← Chapters

လမ်းကြောင်း၏အဆုံးသတ်

Vol. 17 Ch. 255

လမ်းကြောင်း၏အဆုံးသတ်

Vol. 17 Ch. 255

ဆေးရုံကော်ရစ်ဒါလမ်းများက အဆုံးမရှိသလို ပျောက်ဆုံးနေသူ ရှာဖွေရေး အသံလွှင့်မှုကလည်း ကောင်းမင်၏ စိတ်ကို ရှုပ်ထွေးစေသည်။ 'ဆေးရုံမှာ လူတစ်ယောက် ပျောက်ဆုံးနေတာလား’

(၇၀⁠၀၃) လူနာဆောင် တံခါးပေါ်ရှိ မှန်ချပ်သည် ကောင်းမင်၏ မျက်နှာကို ရောင်ပြန်ဟပ်နေပြီး နှစ်ခုစလုံး တစ်ချိန်တည်းမှာပင် အကြည့်ချင်းဆုံသွားကြသည်။ ကောင်းမင်က တံခါးကို တွန်းဖွင့်လိုက်သည်။ နံရံအား ဘောပင်ထိပ်ဖျားဖြင့် ခြစ်နေသည့် အသံကို သူ ကြားလိုက်ရသည်။ မျက်မှန်တပ်ထားသော လူငယ်တစ်ဦးသည် အာရုံစူးစိုက်မှု အပြည့်ဖြင့် နံရံဘေးတွင် မတ်တပ်ရပ်လျက် တစ်ခုခုကို တွက်ချက်နေပုံရသည်။ သူသည် အလွန်ပိန်လှီနေသော်လည်း ခန္ဓာကိုယ် အောက်ပိုင်းသည် ကုတင်ဖြင့် ချည်နှောင်ခံထားရသောကြောင့် ဝေးဝေးသို့ မရွေ့နိုင်ပေ။ လက်ကောက်ဝတ်တွင် သံကြိုးများရှိပြီး သူ့လည်ပင်းတွင် ကြိုးဖြင့် ချည်နှောင်ခံထားရသည်။ သူ့လူနာဝတ်စုံတွင် သွေးရောင် အန္တရာယ်သင်္ကေတတစ်ခု ရှိနေလေသည်။

လူငယ်က အခန်းထဲသို့ လူတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။ သူက ကောင်းမင်ကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး သူ့ကိုယ်သူ မေးသလိုဖြင့် ကောင်းမင်ကိုပါ မေးလိုက်သည်။

“ဆရာဝန်လား၊ လူနာလား၊ ဒါမှမဟုတ် ပိုက်ကွန်ထဲ ရောက်လာတဲ့ ငါးတစ်ကောင်လား”

ထိုလူနာအား တင်းကျပ်သည့် စောင့်ကြည့်မှုများအောက်တွင် ထားရှိသော်လည်း သူသည် ဖျားနာနေသူနှင့် မတူပေ။ လျင်မြန်စွာ အကဲခတ်လိုက်ပြီးနောက် ကောင်းမင်က သူ၏ မှိန်ပြပြ အရိပ်နောက်သို့ လိုက်၍ အခန်းထဲသို့ ဝင်ရောက်လိုက်သည်။

“နံရံပေါ်က ဘာကိုမှ မထိနဲ့၊ ကြမ်းပြင်က စာလုံးတွေကိုလည်း မနင်းမိစေနဲ့”

လူငယ်၏ ဘောပင်မှာ မှင်ကုန်နေပြီဖြစ်၍ ချွန်ထက်သော အဖျားဖြင့်သာ ထူးဆန်းသော သင်္ကေတများကို နံရံတွင် ထွင်းထုနေလေသည်။

“မင်း ဘာတွေ တွက်ချက်နေတာလဲ”

“ဒီအိမ်မက်က အရမ်းအတုအယောင်ဆန်တယ်၊ အဓိပ္ပာယ်မရှိတဲ့ အိမ်မက်တစ်ခုလိုပဲ ၊ ငါ ဘယ်လို နိုးထရမလဲဆိုတဲ့ နည်းလမ်းကို တွက်ချက်နေတာ”

လူငယ်က ခေါင်းလှည့်မကြည့်ဘဲ ပြောသည်။

“ငါ ပြောရင်လည်း မင်း ယုံမှာမဟုတ်ဘူး ၊ မင်း နားလည်နိုင်မှာလည်း မဟုတ်ဘူး”

ကုတင်အနားရှိ နံရံများတွင် သင်္ကေတများ၊ စာလုံးများဖြင့် ပြည့်နေသည်။ ကောင်းမင်က ၎င်းတို့အား နားမလည်ပေ။ သို့သော် သူသည်လည်း အိပ်မက်ထဲတွင် ပိတ်မိနေသည်ဟု ခံစားရသည်။

