← Chapters

အခန်း ၉၇၅(၁+၂)

Vol. 63 Ch. 975 (1+2)

အခန်း ၉၇၅(၁+၂)

Vol. 63 Ch. 975 (1+2)

အခန်း ၉၇၅- အောင်မြင်သလား(အပိုင်းတစ်)

ပြန်လည် ရှင်သန်ထမြောက်ခြင်း ယစ်ပလ္လင်က ခန်းနားပြီး လျှို့ဝှက်ဆန်းကြယ်သောပုံစံမရှိပေ။ ၎င်းက အမြင့်ခြောက်မီတာသာရှိသော သာမန်ပလ္လင်တစ်ခုဖြစ်ပြီး အချိန်၏ တိုက်စားမှုကြောင့် မျက်နှာပြင်တွင် ဒဏ်ရာများစွာဖြစ်ပေါ်နေ၏။ ပလ္ဘင်၏ မျက်နှာပြင်တွင် စာများရေသားထားသော်လည်း အချိန်၏ တိုက်စားမှုကြောင့် သာမန်လူမျက်လုံးနှင့် ဖတ်မရအောင်ပင် ဝေဝါးနေ၏။

ယစ်ပလ္လင်၏ ထိပ်ဆုံးပိုင်းက အဆန်းကြယ်ဆုံးဖြစ်သည်။

၎င်းတွင် အပြာရောင် မှော်အစီအရင်ရေးထိုးထားပြီး အသက်ရှင်နေသကဲ့သို့လှုပ်ရှားနေသည်။

ဟိန်းဟောက်သံများ တွန်းထိုးသံများ အနောက်မှထွက်လာ၍ ဖေးလှည့်ကြည့်လိုက်သည်။

မိစ္ဆာနတ်ဘုရားကလူးဗာတ်က လှောင်ချိုင့်ထဲ ရောက်နေသော ခြင်္သေ့ကဲ့သို့ ရုန်းကန်လှုပ်ရှားနေ၏။ သို့သော်လည်း အရာမရောက်ပေ သူ့ခန္တာကိုယ်မှ စွမ်းအင်များသည်ပြန့်ကျဲနေပြီး နတ်ဘုရားချုပ်နှောင်ခြင်းစာလိပ်၏ အလင်းကာများကြားဖိနှိပ်ခံနေရသည်။ သူ၏ နတ်ဆိုးဓားသည်ပင် အလင်းကာများတွင် ခြစ်ရာထင်ရုံမျှသာ စွမ်းနိုင်သည်။

နတ်ဘုရားချုပ်နှောင်ခြင်း စာလိပ်က သိပ္ပံရုးစမ်းသပ်ဓာတ်ခန်း၏ အကောင်းဆုံးထုတ်ကုန်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းတွင် အာကာရာနှင့် ကိန်းတို့ ဖော်ထုတ်ထားသော လျှို့ဝှက်ကုဒ်များမှ ရရှိသည် နတ်ဘုရားရုန်းများစွာပါဝင်သည်။

ကလူးဗာတ်က အစစ်အမှန်နတ်ဘုရားဖြစ်သော်လည်း သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်မရောက်သေးပေ။ သူ၏ အချုပ်အခြာအာဏာကိုပြန်မရသေးရာ မည်သို့မျှ နတ်ဘုရားချုပ်နှောင်ခြင်းစာလိပ်ကို မတွန်းလှန်နိုင်ဖြစ်နေသည်။

ကလူးဗာတ်က အချိန်တိုအတွင်း မထွက်နိုင်သေးဖြစ်ရာ ဖေးအနေနှင့် ပတ်ဝန်းကျင်ကို ကောင်းကောင်းလေ့လာနိုင်စွမ်းရသွားသည်။ ထို့ကြောင့် အသေအချာကြည့်နေ၏။

ဖေးမှာ သူ၏ စိတ်စွမ်းအင်ကို ပါးလျသော စွမ်းအင်ကြိုးများအဖြစ်ပြောင်းလဲလိုက်သည်။ ထို့နောက် ထိုစိတ်စွမ်းအင်ကြိုးများကို ပိုက်ကွန်သဖွယ်အသုံးပြု၍ အစီအရင်ကိုဖုံးလွှမ်းလိုက်၏။ ဖေးမှာ အာကာရနှင့် ကိန်းတို့၏ အကူအညီနှင့် နတ်ဆိုးဘုရင်ဓားရှိ ဒဏ္ဍာရီခေတ်မှ ထင်ရှားသော မှော်ရုန်းများကိုလေ့လာခဲ့သည်။ ထို့ကြောင့် မှော်အစီအရင်၏ အခြေခံက ရိုးရှင်းသောလမ်းကြောင်းများဖြစ်သည်ကိုသိထားသည်။ သို့သော်လည်း၎င်းတို့ကို ‌ပေါင်းစည်းရေးစပ်ထားပါက အလွန်ရှုပ်ထွေးသွားပေလိမ့်မည်။

