← Chapters

အခန်း ၉၇၄(၁+၂)

Vol. 63 Ch. 974(1+2)

အခန်း ၉၇၄(၁+၂)

Vol. 63 Ch. 974(1+2)

အခန်း ၉၇၄: ၁ ဝှက်ဖဲ အကုန်ထုတ်ခြင်း

ဖေးသည် ဘာလ်၊ မော်စဖီးတို၊ဒိုင်ယာဘလိုကဲ့သို့သော ငရဲနတ်ဘုရားများနှင့် တိုက်ခိုက်ဖူးသူဖြစ်၏။

ထို ဘော့စ်များက သာမန်အဆင့်နှင့် အိပ်မက်ဆိုးအဆင့်တွင်ရှိစဉ်က နတ်ဘုရားအစွမ်းရှိကြသော်လည်း ထုံထိုင်းပြီး ညဏ်မရှိကြပေ။ ဖေးငရဲပုံစံသို့ ဝင်ရောက်သောအခါ အရာအားလုံး ပြောင်းလဲသွား‌ေတာ့သည်။ ငရဲပုံစံရှိ ဘော့စ်များက နတ်ဘုရားအစွမ်းများရှိသကဲ့သို့ အသိညဏ်နှင့် တိုက်ခိုက်ရေးဗဟုသုတများလည်းရှိကြ၏။ စစ်မှန်သောဘုရားများနှင့် နှိုင်းယှဉ်လျှင် အလွန်ကွာခြားခြင်းမရှိပါ။

ထို့ကြောင့် နတ်ဘုရားနှင့် တိုက်ခိုက်ရခြင်းမှာ ဖေးအတွက် အသစ်အဆန်းမဟုတ်ပေ။ သူက ယခုအခြေအနေအတွက် အချိန်များစွာ လေ့ကျင့်ထားသကဲ့သို့ပင်ဖြစ်နေသည်။

ပင်လယ်မျိုးနွယ်စု ထောက်တိုင် ၇၂ပါးထဲမှ နတ်ဘုရား ကလူးဗာသည်အပြည့်အဝပြန်မကောင်းမွန်သေးပေ။ ဖေး၏ ခန့်မှန်းချက်အရ ၎င်းမှာ ချိပ်စည်းထဲမှ စွမ်းအင်ပုံစံအဖြစ် လွတ်မြောက်လာပုံရပြီး ဆာဗီအိုလာကို သတ်ဖြတ်၍ ခန္တာကိုယ်အပိုင်သိမ်းပြီးမှ ဤ အခြေအနေသို့ ရောက်လာပုံရ၏။

ပင်လယ်မျိုးနွယ်စု၏ ပြန်လည်နှိုးထခြင်း ပလ္လင်ကလည်း ချိပ်ပိတ်မှုကို တဖြည်းဖြည်း ကြိတ်ချေနေ၏။ ထို့ကြောင့်ဖေး ကလူဗားကို အမြန်ဆုံးအဆုံးသတ်ချင်၏။ အချိန်ကြာလေလေ ဖေးအတွက် အခြေအနေဆိုးလေလေဖြစ်သည်။

ဖေး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အနီရောင် ရင့်ရင့် အလင်းတန်းတစ်ခု လင်းလက်လာသည်။ မသေမျိုးဘုရင်၏ ကျောက်ကြိတ်ချေခြင်း တိုက်ပွဲဝင်တူက ဖေး၏ လက်ထဲတွင်ပေါ်လာသည်။

ဤတိုက်ပွဲဝင်တူက ကလူးဗျာ၏ လက်ချက်ကြောင့် လွှင့်ထွက်သွားခဲ့ရသော်လည်း ဖေးပြန်ဆင့်ခေါ်နိုင်သည်။ ဖေး မသေဆုံးသ၍ ၎င်းက ပြန်ပေါ်လာနိုင်၏။

"လေပွေ" ဖေး သည် လူရိုင်းဘုရင်၏ အစွမ်းထက်ဆုံး ကျွမ်းကျင်မှုတစ်ခုအား အသုံးပြုရန် ဤတိုက်ပွဲဝင်ကို လွှဲလိုက်သည်။

