ထူးဆန်းသည့် အရောင်းအဝယ်
Vol. 1 Ch. 3
"သူက... အတော်လေး ထူးဆန်းတဲ့ ကိစ္စတစ်ခုကို လုပ်နေပုံပဲ။"
ထန်ထျန်း၏ ထူးဆန်းသည့် သုံးစွဲမှုများက ပတ်ဝန်းကျင်မှ လူများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့က စိတ်ဝင်တစား ကြည့်လာကြပြီး ထန်ထျန်း အမှန်တကယ် ဘာလုပ်ချင်သည်ကို သိလိုနေကြသည်။
သို့သော် ကျင်းယွီခန်းမမှ အရောင်းဝန်ထမ်းမှာမူ ပိုမိုဒေါသထွက်လာခဲ့သည်။
"မင်း တကယ်ပဲ ငါ့ကို လာနောက်နေတာလား"
တစ်ပုလင်းလုံး ဝယ်နိုင်ပါလျက်နဲ့ အရင်တစ်ဝက်ဝယ် ပြီးတော့မှ တစ်ပုလင်း ထပ်ဝယ်တယ်။ ဒါက ရန်ရှာသည့် လုပ်ရပ်အဖြစ် သတ်မှတ်လို့ရနေပြီ။
သို့သော် ထန်ထျန်း မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် "အရောင်းအဝယ်ပဲလေ၊ ခင်ဗျား မလုပ်ချင်ရင် တခြားလူကို သွားရှာမှာပေါ့" ဟု ပြောလိုက်သည်။
အရောင်းဝန်ထမ်း မျက်လုံးမှေးလိုက်သည်။ ဘယ်လိုပြောပြော သူက ဖောက်သည်ပဲလေ၊ ဖောက်သည်နဲ့ အရောင်းအဝယ်လုပ်တာက သူ့တာဝန်ပဲ။
စိတ်မရှည်ဖြစ်နေသော်လည်း သူက ယန်ယွမ်ဆေးလုံး တစ်ပုလင်းကို ထုတ်ပေးလိုက်ပြန်သည်။
စိတ်ဝိညာဉ်ကျောက်လေးတုံး ကလည်း စနစ်ထဲသို့ ချောချောမွေ့မွေ့ ရောက်ရှိသွားသည်။
ထန်ထျန်းက ၎င်းတို့ကို အားလုံးထုတ်ယူကာ ကောင်တာပေါ်တွင် ထပ်မံတင်လိုက်သည်။
"ယန်ယွမ်ဆေးလုံး နှစ်ပုလင်း။"
သူက အေးအေးဆေးဆေး ပြောလိုက်သည်။
"မင်း"
"တစ်ခါတည်း သုံးပုလင်း ဝယ်လို့မရဘူးလား"
အရောင်းဝန်ထမ်း ဒေါသထွက်လာသည်။ ဒီလိုပစ္စည်းဝယ်တဲ့လူ ဘယ်မှာရှိလို့လဲ
ထန်ထျန်း အနည်းငယ် စိတ်ပျက်သွားသည်။ သူလည်း သုံးပုလင်း ဝယ်ချင်ပေမဲ့ စနစ်စည်းမျဉ်းတွေအရ ဝယ်ယူဖို့အတွက် ကိုယ့်မှာ လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက် ရှိနေဖို့ လိုအပ်သည်တဲ့။
ဒါကြောင့် အရောင်းဝန်ထမ်းကို အကြိမ်များစွာ ပြေးခိုင်းရတော့မည်။
အရောင်းဝန်ထမ်း အတော်လေး စိတ်တိုနေသော်လည်း ယန်ယွမ်ဆေးလုံး နှစ်ပုလင်းကို ထုတ်ပေးကာ အရောင်းအဝယ်ကို ထပ်မံပြီးမြောက်ခဲ့သည်။
စိတ်ဝိညာဉ်ကျောက် ရှစ်တုံး လက်ထဲ ရောက်လာသည်။
ထန်ထျန်း ဆက်လက်အရောင်းအဝယ်လုပ်ရန် ပြင်နေစဉ်တွင် ဘေးမှနေ၍ "ငါ နားလည်ပြီ" ဟူသော အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
