← Chapters

အမည်

Vol. 17 Ch. 248

အမည်

Vol. 17 Ch. 248

“ကျုပ်နဲ့အတူ တခြားသူတွေ ရှိသေးတယ်ဆိုတာ ကျုပ်သိပါတယ် ၊ ဒါပေမဲ့ သူတို့အကြောင်း ဘာမှရှာမတွေ့တာ ဘာလို့လဲ”

စီတုအန်း၏ မျက်လုံးများက ပြင်းပြသော လိုအင်ဆန္ဒများဖြင့် တောက်လောင်နေ၏။ သူသည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်နှယ် ဖြစ်သည်။

“သူတို့ ကြီးထွားလာဖို့ အခွင့်အရေးမရခင် မင်းက သူတို့ကို သတ်ဖို့ ကြံစည်နေတာလား၊ အဲ့ဒါက အဓိပ္ပါယ်မရှိဘူးနော် ၊ အရိပ်ကမ္ဘာက လူတစ်ယောက်တည်းကို ရွေးချယ်မှာ မဟုတ်ဘူး ၊ မင်း သူတို့အားလုံးကို သတ်လို့မရဘူး”

လုဇန်က စီတုအန်းကို ကောင်းကောင်းသိပေသည်။

“အရိပ်ကမ္ဘာမှာ မရဏနတ်ဘုရားတွေပဲ ရှိတယ် ၊ မိဘတစ်ဦးချင်းစီက သူတို့ကိုယ်တိုင်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အရန်အသက်ကယ်လှေတွေပဲ ၊ အရိပ်ကမ္ဘာက လက်တွေ့ကမ္ဘာနဲ့ အောင်အောင်မြင်မြင် ပေါင်းစည်းတဲ့အခါကျရင် သူတို့ဟာ မိဘတွေကတစ်ဆင့် ပြန်လည်မွေးဖွားလာကြလိမ့်မယ်”

“ဒါဆို ကျုပ်လည်း ဝါးမြိုခံရမှာလား”

စီတုအန်းသည် လုဇန်ပြောပြသည့် ထိုအကြောင်းအရာများကို အရင်တစ်ခါမှ မကြားဖူးခဲ့ပေ။

“ဒါကြောင့် ဘယ်နတ်ဘုရားကို ကူညီရမလဲဆိုတာ ရွေးချယ်ဖို့ အရေးကြီးတာပဲ ၊ သူတို့က အရမ်းအားနည်းလို့ မဖြစ်ဘူး၊ ဒါမှမဟုတ် အရမ်းအစွမ်းထက်လို့လည်း မဖြစ်ဘူး၊ အရမ်းကြင်နာတတ် ဒါမှမဟုတ် အရမ်းဆိုးဝါးလို့ မဖြစ်ဘူး”

လုဇန်မျက်နှာပေါ်ရှိ အမာရွတ်များသည် အကြေးခွံများနှယ် လှိုင်းထနေသည်။ယင်းကို သူပြောပြီးနောက် အတွင်းဘက်အခန်းမှ ကျယ်လောင်သည့် ရုန်းကန်ဆူညံသံများကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က တံခါးကို ဆောင့်ရိုက်လိုက်၏။

“ကြားရတဲ့အသံအရ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်အသစ်က သူ့အလုပ်ကို မကြိုက်ဘူး ထင်တယ်”

စီတုအန်းက ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ သူက စာအုပ်ကိုကိုင်ရင်း တံခါးဆီသို့ ဦးတည်သွားလိုက်သည်။

“ကျုပ်တို့ရဲ့ မိသားစုဝင်အသစ်ကို သွားတွေ့ချင်တယ် ၊ သူ့နာမည်က ဘာတဲ့လဲ”

“ချန်မန် ၊ သူက လူတစ်ယောက်မက သတ်ဖူးတယ် ၊ သူ့ဦးနှောက်ရော သူ့မိဘတွေရော အကြောင်းတစ်ခုခုကြောင့် လှည့်စားခံထားရတာပဲ”

စီတုအန်း ထွက်သွားပြီးနောက် လုဇန်က အတွင်းခန်းတံခါးကို ဖွင့်လိုက်သည်။ ရုပ်တုများ လှိမ့်ထွက်လာ၏။ အနက်ရောင် မြူခိုးများက ရုပ်တုများအတွင်းမှ ဟိန်းဟောက်အော်ဟစ်နေကြသည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား မျက်လုံးချင်းဆုံမိပါက ကြီးမားလှသည့် စိတ်ဖိအားကို ခံစားရလိမ့်မည်ဖြစ်သည်။

