တိုက်
Vol. 17 Ch. 251
ဟန်ဟိုင်မြို့သည် မြေပုံပေါ်တွင် မရှိခဲ့သော်လည်း ရွှမ်ဝမ်သည် ဟန်ဟိုင်းတွင် နေထိုင်ခြင်းဖြစ်သည်။ မြို့ထဲရှိ သူမ၏ သူငယ်ချင်းများ၊ ဘဝနှင့် စိတ်ခံစားမှုများမှာ အစစ်အမှန်ဖြစ်သည်။ အရိပ်ကမ္ဘာက သူမအား ပေးခဲ့သည့် မှတ်ဉာဏ်ရော၊ သူမ၏ ကိုယ်ပိုင်အတွေ့အကြုံပါ ဟန်ဟိုင်းနှင့် သက်ဆိုင်ပေသည်။ သို့သော် တစ်စုံတစ်ခုက သူမအား အရာအားလုံးသည် အတုအယောင်ဖြစ်သည်ဟု ပြောပြရန် ကြိုးစားနေခဲ့သည်။
“ဘာလို့ ဒီမြေပုံပေါ်မှာ ဟန်ဟိုင်း မပါတာလဲ”
သွေးမရှိသော လက်ချောင်းသွယ်လေးများသည် ဟန်ဟိုင်း ရှိသင့်သည့်နေရာကို ထိမိလိုက်သည်။ လီစန်းဆေးရုံသည် နေမကောင်းသူများ၏ အိမ်ဖြစ်သည်။ မြေပုံအား အရူးတချို့က ဆွဲခဲ့ခြင်း ဖြစ်နိုင်သည်။
“ဘယ်ဘက်က အစစ်အမှန်လဲ ၊ ဘယ်ဘက်က အတုအယောင်လဲ”
“ငါတို့က ငါတို့မနိုးထနိုင်တဲ့ အိပ်မက်ဆိုးထဲမှာ နေထိုင်နေခဲ့ကြတာလား”
“ဟန်ဟိုင်းက တကယ်မရှိဘူးဆိုရင် ငါတို့က ဒီမြို့မှာ ဘယ်လိုတည်ရှိနိုင်မှာလဲ”
လုဇန်က ဒီမြို့ထဲရှိ လူတိုင်းကို ကံကြမ္မာက ထိန်းချုပ်ထားပြီး လူတိုင်းသည် ကံကြမ္မာ၏ ဇာတ်ညွှန်းအတိုင်း ရှင်သန်ပြီး သေဆုံးကြသည်ဟု ပြောခဲ့သည်။ သို့သော်လည်း လူအနည်းငယ်သည် ကံကြမ္မာ၏ ဂယ်ပေါက်များ ဖြစ်လာခဲ့ကြသည်။ လီစန်းဆေးရုံအား ထိုဂယ်ပေါက်များကို ရှာဖွေရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုနေရာရှိ လူနာတစ်ဦးစီတိုင်းသည် ကံကြမ္မာ၏ ဂယ်ပေါက်များ ဖြစ်နိုင်သည်။ သူတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်းများသည် ကံကြမ္မာ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ကြောင်း သက်သေပြချက်များ ဖြစ်သည်။
“ဒီမြေပုံကို ငါနဲ့အတူ ယူသွားဖို့ နည်းလမ်းရှာရမယ်”
