စိတ်ကူးယဉ်သူ
Vol. 17 Ch. 245
ရွှမ်ဝမ့်တွင် အပြုံးမရှိတော့ချေ။ သူမသည် နွေးထွေးမှု သို့မဟုတ် ကြင်နာမှု တစ်စုံတစ်ရာမှ မရှိတော့ပေ။ သူမသည် စခရင်ကို အလေးအနက် စိုက်ကြည့်လိုက်သည်။ သူမ အရာအားလုံးကို မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း သေချာစေရန် စစ်ဆေးလိုက်သည်။
ကောင်းမင်သည် လွန်ခဲ့သော ခြောက်လက လီစန်းဆေးရုံ၏ အနောက်ဘက်အဆောက်အအုံသို့ ရောက်ရှိခဲ့သည်။ သူက လူနာအဖြစ် ရောက်ခဲ့ခြင်း မဟုတ်ပေ။ ထိုအချိန်က အရိပ်ကမ္ဘာက သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
“အဟမ်း…”
ချန်မန်က ခဏရပ်ထားသော ဗီဒီယိုကို ကြည့်လိုက်သည်။ သူသည် သူ့ကိုယ်သူ သို့မဟုတ် သူ့ဆရာဝန်ကို မမြင်ရဘဲ အခြားတစ်ယောက်ကိုသာ မြင်နေရသည်။
“ကျွန်တော့်ကို ကုသဖို့အတွက် ဒီကို ရောက်လာတာ မဟုတ်ဘူးလား ၊ ခင်ဗျား မှားနေတာလား” လူနာတစ်ယောက်အနေဖြင့် ချန်မန်က စကားဖြတ်ချင်စိတ် မရှိသော်လည်း ရွှမ်ဝမ်သည် ထိုကိစ္စကို အလွန်ပြင်းထန်စွာ ကိုင်တွယ်နေသောကြောင့် ချန်မန်သည် နောက်တစ်စက္ကန့်တွင် သေဆုံးသွားနိုင်သည်ဟု ခံစားလိုက်ရသည်။
“ရှင်အိပ်မပျော်တဲ့အခါတိုင်း ရှင့်ပတ်ဝန်းကျင်က တစ်ယောက်ယောက်တော့ သေဆုံးသွားလိမ့်မယ်၊ ဒါပေမဲ့ ရှင်ကတော့ အမြဲတမ်း အဆင်ပြေနေလိမ့်မယ် ၊ ဒါကြောင့် ရှင် အဆင်ပြေပါတယ်”
ရွှမ်ဝမ်က ချန်မန်ကို တိတ်ဆိတ်သွားစေသည်။ သူမက နားကြပ်တစ်စုံကို ထုတ်ယူလိုက်ပြီး ကွန်ပျူတာ အဟောင်းနှင့် ချိတ်ဆက်လိုက်သည်။ ရွှမ်ဝမ်က ဖွင့်သည့် ခလုတ်ကို နှိပ်လိုက်သည်။ သူမသည် အလွန်အာရုံစိုက်စွာ ကြည့်နေခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုက ဆက်လက် ပြသနေ၏။ ဆေးရုံဆောင် တံခါးကို ဖွင့်လိုက်သည်။ ကောင်းမင်သည် သူ၏ ယူနီဖောင်းနှင့်အတူ ဆေးရုံဆောင်ထဲသို့ ဝင်လာခဲ့သည်။ အလင်းရောင်ထဲတွင် ဖုန်မှုန့်များ ကခုန်နေကြသည်။ ပိုးသတ်ဆေးနံ့ မရှိဘဲ ပုပ်သိုးနေသော ထူးဆန်းသည့် အနံ့တစ်ခုသာ ရှိသည်။ ကောင်းမင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကုသမှု ခံယူနေသော ချန်မန်ကို ကြည့်နေရင်း ဆေးဝါးအတွက် ဆေးညွှန်းစာကို ကိုင်ထား၏။
