← Chapters

ကျက်သရေရှိလှသည့် အမျိုးသမီးတစ်ဦး ရုန့်ရင်းကြမ်းတမ်း လာသောအခါ

Vol. 9 Ch. 119

ကျက်သရေရှိလှသည့် အမျိုးသမီးတစ်ဦး ရုန့်ရင်းကြမ်းတမ်း လာသောအခါ

Vol. 9 Ch. 119

လဝက်ခန့် အားထုတ်ထားရသည့် ပန်းချီကားသည် ယခုအခါတွင် အားလုံး ပျက်စီး သွားရလေပြီ။

အမျိုးသမီးသည် သူမ၏ ပန်းချီကားအား ဗလာ မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ ထိုအချိန်တွင် သူမသည် စကားပုံတစ်ခုအား နက်ရှိုင်းစွာ နားလည်သွားမိပြီ ဖြစ်သည်။ 'ကြွက်ချေးတစ်တုံးက စွပ်ပြုတ် တစ်အိုးလုံးကို ဖျက်ဆီးပစ်နိုင်တယ် ...'

"အား ... ဒီမှာ လူတစ်ယောက် ရှိနေတာပဲ ..."

အမျိုးသမီး တစ်ဦးသည် သစ်ပင်အောက်တွင် ပန်းချီ ရေးဆွဲနေခြင်းအား မြင်လိုက်သည့်အခါ အန်လင်းသည် အနည်းငယ် အံ့အားသင့် သွားမိသည်။

သူမသည် အလွန်လှပသည်။ မျက်ခုံးများသည် ထင်းလင်းလျက်ရှိပြီး သွင်ပြင်မှာ ကြည်လင်နေသည့် ရေကန်ထဲရှိ လှပသည့် ပန်းတစ်ပွင့် ရောင်ပြန် ဟပ်သည်နှင့်ပင် တူနေသည်။ နူးညံ့လှပကာ ကျက်သရေရှိမှုအား ပေးစွမ်းလေသည်။

"မင်္ဂလာပါ ... ခွင့်ပြုချက်မရှိဘဲ ဝင်လာမိလို့ တောင်းပန်ပါတယ်ဗျ ..."

မှားယင်းသွားကြောင်း သိလိုက်သည်နှင့် အန်လင်းသည် ချက်ချင်း တောင်းပန်တော့သည်။

အမျိုးသမီးသည် သူမ၏ ဒေါသအား ဖိနှိပ်လိုက်ပြီး မည်သည့်စကားမျှ မဆိုပေ။ သူမအရှေ့တွင် ရှိနေသည့် ခန့်ညားသည့် အမျိုးသားအား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

သူမ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာဖြင့် အန်လင်းအား စစ်ဆေးလိုက်သည်။

ခေတ္တမျှ ကြာပြီးနောက်တွင် သူမ၏ မျက်ခုံးများသည် ပို၍တွန့်ကွေး လာတော့သည်။

ထူးဆန်းတယ် ... သူက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့်ပဲ ရှိနေသေးတာ ...

စွမ်းအင်သွေးကြော ဖိနှိပ်ခြင်းဝင်္ကပါက ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတွေတောင် လွယ်လွယ်ကူကူ မချိုးဖျက်နိုင်ဘူး ... ဘယ်လိုလုပ်ပြီး ဝင်လာနိုင်တာလဲ ...

"ဒီနေရာကို ဘယ်လို ရောက်လာတာလဲ ..." အမျိုးသမီးသည် နူးညံ့ညင်သာသည့် လေသံဖြင့် မေးလိုက်သည်။

"ကျွန်တော်လား ... ပျံလာတာပါဗျ ..."