ရွှမ်ဝမ်သည် ဆေးရုံဆောင်ပိုင်ရှင်ကို ရှာမတွေ့ခဲ့။ ထိုသူသည် တစ်ခုခုကို ကြိုတင်ခန့်မှန်းမိပြီး အိပ်မက်ဆိုးထဲမှ ပျောက်ကွယ်သွားခဲ့ပုံရသည်။ ရွှမ်ဝမ်က မြေပုံကို နံရံမှ ဆွဲဖြုတ်လိုက်သည်။ မြေပုံနောက်ကျောတွင် ရှုပ်ထွေးသော နတ်ဘုရားပုံစံကွက်တစ်ခုကို သူမ တွေ့လိုက်ရသည်။ မျဉ်းကြောင်းတိုင်းသည် ကံကြမ္မာက အမှတ်အသားပြုထားသကဲ့သို့ ဖြစ်နေသည်။ ပြီးပြည့်စုံသော မျဉ်းကြောင်းများသည် သွေးနီရောင်မြို့တစ်မြို့ကို ဖန်တီးရန် တစ်ခုနှင့်တစ်ခု ရောယှက်နေကြသည်။ ထိုမြို့ထဲတွင် အလွန်လှပသည့် အဆောက်အအုံများစွာ ရှိသည်။ အဆောက်အအုံတိုင်း၏ တံခါးများနှင့် အဆောက်အအုံများသည် ပွင့်ဟနေသည်။ မည်သူမဆို ၎င်းတို့ထဲသို့ ဝင်ရောက်နိုင်ပေသည်။
“ငါ မသိတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို ရှာတွေ့လိုက်သလို ခံစားရတယ်။ ဒီမြို့က အဆုံးသတ်လား၊ ဒါမှမဟုတ် အစမှတ်လား ၊ ဒါက ဘာလို့ ဖော်မြူလာအားလုံးရဲ့ ဗဟိုဖြစ်နေတာလဲ”
ရွှမ်ဝမ်က မြေပုံကို သူမ၏အိတ်ထဲသို့ ထည့်လိုက်သည်။ မြေပုံ ဖုံးအုပ်ထားသည့် နံရံပေါ်တွင် သဲသဲကွဲကွဲ မမြင်ရသော အက်ကွဲကြောင်းတစ်ခုကို ရွှမ်ဝမ် တွေ့လိုက်သည်။ သူမသည် လက်ချောင်းများကို အက်ကွဲကြောင်းထဲသို့ ထိုးထည့်လိုက်ရာ အက်ကွဲကြောင်းက ပိုကျယ်လာလေသည်။ ဆေးလုံးများ ပြုတ်ကျလာသည်။ဆေးလုံးများမှာ အမျိုးအစားများစွာ ရှိသည်။
“အခန်း ၇၀၀၃ က လူနာက ဆေးရုံကို လှည့်စားနေခဲ့တာလား ၊ သူက ဆေးလုံးတွေကို မသောက်ဘဲ ထွက်ပြေးမသွားခင် ဝှက်ထားခဲ့တာပဲ…”
ရွှမ်ဝမ်က ပုလင်းအလွတ်တစ်လုံးကို ထုတ်ယူပြီး ဆေးလုံးများကို ထိုထဲသို့ ထည့်လိုက်သည်။ သူမ အခန်း ၇၀၀၃ မှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ပြတင်းပေါက်အပြင်ဘက်တွင် တစ်စုံတစ်ခု လင်းလက်သွားသည်ကို မြင်လိုက်ရသည်။ ရွှမ်ဝမ်သည် မသိစိတ်ဖြင့် ပြတင်းပေါက်ဆီသို့ ရွေ့လျားသွားသည်။ ရွှမ်ဝမ်က လီစန်းဆေးရုံ၏ အရှေ့ဘက်အဆောက်အအုံ၏ ပထမထပ်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ အကြည့်အား အလင်းရောင်များကြား လှည့်လည်လိုက်သည်။ သူမသည် မှုန်ဝါးဝါး ပုံသဏ္ဌာန်တစ်ခုကို ဖမ်းမိလိုက်သည်။ ထိုသူသည် သူမ ပြုလုပ်ထားသော မျက်နှာဖုံးကို ဝတ်ဆင်ထားပုံရသည်။
“သူ ရောက်နေပြီလား”
………………………………………………………….