မှော်လမ်းကြောင်းတစ်ခု၏ အလုပ်လုပ်ပုံကိုသာ ဖြေရှင်းနိုင်ပါက ယခုပြဿနာကိုဖြေရှင်းနိုင်မည်ဖြစ်သည်။

မှော်အစီအရင် ပညာရှင်တိုင်းကလည်း ဤဖြစ်ရပ်ကိုသိရာ မှော်အစီအရင်တိုင်းတွင် အကာအကွယ်သို့မဟုတ် လမ်းကြောင်းအတုများ ထည့်သွင်းရေးသားကြသည်။ ထို့ကြောင့် မှော်အစီအရင်များ၏ အခြေခံလမ်းကြောင်းကိုရှာရန်ခက်ခဲလာသည်။ အကယ်၍များ လမ်းကြောင်းလွှဲကိုမှား၍ ထိတွေ့မှုပါက သေဆုံးခြင်းကိုရှောင်လွှဲ၍ရမည်မဟုတ်ပေ။

ထို့ကြောင့် မှော်အစီအရင်များမှာ ရှုပ်ထွေးလေလေပို၍ ဖျက်ဆီးကခက်လာလေလေဖြစ်သည်။

နှစ်ပေါင်းထောင်ချီကြာအောင် ကလူးဗာတ်ကိုချိတ်ပိတ်နိုင်သော တံဆိပ်အား ပြန်လည်ရှင်သန်ထမြောက်ခြင်း ပလ္လင်က ကြိတ်ခြေနိုင်ခြင်းမှာ ပလ္လင်ရှိ မှော်အစီအရင်ကြောင့် ဖြစ်သည်။ မှော်အစီအရင်များက အစွမ်းထက်လေလေ ရှုပ်ထွေးလေ‌ေလဖြစ်ရာ ဤအစီအရင်က မည်မျှထိရှုပ်ထွေးနိုင်ကြောင်းသိနိုင်သည်။

ထို့ကြောင့် ဤမှော်အစီအရင်ကို ဖော်ထုတ်ရန်ကြိုးစားခြင်းက ဖေးအတွက် အတော်လေးပျင်းရိငြီးငွေ့စရာကောင်းလှပေသည်။

မည်သို့ပင်ဆိုစေကမူ ဤ မှော်အစီအရင်ကို ဖော်ထုတ်ရန်ကြိုးစားပါက ဖေးအတွက် အချိန်တစ်လခွဲလောက်ကြာနိုင်ပေသည်။

သို့သော် သို့သော် နတ်ဘုရားချုပ်နှောင်ခြင်းစာလိပ်က ကလူးဗာတ်ကို တစ်လခွဲကြာအောင်ချုပ်မထားနိုင်ခဲ့ပေ။ ကလူးဗာတ် ၎င်းထံမှ မလွတ်မြောက်မှီ ဖေးအရာအားလုံးကိုပြီးစီးကာ ဤနေရာမှ ထွက်သွားရန်လိုအပ်ပေသည်။

ကံကောင်းသည်က ဖေးအနေနှင့် ဤအစီအရင်တစ်ခုလုံးကို ဖော်ထုတ်ရန်မလိုပေ။ သူလုပ်ရမည်က မှော်လမ်းကြောင်းတစ်ခုကို ဖျက်ဆီးရုံသာဖြစ်သည်။ ထိုအခါအရာအားလုံးပြိုလဲကျသွားမည်ဖြစ်သည်။

ငါးမိနစ်ကြာပြီးနောက်တွင်တော့ ဖေး၏ မျက်နှာ၌အပြုံးတစ်ခု ပေါ်ထွက်လာသည်။

အခန်း ၉၇၅- အောင်မြင်သလား (ဒုတိယပိုင်း)

သူသည် ဤနတ်ဘုရားအဆင့်ရှိ မှော်အခင်းအကျင်းရှိ အဓိက မှော်လမ်းကြောင်းအနည်းငယ်ကို ရှာဖွေခဲ့ပြီးဖြစ်ပြီး၊ သူလုပ်ရမည့်အရာမှာ သူ၏ဝိညာဉ်စွမ်းအင်ဖြင့် ဤမှော်လမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန်ဖြစ်သည်။ ထို့နောက် ဤမှော်အခင်းအကျင်းသည် ၎င်း၏အကျိုးသက်ရောက်မှုကို ဆုံးရှုံးပြီး နှစ်ထောင်ပေါင်းများစွာကတည်းက ဤနေရာတွင်ရှိခဲ့သော တံဆိပ်ကို စားသုံးခြင်းမှ ရပ်တန့်သွားမည်ဖြစ်သည်။

