← Chapters

စနစ်နှစ်ခု ပေါ်လာခြင်း

Vol. 1 Ch. 1

စနစ်နှစ်ခု ပေါ်လာခြင်း

Vol. 1 Ch. 1

"အကန့်အသတ်မဲ့ သုံးနိုင်သော စနစ် ချိတ်ဆက် ပြီးပါပြီ"

"စိတ်ဝိဉာဥ်ကျောက် သုံးခြင်းဖြင့် သုံးစွဲမှုအ မှတ်များ ရရှိမည်။"

"သုံးစွဲမှုအမှတ် များကို ပါရမီ၊ ဉာဏ်အလင်းပွင့်ခြင်း ၊ ကိုယ်ခံစွမ်းအား တို့အတွက် လဲလှယ်နိုင်သည်..."

ဟောင်းနွမ်းပေမဲ့ သေးငယ်တဲ့ ကျောက်တုံးအိမ်လေးထဲမှာ ထန်ထျန်းဟာ ပြတင်းပေါက်နားမှာ ထိုင်လျက်ရှိသည်။ သူ့မျက်နှာမှာတော့ ဝမ်းသာခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေ ရောထွေးနေသည်ကို တွေ့ရပေသည်။

ဝမ်းသာတာကတော့ သူ ဒီလောကကို ရောက်လာတာနဲ့အမျှ အတော် ကောင်းတဲ့ စနစ်တစ်ခုကို ရရှိခဲ့လို့ပင်။

အကန့်အသတ်မဲ့ သုံးနိုင်တဲ့စနစ်ရဲ့ ပြောပြသလို ဆိုရင် သူဟာ ပုံမှန်အတိုင်း ငွေကြေးသုံးလိုက်ရုံနဲ့ သုံးစွဲမှုအမှတ်တွေကို ရရှိမည် ဖြစ်သည်။ အဲဒီသုံးစွဲမှုအ မှတ်တွေနဲ့ဆိုရင် အဆင့်မတူ တဲ့ ပါရမီ၊ ကိုယ်ခံစွမ်းအား၊ ရုတ်တရက်ဉာဏ်အလင်း ပွင့်ခြင်း အပြင် တခြားအလွန်အင်မတန် အစွမ်းထက်တဲ့ နတ်ဘုရားပစ္စည်းတွေကိုပါ လဲလှယ်နိုင်ပေသည် ။ အကယ်၍သာ ဒါတွေကို အောင်အောင်မြင်မြင် လဲလှယ်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ နောင်တစ်ချိန် ကျင့်ကြံခြင်း ခရီးဟာ ပြေပြစ်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မည်။

ဒါပေမယ့် စိတ်ပူနေတာ ကတော့ တစ်ကိုယ်လုံးကို ရှာဖွေကြည့်ပေမဲ့ ကြေး ဒင်္ဂါးဝက်တောင် မတွေ့ရခြင်း ပင်။

သုံးရမယ်ဆိုတော့...

မင်းမှာ ပိုက်ဆံမှ မရှိတာ၊မင်း ဘယ်လို သုံးလို့ရမှာလဲ။

"ဟင်း..."

ထန်ထျန်း သက်ပြင်းချလိုက်မိသည်။

ခုနကပဲ သူ့ရဲ့အရင်က မှတ်ဉာဏ်တွေအားလုံးကို ပေါင်းစပ်ပြီးပြီ။ ဒီနေရာကတော့ နတ်ဘုရားလောကတဲ့။

ချီသန့်စင် ခြင်း၊ အုတ်မြစ်ချခြင်း၊ ရွှေအူတိုင် ၊ နတ်ဘုရားဝိညာဉ်၊ ဝိညာဉ်အသွင် ပြောင်းခြင်း၊ ခန္တာကိုယ်အသွင်ပြောင်းခြင်း၊ ပေါင်းစည်းခြင်း၊ အတိ ဒုက္ခဖြတ်ကျော်ခြင်း၊ နတ်ဘုရားအဖြစ်ပြောင်းလဲခြင်းဆိုတဲ့ အဆင့်ကိုးဆင့်ရှိပြီး အဆင့်တစ်ဆင့်ချင်းစီ တက်သွားတာနဲ့အမျှ ခွန် အားတွေက သိသိသာသာ တိုးလာ ပေမည်။