ကောင်းမင်သည် တစ်စုံတစ်ယောက်၏ အကြည့်က သူ့အပေါ် ကျရောက်နေသည်ကို ခံစားလိုက်ရသည်။ သူက ဆေးရုံပြတင်းပေါက်ဆီ လှည့်ကြည့်လိုက်သည်။ အရိပ်က ပျံ့နှံ့သွား၏။ အပြင်ဘက်တွင် ထူထဲလှသော အမှောင်ထုသာ ကျန်ရှိနေတော့သည်။ ကောင်းမင်က သူ့ ဖုန်းအသစ်ကို ထုတ်လိုက်သည်။ သူက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ရွှမ်ဝမ်နှင့် အဆက်အသွယ် ပြတ်တောက်သွားသည်မှာ မိနစ်လေးဆယ်ခန့် ရှိပြီဖြစ်သည်။
“လီစန်းဆေးရုံက မင်းကြုံခဲ့ဖူးတဲ့ မူမမှန်ဖြစ်ရပ်တွေအားလုံးနဲ့ မတူဘူး ၊ ဒီနေရာက မြို့တော်ရဲ့ လျှို့ဝှက်ချက်နဲ့ စီတုအန်း ချန်ထားခဲ့တဲ့ ရတနာကို ဝှက်ထားတာ ၊ ဒါဟာ ကံကြမ္မာရဲ့ ထိန်းချုပ်မှုပြင်ပက နေရာတစ်ခုပဲ ၊ ဟန်ဟိုင်းနဲ့ မတူညီတဲ့ စည်းမျဉ်းတွေကို မင်းမြင်ရလိမ့်မယ် ၊ မင်း မသတိထားဘူးဆိုရင် ဒီမှာ ထာဝရ ပိတ်မိသွားလိမ့်မယ်”
ရှရန်က ကောင်းမင်အား တိုးတိုးလေး ပြောလိုက်သည်။
“ခင်ဗျား ဘာကို ဆိုလိုတာလဲ”
“ဒီနေရာက အရမ်းအန္တရာယ်များတယ် ၊မင်းအတွက် စီတုအန်းနဲ့ ငါ့ကို ဘာလို့ ဒီနေရာကို မစူးစမ်းခိုင်းတာလဲ ၊ နောက်ဆုံး ဒါက သူ့အိမ်ပဲလေ”
ရှရန်သည် ကောင်းမင်၏ နှလုံးထဲ ရောက်လာကတည်းက သူ့ ညှဉ်းပန်းနှိပ်စက်ခန်းမှ လွတ်လပ်စွာ မထွက်သွားနိုင်ခဲ့ပေ။
“မင်း စီတုအန်းကို မယုံဘူးဆိုရင်တောင် မင်းရဲ့ ဖိအားတွေကို ငါ ဝေမျှပေးနိုင်ပါတယ်”
ဆေးရုံ စပီကာများမှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာသည်။ ထို့နောက် ထိုလူက အနည်းငယ် ချောင်းဆိုးလိုက်သည်။ မရင်းနှီးသော အသံတစ်သံက ညအချိန်ကို ဖြတ်ကျော်ဝင်လာ၏။
“ခြောက်ခြားဂိမ်းကစားသမားအားလုံး သတိပြုပါ! ကျုပ်တို့ကို လိုက်လံရှာဖွေနေတဲ့ စုံစမ်းစစ်ဆေးရေးဌာနက လုံခြုံရေးအဖွဲ့ဝင်တွေ ရှိတယ် ၊ ဖြစ်ရပ်အကြောင်း သတင်းအချက်အလက်တွေ ပေါက်ကြားသွားပြီ! ထွက်ပြေးကြပါ ပြန်မလာကြပါနဲ့!”
