အလောင်းအစားတစ်ခု
Vol. 17 Ch. 249
“လွန်ခဲ့တဲ့ခြောက်လက လုဇန်ရဲ့ စကားတွေက အမှန်ဖြစ်လာခဲ့တာပဲ!
“သူက အမှန်တရားကို ပြောင်းလဲခဲ့တာလား? ဒါမှမဟုတ် ဒါက အစကတည်းက အမှန်တရားပဲလား”
အရိပ်ကမ္ဘာက သူမကိုပေးခဲ့သည့် မှတ်ဉာဏ်များထဲတွင် ရွှမ်ဝမ်သည် ကောင်းမင်အား ကောင်းမင်အဖြစ်နဲ့သာ အမြဲသိခဲ့ရသည်။ သူ့တွင် အခြားနာမည်မရှိခဲ့ပေ။ သို့သော်လည်း လွန်ခဲသောနှစ်ဝက်က သူနှင့်လုဇန်တို့၏ စကားဝိုင်းအရ ထိုအချိန်က သူ့နာမည်သည် ကောင်းမင်မဟုတ်ခဲ့ပေ။
“ကံကြမ္မာကို ပြောင်းလဲဖို့ နာမည်ကိုပြောင်းလဲတာ… ဒါဆို လက်ရှိကောင်းမင်က အိပ်မက်ထဲကနေ နိုးထလာပြီလို့ ဆိုလိုတာလား”
အပြင်ဘက်ကော်ရစ်ဒါမှ ခြေသံများ တရစပ်ထွက်ပေါ်လာ၏။ သူတို့ထဲမှ တစ်စုံတစ်ယောက်သည် လေးလံသည့် တစ်စုံတစ်ခုကို ဆွဲ၍ တံခါးများကို လာခေါက်နေခြင်းဖြစ်သည်။ ချင်မန်နဲ့ မစ္စတာယိတို့ ပါးစပ်ပိတ်သွားကြသည်။ ဆုမိုသည်လည်း ဒေါက်ဖိနပ်များကို ကိုင်၍ တံခါးဝနှင့် ခပ်ဝေးဝေးရွေ့လိုက်သည်။
“တစ်ခုခု ကပ်လာနေပြီ!”
ရွှမ်ဝမ်ဟာ မကြာမီ ကျရောက်မည့် အန္တရာယ်အား ခံစားမိသော်လည်း ဗီဒီယို ကြည့်နေခြင်းကို ရပ်တန့်လို့မရခဲ့ပေ။ ဗီဒီယိုကို ပြန်စလိုက်သည်။ လုဇန်က ကောင်းမင်ဘက်သို့ ပြန်လှည့်လာခဲ့သည်။
“မင်း ဒီစကားဝိုင်းကို မှတ်မိလာတဲ့အခါကျရင် ငါ့ကို ကိစ္စနှစ်ခု ကူညီပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်”
လုဇန်က ကောင်းမင် ကတိပေး မပေးကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
“မင်းနဲ့ စီတုအန်းလို လူတွေ အများကြီး ရှိတယ် ၊ မင်းတို့ကိုယ်ပေါ်မှာ ကံကြမ္မာရဲ့ လစ်ဟာမှု(ဂယ်ပေါက်)ကို သယ်ဆောင်ထားကြတယ် ၊ ငါ မင်းကို ကူညီခိုင်းချင်တဲ့ ပထမဆုံးအချက်က ဒီလစ်ဟာမှုတွေရဲ့ သဘောသဘာဝနဲ့ အဲဒါတွေကို သယ်ဆောင်တဲ့သူတွေကို ရှာဖွေဖော်ထုတ်ဖို့ပဲ ၊ သူတို့ကို မသေပါစေနဲ့ ၊ လစ်ဟာမှုတစ်ခုစီတိုင်းက ကံကြမ္မာကို သတ်ဖြတ်ဖို့ သော့ချက် ဖြစ်လာနိုင်တယ် ၊ ဒုတိယအချက်က ပိုလွယ်ပါတယ် ၊ ဒီဆေးရုံထဲမှာ အိပ်မက်နဲ့ အစစ်အမှန်ကို ထိုးဖောက်မြင်နိုင်တဲ့ မျက်လုံးတစ်လုံးကို ဝှက်ထားတယ်။ စီတုအန်းက အဲ့ဒါရဲ့အသိအမှတ်ပြုမှု မရခဲ့ဘူးဆိုရင် မင်း အဲဒီမျက်လုံးကို မင်းခေါင်းထဲမှာ တပ်ဆင်ဖို့ ကြိုးစားသင့်တယ်”