ထန်ထျန်းကတော့ ချီသန့်စင်ခြင်း အဆင့် နှစ်ပဲရှိသေးပြီး ချင်းယွဲ့ဂိုဏ်း က သာမန်တပည့်လေးတစ်ယောက်ပင်ဖြစ်သည်။ သူ့ရဲ့ပါရမီကလည်း ဝမ်းနည်းစရာကောင်းလောက်အောင် ဝိညာဉ်စက်ဝန်း တစ်ခုတောင် မထုတ်ဖော်နိုင်ဘဲ သာမန်တပည့်တွေထဲမှာတောင် အောက်ဆုံးအဆင့်မှာ ရှိနေခြင်းပင်။

ထန်ထျန်း စနစ်ထဲက လဲလှယ်နှုန်းဇယားကို ကြည့်လိုက်၏။

ဝိညာဉ်စက်ဝန်း တစ်ထပ်ပါရမီဆိုရင် သုံးစွဲမှုအ မှတ် ၁ မှတ်ပဲ လိုသည်။ ဒါပေမယ့် သုံးစွဲမှုအမှတ် ၁ မှတ်ရဖို့ဆိုရင် အဆင့်နိမ့် စိတ်ဝိဉာဥ် ကျောက် တစ်သောင်း သုံးစွဲဖို့ လိုအပ်ပေသည် ။ စိတ်ဝိဉာဥ် ကျောက် တစ်သောင်းကို ငါ ဘယ်ကနေ ရှာရမှာလဲ။

သူ့ရဲ့ လစဉ်လစာက အဆင့်နိမ့် စိတ်ဝိဉာဥ် ကျောက် ဆယ်ခု သာ ရသည်။ လစာပေးတယ့်သူ တွေက နည်းနည်းလျော့ပေး၊ သာမန်တပည့်ခေါင်းဆောင်တွေက နည်းနည်းလိမ် ပြီးတော့ တချို့လူယုတ်မာ တွေက နည်းနည်းလု၊ ဒါဆိုရင် ဘာမှ မကျန်တော့ပေ။

မနေ့ကလည်း သူဟာ စိတ်ဝိဉာဥ် ကျောက် တွေ အလုခံရရုံမက ဝိုင်း ရိုက်ခံခဲ့ရလို့ ဒေါသထွက်ပြီး သေဆုံးခဲ့ရတာပါ။ ဒါကြောင့်ပဲ အခုလက်ရှိ ထန်ထျန်းရဲ့ဝိညာဉ်က ဒီခန္ဓာကိုယ်ထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရခဲ့တာပင်။

"ငါ ပိုက်ဆံ ဘယ်လိုရှာရမလဲ"

"သူ့ရဲ့ပုံစံကတော့ လှပေမယ့် သူက သူဌေးမတွေရဲ့ နေရာကိုမှ မသိတာ။"

ထန်ထျန်း ခေါင်းကုတ်ရင်း ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေသည်။ စိတ်ဝိဉာဥ် ကျောက်မရှိရင် ဒီစနစ်က အလှထားရုံသက်သက်နှင့် မကွာခြားပေ။

ဒါပေမယ့် သူ ပိုက်ဆံအတွက် စိတ်ပူနေတုန်းမှာပဲ သူ့ခေါင်းထဲမှာ အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

"သုံး လေ တိုး လေ စနစ် အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ"

"ပိုင်ရှင်၏ စိတ်ဝိဉာဉ်ကျောက် လုံလောက်လျှင် သုံးစွဲပြီးနောက် လျော့ကျခြင်းမရှိဘဲ တိုး လာမည်"

ထန်ထျန်း ချက်ချင်းပဲ အံ့သြသွားသည်။

ဘာဖြစ်တာလဲ နောက်ထပ် စနစ်တစ်ခု ရှိနေ သေးတာလား

သူ ချက်ချင်း စိတ်လှုပ်ရှားပြီး အမြန်စစ်ဆေးကြည့်လိုက်သည်။

စနစ်အသစ်ရဲ့ လုပ်ဆောင်ချက်က အရမ်းရိုးရှင်းပါသည်။ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ စိတ်ဝိဉာဥ် ကျောက် ရှိနေသရွေ့ သုံးလိုက်တာနဲ့ မလျော့သွားဘဲ သုံးလိုက်သော စိတ်ဝိဉာဥ် ကျောက် တွေ ပိုတိုးလာမည် ဖြစ်သည်။

ထန်ထျန်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ဒီစနစ်ရှိနေရင် သူ့ရဲ့ စိတ်ဝိဉာဥ် ကျောက်တွေက အကန့်အသတ်မရှိ ဖြစ်သွားမှာပင်။

အကန့်အသတ်မဲ့ သုံးနိုင်တဲ့စနစ်နဲ့ပါ ပေါင်းလိုက်မယ်ဆိုရင်...