“အပြင်လူတစ်ယောက်က ဒီနေရာထဲကို ဘယ်လိုလုပ် အလွယ်တကူ ဝင်လာနိုင်တာလဲ”
ချန်မန်သည် သူ၏ အမဲညစ်ဆုံး လျှို့ဝှက်ချက်ကို စားပွဲပေါ်တင်လိုက်မိပြီ ဖြစ်သောကြောင့် ထိတ်လန့်နေခဲ့သည်။
“ကျုပ်လည်း ဆရာဝန်တစ်ယောက်ပါပဲ ၊ ဆက်လုပ်ပါ”
ကောင်းမင်က အခန်းကို စစ်ဆေးလိုက်သည်။ အခန်းထဲတွင် ထိုင်ခုံငါးလုံး ရှိသည်။ စားပွဲဘေးတွင် နှစ်လုံး၊ ပြတင်းပေါက်ဘေးတွင် နှစ်လုံးနှင့် အရိပ်ထဲ ဖုံးကွယ်ထားသော စာအုပ်စင်ဘေးတွင် တစ်လုံး ရှိသည်။ သိပ်မစဉ်းစားဘဲ ကောင်းမင်က အရိပ်ထဲမှ ထိုင်ခုံကို ယူလိုက်သည်။ သူသည် အမှောင်ထဲတွင် လုံးလုံးလျားလျား ဖုံးအုပ်သွားသည်။
“ခင်ဗျားလည်း ဒီက ဆရာဝန်လား”
ချန်မန်၏ အမူအရာသည် အရင်လို သဘာဝမကျတော့ပေ။
“မစ္စတာ ချန်၊ခင်ဗျားရဲ့ ရောဂါကို ကျုပ်နားလည်သွားပြီလို့ ထင်ပါတယ် ၊ခဏလောက် စောင့်ပေးပါ”
ချန်မန်နှင့် မျက်နှာချင်းဆိုင်ရှိ ဆရာဝန်သည်လည်း ကောင်းမင်၏ ပေါ်လာမှုကြောင့် အံ့အားသင့်သွားပုံရသည်။ သူက ပြုံးလိုက်ပြီး
“ခင်ဗျားက ဆရာဝန်တစ်ယောက်လို့ ပြောခဲ့တယ်နော် ၊ ဒါပေမဲ့ စိတ်ရောဂါ အပြင်းအထန် ခံစားရတဲ့သူတွေမှပဲ ကျွန်တော့်ဆီကို လာကြတာပါ”
“ဟန်ရှန်းအကျဉ်းထောင်ကို ရှင်းလုကနေ လွှဲပြောင်းပေးထားတဲ့ ကိရိယာတွေ ရရှိခဲ့ကတည်းက လူနာတွေရဲ့ စိတ်ခံစားချက်တွေ ငြိမ်သက်သွားပုံရတယ် ၊ ဒါပေမဲ့ သူတို့ နိူးဆော်ခံရတာနဲ့ တစ်ပြိုင်နက် စိတ်ခံစားချက်ပြင်းထန်တဲ့ အခြေအနေထဲကို ချက်ချင်း ကျရောက်သွားကြလိမ့်မယ် ၊ ညတုန်းက ထောင်တွင်းပုန်ကန်မှုတစ်ခု ရှိခဲ့တယ် ၊ ကျုပ်ရဲ့ အထက်အရာရှိက ဆေးဝါးတချို့ ရယူဖို့ ဒီကို လာခိုင်းလိုက်တာပဲ ၊ ဒီမှာ ဆေးညွှန်းစာနဲ့ အထောက်အထား ၊ ခင်ဗျားအားလုံးကို ပြင်ဆင်ပြီးသားလို့ သူ ပြောခဲ့တယ်”