ကောင်းမင်က လုဇန် ဘာတွေပြောနေမှန်း နားမလည်ခဲ့ချေ။ သူ့အပေါ်ရှိ အေးစိမ့်မှုများ ပိုမိုသိပ်သည်းလာသည်ကိုသာ သူခံစားနေရသည်။တွန့်လိမ်နေသည့် သရဲမျက်နှာက စုတ်ပြဲသွားသည်။သန္ဓေပြောင်းပါးစပ်ကြီးသည် ကောင်းမင်၏ တစ်ခေါင်းကို ဝါးမျိုချင်နေလေသည်။ လုဇန်က ထိုမျက်နှာအား စိုက်ကြည့်လိုက်ဖြင့် ထိုမျက်နှာသည် ကြောက်ရွံ့စွာဖြင့် လျင်မြန်စွာ ကျုံ့ဝင်သွား၏။
“မင်း ငါ့ရဲ့လောင်းကြေးကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီကနေ ထွက်သွားမယ့် နည်းလမ်းကို ငါ ပြောပြမယ်”
လုဇန်က ထိုသို့ပြောလိုက်သောအခါ ဒေါက်တာလုက မျက်မှောင်ကြုတ်သွားသည်။သူက သွေးနှင့်အသားဘုရားသခင်ရဲ့ ရုပ်တုကို သယ်ဆောင်၍ လုဇန်ဆီ လျှောက်လာခဲ့သည်။
“သူက ကိုးကွယ်ထားတဲ့ ရုပ်တုကို ဖျက်ဆီးခဲ့တာနော် ၊ခင်ဗျားက သူ့ကို လွှတ်ပေးဖို့ စီစဉ်နေတာလား”
“ရုပ်တုရဲ့ တစ်စတစ်စက သူ့မျက်လုံးထဲကို ပျံဝင်သွားခဲ့တာ ၊ သူက ရုပ်တုကို ဖျက်ဆီးခဲ့တာ မဟုတ်ဘူး၊ ဒါပေမဲ့ ရုပ်တုထဲက နတ်ဘုရားက သူ့ကို ရွေးချယ်ခဲ့တာပဲ”
လုဇန်က ပြုံးလိုက်သည်။
“မင်း ငါ့ကို သူ့ကို လွှတ်ပေးဖို့ နောက်ထပ် အကြောင်းပြချက်တစ်ခု ပေးလိုက်တာပဲ”
“ကျုပ် လောင်းကြေးကို သဘောတူတယ်”
ကောင်းမင်ဟာ အရူးအုပ်စုတစ်စုနဲ့ ဆုံမိသွားပြီလို့ ခံစားလိုက်ရသည်။ သို့သော် သူသည် သူ့နှလုံးသားထဲရှိ ကြောက်ရွံ့မှုကို မည်သို့ရှင်းပြရမှန်းမသိခဲ့ပေ။ သူ့အား အရှုပ်အထွေးဆုံးဖြစ်စေသည့် အရာမှာ ရွှံ့ရုပ်တု၏အပိုင်းအစသည် သူ့ဘယ်ဘက်မျက်လုံးထဲ ပျံဝင်သွားသော်လည်း ထိုအပိုင်းအစက မှော်ဆန်စွာ ပျောက်ကွယ်သွားပြီး သူ့ဘယ်ဘက်မျက်လုံးတွင် နာကျင်မှု တစ်စုံတစ်ရာ မခံစားရခြင်းဖြစ်သည်။
“မင်း သေသေချာချာ စဉ်းစားပြီးပြီလား ၊ မင်း လောင်းကြေးကို ချိုးဖောက်ရင် အရမ်းကြောက်စရာကောင်းတဲ့ တန်ဖိုးတစ်ခု ပေးရလိမ့်မယ်”
လုဇန်က ကောင်းမင်ကို ထပ်ပြီး အတည်ပြုမေးလိုက်သည်။