အိုး၊ ဒါဆို ဘယ်သူကများ သူ့ကို နိုင်တော့မည်နည်း။

မင်း သုံးစွဲမှုအမှတ် ဘယ်လောက်လိုချင်လဲ

စနစ်ထဲက အစွမ်းထက်တဲ့ပစ္စည်းတွေအားလုံးကို လဲလှယ်နိုင်ပြီကွ

ထန်ထျန်း စနစ်ရဲ့ လဲလှယ်နှုန်းဇယားကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

ပထမဆုံးကတော့ ပါရမီပိုင်း။

ဝိညာဉ်စက်ဝန်း ၁ လွှာ ပါရမီ: သုံးစွဲမှုအမှတ် ၁ မှတ်။

ဝိညာဉ်စက်ဝန်း ၂ လွှာ ပါရမီ: သုံးစွဲမှုအမှတ် ၁၀ မှတ်။

ဝိညာဉ်စက်ဝန်း ၃ လွှာ ပါရမီ: သုံးစွဲမှုအမှတ် ၁၀၀ မှတ်။

........

ကောင်းကင်အဆင့်ပါရမီ: သုံးစွဲမှုအမှတ် ၁၀ ထရီလီယံ။

စကြဝဠာအဆင့် ပါရမီ : သုံးစွဲမှုအမှတ် ၁၀၀ ထရီလီယံ။

နောက်တစ်ခုကတော့ ကိုယ်ခံစွမ်းအားပိုင်း။

အဆင့် ၁ ကိုယ်ခံစွမ်းအား: သုံးစွဲမှုအမှတ် ၁ မှတ်။

အဆင့် ၂ ကိုယ်ခံစွမ်းအား: သုံးစွဲမှုအမှတ် ၁၀ မှတ်။

အဆင့် ၃ ကိုယ်ခံစွမ်းအား: သုံးစွဲမှုအမှတ် ၁၀၀ မှတ်။

.......

မွေးရာပါ နတ်ဘုရားကိုယ်ခံစွမ်းအား: သုံးစွဲမှုအမှတ် ၁၀ ထရီလီယံ။

ထာဝရစကြဝဠာ ကိုယ်ခံစွမ်းအား: သုံးစွဲမှုအမှတ် ၁၀၀ ထရီလီယံ။

ပြီးတော့ ဉာဏ်အလင်း ပွင့်ခြင်း

သာမန် ဉာဏ်အလင်း ပွင့်ခြင်း ၁ ကြိမ်: သုံးစွဲမှုအမှတ် ၁၀၀ မှတ်။

အဆင့်နိမ့် ဉာဏ်အလင်း ပွင့်ခြင်း ၁ ကြိမ်: သုံးစွဲမှုအမှတ် ၁၀၀၀ မှတ်။

အလယ်အလတ် ဉာဏ်အလင်း ပွင့်ခြင်း ၁ ကြိမ်: သုံးစွဲမှုအမှတ် ၁ သောင်း မှတ်။

စကြဝဠာအဆင့် ဉာဏ်အလင်း ပွင့်ခြင်း ၁ ကြိမ်: သုံးစွဲမှုအမှတ် ၁၀၀ ထရီလီယံ။

ဒါတွေအပြင် စကြဝဠာ ကံကြမ္မာ၊ စကြဝဠာ မူလစွမ်းအား၊ စကြဝဠာ နိယာမစွမ်းအား စတဲ့ နတ်ဘုရားပစ္စည်းတွေလည်း ရှိပါသေးသည်။ ကြားရုံနဲ့တင် အလွန်အင်မတန် အစွမ်းထက်တယ်ဆိုတာ သိသာပေသည် ။ ဒါပေမယ့် သူတို့ရဲ့ဈေးနှုန်းတွေက အရမ်းမြင့်မားတာကြောင့် လက်ရှိအနေအထားအရ ထည့်သွင်းစဉ်းစားလို့ မရသေးပေ ။

လက်ရှိမှာတော့ ပါရမီ၊ ကိုယ်ခံစွမ်းအားနဲ့ ဉာဏ်အလင်းပွင့်ခြင်း တို့ကသာ လဲလှယ်ဖို့ အဖြစ်နိုင်ဆုံးပင်။