ထို့နောက် ရွှေရောင် ဧရာမနဂါးကြီးတစ်ကောငါပေါ်ထွက်လာသည်။ ၎င်းထံမှ ဟိန်းဟောက်သံပေါ်ထွက်လာပြီးနောက် ဖေးသည်လည်း ဟိန်းဟောက်လိုက်၏။

တိုက်ပွဲအော်သံစွမ်းရည် ၎င်းက လူရိုင်းဘုရင့် စွမ်ူရည်တစ်ခုဖြစ်ပြီး အော်သံက ပြိုင်ဘက်ကို ထိပ်လန့်တုန်လှုပ်စေနိုင်သည်။

တိုက်ပွဲအမိန့် ဤ လူရိုင်းဘုရင်၏ ကျွမ်းကျင်မှုကလည်း ဖေးကို တိုက်ပွဲအတွင်း ခံနိုင်ရည်မြင့်မားစေနိုင်သည်။

“ဒါ…” ကလူးဗာ ၏ မျက်လုံးများမှ အနီရောင်အလင်းတန်းများ ထွက်လာပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

ပြိုင်ဘက်၏ အော်ဟစ်သံများမှ ကြောက်မက်ဖွယ် စွမ်းအင်ကို သူ ခံစားလိုက်ရပြီး သူ၏ ဝိညာဉ်သည်ပင် တုန်ခါသွားကာ လှည့်ထွက်ပြေးချင်လာသည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ပြိုင်ဘက်သည် ထူးခြားသောအခြေအနေတစ်ခုသို့ ရောက်ရှိသွားကြောင်းကို သူပြောပြနိုင်ခဲ့ပြီး ပြိုင်ဘက်၏အင်အားသည် တုန်လှုပ်ချောက်ချားသည့်အရှိန်ဖြင့် တိုးလာခဲ့သည်။

ဖေး၏ ရွှေနဂါးစွမ်းအင်ကို ချေဖျက်ပြီးနောက် ကလူးဗာမှာ သူ့ကိုယ်သူထိန်းချုပ်၍ ကြောက်ရွံ့မှုကိုဖိနှိပ်လိုက်သည်။

ကလူးဗာမှာ သူ့ရင်ဘက်ပေါ်လက်တင်ပြီးနောက် ဓားတစ်လက်ကိုဆွဲထုတ်လိုက်၏။ ၎င်းက သုံးမီတာမျှရှည်ပြီး မီးခိုးရောင်စွမ်းအင်မီးတောက်များ တောက်လောင်နေသည်။ ဓားက ကလူးဗာ၏ အရပ်ထပ်မြင့်မားနေရာ ကလူးဗာပုံစံက ရယ်စရာဖြစ်နေ၏။ သို့သော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက ကြောက်မက်ဖွယ်ရာကောင်းပေသည်။

နတ်ဆိုးသည် နောက်ဆုံးတွင် သူ၏လက်နက်ကို အသုံးပြုပြီဖြစ်သည်။

ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် ကလူးဗာမှာ သူ့ဓားကိုဝှေ့ယမ်းက တိုက်ခိုက်၏။ နန်းတော်တစ်ခုလုံးကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့်ပြည့်သွားသည်။

ဖေး၏ မျက်နာမှာ တည်ကြည်သွားသည်။ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် အချိန်မမှီတော့သဖြင့် သူ၏ မသေမျိုးဘုရင်၏ ကျောက်ကြိတ်ချေခြင်း တူကိုသုံး၍ ကာလိုက်၏။ ခနမျှသာ ခုခံနိုင်ခဲ့ပြီး ဖေးမှာ လွင့်ထွက်သွားရတော့သည်။

သူ၏ ခန္တာကိုယ်သည်လည်း နန်းတော်မျက်နှာကြက်နှင့် ဆောင့်မိသွားပြီး ကျောက်တုံးများ အလဲလဲအပြိုပြိုဖြစ်သွားတော့၏။

“ဒီနတ်ဆိုးရဲ့ အစွမ်းထပ်တိုးလာပြန်ပြီ ”

ဖေးချောင်းတစ်ချက်ဆိုးလိုက်ရာ သွေးများပါးစပ်မှ ကျဆင်းလာ၏။ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိခဲ့သော တံဆိပ်သည် စွမ်းအားကုန်သွားပုံရသည်။