အန်လင်းသည် မျက်လုံးများ မှေးကာဖြင့် ထိုအမျိုးသမီးအား နုံအသူ တစ်ဦးသဖွယ် ကြည့်လိုက်သည်။

အမျိုးသမီးသည် အန်လင်း၏ ဖြေကြားချက်နှင့် အမူအရာအား မြင်လိုက်ရသည့် အခါတွင် ဒေါသများ ရွံရှာမှုများ ပြည့်နှက်လာသည်။

"ငါမေးတာက ငါ့ရဲ့ အကာအကွယ် ဝင်္ကပါကို ဘယ်လို ချိုးဖောက်ပြီး ဝင်လာတာလဲ ..."

သူမ၏ နူးညံ့သည့် စရိုက်ကြောင့်သာ မဟုတ်လျှင် အန်လင်းအား တုံ့ဆိုင်းခြင်းမရှိ တိုက်ခိုက်လိုက်မည် ဖြစ်သည်။

"အာ ... ကျွန်တော်က သန်မာတယ်လေ ... အဲဒါကြောင့် ချိုးဖောက်နိုင်စွမ်း ရှိတယ် ..."

ဘယ်လို မေးခွန်းကြီးတုန်း ...

သင်္ချာစာမေးပွဲတွင် မည်သည့်အတွက်ကြောင့် အမှတ်ပြည့် ရသနည်းဟု မေးနေသည်နှင့်ပင် တူနေသေးသည်။

ငါက သင်္ချာတော်တယ်လေ ... အဲဒါကြောင့် အမှတ်ပြည့်ရတာ ...။

သူမသည် အဘယ်ကြောင့် ထိုကဲ့သို့ မေးခွန်းမျိုးအား မေးရသနည်း။ သူမသည် သူ့အား အထင်သေးနေခြင်းများလား။

အမျိုးသမီး၏ မျက်နှာသည် နီရဲလာလေသည်။ ဟုတ်သည်။ ဒေါသ ထွက်လာခြင်း ဖြစ်သည်။

"ဟ ... သန်မာတယ်ပေါ့ ... မင်းသားလေးက ဒီတောင်ထိပ်ကို မည်သည့်အတွက် ရောက်ရှိ လာတာလဲ သိပါရစေလားရှင် ..."

ထိုအမျိုးသမီးသည် အမျိုးသားများနှင့် မည်ကဲ့သို့ ဆက်ဆံ ပြောဆိုရမည်ကို မသိရှိချေ။

အန်လင်းသည် သူ၏ခေါင်းကို ဆွဲကုတ်လိုက်ပြီး တောင်းပန် တိုးလျှိုးစွာဖြင့် "ဒီပေါ်ကို ရောက်လာရခြင်းက တွဲလောင်း ခုန်ချချင်လို့ပါ ခင်ဗျာ ..."

အမျိုးသမီးသည် ဆွံ့အသွားသည်။ "တွဲလောင်းခုန်ချတာ ဟုတ်လား ... အဲဒါက ဘာလဲ ..."

အန်လင်းသည် ရုတ်တရက် သဘောပေါက် လိုက်မိသည်။ သူမသည် ကောင်းကင်ဘုံ ပိုင်နက်မှ ကျောင်းသူ မဟုတ်ပေ။ ထို့ကြောင့် တွဲလောင်း ခုန်ချခြင်းအား ကြားဖူးလိမ့်မည် မဟုတ်ချေ။

"ဒီကိုရောက်လာရတဲ့ အကြောင်းပြချက်က တောင်ထိပ်ကနေ ခုန်ချချင်လို့ ..."

ထိုစကားအား ကြားလိုက်ရချိန်တွင် အမျိုးသမီးသည် စိတ်ကုန်သည့် အမူအရာဖြင့် "ငါ့ကို နှောင့်ယှက်ဖို့ ကြိုးစားနေတာလား ..."

လာနောက် နေတာလား ...။ တောင်ထိပ်ကနေ ခုန်ချဖို့အတွက် အခုလို ကြိုးစား နေတယ်ပေါ့။ အကာအကွယ် ဝင်္ကပါကိုပါ ဖျက်ဆီး လိုက်သေးတာက တောင်ထိပ်ကနေ ခုန်ချဖို့လေး အတွက်ပေါ့။

ဘယ်လို အမှိုက်သရိုက်မျိုးလဲ။

အန်လင်းသည် လက်နှစ်ဖက်အား နောက်သို့ပစ်ကာဖြင့် "ခင်ဗျားအနေနဲ့ ယုံချင်ယုံ မယုံချင်နေ ... ကျုပ်ကတော့ ဘယ်နည်းနဲ့မဆို ခုန်ချရမှာပဲ ..."