ဒါက ထန်ထျန်းကို အလွန်ကျေနပ်စေခဲ့ပါပြီ။ အနည်းဆုံးတော့ သူ့ရဲ့တောက်ပတဲ့အနာဂတ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ မဟုတ်ပါလား။

သုံး လေ တိုး လေ စနစ်ရှိနေတာကြောင့် လုံလောက်တဲ့ သုံးစွဲမှုအမှတ်တွေ စုဆောင်းနိုင်ဖို့က အချိန်တစ်ခုမျှသာ ဖြစ်ပေသည်။

"ဟူး..."

အတော်ကြာပြီးမှ ထန်ထျန်း စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ခဲ့သည်။

ဒါဆို နောက်တစ်ဆင့် သူ့ရဲ့အဓိကတာဝန်က ဘယ်လိုငွေသုံးရမလဲဆိုတာပင် ဖြစ်သည်။

တကယ်ကို စိတ်ရောကိုယ်ပါ ပျော်စရာကောင်းတဲ့ တာဝန်ပင်။

ဒါပေမယ့် ငွေသုံးဖို့အတွက် အခြေခံအချက်ကတော့ ပိုက်ဆံရှိဖို့ပင်။

သူ့မှာက အခု ကြေး ဒင်္ဂါးတစ်ပြားမှတောင် မရှိသေးပေ။

စဉ်းစားပြီးနောက် ထန်ထျန်း ကုတင်ဘေးကို သွားကာ ကုတင်ခေါင်းရင်းက အပ်ကြောင်းထဲကနေ အထုပ်ငယ်လေးတစ်ခုကို ဆွဲထုတ်လိုက်သည်။

အထုပ်ကို ဖြေလိုက်တော့ မီးခိုးရောင်ဖျော့ဖျော့ ကြွေပုလင်းလေးတစ်လုံး ပေါ်လာသည်။

ကြွေပုလင်းကို ဖွင့်လိုက်တာနဲ့ မွှေးရနံ့သင်းသင်းလေး ထွက်လာသည်။

ဒါက ယန်ယွမ်ဆေးလုံး တစ်ပုလင်းပင် ဖြစ်သည်။

ချင်းယွဲ့ဂိုဏ်းရဲ့ သာမန်တပည့်တစ်ဦးအနေနဲ့ လစဉ် အဆင့်နိမ့် စိတ်ဝိဉာဥ် ကျောက် ဆယ်တုံး အပြင် ပုံမှန် ယန်ယွမ်ဆေးလုံး တစ်ပုလင်းကိုလည်း ပုံမှန်နေ့စဉ် ကျင့်ကြံခြင်း အတွက် ရရှိသည်။

တစ်ပုလင်းကို အဆင့်နိမ့် စိတ်ဝိဉာဥ် ကျောက် နှစ်တုံး တန်ပေသည်။

မနေ့က လူယုတ်မာ တွေက သူ့ရဲ့ စိတ်ဝိဉာဥ် ကျောက် အားလုံးကို လုယက်သွားခဲ့ပေမယ့် ဒီ ယန်ယွမ်ဆေးလုံးကိုတော့ မလိုချင်ကြချေ။

ဒါပေမယ့် ထန်ထျန်းအတွက်တော့ ဒါက အဖိုးတန်တဲ့ ငွေကြေး ဖြစ်ပေသည် ။ အနည်းဆုံးတော့ အဆင့်နိမ့် စိတ်ဝိဉာဥ် ကျောက် တစ်တုံးနဲ့ တော့ ရောင်းလို့ရနိုင်ပေမည်။

ဘယ်မှာ ရောင်းရမလဲ

မကြာခင်မှာပဲ ထန်ထျန်း သူ့မှတ်ဉာဏ်ထဲက နာမည်တစ်ခုကို ရှာတွေ့လိုက်သည်။

ကျင်းယွီခန်းမ

ဒါက ကျင့်ကြံ သူတွေအတွက် သီးသန့် ကုန်သွယ်ရေးနေရာတစ်ခုဖြစ်ပြီး ချင်းယွဲ့ဂိုဏ်းက တပည့်တော်တော်များများဟာ သူတို့လိုအပ်တဲ့ ဆေးလုံးတွေ၊စိတ် ဝိညာဉ်လက်နက်တွေနဲ့ တခြားကျင့်ကြံ ရေးပစ္စည်းတွေကို ဒီမှာ လာဝယ်လေ့ရှိကြပေသည်။

