← Chapters

ဝိဉာဥ်စက်ဝန်း လေးလွှာ ပါရမီ

Vol. 1 Ch. 8

ဝိဉာဥ်စက်ဝန်း လေးလွှာ ပါရမီ

Vol. 1 Ch. 8

"နှစ်တစ်သောင်း၊ လစဥ်ကြေး ပေးမယ်။"

ထန်ထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ကျုံးယန်မှာ မျက်လုံးအဝိုင်းသားဖြင့် ထန်ထျန်းကို ကြောင်တောင်တောင် ကြည့်နေခဲ့သည်။

တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာပင် ဖြစ်စေ၊ သူ နားလည်နိုင်သေးသည်။

သို့သော် ဤ နှစ်တစ်သောင်းကိုမူ သူ မည်သို့မျှ နားမလည်နိုင်ချေ။

မင်း အဲ့လောက် အသက်ရှည်နိုင်မှာလား

အဲ့လောက် အသက်ရှည်ရင်လည်း အဓိကတပည့် အဆင့်ကို ဂရုစိုက်နေဦးမှာလား

ဒါက အမွေဆက်ခံလို့ရတဲ့အရာလည်း မဟုတ်ဘူးလေ

ခဏ ကြာ မှ ဖြည်းညှင်းစွာ ပြောလိုက်သည်။ "လူငယ်လေး၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အဆင်ပြေရဲ့လား"

"မင်း မကြာသေးခင်က ချမ်းသာသွားတယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် ပိုက်ဆံရှိတဲ့လူတွေက ဒီလို ပိုက်ဆံမဖြုန်းကြဘူးလေ။"

ထန်ထျန်း မျက်နှာတွင် အနေရခက်သည့် အမူအရာ ပေါ်လာသည်။ သူသည် သုံးစွဲမှုအမှတ် အနည်းငယ် ပိုရချင်ရုံသာ ဖြစ်သည်။

"တကယ်တော့..."

သူ ရှင်းမပြခင် ခင် ကျုံးယန်က လက်ယမ်းကာ သူ့စကားကို ဖြတ်လိုက်သည်။

" နှစ်တစ်သောင်းဆိုတာ မဖြစ်နိုင်ဘူး။"

"ဂုဏ်ထူးဆောင်တပည့် ရဲ့ သက်တမ်းအမြင့်ဆုံးက ဆယ်နှစ်ပဲ၊ ဒါက ချင်းယွဲ့ဂိုဏ်းရဲ့ စည်းမျဉ်းပဲ။"

ထန်ထျန်း အံ့အားသင့်သွားသည်။

တစ်ကိုက်တည်းနဲ့တော့ တစ်ကိုယ်လုံးကို ဝါးမျိုလို့ မရတော့ပေ

"တပည့်က အရမ်း မဆင်မခြင် လုပ် မိသွားပါတယ်။"

ထန်ထျန်း ခွင့်လွှတ်ရန် တောင်းပန်ရင်း "ဒါဆို ဆယ်နှစ်ပဲ သက်တမ်းတိုးလိုက်ပါမယ်" ဟု ပြောလိုက် သည်

ထို့နောက် သူသည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက် ဆယ်နှစ်တုံးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

ကျုံးယန် ခေါင်းယမ်းပြီး စိတ်ဝိညာဉ်ကျောက်များကို သိမ်းလိုက်ကာ တောက်ပနေသော ကျောက်စိမ်းပြားပေါ်တွင် ကလိ တော့သည်။

ကလိလို့ ပြီးသွား သောအခါ စနစ်သတိပေးသံက ထန်ထျန်း၏ ဦးနှောက်ထဲတွင် ထွက်ပေါ်လာသည်။

ဤသည်မှာ စနစ်က ခွင့် ပြုသော ပုံမှန်သုံးစွဲမှုပင်။

ပြီးသွား သောအခါ ထန်ထျန်းက ထပ်မံ၍ " အကြီးအကဲကျုံး ကျွန်တော် သက်တော် စောင့်အချို့ ငှားချင်ပါသေးတယ်" ဟု ပြောလိုက်သည်။

ကျုံးယန် ချက်ချင်း မျက်လုံးလှန်ကြည့်ကာ "မင်း ဘာလို့ တစ်ခါတည်း အကုန် မပြော တာလဲ" ဟု ပြောသည်။