အန်လင်းသည် လမ်းလျှောက် လိုက်ပြီးနောက် ခုန်ချဖို့ရန် အကောင်းဆုံး နေရာအား ရှာဖွေလိုက်သည်။

ထို့နောက်တွင် အမျိုးသမီး၏ ပန်းချီကားအား မြင်တွေ့လိုက်လေသည်။

"ဟားဟားဟားဟား ... ဒီ ကြိုးကြာဖြူရဲ့ မျက်လုံးတွေက ဘာဖြစ်တာတုန်း ... အရမ်း ရုပ်ဆိုးတာပဲ ... ဟားဟားဟားဟား ..."

ကြိုးကြာဖြူ၏ မျက်လုံးကြီးများသည် အတော်လေး ရယ်စရာ ကောင်းလှသည်ဟု ဆိုရပေမည်။

ဂျွတ် ...

အမျိုးသမီး၏ လက်ထဲရှိ ပန်းချီစုတ်တံသည် နှစ်ပိုင်း ကျိုးသွားလေပြီ။

သူမသည် အပူအပင် ကင်းမဲ့ပြီး တိတ်ဆိတ်ကာ ကျက်သရေရှိကာ နူးညံ့သည့် အမျိုးသမီး တစ်ဦးအသွင်ဖြင့် အမြဲ နေထိုင်ခဲ့သည်။

အန်လင်းနှင့် မတွေ့ခင်အထိ ဖြစ်သည်။

အလွန်ကောင်းသည်။ သူမ၏ ဒေါသသည် အတိုင်းအတာအား ကျော်လွန်သွားပြီ ဖြစ်သည်။

"ထပ်ပြောကြည့် လိုက်စမ်း ..." အမျိုးသမီးသည် အံကြိတ်ကာဖြင့် ပြောသည်။

အန်လင်းသည် ရယ်ဖို့ရန်သာ အာရုံရောက်နေသည့် အတွက် ထိုအမျိုးသမီး၏ စကားအား ကြားလိုက်ခြင်း မရှိချေ။ ကံဆိုး လှပေသည်။

သူသည် ကြိုးကြာဖြူအား ကြည့်ကာဖြင့် ရယ်မောနေဆဲ ဖြစ်သည်။ "ဘာဖြစ်တယ် ... ပြန်ပြောလို့ရမလား ... မကြားလိုက်လို့ပါဗျ ... ဟားဟားဟားဟား ..."

"မကြားလိုက်ဘူးပေါ့ ..."

အမျိုးသမီးသည် အေးစက်စွာဖြင့် ပြုံးလိုက်သည်။ ရုတ်တရက်ဆိုသလို အလွန်အမင်း ကြောက်မက်ဖွယ် အော်ရာများသည် သူမ၏ ပိန်ပါးသည့် ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

အေးစက်မှုသည် အန်လင်း၏ ကျောရိုးအထိ စိမ့်ဝင်လာသည်။ ချက်ချင်းဆိုသလိုပင် သူ၏ရယ်သံမှာ ရပ်တန့်သွားသည်။

အလွန် အားကောင်းသည့် သတ်ဖြတ်လိုစိတ် ဆန္ဒ။

ထို့နောက်တွင် အဖြူရောင် လက်သီးဆုပ်လေးသည် သူ၏မြင်ကွင်း အတွင်းသို့ ဝင်ရောက်လာသည်။

ထို့နောက်တွင် ...

ထိုသို့ဖြင့် ...