“ဖယ်စမ်း”

ကောင်းမင်က လုဇန်အား ကြမ်းတမ်းစွာ တွန်းဖယ်လိုက်သည်။ ရွှံ့ရုပ်တုငယ် အစတစ်ခုက သူ့ဘယ်ဘက်မျက်လုံးထဲ ပျံဝင်သွား၏။ သူ့မျက်နှာပေါ်တွင် အမာရွတ်သေးသေးလေးတစ်ခု ဖြစ်သွား၏။

“မစိုးရိမ်ပါနဲ့ ၊ ကျုပ်တို့က အန္တရာယ်ပေးဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး”

လုဇန်သည် ထိတ်လန့်ခြောက်ခြားစရာကောင်းသည့် အရိပ်ကမ္ဘာတွင် ရပ်နေသော ကောင်းမင်ကို စိတ်ရှည်စွာ စောင့်ကြည့်နေသည်။ လူ့အရေပြားစာအုပ်များက ကြမ်းပြင်ပေါ် ပြုတ်ကျသွားကြသည်။ ရေညှိပင်များဖြင့် ပြုလုပ်ထားသော လူမျက်နှာများက ဖြည်းညှင်းစွာ အသက်ရှူနေကြသည်။ အုတ်ခဲများထဲတွင် အမည်မသိအရာများ တွားသွားနေကြသည်။ကြမ်းပြင်သည် သွေးကြောတစ်ခုနှယ် တဖျတ်ဖျတ်ခုန်နေလေသည်။ တံခါးအပြင်ဘက်တွင်“လူ” များ လှုပ်ရှားနေသည်။ သူတို့ထဲမှ လူတချို့၏ ဦးခေါင်းများကို ကိရိယာများဖြင့် အစားထိုးထား၏။ အချို့မှာ ကြိုးဆွဲရုပ်သေးများနှယ် တွဲလောင်းချည်ထားခံရသည်။ သူတို့အားလုံးမှာ စီတုအန်း၏ မိသားစုဝင်များ ဖြစ်ကြသည်။ ထိုထူးဆန်းသော ဆေးရုံတွင် ကောင်းမင်သည် ထိတ်လန့်နေပုံမရချေ။ သူ့မျက်လုံးထဲတွင် မည်သည့်အပြောင်းအလဲမှ မရှိခဲ့သလိုပင်။

“မင်း မျက်လုံး ထိခိုက်သွားသေးလား”

လုဇန်က အလွန်စိုးရိမ်နေသည်။

“ကျုပ်အနား မကပ်နဲ့၊ ခင်ဗျားတို့က စိတ်ရောဂါကုဆရာဝန်တွေ မဟုတ်ဘူး ၊ ဒီအခန်းထဲမှာ ဆေးတွေမရှိဘူး”

ကောင်းမင်က သူ့မျက်လုံးကို အုပ်ထားရင်း နောက်ဆုတ်လိုက်သည်။

ဒေါက်တာလုက ကျိုးနေသော ရုပ်တုတစ်ခုကို ကိုင်၍ အခန်းထဲမှ ထွက်လာခဲ့သည်။

“သူက ဆေးတွေမယူဘဲ သားစားကြူးနတ်ရဲ့ ရုပ်တုကို ရိုက်ချိုးလိုက်တယ်”

“သားစားကြူးနတ်ဘုရားလား၊ သူ စီတုအန်းလိုပဲ နတ်ဘုရားတစ်ပါးတည်းကို အတူတူရွေးချယ်ခဲ့တာလား”

လုဇန်က အပြစ်တင်ဖို့ မရှာခဲ့ပေ။ အမှန်ဆိုရလျှင် သူ့မျက်နှာအမူအရာက ပို၍ပင် ကြင်နာလာသေးသည်။

“ဒီကိစ္စကို စီတုအန်းကို မပြောနဲ့”

“ဘာလို့လဲ၊ စီတုအန်းက သားစားကြူးနတ်ကို ဆယ်စုနှစ်နှစ်ခုတောင် ကိုးကွယ်ခဲ့တာလေ”