“ဒါဆို မင်း ဘာအဖြေရပြီးပြီလဲ၊ ငါလည်း အမြန်ဆုံး နိုးထဖို့ လိုနေတယ်”

ကောင်းမင်၏ လေသံက ပြောင်လှောင်ခြင်းမရှိဘဲ အလေးအနက်ရှိနေသည်။

ကောင်းမင်၏ သဘောတူညီမှုကို ကြားလိုက်ရသောအခါ လူငယ်က ခေတ္တရပ်သွားသည်။

“ဒီအိမ်မက်က ငါတို့ရဲ့ ခန္ဓာကိုယ်နဲ့ အသိစိတ်တွေကို ထိန်းချုပ်မှု ဆုံးရှုံးစေခဲ့ပြီ ၊ နိုးထဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး ၊ ငါတို့ အခုလုပ်သမျှ အရာအားလုံးဟာ ဖန်ဆင်းရှင်ရဲ့ တွက်ချက်မှုထဲမှာပဲ ရှိနေတယ် ၊ နိုးထနိုင်ဖို့ဆိုရင် ဖန်ဆင်းရှင်ရဲ့ လစ်ဟာချက်တွေကို သုံးဖက်ချွန် နည်းလမ်းနဲ့ ရှာဖွေရမယ်”

“ငါက လစ်ဟာချက် ဖြစ်ချင်ဖြစ်နေလိမ့်မယ်”

ကောင်းမင်သည် ဘတ်စ်ကားပေါ်တွင် အကြိမ်ကြိမ် သေဆုံးခဲ့ဖူးသည်။ သူသည် ကံကြမ္မာက မမြင်နိုင်သော မျက်ကွယ်နေရာတွင် ရှိနေခြင်းဖြစ်သည်။

“တကယ်တော့ ငါက နှစ်ဝက်အကျော်ကနေ ရောက်လာတာ ၊ အခုလက်ရှိ ငါ မဟုတ်ဘူး”

“အိုး”

လူငယ်က ဖြည်းဖြည်းချင်း လှည့်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းမင် စိတ်ရောဂါ ရှိ၊ မရှိကို သူအတည်ပြုချင်ပုံရသည်။

“မင်းက နှစ်ဝက်အကြာ အနာဂတ်ကနေ ရောက်လာတာလား”

“ဟုတ်တယ်”

“ဒါဆို မင်းရဲ့ လက်ရှိ ခန္ဓာကိုယ်က အခု ဘာလုပ်နေလဲ”

လူငယ်က သိချင်စိတ် ပြင်းပြနေသည်။

“သူက ဒီမှာပဲ ရှိနေတယ်”

ကောင်းမင်က ကြမ်းပြင် ကြွေပြားပေါ်ရှိ သူ၏ ရောင်ပြန်ဟပ်မှုကို လက်ညှိုးထိုးပြသည်။ ကောင်းမင်နှစ်ယောက်သည် ကွဲပြားနေသည်။

လူငယ်က ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိသွားသကဲ့သို့ ကြမ်းပြင်ပေါ် ဒူးထောက်ကာ နီးနီးကပ်ကပ် ကြည့်ရှုလိုက်သည်။ သူက ကောင်းမင်ကို မေးခွန်းအနည်းငယ် မေးမြန်းလိုက်ရာ ကောင်းမင်၏ အဖြေသည် သူ အနာဂတ်အတွက် ကြိုတင်ခန့်မှန်းထားသည့်အရာများနှင့် ကိုက်ညီနေသည်ကို သဘောပေါက်သွားသည်။

“ဒီဆေးရုံက ထူးခြားတဲ့ လူနာတွေကို စုဆောင်းနေတယ်ဆိုတာ ငါ သိတယ် ၊ ငါက သုတေသန လုပ်ဖို့အတွက် ငါ့ဆန္ဒအလျောက် ရောက်လာခဲ့တာ ၊ ငါ တကယ်ပဲ တစ်ခုခုကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

လူငယ်က ကောင်းမင်အား စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်သည်။

“ငါ နာမည်တွေအများကြီးကို သုံးခဲ့ဖူးတယ် ၊ ဒါပေမဲ့ ငါ့လူနာ မှတ်တမ်းမှာ ရှိတဲ့ လက်ရှိနာမည်က…”

ထိုသူက စာရွက်စာတမ်းကို ထုတ်ယူလိုက်သော်လည်း နာမည်နေရာတွင် မေးခွန်း သင်္ကေတတစ်ခုသာ ကျန်နေခဲ့သည်။

“မင်း ငါ့ကို မေးခွန်း (Question) လို့ ခေါ်နိုင်မယ် ထင်တယ်”