ထန်ထျန်း ခါးသက်သော အပြုံးဖြင့် ပြောသည်။ သူ အဓိက စိုးရိမ်သည်မှာ ဤသုံးစွဲမှုကို စနစ်က ခွင့် မပြုဘဲ ပြန်အမ်းငွေကို ရ မည် မဟုတ်မည်ကိုသာ ဖြစ်သည်။

"ဘယ်လိုအဆင့်မျိုး ဘယ်နှစ်ယောက် လိုချင်လဲ"

ကျုံးယန် မေးလိုက်သည်။

ထန်ထျန်း ခဏမျှ စဉ်းစားနေ သည်။

ပထမဆုံးအနေဖြင့် အမြင့်ဆုံးအဆင့် အဓိကတပည့် ဖြစ်မည်မှာ သေချာသည်။ ခွန် အား ပိုအားကောင်းလေ၊ ပိုကောင်းလေပင်။

ထို့နောက် အရေအတွက်ပြဿနာ။ ထန်ထျန်း စဉ်းစားပြီးနောက် ယာယီအားဖြင့် တစ်ဦးတည်းကိုသာ ငှားရန် ဆုံးဖြတ်ခဲ့သည်။

မည်သို့ပင်ဆိုစေ လူ့စိတ်က နက်နဲလှသည်။ လူများလေလေ ပြဿနာ ပိုဖြစ်နိုင်လေပင်။

"လတိုင်း စိတ်ဝိညာဉ်ကျောက် တစ်သိန်း ပေး ရတဲ့ အဓိကတပည့် တစ်ယောက်ပဲ လိုချင်တယ်" ဟု ထန်ထျန်း ပြောလိုက် သည်။

ကျုံးယန် ခေါင်းညိတ်ပြီး "ငှားရမ်းချိန်က အနည်းဆုံး တစ်လ၊ အများဆုံး တစ်နှစ်။"

"ငါတို့က အဓိကတပည့် တစ်ယောက်ကို မင်းအတွက် ရွေးချယ်ပေးမှာဖြစ်ပြီး သူ့ရဲ့ စွမ်းအားက ရွှေအူတိုင် အဆင့်ဖြစ်ပေမယ့် ရွှေအူတိုင် နှောင်းပိုင်းအောက် မနိမ့်ပါဘူး။"

ထန်ထျန်း တွေဝေသွားသည်။ ကိုယ်တိုင်ရွေးရခြင်း မဟုတ်ဘဲ ဂိုဏ်းက တာဝန်ပေးခြင်း ဖြစ်သည်။

ဒါက ရည်ရွယ်ချက်ရှိရှိ အုပ်စုဖွဲ့ခြင်းကို ရှောင်ရှားရန် ဖြစ်သင့်သည်။

ဒါပေမယ့် ဒီလိုဆိုရင်တော့ သူ့စိတ်ကြိုက်ဖြစ်တဲ့ သက်တော် စောင့်တစ်ယောက်ကို မရနိုင်တော့ပေ ။

စဉ်းစားပြီးနောက် ထန်ထျန်းက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက် တစ်တုံးနှင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက် အတုံး နှစ်ဆယ်ကို ထုတ်လိုက်သည်။

"ကျွန်တော် တစ်နှစ် ငှားမယ်။"

ထို့နောက် သူက လှပသော သေတ္တာငယ်လေးတစ်ခုကို ထုတ်ကာ ကျုံးယန်ရှေ့တွင် တင်လိုက်သည်။

"တပည့်က အခုမှ ရောက်လာတာဖြစ်လို့ နားမလည်တာတွေ အများကြီး ရှိတယ်၊ အကြီးအကဲ ကျုံးရဲ့ စိတ်ရှည်လက်ရှည် ရှင်းပြပေးတာကို အရမ်း ကျေးဇူးတင်ပါတယ်။"

"ဒါက ဒေသထွက် ပစ္စည်းလေး နည်းနည်းပါ၊ အကြီးအကဲ စိတ်မကွက်ပါနဲ့" ဟု ထန်ထျန်းက ပြုံးရင်း ပြောလိုက်သည်။

ကျုံးယန် မျက်ခုံးပင့်လိုက်ပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သည်။