ဒေါက်တာလုက နားမလည်နိုင်ပေ။

လုဇန်က ဒေါက်တာလုကို လျစ်လျူရှုကာ ကောင်းမင်ဆီသို့ လျှောက်သွားလိုက်သည်။ သူ ခြေတစ်လှမ်းလှမ်းတိုင်း အခန်းထဲရှိ အနက်ရောင်မြူခိုးများက အော်ဟစ်ကြသည်။ နံရံများက ဖောင်းကြွလာပြီး ပုပ်ပွနေသောအသားများဖြင့် ပြုလုပ်ထားသည့် သင်္ချိုင်းကျောက်တိုင်များအဖြစ် ပုံစံပေါ်လာလေသည်။

“လက်တွေ့ကမ္ဘာက မင်းမြင်နေရတဲ့ ကမ္ဘာနဲ့ မတူဘူး ၊ မင်းနဲ့ မင်းရဲ့ မိဘတွေ၊ မင်းပတ်ဝန်းကျင်က လူတိုင်း... သူတို့အားလုံးက အိပ်မက်တစ်ခုထဲမှာပဲ တည်ရှိနေကြတာ ၊ မင်းမြင်နေရတဲ့ကမ္ဘာက မတည်ရှိဘူး”

လုဇန်က နံရံမှ တွားသွားထွက်လာသော လူမျက်နှာရှိသည့် တီကောင်များကို ပွတ်သပ်လိုက်သည်။ သို့သော်လည်း ကောင်းမင်၏ မျက်လုံးထဲတွင် လူနာဆောင်က မပြောင်းလဲခဲ့ပေ။ သူသည် ကြောက်စရာကောင်းသည့် မည်သည့်အရာတစ်ခုကိုမျှ မမြင်ရချေ။ စာအုပ်များထဲမှ လက်များသည် သူ့လည်ပင်းကို ထိတွေ့ရန် လက်လှမ်းလာသည့်တိုင် သူ ဘာတစ်ခုမှ အာရုံမခံစားနိုင်ခဲ့ပေ။

“အစစ်အမှန်တရားရဲ့ တည်ရှိမှုနဲ့ အခြေအနေက ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သိမြင်နားလည်မှုပဲ သက်ဆိုင်တယ် ၊ ကမ္ဘာကြီး ဘယ်လိုပုံစံလဲဆိုတာ ကျုပ်နှလုံးသားထဲက ကမ္ဘာပေါ်မှာပဲ မူတည်တယ်”

ကောင်းမင်သည် ကျွမ်းကျင်လက်မှတ်ရ စိတ်ရောဂါကု ဆရာဝန်တစ်ဦး ဖြစ်သည်။ သူသည် အလွယ်တကူ ဦးနှောက်ဆေးခံမည် မဟုတ်ပေ။ ကွန်ပျူတာက တဂျစ်ဂျစ်မြည်နေ၏။ သရဲပုံရိပ်များက ကောင်းမင်အား ရယ်မောနေကြသည်။ မျက်လုံးများက သွေးထွက်နေကြသည်။ဖြတ်သွားသော လူနာများက စိတ်ဝင်စားစရာ တစ်စုံတစ်ခုကို သတိပြုမိလိုက်ကြသည်။ပုပ်ပွနေသော မျက်နှာသည် တံခါးနှင့် ပြတင်းပေါက်များတွင် ကပ်နေသည်။ ၎င်းတို့သည် ကောင်းမင်ကို စိုက်ကြည့်နေကြသော်လည်း ကောင်းမင်က ဘာမှ မခံစားရချေ။

“ဒီကမ္ဘာပေါ်က အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီးသားပဲ ၊ နိုးထလို့မရတဲ့ အိပ်မက်တစ်ခုပေါ့ ၊ မင်းအတွက် ဇာတ်ညွှန်းရေးခဲ့တဲ့ အရာကိုတောင် ငါ မမြင်ဖူးဘူး ၊ ဒါမှမဟုတ် ဒီ့ထက် ပြောရမယ်ဆိုရင်တော့ ဒီအိပ်မက်ထဲက ဘယ်သူကမှ မမြင်ဖူးဘူး ၊ သူဟာ လူလား ဒါမှမဟုတ် တခြားတစ်ခုခုလားဆိုတာ ငါတို့ ဘာမှ မသိဘူး ၊ ဒီစကားဝိုင်းအတွက်၊ အဲ့ဒီအမည်မသိတဲ့အရာကို ကံကြမ္မာလို့ ခေါ်လိုက်ရအောင်”