သူမက အသံကျယ်ကျယ်ဖြင့် "နင့်ရဲ့ ရည်ရွယ်ချက်က အရောင်းအဝယ်လုပ်တာ မဟုတ်ဘူး၊ ဒီလိုထူးဆန်းတဲ့ နည်းလမ်းနဲ့ ငါတို့ရဲ့ အာရုံစိုက်မှုကို ရယူချင်တာပဲ မဟုတ်လား"
"ဟဲဟဲ၊ ပုံစံကတော့ အသစ်အဆန်းပဲ၊ ဒါပေမဲ့ ငါတို့က အရူး တွေ မဟုတ်ဘူး။"
"နင် ဒီလိုလုပ်လေ၊ ငါတို့က နင့်ကို ပိုမုန်းလေပဲ။"
ဖန်ဖေး လက်ပိုက်လျက် ငါနင့်ရဲ့စိတ်ကို သိတယ်ဟူသော အမူအရာဖြင့် ပြောလိုက်သည်။
ထန်ထျန်း စိတ်ပျက်လက်ပျက်ဖြင့် "မင်းကိုမင်း အယုံအကြည်လွန်နေတာလား"
"ကမ္ဘာကြီးတစ်ခုလုံးက မင်းတို့နားမှာ လည်နေတယ်လို့ တကယ်ထင်နေတာလား"
"ငါ့ပစ္စည်း ငါဝယ်တာ မင်းတို့နဲ့ ဘာဆိုင်လဲ"
"မင်းတို့ရဲ့ အောက်တန်းကျတယ့် အကြည့် နဲ့ တခြားလူတွေကို မကြည့်ပါနဲ့လား?"
သူ တကယ်ကို မခံနိုင်တော့ဘူး။ တချို့လူတွေက ကမ္ဘာပေါ်က လူတိုင်းက သူတို့ကို ဖားယားနေတယ်လို့ ထင်နေပြီး ဘာလုပ်လုပ် သူတို့ရှေ့မှာ သရုပ်ဆောင်ပြနေတာလို့ ထင်နေတာ။
သို့သော် ဖန်ဖေးက ဟားဟားဟု ရယ်မောကာ "ဆက်ဟန်ဆောင်၊ ဘယ်တော့ထိ ဟန်ဆောင်နိုင်မလဲ ငါ စောင့်ကြည့်နေ မယ်။"
"သာမန်တပည့်လေးတစ်ယောက်က ဘယ်လောက်များ စိတ်ဝိညာဉ်ကျောက် ရှိနိုင်မှာလဲ"
ထိုအချိန်တွင် လင်းယွဲ့လည်း ကြည့်လာသည်။ သူမ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ ဖန်ဖေး၏ အတွေးနှင့် အတူတူပင် ဖြစ်ပုံရသည်။
ထန်ထျန်း သူမကို ဆက်ပြီး ဂရုစိုက်ဖို့ စိတ်မဝင်စားတော့ဘဲ စိတ်ဝိညာဉ်ကျောက် ရှစ်တုံးကို ကောင်တာပေါ် တင်လိုက်သည်။
"ယန်ယွမ်ဆေးလုံး လေးပုလင်း။"
အရောင်းဝန်ထမ်း မျက်လုံးလှန်ကြည့်ရင်း မကျေမနပ်ဖြင့် ယန်ယွမ်ဆေးလုံး လေးပုလင်းကို ထုတ်ပေးလိုက်သည်။
အရောင်းအဝယ် ပြီးဆုံးသည်။
စိတ်ဝိညာဉ်ကျောက် ဆယ့်ခြောက်တုံး အိတ်ထဲ ရောက်လာသည်။
"ရှစ်ပုလင်း။"
ထန်ထျန်း မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် ဆက်လက် အရောင်းအဝယ် လုပ်နေ သည်။
"ဆယ့်ခြောက်ပုလင်း။"
"သုံးဆယ့်နှစ်ပုလင်း။"
မကြာမီပင် ထန်ထျန်းရှေ့မှ ကောင်တာပေါ်တွင် ယန်ယွမ်ဆေးလုံး ပုလင်းရာပေါင်းများစွာ ပြည့်နှက်နေပြီ ဖြစ်သည်။
ဘေး မှ ကြည့်သူများလည်း ပိုမိုများပြားလာခဲ့သည်။
အရောင်းဝန်ထမ်း၏ သဘောထားကလည်း ယန်ယွမ်ဆေးလုံး ပုလင်းများ တိုးလာသည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