အလားတူပဲ သူတို့ဟာ ကျင့်ကြံ သူတွေအတွက် စစ်ဆေးပေးခြင်းနဲ့ ပြန်လည်ဝယ်ယူခြင်း ဝန်ဆောင်မှုတွေကိုလည်း ပေးကြပါသည်။

"ဒါပဲကွ"

ထန်ထျန်း ချက်ချင်းပဲ သူ့လက်ထဲက ယန်ယွမ်ဆေးလုံးကို လဲလှယ်ဖို့ ဆုံးဖြတ်လိုက်ပြီး စနစ်နှစ်ခုလုံးကို စတင်လည်ပတ်စေတော့မည်။

သူ အရင်က ဘဝကို ပြန်မလိုချင်တော့ပေ။

မှတ်ဉာဏ်ထဲမှာ အရင်ကသူဟာ နေရာတိုင်းမှာ အနိုင်ကျင့်ခံရပြီး နေ့တိုင်းလည်း ပင်ပန်းဆင်းရဲခဲ့ရသည် မဟုတ်ပါလား။

အဲဒီလိုနေ့ရက်တွေက လွမ်းဆွတ်စရာ တစ်စက်မှပင် မရှိပေ။

ကျွန်တော့်လို ကူးပြောင်းလာတဲ့သူတွေလည်း လူရှေ့သူရှေ့ တွင် အရှက်မကွဲသင့်ဘူးမဟုတ်ပါလား

ဆုံးဖြတ်ချက်ချပြီးနောက် ထန်ထျန်းဟာ ယန်ယွမ်ဆေးလုံးကို ရင်ဘတ်ထဲထည့်ပြီး ကျောက်တုံးအိမ်ကနေ ထွက်ကာ ကျင်းယွီခန်းမဘက်ကို လျှောက်လာ ခဲ့သည်။

လမ်းတစ်လျှောက်လုံး သူ အရမ်းသတိထားခဲ့ပြီး ပန်းချီကားတစ်ချပ်လို လှပတဲ့ ပတ်ဝန်းကျင်ရှုခင်းတွေကိုပင် ခံစားဖို့ စိတ်မဝင်စားနိုင်ခဲ့ချေ။

ယန်ယွမ်ဆေးလုံး အလုခံရမှာကို ပူပန်တာ မဟုတ်ဘဲ သတိမထားမိဘဲ မထိခိုက်သင့်တဲ့သူတွေကို သွားထိခိုက်မိမှာကို ကြောက်တာပင်။

ဒါက နတ်ဘုရားလောကလေ၊ မထင်မှတ်ဘဲ ဘာပြဿနာမှ မရှိဘဲ ရောက်လာပြီးမှ ချက်ချင်းပြန်ထွက်သွားရတာမျိုး မဖြစ်ချင်ပေ။

ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ နာရီဝက်လောက်အကြာမှာ ထန်ထျန်းဟာ သူ့ရဲ့ပန်းတိုင်ကို ချောချောမွေ့မွေ့ ရောက်ရှိခဲ့ပါသည်။

ဒါကတော့ အလွန်လှပတဲ့ နေရာ တစ်ခုပင်။ "ကျင်းယွီခန်းမ" ဆိုတဲ့ စာလုံးသုံးလုံးက အားကောင်းပြတ်သားစွာ ရေးထိုးထားပြီး မြင့်မားတဲ့ တံခါးဝမှာ ချိတ်ဆွဲထားပေသည်။

တံခါးဝမှာ ကျင့်ကြံ သူတွေ အများအပြား ဝင်ထွက်နေကြပြီး အများစုကတော့ ချင်းယွဲ့ဂိုဏ်းက တပည့်တွေပင် ဖြစ်ကြသည်။

ထန်ထျန်း တွေဝေမနေဘဲ ခြေလှမ်းကျဲကြီးတွေနဲ့ ဝင်သွားခဲ့သည်။

ချင်းယွဲ့ဂိုဏ်းရဲ့ သံမဏိစည်းမျဉ်းကြီး နှစ်ခု-

ဂိုဏ်းကို သစ္စာဖောက်သူအား သတ်

အကြောင်းမဲ့ ဂိုဏ်းသားအချင်းချင်း ဒုက္ခပေးသူကို သတ်

All Chapters