အတွင်းတွင် သာမန် ဝိညာဉ်သစ်သီးများ ပြည့်နေပြီး အရသာ ကောင်းမွန်သော်လည်း ကျင့်ကြံ မှုအတွက် အကျိုးအာနိသင် မရှိချေ။

သို့သော် ဝိညာဉ်သစ်သီးများအောက်ခြေရှိ ထောင့်တစ်နေရာတွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက် တစ်တုံးက မှိန်ဖျော့သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။

"အော်"

ကျုံးယန် ချက်ချင်း ပြုံးလိုက်ပြီး အဖုံးကို ပြန်ပိတ်ကာ "ဒီခေတ် လူငယ်တွေထဲမှာ မင်းလို ထက်မြက်တဲ့လူက မများဘူးနော်။"

"ဘာတောင်းဆိုစရာ ရှိလဲ၊ ပြောပါ။"

ထန်ထျန်း ပြုံးရင်း "ဘာတောင်းဆိုစရာ မှတော့ မရှိပါဘူး။"

"ဒါပေမယ့် တပည့်ရဲ့ ခွန် အားက အရမ်းနိမ့်လို့ သက်တော် စောင့်က ကျွန်တော့်ရဲ့ တောင်းဆို ချက်တွေကို လိုက်နာပါ့မလားဆိုတာ နည်းနည်း စိုးရိမ်မိတယ်။"

"ဘာလို့လဲဆိုတော့ သူတို့တွေက ပါရမီရှင် တွေလေ ။"

ကျုံးယန် ခေါင်းညိတ်ပြီး "တကယ်ပဲ အလားတူ ကိစ္စတွေ ဖြစ်ဖူးပါတယ်။"

"စိတ်ချပါ၊ လူရွေးတဲ့အခါ မင်းအတွက် ငါ စစ်ဆေးပေးပါ့မယ်။"

"တခြား တောင်းဆိုစရာ တွေရော ရှိသေးလား"

ထန်ထျန်း အရိုအသေပေး ပြီး "မရှိတော့ပါဘူး၊ အကြီးအကဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

ကျုံးယန် ပြုံးပြုံးလေးဖြင့် စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို သိမ်းလိုက်သည်။

ဤသို့မြင်လျှင် ထန်ထျန်းလည်း စိတ်အေးသွားသည်။ သူ အမှန်တကယ် စိုးရိမ်မိသည်မှာ ကျုံးယန်က ဖြောင့်မတ်သူဖြစ်ပြီး သေတ္တာကို သူ့မျက်နှာပေါ်သို့ တိုက်ရိုက် ပစ်ပေါက် မည်ကိုပင်။

ပြောရလျှင် ကျုံးယန်အား ပေးခဲ့သော အဆင့်မြင့် စိတ်ဝိညာဉ်ကျောက် တစ်တုံးပင် သုံးစွဲမှုစနစ်က "ပုံမှန်သုံးစွဲမှု" အဖြစ် ခွင့် ပြုခဲ့သည်။

တကယ်ကို စိတ်ဝင်စားစရာပဲ။

ကိစ္စအားလုံး ပြီးသောအခါ နှစ်ဦးသား အခြားကိစ္စအချို့ကို ဆွေးနွေးပြီးနောက် ထန်ထျန်း ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

သက်တော် စောင့်မှာ မနက်ဖြန် ရောက်လာမည်ဖြစ်ရာ ထိုအခါ သူက ချင်းယွဲ့ဂိုဏ်း၏ အပေါ်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်တော့မည်။

၎င်းက အဆင့်မြင့် ဂုဏ်ထူးဆောင်တပည့်၏ အဆင့်အတန်း ပင်။

ကုသိုလ် ခန်းမမှ ထွက်လာသောအခါ ညနေစောင်းနေပြီဖြစ်ရာ ထန်ထျန်းက မိမိ၏ ကျောက်တုံးအိမ်လေးဆီသို့ ပြန်သွားခဲ့သည်။

မိမိ၏ ရိုးရှင်းသော ကျောက်တုံးအိမ်လေးထဲတွင် ထိုင်နေမှသာ သူက ယနေ့ရရှိခဲ့သော အရာအားလုံးကို စတင် စစ်ဆေးနိုင်တော့သည်။