ထို ကြေညာချက်ကို သုံးကြိမ်တိတိ ထပ်ခါတလဲလဲ ထုတ်လွှင့်ပြီးနောက်၊ ၎င်းသည် စိတ်ဝိညာဉ်ကို ထိုးဖောက်မည့် အော်ဟစ်သံ ဖြစ်သွားသည်။ ကြေညာခန်းထဲသို့ ပြေးဝင်ပြီး တခြားသူများကို သတိပေးခဲ့သော ခြောက်ခြားဂိမ်းကစားသမားသည် အမဲလိုက်ခံနေခြင်း ဖြစ်သည်။
“ဒီည ဆေးရုံမှာ လူတွေ အတော်လေး စည်ကားနေတာပဲ”
အရှေ့ဘက်အဆောက်အအုံ၏ ဧည့်ခန်းထောင့်တွင် ဘောလုံးတစ်လုံး ကန်ထုတ်ခံလိုက်ရသည်။ ဆံပင်များက ဒဏ်ရာနှင့် ကပ်ညှိနေ၏။ ၎င်းမှာ လူးလိမ့်သွားပြီးနောက် သွေးတန်းရှည်ကြီး ချန်ထားခဲ့သည်။
အနက်ရောင် သားရေဖိနပ်များသည် အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။ သွေးများသည် ဖိနပ်ပေါ်မှ တစက်စက် ကျနေသည်။ ပူနွေးနေသော သွေးများတွင် အေးစက်သော ယူနီဖောင်းကို ရောင်ပြန်ဟပ်နေစေသည်။ လူ့ဦးခေါင်းဘေးတွင် ရပ်နေသော လုံခြုံရေးအဖွဲ့ဝင်၏ အမူအရာမဲ့မျက်နှာသည် လူ့ဦးခေါင်းပေါ်က ကြောက်ရွံ့သောအမူအရာနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။
သွေးရောင်ဆက်သွယ်ရေးစက်က တုန်ခါသွားသည်။ လုံခြုံရေးအဖွဲ့ဝင်၏ အကြည့်က ခက်ထန်သွားသည်။ သွေးရောင်ဆက်သွယ်ရေးသည် သတ်မှတ်ထားသော ခြောက်ခြားဂိမ်း ဂိမ်းကစားသူများကို တွေ့ရှိမှသာ တုန်ခါတတ်သည်။မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနမှ ပေးပို့လာသော ပုံရိပ်များအပေါ် အခြေခံ၍ လုံခြုံရေးအဖွဲ့ဝင်က သူ့ရှေ့မှ ခြောက်ခြားဂိမ်းကစားသမား၏ အချက်အလက်ကို အတည်ပြုလိုက်သည်။ သူသည် ဌာနကို ဆန့်ကျင်ရန် လူအုပ်ကြီးကို လှုံ့ဆော်ခဲ့သော အခန်း၁၃အဖွဲ့ဝင် ချင်ကျွင်းရန် ဖြစ်သည်။
လက်ချောင်းများ အက်ကွဲသွားသည်။ လက်ချောင်းပတ်လည်ရှိ တက်တူးများက ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ တွားဝင်သွား၏။ လုံခြုံရေးအဖွဲ့ဝင်သည် သူ၏ ယူနီဖောင်း၏ ထိပ်ဆုံးကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်။ သူသည် ဆံပင်ရှည်များဖြင့် ချည်နှောင်ထားသော ဓားသွားတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဆံပင်များသည် လုံခြုံရေးအဖွဲ့ဝင်၏ လက်မောင်းပတ်လည်တွင် သဘာဝအတိုင်း ကွေးညွတ်နေကြသည်။ သူက လက်မောင်းကို မြှောက်လိုက်သည်။သူသည် ကောင်းမင်အား ဓားသွားဖြင့် ချိန်ရွယ်လိုက်လေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက အသက်ဝင်လာခဲ့သည်။ ဆံပင်ရှည်အမျိုးသမီးတစ်ဦးသည် ထိုလူ၏ အင်္ကျီကော်လံမှ မြွေကဲ့သို့ တွားထွက်လာခဲ့သည်။ သူမက သူ့ခန္ဓာကိုယ်နှင့် လည်ပင်းပတ်လည်တွင် ကွေးကောက်နေလေသည်။