“ကောင်းပြီလေ၊ ကျုပ်လည်း အရူးတွေရဲ့ ကမ္ဘာကို မြင်ချင်ပ်သေးတယ်”
ကောင်းမင်သည် တည်ငြိမ်နေပုံရသော်လာ်း သူက ခန္ဓာဗေဒက အခန်းကို ဆန့်ကျင်နေသည်။ သူ့ခန္ဓာကိုယ်က သူ့အား ထွက်သွားရန် ပြောနေသလိုပင်။
“မင်းက ငါ ရှာတွေ့ခဲ့တဲ့ တတိယမြောက်လူပဲ ၊ မင်းတို့ထဲက တစ်ယောက်ယောက်က အပြည့်အဝ နိုးထလာနိုင်လိမ့်မယ်”
လုဇန်ရဲ့ ရုပ်ဆိုးဆိုး မျက်နှာက ရှုံ့မဲ့သွားသည်။
“အရိပ်ကမ္ဘာကနေ ထွက်သွားဖို့ဆိုရင် မင်းဟာ အစစ်အမှန်ကမ္ဘာနဲ့ အရိပ်ကမ္ဘာကြားက နယ်နိမိတ်ကို ရှာတွေ့ဖို့လိုတယ် ၊ အဲ့ဒီနယ်နိမိတ်က လမ်းတစ်လမ်း ဒါမှမဟုတ် တံခါးတစ်ချပ် ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ လီဆန်ဆေးရုံမှာတော့ အဲ့ဒါက ဆေးလုံးတစ်လုံးပဲ ၊ မင်း အဲ့ဒီဆေးကို သောက်လိုက်တာနဲ့ အစစ်အမှန်ကမ္ဘာဆီ ပြန်သွားနိုင်လိမ့်မယ်”
ကောင်းမင်က သူ့အား နားလည်မှုလွဲသွားမည်စိုးဟန်ဖြင့် လုဇန်က တိုက်ရိုက်သာ ပြောလိုက်သည်။
“ခုနှစ်လွှာကက ငါတို့ရဲ့ အတွင်းလူနာဆောင်တွေပဲ ၊ လူနာတချို့က ဆေးရုံက ဆင်းသွားတဲ့အထိ အသက်ရှင်ခဲ့ကြပေမဲ့ သူတို့က နောက်ဆုံးအခိုက်အတန့်မှာ မှားယွင်းတဲ့ ရွေးချယ်မှုလုပ်ခဲ့ကြတယ် ၊ သူတို့က သူတို့အခန်းတွေထဲမှာ ဆေးလုံးတချို့ ချန်ထားခဲ့နိုင်တယ်”
ကောင်းမင်က သံသယနဲ့ နောက်လှည့်လိုက်သည်။ သူက တံခါးကို ဖွင့်လိုက်သည်။ သူ့အာရုံသည် ဒေါက်တာလုနဲ့ လုဇန်အပေါ်တွင်သာ ရှိနေသည်။ သူသည် သူ့ရှေ့တွင် ရပ်နေသော လူနာအုပ်ကြီးကို မမြင်နိုင်ခဲ့ပေ။ဆရာဝန်နှစ်ယောက်က သူ့နောက်ကို လိုက်မလာကြောင်း ကောင်းမင်သိလိုက်နှင့် ချက်ချင်း ထွက်သွားလိုက်သည်။
“ကျုပ် နားမလည်ဘူး ၊ခင်ဗျား ဘာလို့ သူ့ကို ကူညီခဲ့တာလဲ”
ဒေါက်တာလုက ကျိုးပဲ့နေသည့် ရုပ်တုကို စားပွဲပေါ် တင်လိုက်သည်။
“ငါ ဘယ်သူ့ကိုမှ မကူညီဘူး ၊ ငါလုပ်သမျှ အရာအားလုံးက ကံကြမ္မာကို သတ်ပစ်ဖို့ပဲ ၊ စီတုအန်းဖြစ်စေ၊ ကောင်းမင်ဖြစ်စေ သူတို့က ကံကြမ္မာကို ထိုးဖောက်ဖို့ ငါ့ရဲ့ဓားသွားတွေပဲ”
လုဇန်က တစ်ခုခုကို မှတ်မိသွားတဲ့ပုံစံနဲ့ ဟောင်းနွမ်းနေသည့် မှတ်တမ်းတင်စက်များထံ လျှောက်သွားလိုက်သည်။