အဆင့်နိမ့် ဆေးလုံးများ၊ ဝိညာဉ် ဆေးပင် များ၊ ဝိညာဉ်သစ်သီးများ၊ စိတ်ဝိညာဉ်လက်နက်များ၊ အဆောင် စာရွက်များ အစရှိသည်တို့ဖြင့် သိုလှောင်လက်စွပ်တစ်ခုလုံးနီးပါး ပြည့်နေသည်။

ထို့အပြင် အုတ်မြစ်ချဆေးလုံး၊ ဝိညာဉ်စွမ်းအာတိုးမြှင့် ဆေးလုံး၊ဗာဂျရာ နှလုံးကာမှန်၊ လေခွင်း ဓားကျင့်စဉ် စသည့် ပစ္စည်းကောင်း များစွာလည်း ရှိသည်။

ဤပစ္စည်းများအားလုံးကို ပေါင်းလိုက်ရုံဖြင့် သူက ချမ်းသာကြွယ်ဝသော သူဌေးသားတစ်ဦးဟု သတ်မှတ်နိုင်ပြီဖြစ်သည်။

စနစ်နှစ်ခုလုံးတွင်လည်း ဗလာမဟုတ်တော့ချေ။

သုံးလေ တိုးလေ စနစ် တွင် သူက စိတ်ဝိညာဉ်ကျောက် သုံးကုဋေနီးပါးရှိသော ချမ်းသာသူ ဖြစ်နေပြီဖြစ်သည်။

နေ့လယ်ပိုင်းက ကြေးပြားတစ်ပြား ပင် မထုတ်နိုင်ခဲ့သည့် ဆင်းရဲသားတစ်ဦး ဖြစ်ခဲ့သည်ကို စိတ်ကူးပင် မယဉ်နိုင်တော့ချေ။

စနစ်ရှိတာ ကောင်းလိုက်တာ

ထို့အပြင် အကန့်အသတ်မဲ့ သုံးနိုင်သော စနစ်တွင်လည်း သုံးစွဲမှုအမှတ် နှစ်ထောင်ခုနစ်ရာကျော် စုဆောင်းထားပြီး ဖြစ်သည်။

နောက်ဆုံးတော့ ပစ္စည်းတွေ လဲလှယ်လို့ ရပြီကွ

"ဘာ လဲလှယ်ရမလဲ"

ထန်ထျန်းက စာရင်းကို ကြည့်လိုက်သည်။

သူ့ရဲ့ လက်ရှိ ပိုင်ဆိုင်မှုနဲ့ဆိုရင် ပါရမီ၊ ခန္ဓာကိုယ်၊ ဉာဏ်အလင်းပွင့်ခြင်း တို့မှာပဲ လဲလှယ်နိုင်သေးသည်။

စဉ်းစားပြီးနောက် ထန်ထျန်းက ကျင့်ကြံ သူများအတွက် အရေးအကြီးဆုံးဖြစ်သည့် ပါရမီကို ဦးစွာ ရွေးချယ်ခဲ့သည်။

ဝိဉာဥ်စက်ဝန်း လေး လွှာ ပါရမီ: သုံးစွဲမှုအမှတ် တစ်ထောင်။

လဲလှယ်ပြီးသောအခါ ထူးဆန်းနက်နဲသော အငွေ့အသက်တစ်ခုက ထန်ထျန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခေါင်းမှ ခြေဖျားအထိ အလွန် နှစ်သက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။

သို့သော် မကြာမီပင် ထိုခံစားချက်က ပုံသဏ္ဌာန်မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

"ပြီး သွားပြီလား"

ထန်ထျန်းက သူ၏ လက်နှစ်ဖက်ကို ကြည့်လိုက်သော်လည်း မည်သည့် ပြောင်းလဲမှုမှ မရှိပုံရသည်။

"စမ်းကြည့်ရမယ်။"

သူက ထိုင်ချလိုက်ပြီး စတင်ကျင့်ကြံတော့ သည်။

ချီဆွဲယူ ခြင်းကျင့်စဉ်က ကျင့်ကြံခြင်း လောက ၏ အသုံးအများဆုံး ကျင့်စဉ်ဖြစ်ပြီး ၎င်း၏နိယာမမှာ အလွန်ထိရောက်သည်။ ၎င်းက မိမိကိုယ်တိုင်နှင့် ကောင်းကင်နဲ့ မြေကြီးကြား ဆက်သွယ်ကာ ကောင်းကင်နှင့် မြေကြီးကြားတွင် လွင့်မျော နေသော ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ ဆွဲယူကာ မိမိကိုယ်ကို သန်မာ စေခြင်း ဖြစ်သည်။