“ဘယ်လောက် ကောင်းလိုက်တဲ့ နာမည်လဲ”

ကောင်းမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“မင်းရဲ့ တွက်ချက်မှုမှာ ငါ ပူးပေါင်းဆောင်ရွက်နိုင်တယ်၊ ဒါပေမဲ့ ငါ အမြန်ဆုံး နိုးထဖို့ လိုနေတယ်”

“မင်းက နှစ်ဝက်အကြာကနေ လာတာဆိုတော့ စိုးရိမ်စရာ မလိုပါဘူး ၊ မင်း အခု သေသွားရင်တောင် ခြောက်လအကြာမှာ မင်း ရှိနေမှာ မဟုတ်ဘူးလေ ၊အဲဒါက မချိုးဖောက်နိုင်တဲ့ အမှန်တရားပဲ”

လူငယ်က ဘောပင်ကို ကိုင်ထားသည်။

“ပုံမှန်အားဖြင့် ငါတို့ အိပ်မက်မက်တဲ့အခါ၊ မြင့်တဲ့နေရာက ပြုတ်ကျတာ ဒါမှမဟုတ် သေခြင်းတရားနား နီးကပ်လာတာမျိုးဆိုရင် နိုးသွားတတ်တယ်”

“မင်းက ငါ့ကို သေစေချင်တာလား”

“ဒါက အဓိက သော့ချက်ပဲ ၊ ဒီအိမ်မက်ကို ဖန်တီးတဲ့သူက မင်းကို မသေနိုင်တဲ့ ကံကြမ္မာကို ပေးအပ်ထားပြီးပြီ ၊ မင်းဟာ အနည်းဆုံးတော့ နောက်ထပ် ခြောက်လကြာအောင် ရှင်သန်ခဲ့တယ် ၊ မင်း သေသွားမယ်ဆိုရင် ကံကြမ္မာရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားလိမ့်မယ် ၊ မသေဘူးဆိုရင်လည်း မင်း ဘာစိုးရိမ်စရာ ရှိဦးမှာလဲ”

မေးခွန်း (Question) က ကုတင်ဆီသို့ ပြန်လျှောက်သွားလိုက်သည်။

“ဒီ ခုနစ်လွှာမှာ လူနာအမျိုးမျိုး ရှိတယ် ၊ လူနာအသစ်တွေ နေ့တိုင်း ရောက်လာပေမဲ့ ဘယ်သူမှ ပြန်မထွက်သွားဘူး ၊ နောက်ဆုံးတော့ လူနာအားလုံးကို ကော်ရစ်ဒါလမ်း အဆုံးဆီ ဆွဲခေါ်သွားကြတာပဲ”

သူက ခါးကိုင်း၍ မွေ့ယာအောက်မှ လက်ဆွဲမြေပုံတစ်ခုကို ထုတ်လိုက်သည်။

“ အိပ်မက်ကနေ ဘယ်လိုနိုးထရမလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ ဆေးရုံကနေ ထွက်ဖို့အတွက် ဆေးလုံးတစ်မျိုး လိုတယ်လို့ ဆရာဝန်ပြောတာကို ငါ ကြားခဲ့ရတယ်။ အဲဒီဆေးလုံးက ကော်ရစ်ဒါလမ်းဆုံးက အခန်းထဲမှာ ဝှက်ထားတာ ၊ မင်းသာ အဲဒီဆေးလုံးတွေကို ငါတို့အတွက် ယူလာပေးနိုင်ရင် မင်း နိုးထနိုင်ဖို့ ငါ့ဘဝတစ်ခုလုံးကို ပေးအပ်ပြီး ကူညီမယ်လို့ သစ္စာဆိုပါတယ်”

လူငယ်က ဆေးရုံကနေ ထွက်ခွာချင်နေခြင်းဖြစ်သည်။ ယင်းက သူ့ ပန်းတိုင်ဖြစ်သည်။ ကောင်းမင် တုံ့ဆိုင်းနေ၏။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုလူနှင့် ခုမှ ဆုံဖူးခြင်းဖြစ်သည်။ ဆယ်စက္ကန့်ကြာသော်လည်း ကောင်းမင် ဆုံးဖြတ်ချက် မချနိုင်သေးပေ။သို့သော်လည်း သူ အရိပ်ကမူ ကော်ရစ်ဒါလမ်းမကြီးထဲသို့ စတင် လျှောက်လှမ်းနေပြီဖြစ်သည်။ သူ၏ အတိတ်ဗားရှင်းသည် တစ်ပတ် စမ်းကြည့်ချင်ခဲ့ပုံရသောကြောင့် သူလည်း လိုက်ပါသွားရတော့သည်။