ဆေးရုံတွင် ကိုယ်ပိုင် ဝယ်ယူမှုစနစ် ရှိသည်။ ကောင်းမင်က ပါဝင်ပတ်သက်ချင်စိတ် မရှိပေ။ သူသည် ဆေးဝါးများ ရယူပြီး ထွက်ခွာချင်ရုံသာ ဖြစ်သည်။
“ဒေါက်တာ၊ ကျွန်တော်ရှုတင်တစ်ခု ရှိသေးတယ် ၊ကျွန်တော့်ကို ဆေးပြားတွေ အရင် ညွှန်းပေးလို့ ရမလား”
ချန်မန်က တိုက်တွန်းလိုက်သည်။ သူသည် ဖြတ်ပြောသည့် ကောင်းမင်ကို မုန်းတီးမိသည်။ သူက အရင် ရောက်နေတာ ဖြစ်သည်။
“ဆေးပြားတွေက ခင်ဗျားကို ကုသနိုင်မှာ မဟုတ်ဘူး”
ကောင်းမင်က ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။သူသည် အပြင်ဘက်မှာ ရပ်နေစဉ် အရာအားလုံးကို ကြားခဲ့ရသည်။
“နာကျင်မှုကြောင့် ဒုက္ခ မရောက်ချင်တော့ဘူးဆိုရင် ကျုပ်အဖြေက ခင်ဗျား ရဲစခန်းကို လက်နက်ချပြီး လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံဖို့ပဲ ၊ ခင်ဗျားက ခင်ဗျားရဲ့ အချစ်ဆုံးသူငယ်ချင်းကို ကားနဲ့ တိုက်မိခဲ့တယ်၊ အပိုင်းပိုင်းဖြတ်ခဲ့တယ် ပြီးတော့ မြေမြှုပ်ခဲ့တယ်”
“အဓိပ္ပာယ်မရှိတာ! ငါ အဲ့ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး!”
ချန်မန်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
“အဲဒါက ငါ့အိပ်မက်ထဲမှာပဲ ဖြစ်ခဲ့တာကွ!”
“အိပ်မက်ဆိုတာ တကယ့်ဘဝရဲ့ ရောင်ပြန်ဟပ်မှုပဲ ၊ လိမ်ညာမှုတွေထဲကနေ အမှန်တရားရဲ့ အနှစ်သာရကို ဖော်ထုတ်ထားတာ”
ကောင်းမင်သည် နေ့စဉ် သေဒဏ်ပေးခံရမည့် ရာဇဝတ်ကောင်များကို ကိုင်တွယ်ဖြေရှင်းခဲ့ရသောကြောင့် ချန်မန်ကဲ့သို့ လူများနှင့် ရင်းနှီးသည်။
“ခင်ဗျား လူသတ်ခဲ့သလား မသတ်ခဲ့ဘူးလားဆိုတာ တကယ် မမှတ်မိဘူးဆိုရင် ရဲကို အကူအညီ တောင်းလို့ရတယ် ၊ ခင်ဗျားအတွက် သေဆုံးခြင်းက လွတ်မြောက်ခြင်းပဲ”
“ပါးစပ်ပိတ်ထား!”