“ဒီဗီဒီယိုကို ဖျက်မပစ်ပါနဲ့ ၊ ကွန်ပျူတာထဲမှာ ထားခဲ့လိုက်ပါ”
“ကောင်းမင် ပြန်လာလိမ့်မယ်လို့ ခင်ဗျားထင်နေတာလား”
“သူ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်ဆိုရင်၊ သူ သေချာပေါက် ပြန်လာလိမ့်မယ်”
လုဇန်၏ မျက်လုံးများက စခရင်၏ တစ်ဘက်တွင်ရှိသော ရွှမ်ဝမ်အား ကြည့်နေပုံရလေသည်။ ရွှမ်ဝမ်က ဗီဒီယိုကို ပိတ်လိုက်သည်။ ဗီဒီယို ပြီးသွားပြီးနောက် ရွှမ်ဝမ် တုန်လှုပ်နေခဲ့သည်။ သူမခုနက ရလိုက်သည့် အချက်အလက်များသည် အလွန်ပင် ပေါက်ကွဲအားကောင်းလွန်းသည်။ယင်းကို သူမ ချေဖျက်ရန် အချိန်လိုသည်။
“ကျွန်တော်တို့ သွားသင့်ပြီ ! အဲ့ဒီအရာတွေ လာနေကြပြီ!”
ညရောက်လာသည်နှင့်အမျှ နီညိုရောင် ရေမှော်ပင်မျာားက နံရံများပေါ် ကြီးထွားလာကြသည်။ လက်သည်းများက နံရံ အစွန်းများကို ကုတ်ခြစ်နေကြသည်။ စိတ်ရောဂါဆွေးနွေးခန်းသည် ဗီဒီယိုထဲကလို ဖြစ်လာနေပြီဖြစ်သည်။
“ခဏလေး စောင့်ပါဦး”
ရွှမ်ဝမ်သည် အတွင်းခန်းထဲ ဝင်ချင်နေခြင်းဖြစ်သည်။ အဲ့ဒီအချိန်တုန်းက ကောင်းမင်နှင့် ဒေါက်တာလုတို့ အဘယ်ကြောင့် တိုက်ခိုက်ခဲ့ကြသည်ကို သူမ သိချင်နေလေသည်။
မွန်းကြပ်ဖွယ်ခြေသံများက ချဉ်းကပ်လာခဲ့ချေပြီ။ မစ္စတာယိမှာ ထွက်ပြေးရန် အသင့်ဖြစ်နေချေပြီ။ ရွှမ်ဝမ်တစ်ယောက်သာ ထွက်ပေါက်နှင့် ဝေးရာဆီသို့ ဦးတည်သွားနေခဲ့သည်။ သူမသည် အတွင်းခန်းထဲတွင် ဆေးဗီရိုတန်းများကို မြင်လိုက်ရသည်။ သို့သော် ထိုဗီရိုများထဲတွင် ဆေးဝါးများ မရှိဘဲ ရုပ်တုငယ်လေးများဖြင့် အပြည့်ဖြစ်နေသည်။
ရွှမ်ဝမ်သည် စီစွေ့အိမ်ရာမှ ကောင်းမင်၏ အတွေ့အကြုံအကြောင်းကို ကြားဖူးသည်။ ထိုအိမ်ရာမှ အဘွားအိုတစ်ဦးရဲ့ တိုက်ခန်းတွင်လည်း ရုပ်တုငယ်လေးများဖြင့် ပြည့်နေသည်ဟု ကောင်းမင် ပြောသည်ကို သူမ မှတ်မိနေခဲ့သည်။
“ဒါက အရိပ်ကမ္ဘာက မရဏနတ်ဘုရားတွေက မိဘတွေကို ရွေးချယ်တဲ့ နည်းလမ်းလား”
ရုပ်တုအားလုံးသည် ပုံမှန်အတိုင်းဖြစ်နေပုံရသည်။ ဗီဒီယိုထဲတွင် ပြထားသလို ဆိုးယုတ်သည့် ပုံမပေါ်ပါချေ။
“ငါတို့ သွားကြရမယ်!”