လုဇန်က ဆက်တိုက် ပြောလိုက်သည်။

“မင်းက အိပ်မက်ထဲမှာ နေထိုင်နေတာ၊ ဒါပေမဲ့ မင်း ခဏတာလောက်ပဲ နိုးထလုနီးပါး ဖြစ်ခဲ့တယ် ၊ ကံကြမ္မာက မင်းကို ပေးထားခဲ့တဲ့ ရွေးချယ်မှုက ပြဿနာတစ်ခုနဲ့ ကြုံခဲ့ရတယ် ၊ အဲ့ဒီပြဿနာက ဘယ်တုန်းက စတင် ပုံပေါ်ခဲ့လဲဆိုတာ ငါ မသိဘူး ၊ မနေ့က ဖြစ်နိုင်သလို ဆယ်နှစ်အကြာကလည်း ဖြစ်နိုင်တယ်”

“ခင်ဗျား ဘာတွေပြောနေတာလဲ ၊ ခင်ဗျားလည်း ဒီက လူနာလား ၊ ခင်ဗျားက ဆရာဝန်ရဲ့ ကုတ်အင်္ကျီကို ခိုးထားတာလား”

ကောင်းမင်သည် တစ်ခုခု မှားနေကြောင်း သိနေသည်။ သူ့ပတ်လည်တွင် အေးစက်စက်လေများတိုက်ခတ်နေသည်ကို သူခံစားမိသဖြင့် တုန်လှုပ်သွားသည်။ သူ့ဆီသို့ မာန်ဖီနေသည့် ကြောက်မက်ဖွယ်သရဲမျက်နှာများကိုတော့ သူ မမြင်ရချေ။

“ငါ ဆရာဝန် မဟုတ်ပါဘူး ၊ ငါက ဒီမြို့ကို မင်းနဲ့ စီတုအန်းလို လူတွေကို ရှာဖို့ ရောက်လာခဲ့တာ ၊ မင်းတို့မှာ ကံကြမ္မာရဲ့ ဂယ်ပေါက်တွေ ရှိနေတယ် ၊ ကံကြမ္မာကို သတ်ပစ်ဖို့ ငါတို့ မင်းတို့ကို လိုအပ်တယ်”

လုဇန်သည် ဘယ်သူမှ နားမလည်နိုင်သည့် အရာများကို ပြောပြနေသော အရူးတစ်ယောက်နှယ် ဖြစ်နေသည်။

“ကံကြမ္မာရဲ့ ဂယ်ပေါက်တွေဟာ ကြောက်မက်ဖွယ်ရာ ဘဝတွေ ရှိကြတယ် ၊ မင်း မကြာခင် မြင်ရပါလိမ့်မယ် ၊ ကံကြမ္မာက မင်းကို အပြီးတိုင် သုတ်သင်မပစ်ခင် မင်း စိတ်ကူးမယဉ်နိုင်တဲ့ အစီအစဉ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ် ၊ မင်း အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ငါနဲ့ ပူးပေါင်းဖို့ပဲ”

“ပူးပေါင်းဖို့လား”

ကောင်းမင်သည် ထိုအချက်ကို စဉ်းပင်မစဉ်းစားခဲ့ပေ။ သူသည် ထွက်သွားချင်ရုံသက်သက်ကြောင့် အပေါ်ယံ သဘောတူခဲ့ခြင်းဖြစ်သည်။

လုဇန် သိသော်လည်း ကောင်းမင်ကို ထုတ်မပြောခဲ့ပေ။

“ဒါဆို ဘယ်လိုလဲ ၊ ငါတို့ လောင်းကစားတစ်ခု လုပ်ရအောင်”

“ကျုပ်က လောင်းကစားသမား မဟုတ်ဘူး”

“ဒါက လွယ်ပါတယ်၊ မင်း ဘာမှလုပ်စရာ မလိုဘဲ စောင့်နေရုံပါပဲ”

လုဇန်၏ အပြုံးက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။ အမာရွတ်များသည် သူ့မျက်နှာတစ်ဝက်ကို ဖုံးလွှမ်းသွားသည်။

“ကံကြမ္မာက မင်းအတွက် အသေးစိတ်ကျတဲ့ ဘဝတစ်ခုကို စီစဉ်ပေးထားတယ် ၊မင်းနာမည်အပါအဝင်ပေါ့ ၊ မင်း အခုသုံးနေတဲ့ နာမည်က မင်းရဲ့ နာမည်အစစ် မဟုတ်ဘူး”

“ကျုပ်ဒီနာမည်ကို နှစ်နှစ်ဆယ်လုံး သုံးခဲ့တာ ၊ အခု ခင်ဗျားက ကျုပ်ကို နာမည်ပြောင်းစေချင်နေတာလား”