ချန်မန်က မတ်တပ်ရပ်လိုက်သည်။ သူသည် လက်သီးများကို ကျစ်ပါအောင် ဆုပ်ထားသည်။
“စိတ်လှုပ်ရှားမနေပါနဲ့ ၊ ကျုပ်က ကျုပ်ရဲ့ ကုသရေးအကြံဉာဏ်ကို ဝေမျှပေးရုံပါပဲ”
ကောင်းမင်က အရိပ်ထဲတွင် ဆက်လက် ရှိနေဆဲဖြစ်သည်။
“အိပ်မက်ရဲ့ ရယ်စရာကောင်းတဲ့ အဓိပါယ်မရှိတာတွေက ကျုပ်တို့ရဲ့ စိတ်ခံစားချက်ကမ္ဘာနဲ့ အမြဲတမ်း ဆက်စပ်နေတယ်”
ဆရာဝန်က ကောင်းမင်၏ စကားကို နားထောင်ပြီးနောက် ချန်မန်ကို နှစ်သိမ့်ပေးသည်။
“အိပ်မက်ဆိုတာ ကျုပ်တို့ရဲ့စိတ်ဝိညာဉ်ကို ကျော်လွန်နေတဲ့ ခံစားချက်တွေပဲ ၊အိပ်စက်ခြင်းဟာ ကျုပ်တို့ရဲ့ အတွေးတွေရဲ့ တည်ငြိမ်မှုကို ဝင်ရောက်စေဖို့ ကျုပ်တို့ကို ခွင့်ပြုပေးတယ် ၊ ဒါကြောင့် ကျုပ်တို့ရဲ့ အိပ်မက်တွေထဲမှာ ကျုပ်တို့ဟာ မထိန်းချုပ်နိုင်တဲ့၊ မနားလည်နိုင်တဲ့ အရာတွေကို မကြာခဏ လုပ်ဆောင်လေ့ ရှိကြတာပဲ”
အပြင်ပန်းအားဖြင့် ချန်မန်က ယဉ်ကျေးမှုရှိပုံပေါ်သည်။ သူသည် သူ့ကော်လာကို သလိုက်ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထားလိုက်သည်။
“အိပ်မက်တွေက ကျုပ်တို့ အိပ်စက်ပြီးတဲ့အခါကျ ပေါ်လာတတ်ပြီး နိုးနေတဲ့ ကမ္ဘာကနေ လွတ်မြောက်ဖို့ ပေးစွမ်းနိုင်တယ်၊ အဲ့ဒီဖြစ်စဉ်မှာ အချို့အရာတွေကို အသွင်ပြောင်းလဲပစ်တယ် ၊ ဒါပေမဲ့ အပြောင်းအလဲ အားလုံးက ယုတ္တိကျတဲ့ အခြေခံတစ်ခုရှိတယ်”
ကောင်းမင်က သူ့စကားလုံးများဖြင့် ရှင်းရှင်းလင်းလင်း ပြောနေခဲ့သည်။ လူတစ်ဦး၏ အိပ်မက်သည် မိမိကိုယ်ကို သိမြင်မှုနှင့် အလွန် ဆက်စပ်နေသည်။
“ခင်ဗျား ရူးနေတာလား”
ချန်မန်က ထပ်မံ ဒေါသထွက်တော့မလို ဖြစ်လာသည်။ သူက အင်္ကျီလက်အိုးကို ခေါက်တင်လိုက်ပြီး ကောင်းမင်ဘက်သို့ လှည့်လိုက်သည်။
“ကျွန်တော် အိပ်လို့ မရတာပဲ ရှိတယ် ၊ ကျွန်တော် လူသတ်တယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ”
“မစ္စတာ ချန်၊ ကျုပ်ခင်ဗျားကို အခုဆေးသွားတိုက်မယ်”
ဆရာဝန်က ချန်မန်ကို ဆွဲခေါ်သွားသည်။ သူသည် သူ့အား အကြံပေးဆောင်၏ အနက်ရှိုင်းဆုံး အခန်းသို့ ခေါ်ဆောင်သွား၏။ ဗီဒီယိုက တိတ်ဆိတ်သွားသည်။