အန်လင်းသည် သေလုနီးနီး ဖြစ်သည်အထိ ထိုးနှက်ခံလိုက်ရသည်။

သူသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သော်လည်း ထိုအင်အား နည်းပုံရသည့် ကြက်ပေါက်စနှင့် တူသည် အမျိုးသမီးသည် သူ့အား ရိုက်နှက် နေလေသည်။

အန်လင်းအား စိတ်ကျေနပ်သည်အထိ ရိုက်နှက်ပြီးသည့် နောက်တွင် သူမ၏ ဒေါသသည် ပျောက်ကွယ် သွားလေပြီ။

သူမ၏ လှပသည့် မျက်နှာလေးသည် နီစွေးလာပြီး သူမ၏ အလှအပအား ပိုလို့ပင် ကြွတက်စေသည်။

မြေပြင်ပေါ်တွင် လဲလျောင်းလျက် ရှိနေသော ရုပ်ပျက်သည်အထိ ထိုးကြိတ်ခံ ထားရသည့် အမျိုးသားအား ကြက်သေသေလျက် ကြည့်နေမိသည်။

သူမသည် အနုပညာထဲတွင်သာ နစ်မြုပ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်ကြောင့် အခြားသူတစ်ဦးအား ယခုလို ထိုးကြိတ် ရိုက်ပုတ်ခြင်း မပြုလုပ်ရသည်မှာ အတော်လေး ကြာလှပေသည်။

သူမရှေ့တွင် ရှိနေသည့် အမျိုးသားသည် သူမအား တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာသည့် အထိ ဒေါသထွက်စေ လိမ့်မည်ဟု မည်သူကမျှ ထင်ကြမည် မဟုတ်ပေ။ သူ၏ အခြားသူများအပေါ် လှောင်ပြောင်သည့် စွမ်းရည်မှာ သာမန်ထက် လွန်ကဲလှပေသည်။ ထို့အပြင် သူသည် သတိမရှိသူလည်း ဖြစ်သည်။ သူ၏ဦးခေါင်းသည် သေချာပေါက် ချို့ယွင်း နေပေလိမ့်မည်။

အန်လင်းသည် ထိုအမျိုးသမီးအား ကြောက်လန့် နေမိသည်။ သူမသည် သူ့အား စိတ်ကြိုက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ ပန်းချီကားသည် သူ့ကြောင့် ထိုကဲ့သို့ ဖြစ်သွားရခြင်းမှန်း သူမသိပေ။ ထို့အတွက်ကြောင့် သူ့အရှေ့တွင် ရှိနေသည့် အမျိုးသမီးလေးသည် ဦးနှောက် ချို့ယွင်းနေခြင်းသာ ဖြစ်မည်ဟု ခံစားနေရသည်။

သူတို့နှစ်ဦးလုံးသည် တစ်ဦးနှင့်တစ်ဦး စိတ်ရောဂါသည်များ သဖွယ် ကြည့်လိုက်ကြသည်။

အန်လင်းသည် မျက်တောင်ခတ် လိုက်ပြီးနောက် "ဘာကြည့်တာလဲ ..."

ထိုအမျိုးသမီးသည် မျက်မှောင်ကြုတ်လာပြီး "နင်ကငါ့ကို ဘာလို့ အခုလို ကြည့်လာတာလဲ ..."

အန်လင်းသည် ရယ်မောလိုက်ပြီး "အဲဒီတော့ ခင်ဗျားကို ဘယ်လို ကြည့်ရမတုန်း ... သင်ပေးပါဦး ခင်ဗျာ ..."

ထိုအမျိုးသမီးသည် အသက်ရှူ မြန်လာပြီး "နင် ...."

မှန်သည်။ သူ့အနေဖြင့် ထိုအမျိုးသမီး၏ ပြိုင်ဘက် မဟုတ်ချေ။ ထို့ကြောင့် ကိုယ်ကျင့်တရားဖြင့် အနိုင်ယူရမည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေကြဆဲ ဖြစ်သည်။

မိုးကောင်းကင်ကြီးရေ ... ဘုရားသခင်က တပည့်တော်ရဲ့ တာအို နှလုံးသားလေးကို စမ်းသပ်ဖို့အတွက် ဒီလူကို ပို့လိုက်တာများလား ...