သို့သော်လည်း ဤဖြစ်စဉ်သည် အန္တရာယ်များလှသည်။

မှော်အခင်းအကျင်းတစ်ခုကို ဖျက်ဆီးပါက ၎င်းထံမှ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။ ဤနတ်ဘုရားအဆင့် မှော်အခင်းအကျင်း၏ တုံ့ပြန်မှုသည် အထွတ်အထိပ် လောင်နေမင်းသခင်၏ အင်အားအပြည့်နှလောက်ပြင်းထန်မည်ဖြစ်သည်။ ဖေး၏ခွန်အားက အာရုဏ်ဦးနေအရှင်သခင်အဆင့်သာရှိသည်။ ဖေးအနေနှင့် သတိအလွန်ထားရန်လိုပြီး မဟုတ်ပါက မှော်အစီအရင်၏ တုန့်ပြန်မှုကြောင့် သူသေဆုံးသွားရမည်ဖြစ်သည်။

သတိထားရလွန်း၍ ဖေးတစ်ကိုယ်လုံးချွေးများပြန်နေပြီး သူ၏သွေးများနှင့် ရောနေရာ စီးကပ်ကပ်ဖြစ်နေ၏။

ဖေးသည် လျှို့ဝှက်စာလိပ်မှရသော နည်းစနစ်များကိုပြန်တွေးနေလိုက်သည်။ ၎င်းက ယခုပြဿနာဖြေရှင်းရန် အထောက်အကူကြီးဖြစ်သည်။

အုန်း!

အပြာရောင်အလင်းတန်းတစ်ခု ပြန်လည်ရှင်သန်ထမြောက်ခြင်းယစ်ပလ္လင်မှထွက်ပေါ်လာသည်။ ၎င်းက ဖေး၏ ပုခုံးကိုတိုက်ချပြီး နန်းတော်၏ ခေါင်းမိုးဝကိုကျော်ဖြတ်က မြို့ကြီး၏အကာအကွယ်ထိုးဖြတ် ကျော်ထွက်သွားသည်။

ထိုစွမ်းအားက ခုခံ၍မရလောက်အောင်ပင် ပြင်းထန်လှသည်။စွမ်းအားက အချိန်ခနကြာပြီးနောက် ပျောက်ကွယ်သွားသော်လည်း အပြာနုရောင်အလင်းတန်းကတော့ လေထဲတွင် တောက်လောင်နေဆဲဖြစ်သည်။

မြို့တစ်ဝိုက်ရှိ အပြာရောင်စွမ်းအင် အတားအဆီးသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသော်လည်း ယခုအကြိမ်၌ မြန်ဆန်မည်မဟုတ်ပေ။ ကံကောင်းသည်က ထိုအပေါက်နေရာမှ ပင်လယ်ရေသည်လည်း စွမ်းအားကြောင့် အေးခဲသွားရာ မြို့တွင်းသို့ ရေများဝင်ရောက်ဖုံးလွှမ်းနိုင်ခြင်းမရှိတော့ပေ။

"အောင်မြင်ပြီ!"

မှော်အစီအရင်အတွင်းမှ မှော်လမ်းကြောင်းကို အောင်မြင်စွာဖြတ်တောက်နိုင်၍ ဖေးပီတိဖြစ်နေ၏။ ထို့ပြင် အစီအရင်၏ ပြန်လည်တုန့်ပြန်မှုကိုလည်း သူတိမ်းရှောင်နိုင်ခဲ့သည်။

ယခုအချိန်တွင် ပြန်လည်ရှင်သန်ထ‌ မြောက်ခြင်းယစ်ပလ္လင်ထိပ်ရှိ အပြာရောင်မှော်အစီအရင်သည် မှိန်သွားခဲ့သည်။ အပေါက်ပေါက်နေသော ပူပေါင်းမှလေထွက်သလို ၎င်းထံမှ ၎င်း၏စွမ်းအားများယိုစိမ့်ထွက်နေသည်။ ၎င်း၏ ချိပ်စည်းအပေါ်တိုက်စားမှုကလည်း လျော့ကျသွားသည်။

" မဟုတ်ဘူးးးးးးး.....လူသား မင်းကိုငါ ခွှင့်မလွှတ်ဘူး "