ဤကျင့်စဉ်က ကျင့်ကြံ သူ၏ ပါရမီ၊ ခန္ဓာကိုယ်၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်၏ များပြားမှု ပတ်ဝန်းကျင် အစရှိသည်တို့နှင့် ဆက်စပ်နေသည်။

ထန်ထျန်း ယခင်က ကျင့်ကြံ သောအခါ သူ့ခန္ဓာကိုယ်တစ်ဝိုက် တွင် မှိန်ဖျော့သော အဖြူရောင် ဝိညာဉ်စက်ဝန်း တစ်လွှာ ပေါ်လာတတ်သည်။ ၎င်းက ပါရမီစက်ဝန်း ဖြစ်ပြီး ကျင့်ကြံ မှုအမြန်နှုန်းကို မြှင့်တင်ပေးနိုင်သည်။

သို့သော် သူ၏ ပါရမီစက်ဝန်းက အလွန်မတည်ငြိမ်ဘဲ ပါရမီ တစ်လွှာ အဆင့်ကို မရောက်ရှိသေးသောကြောင့် သက်ရောက်မှုက အလွန်ဆိုးရွား ခဲ့သည်။

သို့သော် ယခုအချိန်တွင် သူက ဝိညာဉ်ဆွဲယူခြင်းကျင့်စဉ်ကို လည်ပတ်လိုက်သောအခါ တောက်ပသော ပါရမီစက်ဝန်း လေးလွှာက ခန္ဓာကိုယ်တစ်ဝိုက်တွင် ချက်ချင်း ပေါ်လာသည်။

ပါရမီစက်ဝန်း များ ပေါ်လာပြီးနောက် ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များနှင့် ချက်ချင်း လျင်မြန်စွာ စုဝေး လာသည်။

ထို့နောက် စုဝေးလာသော ဝိညာဉ်စွမ်းအင်များက ထန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းဖြင့် စီးဝင်လာပြီး ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

"အရမ်း ကောင်းလိုက်တာ"

ထန်ထျန်း မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

ဤဝိညာဉ်စွမ်းအင်၏ အရေအတွက်နှင့် အရည်အသွေးက ယခင်ကထက် ဆယ်ဆမက ပိုမိုအားကောင်းနေသည်။

ပါရမီစက်ဝန်း ငါးလွှာ ပိုင်ဆိုင်သော လင်းယွဲ့ က အချိန်တိုအတွင်း ထန်ထျန်းအား အဘယ်ကြောင့် လျင်မြန်စွာ ကျော်ဖြတ်နိုင်ခဲ့သည်ကို နားလည်နိုင်ပြီပင်။

နှစ်နှစ်ကြာပြီးနောက် သူမက အဓိကတပည့် ရွေးချယ်ပွဲကိုပင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်ဖြစ်ပြီး ထန်ထျန်းမှာမူ ချီသန့်စင်ခြင်း အဆင့်နှစ် သာ ရှိသော သာမန်တပည့်တစ်ဦးအဖြစ်သာ ရှိနေသေးသည်။

သို့သော် ယခုမူ အရာအားလုံး ပြောင်းလဲသွားပြီ။

ထန်ထျန်း ဆက်လက်သုံးနေသရွေ့ ငါးလွှာ ၊ ခြောက်လွှာ၊ ကိုးလွှာ နှင့်အထက်ပင် ဖြစ်လာနိုင်ပြီး အိပ်မက်မဟုတ်တော့ပေ။

နောက်မှ ရှေ့သို့ ကျော်ခြင်းက အချိန်ကာလတစ်ခု သာ ကြာမည် ဖြစ်သည်။

သူ စဉ်းစားနေစဉ် အူတိုင် မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ချီသန့်စင်ခြင်း အဆင့် နှစ်၏ အတားအဆီးကို ဖောက်ထွင်းကျော်လွှားသွားခဲ့သည်။

သူက နောက်ဆုံးတွင် ချီသန့်စင်ခြင်း အဆင့် သုံးသို့ တက်လာခဲ့ပြီပင်။

All Chapters