ကလူးဗာ၏ ခွန်အား တိုးလာခဲ့သည်။ သူသည် လွန်ခဲ့သည့်အခိုက်အတန့်က သူ၏ မကောင်းဆိုးဝါးလက်နက်ကို မသုံးနိုင်ခဲ့သော်လည်း ယခုအခါ စွမ်းအားကို ၎င်းမှ ထုတ်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ဖေး ရှုံးနိမ့်ကာ သေဆုံးသွားရပေလိမ့်မည်။

အခန်း ၉၇၄: ၂ ဝှက်ဖဲ အကုန်ထုတ်ခြင်း

ဖေးအံကြိတ်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ စာလိပ်တစ်ခုထုတ်လိုက်၏။ ၎င်းစာလိပ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ဖေးကို ဖုံးလွှမ်းသွားသည်။

၎င်းသည် ဒိုင်ယာဘလိုကမ္ဘာတွင် မစ်ရှင်တစ်ခုပြီးမြောက်ခြင်းအတွက် ဆုလာဘ်တစ်ခုဖြစ်သည်။ ဤနတ်ဘုရားကျမ်းစာလိပ်သည် ဖေး ၏အစွမ်းအားလုံးကို 15% တိုးမြှင့်နိုင်ခဲ့သည်။ ဖေး သာမန်ပုံစံ မှရရှိသော အလားတူစာလိပ်ကို အသုံးပြုခဲ့သော်လည်း၊ယခု အန္တရာယ်ကျရောက်နေပြီဖြစ်သောကြောင့် ဤအိပ်မက်ဆိုးအဆင့်စာလိပ်ကို ထုတ်သုံးလိုက်ရခြင်းဖြစ်၏။

စက္ကန့်ပိုင်းလေးအတွင်း၌ ဖေး၏ ခွန်အားများ အများကြီး ထပ်တိုးလာပြန်သည်။

ကလူးဗာက ဖေးကိုဆက်မလိုက်ပေ။ သူက မတ်တတ်ရပ်ပြီး နတ်ဆိုးဓားကို ကိုင်ဆနေ၏။ သူက အောက်ကိုငုံကြည့်ပြီး လွမ်းဆွတ်သတိရသွားဟန်ဖြစ်လာကာ သူ့ထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ပျောက်ကွယ်သွားတော့သည်။ " နှစ်ထောင်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ငါ နောက်ဆုံးတော့ ဒီအပြင်ရှုခင်းကို မြင်ရတော့မယ် ခေတ်သစ်တစ်ခု စတင်တော့မယ် နတ်ဘုရားကြီး‌တွေ မင်းတို့လို မာနခဲပုဂ္ဂိုလ်တွေကတော့ ပြောင်းလဲနိုင်ဦးမှာမဟုတ်ဘူး ဒါပေမယ့် မင်းတို့ခု တကယ် အဆင်သင့်ဖြစ်ကြပြီလား"

ထို့နောက် ကလူးဗာမှာ နောက်ကိုလှည့်ပြီး ဖေးကိုရုတ်ချည်လှမ်းခုတ်လိုက်၏။

တိုက်ခိုက်ခံရသော ဖေး၏ ကိုယ်၌ ရုတ်တရက် ရွှေရောင်စွမ်းအင်များ ဝှေ့ဝိုက်ထွက်လာသည်။ ထိုရွှေရောင်စွမ်းအင်က လေပွေသဖွယ်ဖြစ်ပေါ်လာပြီး ဓားနှင့်ရင်ဆိုင်တိုးမိတော့သည်။

အုံး

မီးခိုးရောင်နှင့် ရွှေရောင်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဝင်္ကပါသဏ္ဍန်ကျောက်စာတိုင်များကို တိုက်ကာ ပြိုကျသွားစေသည်။ ကျောက်စာတိုင်များစွာမရှိပါက နန်းတော်တစ်ခုလုံးပြိုကျနေပြီဖြစ်သည်။

ဖေးမှာ တိုက်ခိုက်မှု၏ ကန်အားကြောင့် ခြေရှစ်လှမ်းခန့်နောက်ဆုတ်လိုက်ရ၏။ ကလူးဗာကတော့ အနည်းငယ်သာယိမ်းယိုင်သွားပြီး ကြမ်းပြင်ထဲ ခြေအနည်းငယ်ကျွံဝင်သွားခဲ့သည်။