မစ္စတာယိက အလျင်စလို ပြောပြီး တံခါးကို ဖွင့်လိုက်သည်။ သူက လူနာများကို ဦးဆောင်၍ ပြေးထွက်သွားသည်။
ရွှမ်ဝမ်က ဗီရိုများကို စစ်ဆေးလိုက်သည်။ တစ်စုံတစ်ခုက သူမ မျက်လုံးကို ဖမ်းစားလိုက်သည်။ သူမသည် ချက်ချင်းပင် ကျိုးပဲ့နေသည့် ရုပ်တုတစ်ခုကိုမြင်လိုက်ရသည်။ယင်းသည် ရွှံ့ရုပ်တုတစ်ခု ဖြစ်သော်လည်း ၎င်း၏အရေပြားမှာ လူ့အရေပြားလိုပင် စစ်မှန်နေ၏။
“သားစားကြူးနတ်ဘုရားလား ၊ လွန်ခဲ့တဲ့နှစ်ဝက်က ကောင်းမင်ဖျက်ဆီးခဲ့တဲ့ ရုပ်တုလား!”
သူမက ရုပ်တုကို လျင်မြန်စွာ ယူ၍ သူမ၏ အိတ်ထဲ ထည့်လိုက်သည်။ သူမ ဆွေးနွေးခန်းကနေ ထွက်ခွာလိုက်သည်။အမည်မသိတည်ရှိမှုတစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့ထားလေသည်။ နံရံများနှင့် မျက်နှာကြက်များ ပြောင်းလဲသွားခဲ့သည်။ သူတို့ လာရာလမ်းအတိုင်း ပြန်သွား၍ မရတော့ပေ။
“ခုနှစ်လွှာကို သွား! ဒီဆေးရုံကနေ ဘယ်လို ထွက်ရမလဲ ကျွန်မသိတယ်!”
သွေးစွန်းကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ရွှမ်ဝမ်သည် ထိုဆေးရုံတွင် အလုပ်လုပ်သည့် ဆရာဝန်တစ်ဦးနှင့် တူနေ၏။
ဆုမိုနှင့် လူနာများသည် စဉ်းစားနေရန် အချိန်မရပေ။ သူတို့က ရွှမ်ဝမ်နောက် လိုက်သွားကြသည်။ လမ်းတစ်လျှောက်မှာတွင် သန္ဓေပြောင်းနေသည့်ဆေးရုံကြီးကို သူတို့၏ မျက်စိရှေ့မှာတင် မြင်တွေ့နေရသည်။
ဓာတ်လှေကားခန်းများက ဟောင်းလောင်းပွင့်နေလေသည်။အရိပ်များထဲမှ လက်များ ဆန့်ထွက်နေကြသည်။ အမျိုးမျိုးသော လူနာများစွာက ဆေးရုံခန်းတံခါးများကို တိုက်ခိုက်နေကြလေသည်။