“လွန်ခဲ့တဲ့ နှစ်ဝက်က ငါဟာ လူသာမန်တစ်ယောက်ပဲ ၊ ကော်ရစ်ဒါစလမ်းဆုံးက အခန်းက လူနာဆောင် ၇၀⁠၀၃ က လူနာပြောသလို အန္တရာယ်များတယ်ဆိုရင် ငါ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

ကောင်းမင်သည် မူမမှန်ဖြစ်ရပ်များ မည်မျှ ကြောက်စရာကောင်းသည်ကို သိပေသည်။ လီစန်းဆေးရုံ၏ အန္တရာယ် အဆင့်သတ်မှတ်ချက်သည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းထက်ပင် ပို မြင့်မားသည်။ စပီကာများက ပျောက်ဆုံးသူ ရှာဖွေရေးကို ဆက်လက် အသံလွှင့်နေဆဲ ဖြစ်သည်။ ကောင်းမင်နှင့် သူ၏ အရိပ်သည် နှေးကွေးသောခြေလှမ်းများဖြင့် အမှောင်ထုထဲသို့ ဝင်ရောက်သွားခဲ့သည်။

“နှစ်ဝက်အကြာတုန်းကလည်း ငါက အခန်း ၇၀⁠၀၃ က လူနာနဲ့ စကားပြောခဲ့တာဖြစ်ရမယ်၊ သူ ငါ့ကို ယုံကြည်အောင် ဘယ်လိုများ လုပ်ခဲ့တာလဲ”

လက်ရှိ အခြေအနေက အရေးမကြီးပေ။ အရေးကြီးသည်က နှစ်ဝက်အကြာက ကောင်းမင် ချခဲ့သော ဆုံးဖြတ်ချက်ဖြစ်သည်။မကောင်းဆိုးဝါးတစ်ကောင်မှ မတွေ့ရသော်လည်း သားစားကြူးနတ်ဘုရားက ဆက်လက်အော်ဟစ်နေလေသည်။ လက်ရှစ်ချောင်းသည် ညှဉ်းပန်းနှိပ်စက်ခန်းထဲမှ သံကြိုးများကို ဆောင့်ဆွဲနေ၏။ စီတုအန်းနှင့် အနီရောင်မိုးကာဝတ်အမျိုးသမီးတို့လည်း စိတ်မအေးနိုင်ကြပေ။

“ကုန်းစီ ဒီလောက် စိတ်လှုပ်ရှားနေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး ၊ ဒါက အန္တရာယ် လက္ခဏာတော့ မဟုတ်ဘူး”

ကော်ရစ်ဒါလမ်းမကြီး တစ်လျှောက်ရှိ လူနာဆောင်များမှ လူနာများသည် ကောင်းမင်၏ ခြေသံများကြောင့် နိုးလာကြသည်။ သူတို့သည် ပြတင်းပေါက်များကို မှီ၍ ကောင်းမင်ကို စိုက်ကြည့်နေကြသည်။

ကောင်းမင်က အသက်ကို အောင့်ထားပြီး ကော်ရစ်ဒါလမ်းတစ်လျှောက် ပြေးလွှားလိုက်သည်။ သူ့ ရှေ့တွင် လူတစ်ဦးကို မြင်လိုက်ရသည်။ ထိုလူက ဆေးရုံ၏ အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့အား လမ်းပြနေပုံရသည်။ သော့က သော့ခလောက်ထဲသို့ ဝင်သွားသည်။ ဂီယာများ လည်ပတ်သွားသည်။ လက်များက လူနာဆောင်ပြတင်းပေါက်များမှတစ်ဆင့် ဆန့်ထွက်လာကြသည်။

“ဆရာဝန်က သော့ခတ်ထားတဲ့ တံခါးတွေကို ဖွင့်လိုက်တာလား”

ကော်ရစ်ဒါလမ်းဆုံးနှင့် နီးလေလေ၊ အတွင်းရှိ လူနာများသည် ပိုမို အန္တရာယ်များလေလေ ဖြစ်သည်။ ဆရာဝန်သည် ကောင်းမင်ကို ကြိုဆိုရန်အတွက် လူနာအားလုံးကို လွှတ်ပေးလိုက်ပုံရသည်။ စိတ်ရူးပေါက်နေသော လူနာများက အော်ဟစ်မြည်တမ်း၍ ဟိန်းဟောက်နေကြသည်။ ခုနစ်လွှာသည် ဖန်ဆင်းရှင်၏ မေ့လျော့ခံထားရသော ကော်ရစ်ဒါလမ်းမ ဖြစ်သည်။ ထိုလမ်းသည် အပြင်သွားမည့် ထွက်ပေါက်မဟုတ်ဘဲ၊ သေခြင်းထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသည့် နေရာတစ်ခုဆီသို့ ဦးတည်နေခြင်းဖြစ်သည်။

All Chapters