ထိုအမျိုးသမီးသည် ဒေါသကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာသည်။ သူမကိုယ်သူမ ဒေါသမထွက်ရန် ထပ်ကာထပ်ကာ ပြောဆိုနေမိသည်။

သည်းခံနိုင်စွမ်း မရှိခြင်းနှင့် ဆိုးဝါးသည့် စိတ်ခံစားချက်များသည် အနုပညာ၏ အနှောင့်အယှက်များ ဖြစ်ကြသည်။ သူမကဲ့သို့သော အေးဆေးကာ ကျက်သရေရှိသည့် အမျိုးသမီးလေးသည် မည်သည့် အတွက်ကြောင့် ထိုကဲ့သို့သူမျိုး ဖြစ်ရသနည်း။

ထိုအမျိုးသမီးသည် အားတင်းကာ ပြုံးလိုက်ပြီး “မင်္ဂလာပါ ... လင်းကျွင်းကျွင်းလို့ ခေါ်ပါတယ် ...”

အန်လင်းသည် ထိုအမျိုးသမီး၏ အပြုအမူ အသစ်ကြောင့် အနည်းငယ် အံ့အားသင့် သွားမိသည်။

သူ့နှလုံးသားထဲတွင် သံသယများ ရှိနေသော်လည်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “မင်္ဂလာပါ ... အန်လင်းလို့ ခေါ်ပါတယ် ...”

မြေပြင်မှ ထလိုက်ပြီးနောက် သိုလှောင်လက်စွပ် အတွင်းရှိ ဆေးတချို့အား ထုတ်ကာ အသုံးပြုလိုက်သည်။

မနက်ခင်းတွင် သူ၏မျက်နှာအား တစ်ကြိမ် လိမ်းခဲ့ရပြီး ဖြစ်သည်။ ယခုအခါတွင် သူ၏ခန္ဓာကိုယ်အား လိမ်းရတော့သည်။

ပြန်ရောက်မည် ဆိုလျှင် ဆေးများများ ဝယ်ထားရမည် ဖြစ်သည်။

"အိုး ... သိပါပြီ ... ကောင်းပါပြီ အကိုအန်ရေ ... ဒီတောင်ထိပ်ပေါ်ကို ဘာအတွက်များ ရောက်လာ ရတာလဲလို့ မေးပါရစေလား ..." လင်းကျွင်းကျွင်းသည် သူမ၏ ဒေါသအား ဖိနှိပ်ကာဖြင့် နူးညံ့စွာ မေးလိုက်သည်။

အန်လင်း၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်ကွေးသွားသည်။ တောင်ထိပ်ပေါ်မှ ခုန်ချလိုခြင်း ဖြစ်ကြောင်း သူမအား ပြောပြပြီး ဖြစ်သည်။

လင်းကျွင်းကျွင်းသည် သူ့အား ယဉ်ကျေးစွာ ပြောဆိုနေခြင်း ဖြစ်သဖြင့် အန်လင်းမှာ ရွေးချယ်စရာ မရှိတော့ချေ။ "ကျွန်တော်က တောင်ထိပ်ကနေ တကယ်ကို ခုန်ချဖို့ပါဗျာ ... ဒီကို ဘာလာလုပ်တယ်လို့ ထင်နေတာလဲ ... ဒီမှာ ကြည့်စရာ ဘာမှ မရှိဘူးလေ ... ခင်ဗျားဆီကို လာပြီး လည်တယ်လို့ ထင်နေတာ များလား ..."

အန်လင်း၏ စကားကို ကြားလိုက်ရသည့် အခါတွင် လင်းကျွင်းကျွင်းသည် ရှက်သွေး ဖြာလာပြီးနောက် ပြောစရာစကားများ ပျောက်ဆုံး သွားရသည်။ ထို့နောက်တွင် လက်တစ်ဖက်အား ဒေါသတကြီးဖြင့် ဝှေ့ယမ်းလိုက်သည်။ "အဲဒါဆို ခုန်တော့လေ ..."