“မင်းနာမည်ကို ပြောင်းတာက မင်းရဲ့ ကံကြမ္မာကို ပြောင်းတာထက် ပိုလွယ်ပါတယ် ၊ ငါ မင်းနဲ့ အလောင်းအစားလုပ်မယ့်အရာက တစ်နေ့မှာ မင်းနာမည်က ကောင်းမင် ဖြစ်လာလိမ့်မယ် ဆိုတာပဲ”

လုဇန်၏ မျက်လုံးများသည် နက်ရှိုင်းလှသော ချောက်နက်ကြီးကဲ့သို့ မှောင်မိုက်နေ၏။

“အတိတ်မှာ ဖြစ်စေ၊ အနာဂတ်မှာ ဖြစ်စေ တစ်နေ့မှာ မင်း နိုးထလာလိမ့်မယ်၊ ပြီးရင် မင်းရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ မင်းကိုယ်တိုင်က မင်းကို ကောင်းမင် လို့ ရည်ညွှန်းကြလိမ့်မယ်”

“အဲ့ဒါ ဖြစ်နိုင်လို့လား”

‘ကောင်းမင်’က လုဇန်သည် အလွန်ကြောက်စရာကောင်းနေသည်ဟု ခံစားနေရသည်။

“အဲ့ဒါက ကျုပ်နာမည် မဟုတ်ဘူး ၊ ကျုပ်နာမည်က အနာဂတ်မှာ ပြောင်းသွားရင်တောင် ကျုပ်ရဲ့အတိတ်က တစ်ညတည်းနဲ့ ဘယ်လို ပြောင်းလဲနိုင်မှာလဲ”

“မင်းရဲ့ လက်ရှိနာမည်က ကံကြမ္မာက မင်းကို ပေးထားတာပဲ ၊ ကောင်းမင်ဆိုတာကတော့ အိပ်မက်ထဲက မင်းနိုးထလာပြီးနောက်ပိုင်း မင်းနာမည်ပဲ ၊ အဲ့ဒီအခါကျမှ မင်း ငါ့ကို ယုံကြည်သွားလိမ့်မယ် ၊ မင်းတို့အားလုံး အိပ်မက်ထဲမှာ နေထိုင်နေတာ၊ အမှန်တရားက အမှန်တရား မဟုတ်ဘူး ၊ ကံကြမ္မာကို သတ်ဖြတ်ပြီးရင် လူတိုင်း နိုးထလာပြီး အစစ်အမှန် အရှိတရားကို မြင်ရလိမ့်မယ်”

လုဇန်က ပြောလိုက်ပြီး ထောင့်တစ်ခုကို လှည့်ကြည့်လိုက်သည်။

“လူတစ်ယောက်က ဒီဗီဒီယိုကို မင်းဆီ ပေးပို့လိမ့်မယ် ၊ အဲ့ဒီအခါကျရင် ငါတို့ရဲ့ လောင်းကစားကို မင်း မှတ်မိနေဖို့ မျှော်လင့်တယ်”

ရွှမ်ဝမ်က ဗီဒီယိုကို အမြန်ရပ်လိုက်သည်။ သူမ၏ ကျောပြင်တစ်ခုလုံးတွင် ချွေးအေးများ စိုရွှဲနေလေသည်။ လုဇန်သည် မကြာသေးမီကပင် သူမအား စကားပြောနေသကဲ့သို့ ထင်မှတ်ရသည်။

ရွှမ်ဝမ်၏ လက်ချောင်းများက ဖြူဖွေးနေ၏။ သူမ၏ နှလုံးမှာ တဆတ်ဆတ်လှုပ်ရှားနေသည်။သူမသည် ကောင်းမင်နှင့် လုဇန်၏ စကားဝိုင်းမှတစ်ဆင့် တစ်စုံတစ်ခုကို အတည်ပြုလိုက်သည်။ ကောင်းမင်သည် အတိတ်တုန်းက ကောင်းမင်ဟု အမည်တွင်ခဲ့ခြင်း မရှိပေ။ လုဇန် ပြောသည့်အတိုင်း ကောင်းမင် အပါအဝင် လူတိုင်းက ကောင်းမင်အား ကောင်းမင်ဟုပင် ရည်ညွှန်းကြသည်။ ကောင်းမင်ဟူသည် အမြဲတမ်း သူ့နာမည် ဖြစ်ခဲ့သကဲ့သို့ပင်။

All Chapters