ယဇ်ပလ္လင်အတွင်း အပြောင်းအလဲကို အာရုံခံပြီး နောက် ကလူးဗာတ်မျက်နာပျက်သွားသည်။

သူ၏ ရုန်းကန်မှုမှာ ပိုမိုပြင်းထန်လာပြီး အလင်းကာသည်လည်း ကလူးဗာတ်၏ ထိုးနှက်မှာကြောင့် အရာများပိုထင်လာသည်။ နတ်ဘုရားချိပ်ပိတ်ခြင်းစာလိမ်မှာ သိပ်ခံနိုင်ပုံမရတော့ပေ။

" ဒါ အရှင်ကလူးဗာတ်အနိုင်ရနေတဲ့ပုံနဲ့မတူဘူး "

နန်းတော်၏ တစ်ခုထဲသောအကောင်းအတိုင်း ကျန်ရှိခဲ့သည့် တံခါးရှေ့၌ရပ်နေသော ပင်လယ်မင်းသမီးက ကွယ်ပျောက်စပြုလာသည့်အလင်းတိုင်ကိုကြည့်ရင်းရေရွတ်လိုက်သည်။ သူမက စတေးမှုပြုလုပ်ခဲ့သော်လည်း ၎င်းကအသုံးမတင်ခဲ့ပေ။

“ ဒီလူဟာ နမိတ်ပုံဟောချက်မှာ ဖော်ပြထားတဲ့ အလားအလာရှိတဲ့ ပြောင်းလဲမှုများလား အဲဒီ့အရိုးစုက ငါ့ကို ရှင်းရှင်းလင်းလင်းမပြောခဲ့ဘူး ဒီလူသားက အတော်အစွမ်းထက်တာလား ”

ထိုလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်အရုပ်နှင့် ပင်လယ်မျိုးနွယ်စုတစ်ခုလုံးနှင့် သူလုပ်ခဲ့သော သဘောတူညီချက်ကို ပြန်တွေးကြည့်ရာ ထိုအမျိုးသမီးသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ အနက်ရောင် ရင်ခွင်ထဲတွင် ပုန်းနေသော ရွှေအရိုးစုသည် အဓိက အချက်အလက်အချို့ကို ချန်လှပ်ထားပုံရသည်။

ပိုရှက်စရာကောင်းတာက သူမဟာ မာနကြီးလွန်းပြီး လူသားအားလုံးကို ခပ်နိမ့်နိမ့်သာတွေးခြင်းဖြစ်သည်။ အလက်ဇန်းဒါး အမည်ရှိ ဤလူငယ်၏ နောက်ခံအကြောင်းကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့‌ချေ။ သူမ ကြီးမားသော အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့သည်။

" တိုက်ကြီးဟာ လူသားတွေရဲ့ ထိန်းချုပ်မှုထဲကို အမှန်တကယ် ကျရောက်သွားတာ ဖြစ်နိုင်သလား၊ လူသားတွေက ဒီကြောက်စရာကောင်းနေပြီလား "

ရွှေရောင်အလင်းတန်း ကောင်းကင်ထက် တိုးဝင်မပျောက်ကွယ်မှီအချိန်၌ မင်းသမီးမှာ နန်းတော်ဘက်ကိုကြည့်ရင်း တွေးနေ၏။

...

" ဟားဟားဟား သတ္တဝါစုတ်တွေ တိရစ္ဆာန်ကောင်တွေ လာစမ်း မင်းတို့ကိုငါအရသာရှိတာတွေကျွေးမယ် "

စွမ်းအင်အတားအဆီးအပြင်ဘက်ရှိ မုခ်ဦးတွင်ရပ်နေသော ဘက်ကင်ဟမ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး ချောမောလှပသော အသွင်အပြင်မရှိတော့‌ချေ ။ သူ့လက်ထဲရှိ မှော်လှံကို လှံတံအဖြစ် အသုံးပြုခဲ့ပြီး မည်သူမျှ မဖြတ်သန်းနိုင်အောင် ထိုမုခ်ပေါက်ကို ပိတ်ဆို့ခဲ့သည်။

ယခုအချိန်တွင်တော့ ဘက်ကင်ဟမ်မှာ သွေးသံတရဲရဲနှင့် အတော်လေး အခြေအနေဆိုးနေပြီဖြစ်သည်။

End

နတ်ဘုရားနန်းဆောင်မှာ စွမ်းအားအတက်အကျလှိုင်းများကို ခံစားမိသော ပင်လယ်မျိုးနွယ်မင်းသမီးမှာ သိပ်ခံစားချက်မကောင်းတော့ပေ။

" ဒီလူက အရှင် ကလူးဗာနဲ့ အကြာကြီးတိုက်ခိုက်နိုင်နေပါ့လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ " သူမအနေနှင့် နန်းတော်ထဲ ဖေးကိုလွှတ်လိုက်သည်က မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ခံစားနေရသည်။

All Chapters