အန်လင်းသည် လင်းကျွင်းကျွင်းအား ခေါင်းညိတ်ပြ လိုက်သည်။ ဟူး ... နောက်ဆုံးတော့ ဒီမိန်းမကို ဖြတ်ကျော်နိုင်ခဲ့ပြီပဲ ...

အန်လင်း၏ ကရုဏာသက်သည့် အမူအရာအား မြင်လိုက်ရသည့် အခါတွင် လင်းကျွင်းကျွင်းသည် နဖူးကြောများပင် ထောင်လာတော့သည်။

ဒီလူက သူမကို အသိဉာဏ် မဖွံ့ဖြိုးသေးဘူးလို့ ထင်နေတာများလား။

စိတ်ထိန်း ... စိတ်ထိန်း ... ငါက ကျက်သရေရှိတဲ့ မိန်းမပျိုလေးမို့ စိတ်ထိန်းရမယ် ...

လင်းကျွင်းကျွင်းသည် လက်သီးတင်းတင်း ဆုပ်ကာဖြင့် နှုတ်မှ တတွတ်တွတ် ရွက်နေလေသည်။ သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီလျက် ရှိသည်။

အန်လင်းသည် သူမထံမှ အကြည့်လွှဲလိုက်ပြီး နောက်စောက်သည့် ကမ်းပါး တစ်ခုထိပ်သို့ တက်လိုက်သည်။

"တင်းတောင် ..."

"လက်ခံသူသည် ပေ တစ်သိန်းမြင့်သည့် ကမ်းပါးတစ်ခုတွင် ရောက်ရှိနေသည်ကို ထောက်လှမ်း မိပါသည်"

အန်လင်းသည် ပြုံးလိုက်သည်။ စနစ်သည် အသုံးဝင်နေဆဲ ဖြစ်သည်။ ယခုလိုမျိုး သတိပေးချက်များအား ပေးနေတုန်းပင်။

သူ့အနောက်တွင် ရှိနသည့် ကျက်သရေ ရှိလှသည့် အမျိုးသမီးအား လက်ဝှေ့ယမ်း ပြလိုက်သည်။ "နှောင့်ယှက်မိတဲ့ အတွက် အားနာပါတယ် ... အခုတော့ တာ့တာနော် ... ဒါပေမဲ့လည်း ခင်ဗျား ဆွဲထားတဲ့ ကြိုးကြာဖြူက တကယ်ကို ရယ်ရတာ ... ဟားဟားဟားဟား ...."

အန်လင်းသည် ထိုသို့ ပြောပြီးနောက်တွင် ကမ်းပါးစွန်းမှ ချက်ချင်းဆိုသလို ခုန်ချ လိုက်တော့သည်။

သူ၏ လွတ်လမ်းအား ရှာဖွေလိုက်ခြင်း ဖြစ်သည်။

ထိုသို့ပြောရင်း ခုန်ဆင်း လိုက်သဖြင့် သူ့အနေဖြင့် အောင်နိုင်သူ အဖြစ် ထွက်ခွာ လာနိုင်ခဲ့လေပြီ။

ထိုအပြင် ယင်းကြိုးကြာဖြူများသည် အတော်လေး ရယ်စရာ ကောင်းသည်မှာ အမှန်တရား ဖြစ်သည်။

ဘုန်း ...

သူ၏ခေါင်းသည် အကာအကွယ်ဖြင့် ဝင်တိုက်မိပြီး အေးစက် လာတော့သည်။

အန်လင်း : “…”

လင်းကျွင်းကျွင်း၏ နူးညံ့သည့် အသံလေးသည် သူ၏နားအတွင်း ရောက်ရှိလာသည်။

"ခုန ဘာပြောသွားတာလဲ ... ပြန်ပြောပေးနိုင် မလားရှင် ..."

***

All Chapters