အင်အားသီးသန့် ယှဉ်ပါက ‌ကလူးဗာက ဖေးထက် များစွာသာလွန်သည်။ ကလူးဗာက နိုးထစဖြစ်၍ အားနည်းနေသေးသော်လည်း နတ်ဘုရားတစ်ပါး၏ အစွမ်းက သေမျိုးတို့ အထင်သေး၍ ရသောအရာမဟုတ်ပေ။

" ကံဆိုးလိုက်တာ လူသားလေးရယ် ခုတော့ မင်းတုန်နေပြီမဟုတ်လား ကြောက်နေပြီမဟုတ်လား မင်းငါ့အင်အားကိုမယှဉ်နိုင်ပါဘူး "

" ဟုတ်လား ငါတော့ အဲ့လိုမထင်ပါဘူး "

ဖေး ထူးဆန်းစွာ ပြုံးလိုက်ပြီး နောက် ငွေရောင်စာလိပ်တစ်ခုကို ထပ်ဖွှင့်ပြန်၏ ထိုစာလိပ်ထဲမှာ ငွေရောင်အလင်းများ ရုတ်တရက်ပြေးထွက်လာပြီး ကလူးဗာထံပြေးဝင်သွားသည်။

ငွေရောင်အလင်းစက်လေးများက ကလူးဗာကိုဖုံးအုပ်သွားသည်။ ၎င်းတို့သည်လည်း နတ်ဘုရားစွမ်းအားများဖြစ်ရာ ကလူးဗာ၏ စွမ်းအားများထက် နိမ့်ကျခြင်းမရှိပေ။

ကလူးဗာ မျက်မှာပျက်သွား၏။

" ဟမ် ဘာလဲဟ မင်းလိုနိမ့်ကျတဲ့လူသားမှာ ဒီလိုအရာဘယ်လိုလုပ်ရှိတာလဲ ကုန်မြေပေါ်မှာ နတ်ဘုရားတွေပြန်ပေါ်နေပြီလား " ကလူးဗား ထိုသို့အော်ဟစ်နေသည်။

ထိုစကားကြောင့် ဖေးရုတ်တရက် သဲလွန်စရသွား၏။ သို့သော်လည်း ဆက်တွေးရန်အချိန်မရှိသည်ဖြစ်ရာ စိတ်ထဲ၌ပင် ကြိတ်မှတ်ထားလိုက်သည်။

ဖေးက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး အလင်းရောင်အမျိုးမျိုးထွက်ပေါ်နေသော ပလ္လင်တစ်ခုထံ ပြေးဝင်သွား၏။ ၎င်းက ကလူးဗာ ပြတ်လည်ရှင်သန်ထမြောက်မှုအတွက် အရေးပါသော ယစ်ပလ္လင်ဖြစ်သည်။

ဖေးက ကလူးဗာ ပြန်လည်မရှင်သန်လာနိုင်စေရန် ဤယစ်ပလ္လင်ကို ဖျက်ဆီးရန် ပြင်နေခြင်းဖြစ်၏။ ဤအရာပျက်ဆီးသွားပါက ကလူးဗာ ထာဝရအိပ်စက်နေရတော့မည်ဖြစ်သည်။

" ဟမ့် လူသား မင်းကိုယ်မင်းဉာဏ်ကောင်းတယ် ထင်နေတာလား သေလိုက်တော့ "

ကလူးဗာ၏ လက်တွင်မှ ဓားကြီးက ကြီးမားလာပြီး ဖေးကို နောက်ကျောမှ ဝင်ပိုင်းတော့သည်။

" အုန်း "

ထိုတိုက်ခိုက်မှုက အသုံးမဝင်လှပေ။ ဖေးကို ထိခိုက်ခြင်းမရှိပါ။

ငွေရောင်းစွမ်းအင်များက ချက်ချင်းစက်လုံးပုံသဏ္ဍန်ပြောင်းလဲသွား၏။ ကလူးဗာနှင့် သူဓားကြီးမှာ ဤစက်လုံးဤ ချိတ်ပိတ်ထားမှုမှ မထွက်နိုင်ပေ။

တစ်ချိန်တည်းမှာပင် ဖေးက ပြန်လည်ရှင်သန်ထမြောက်ခြင်း ယစ်ပလ္လင်အနား၌ ပေါ်ထွက်လာ၏။

နန်းတော်အပြင်ဘက်တွင်တော့.....

All Chapters