“သူတို့က သရဲတွေကို သူတို့ ခန္ဓာကိုယ်ထဲမှာ အမှတ်အသား ထိုးထားတာလား ၊ဒါက အနီရောင်တစ္ဆတွေပေါ်မှာ ဆေးချယ်တဲ့ ငါ့နည်းလမ်းနဲ့ ဆင်တူတယ်”
ရှရန်က သူ့ မေးစေ့ကို ကုတ်လိုက်သည်။
“လူ့ခန္ဓာကိုယ်က ကင်းဗတ်စနဲ့ ဆေးသားပဲ ၊ သရဲကတော့ ငါ့ရဲ့ အနုပညာလက်ရာပေါ့”
ကောင်းမင်တွင် ရှရန်၏ စကားများကို နားထောင်ရန် အချိန်မရှိခဲ့ပေ။ ကောင်းမင်နှင့် ရွှမ်ဝမ်တို့သည် အထူးဆက်သွယ်ရေး နည်းလမ်းရှိကြသည်။ သို့သော် ဆက်သွယ်ရေး နည်းလမ်းအားလုံး ပြတ်တောက်သွားပြီ ဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တည်နေရာကို မသိနိုင်တော့ချေ။
“ကောင်းကင်က မှောင်လာနေပြီ ၊မူမမှန်ဖြစ်ရပ်တွေက တဖြည်းဖြည်းချင်း ပေါ်ပေါက်လာနေပြီ ၊ ဆက်သွယ်ရေး ပြတ်တောက်တာက ထူးခြားတဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် လူသားတွေရဲ့ လုပ်ရပ်ကြောင့် ဖြစ်နိုင်တယ်”
ရွှမ်ဝမ်သည် ကောင်းမင်၏ သေဆုံးခြင်း မှတ်ဉာဏ်များတွင် အကြိမ်များစွာ ပေါ်ပေါက်ခဲ့သည်။ သူမသည် အမြဲတမ်းပင် ကောင်းမင်ထက် အရင်သေဆုံးခဲ့ပြီး တစ်ကြိမ်ထက်မက သူ့ကို ကယ်တင်ခဲ့သည်။
“သူ ဘာမှ မမှတ်မိနိုင်ရင်တောင် အရာအားလုံးကို ငါမှတ်မိနေတယ်”
ကောင်းမင်သည် သူ့လက်သီးဗလာဖြင့် ရှေ့သို့ တိုးဝင်သွား၏။ သူ၏ အရူးအမူး ခုန်ပေါက်နေသော နှလုံးသားသည် မီးတောက်နေသော ဘောလုံးတစ်ခုကဲ့သို့ ဖြစ်နေသည်။
အနက်ရောင် ဆံပင်များက လက်မောင်းပတ်လည်တွင် ကွေးညွတ်နေသည်။ လုံခြုံရေးအဖွဲ့ဝင်သည် အေးစက်မှုကြောင့် တုန်ယင်သွားသည်။ သူက ဓားဖြင့် ကောင်းမင်၏ နှလုံးကို ချိန်ရွယ်လိုက်သည်။ သို့သော် သူ ဓားသွားကို မရွှေ့လျားမီ ဧရာမသွေးအရိပ်ကြီးတစ်ခုက သူ့အား ဖုံးအုပ်လိုက်လေသည်။ ဧရာမသွေးလက်ကြီးက သူ့မျက်နှာကို ဆုပ်ကိုင်၍ ကြမ်းပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။
နောက်ထပ် သွေးလက်တစ်ဖက်က ဆံပင်ရှည်သရဲမ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။ သရဲမ၏ အော်ဟစ်သံသည် ဧည့်ခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ဧရာမလက်ကြီးများသည် ဆံပင်ရှည်သရဲမနှင့် လုံခြုံရေးအဖွဲ့ဝင်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်လေသည်။