လှုပ်သွား၏။ ဖေး သူ့လက်သီးချက်က အရာဝတ္ထုကိုမထိဘဲ လေကိုသာ ထိုးမိသည်ကို ခံစားလိုက်ရသည်။ ကလူးဗာက လျှင်မြန်လွန်း၍ ၎င်း၏ နောက်ချန်ပုံရိပ်ကိုသာ ဖေး တိုက်ခိုက်မိခဲ့ခြင်းဖြစ်သည်။
အစစ်အမှန် ကလူးဗာကမူ ဖေး၏ နောက်ကျောမှ ပေါ်လာပြီး ဖေးကိုတိုက်ခိုက်တော့သည်။
ရွှေရောင်တစ်ခု မီးခိုးရောင်တစ်ခု၊ သူတို့နှစ်ဦးသည် အဆက်မပြတ် အနေအထားပြောင်းကာ အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုက်ခိုက်ကြသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး စိမ်းလန်းသော မြက်ခင်းများ သစ်ပင်များဖြင့် သာယာလှပသော ရှုခင်းများ မှိန်ဖျော့ပျောက်ကွယ်သွားခဲ့သည်။ ကွဲအက်နေသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင်၊ ပတ်ဝန်းကျင်သည် အနက်ရောင် နတ်ဘုရားဝတ်ပြုနန်းတော်သို့ တဖြည်းဖြည်း ပြန်ပြောင်းသွားသည်။
၎င်းတို့ပေါ်တွင် ခရုပတ်ပုံစံရှိသော ဧရာမကျောက်စာတိုင်ကြီးများသည် နေရာတိုင်းတွင် ရှိနေဆဲဖြစ်ပြီး ကြမ်းပြင်မှာ မှန်ကဲ့သို့ ချောမွေ့နေပါသည်။ ပုံရိပ်ယောင်ထဲမှ သစ်ပင်များက ဤကျောက်စာတိုင်းများဖြစ်၏။
"ဟာဟားဟား၊ ဒါက နတ်ဘုရားရဲ့တန်ခိုးပါလား။ ငါ စိတ်ပျက်တယ်" ဖေး ရယ်ပြီး သူ့ပြိုင်ဘက်ကို ထေ့ငေါ့လိုက်သည်။ ယခုတော့ ကလူးဗာမှာ စွမ်းအားအနည်းငယ်သာကျန်ရှိပြီး ၎င်း၏ အထွတ်အထိပ်အခြေအနေရောက်ရန် အလွန်ဝေးကွာနေသေးကြောင့်း ဖေူ အသေအချာသိလိုက်သည်။
"မင်း နတ်ဘုရားကို ဘယ်လို စော်ကားရဲတာလဲ သေပြီသာမှတ်"
အေးစက်သော မီးခိုးရောင်အလင်းများ ကလူးဗာ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူကရှေးကမ္ဘာဦးအလောင်းတစ်ခုအလား ခံစားချက်က်ုပေးစွမ်းသည်။ အမျိုးမျိုးသော နတ်ဘုရားအစွမ်းများသည်လည်း သူ့ထံမှ ထွက်ပေါ်နေသည်။ ကလူးဗာမှာ ဖေးကိုသတ်ဖြတ်ချင်နေသော်လည်း ဖေးမှ အားနည်းချက်လုံးဝ ထုတ်ဖော်မပြ၍ တုန်လှုပ်နေ၏။
ဖေးနှင့် ကလူးဗာတို့၏ တိုက်ပွဲမှာ အချိန်အတော်ကြာအောင် ဆက်ဖြစ်နေသည်။
"ငါ့မှာ ခွန်အားရဲ့ ဆယ်ရာခိုင်နှုန်းအောက်ပဲ ရှိတယ်။ ငါ့အင်အား အပြည့်အဝသာရှိရင် မင်းလို ပုရွက်ဆိတ် 50 ကို လက်ညှိုးနဲ့ သတ်ပစ်နိုင်တယ် " နတ်ဘုရားတစ်ဦးအနေဖြင့် ကလူးဗျာ သည် ဤတိုက်ပွဲကို အနိုင်ယူနိုင်သည့်အတွက် ဒေါသထွက်နေ၏။
" ခုမင်း အစွမ်းက ဒါအကုန်ဆိုရင် ငါနတ်ဘုရားသတ်သမားဖြစ်တော့မယ် " ဖေး ဟိန်းဟောက်လိုက်၏။