ကောင်းမင်က ထိုင်ခုံပေါ်မှာ တစ်ယောက်တည်း ထိုင်နေရင်း ဆေးညွှန်းစာကို ကိုင်ထားခဲ့သည်။သူသည် သူ့နောက်ရှိ အရိပ်က သက်ဝင်လှုပ်ရှားလာပုံ ရသည်ကို သတိမပြုမိလိုက်ပေ။ ၎င်းသည် သူ့လည်ပင်းကို ဖြည်းဖြည်းချင်း တိုက်စားလာပြီး သူ့ခန္ဓာကိုယ်ထဲကို တိတ်တဆိတ်တိုးဝင်ချင်နေလေသည်။ ဆေးညွှန်းစာက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ကောင်းမင်သည် အိပ်ပျော်သွားသကဲ့သို့ မျက်လုံးများကို မှိတ်လိုက်သည်။
ငါးမိနစ်ခန့် ကြာပြီးနောက် ဆရာဝန်က လူနာဝတ်စုံနှင့် ချန်မန်အား ပြန်ခေါ်လာခဲ့သည်။ ချန်မန်၏ မျက်လုံးများသည် ထိုင်းမှိုင်းနေပြီး သူ့ထံမှတစ်စုံတစ်ရာအား ထုတ်ယူသွားသကဲ့သို့ ဖြစ်နေလေသည်။
“မစ္စတာ ချန်၊ ခင်ဗျားရဲ့ ဆေးကို ယူပြီး ဆေးရုံတက်လက်မှတ် ယူဖို့ ခုနစ်လွှာကို သွားလိုက်ပါ”
ဆရာဝန်က ပြုံးရွှင်စွာဖြင့် ချန်မန်၏ ကျောကို ပုတ်လိုက်သည်။
“ကျုပ်တို့ရဲ့ ကုသမှု နည်းလမ်းနဲ့ဆိုရင် ခင်ဗျား ကျုပ်တို့နဲ့ သုံးရက်နေပြီးရင် ပျောက်ကင်းသွားလိမ့်မယ်”
ချန်မန်သည် အခြားအခန်းသို့ နာခံစွာ ထွက်ခွာသွားသည်။ ဆရာဝန်က ကောင်းမင်ထံသို့ အပြုံးဖြင့် ရောက်လာ၏။
“နိုးထတော့”
ကောင်းမင်၏ မျက်လုံးများက ချက်ချင်း ပွင့်လာသည်။ သူသည် ချမ်းအေးနေသကဲ့သို့ သူ့ကော်လာကို ဆွဲလိုက်သည်။
“လူသတ်သမား ထွက်သွားပြီလား”
“သူက ထူးဆန်းတဲ့ အိပ်မက်တချို့ မက်ရုံပါပဲ”
ဆရာဝန်က မြေပြင်ပေါ်မှ ဆေးညွှန်းစာကို ကောက်ယူလိုက်သည်။ သူသည် ၎င်းပေါ်ရှိ ဆေးပြားအမည် အမျိုးမျိုးကို လေ့လာသည်။
“ခင်ဗျား အိပ်ပျော်သွားခဲ့တာလား ၊ ထူးဆန်းတဲ့ အိပ်မက်တစ်ခုခု မက်ခဲ့သေးလား ၊ ခင်ဗျား ရူးနေပြီလို့ ထင်သလား”
“ခင်ဗျား ဘာပြောချင်တာလဲ”
ကောင်းမင်သည် အိပ်မက်ထဲ ရောက်နေသကဲ့သို့ ဖြစ်နေသည်။
“အရူးတစ်ယောက်ဆိုတာ အိပ်မက်ထဲက သတိရှိနေတဲ့လူ တစ်ယောက် မဟုတ်ဘူးလား”
ဆရာဝန်သည် သူ့ကိုယ်သူ စကားပြောနေပုံရသည်။
“ခင်ဗျား အိပ်ပျော်သွားခဲ့ပေမယ့် အခု နိုးနေပြီလို့ သေချာလား”
ဆရာဝန်က ကောင်းမင်ကို မကြည့်ပေ။ ကောင်းမင်သည် ဆရာဝန်၏ စကားကို ကြားသောအခါ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာလေသည်။
သူက မသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ကမ္ဘာကြီးက သူ့အတွက် ရုတ်တရက် ရင်းနှီးမှု မရှိတော့ပေ။
ရွှမ်ဝမ်မှာ ယခုအချိန်အထိ ဘာမှ မပြောသေးပေ။ သူမသည် ကောင်းမင်၏ မျက်နှာမှ အချက်အလက်များကို ပိုမို ရရှိရန်အတွက် အနီးကပ်စိုက်ကြည့်နေသည်။