ထန်ထျန်းက ပုလင်းငါးရာဟူသော ကိန်းဂဏန်းကို ပြောလိုက်သောအခါ သူ၏ယခင် မထီမဲ့မြင်ပြုမှုနှင့် စိတ်မရှည်မှုတို့က လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ဒါက... လူငယ်လေး အရေအတွက် များနေလို့၊ ကောင်တာထဲမှာ မလုံလောက်ဘူး ဂိုဒေါင် အနောက်ခန်း ကနေ သွားယူရပါမယ်" ဟု အရောင်းဝန်ထမ်းက အလွန်ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
ထန်ထျန်း ခေါင်းညိတ်ပြလိုက်သည်။
မကြာမီပင် သူက ယန်ယွမ်ဆေးလုံး တစ်ပုံးကြီးကို သယ်လာကာ ကောင်တာပေါ်တွင် တင်လိုက်သည်။
အရောင်းအဝယ် ပြီးဆုံးသွားသည်။
ထန်ထျန်း၏ အိတ်ထဲရှိ စိတ်ဝိညာဉ်ကျောက် အရေအတွက်လည်း နောက်ဆုံးတွင် တစ်ထောင်ကျော်သွားခဲ့ပြီ
ထို့အပြင် စနစ်ကလည်း အလွန် စိတ်ကောင်းဝင်ကာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်များကို အလယ်အ လတ် အဆင့် စိတ်ဝိညာဉ်ကျောက်များအဖြစ် အလိုအလျောက် ပြောင်းလဲပေးခဲ့သည်။
စိတ်ဝိညာဉ်ကျောက် တစ်ထောင်ကျော်ပြီးနောက် သူက ယန်ယွမ်ဆေးလုံး ဆက်မဝယ်တော့ပေ။ ၎င်းတို့က အခြေခံဆေးလုံးများသာ ဖြစ်ပြီး သိပ် အသုံးမဝင်လှပေ။
ထို့အပြင် အရေအတွက် များလွန်းသည့်အတွက် သယ်ယူရန် အဆင်မပြေပေ။
ယခု သူက စိတ်ဝိညာဉ်ကျောက်များစွာ ပိုင်ဆိုင်ထားပြီ ဖြစ်၍ ပိုမိုကောင်းမွန်သည့် အဖိုးတန်ပစ္စည်းများကို စ သုံး နိုင်ပြီ ဖြစ်သည်။
သို့သော် သူ ရပ်တန့်လိုက်သည်နှင့် ဘေးမှ ဖန်ဖေးက ထပ်မံ အော်ဟစ်တော့သည်။
"ဟားဟားဟား၊ ပိုက်ဆံ မရှိတော့ဘူး မဟုတ်လား"
သူမ မျက်နှာတွင် ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့် "ငါ သိသားပဲ၊ နင်က ငါတို့ရဲ့ အာရုံစိုက်မှုကို ရယူချင်တာပဲလေ။"
"ဆက်ပြီး ဟန်ဆောင်ပါဦး၊ ဘာလို့ မဟန်ဆောင်တော့တာလဲ"
"ယောက်ျားတွေက ဒီလိုပဲ၊ ကိုယ့်ကိုယ်ကို ပိုက်ဆံရှိသလို ဟန်ဆောင်ရတာကို ကြိုက်ကြ တယ်။"
ထန်ထျန်း သက်ပြင်းချလိုက်သည်။ ပြန်ဖြေရန် စိတ်တောင် မပါတော့ပေ။
အမှိုက်တွေနဲ့ ဘယ်တော့မှ မငြင်းခုံနဲ့၊ ဘာလို့လဲဆိုတော့ သူတို့က မင်းကို သူတို့ရဲ့ ကိုယ်ကျင့်တရားအဆင့်အထိ ဆွဲချသွားပြီး သူတို့ရဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံတွေနဲ့ မင်းကို အနိုင်ယူသွားမှာပါ။
သို့သော် ထန်ထျန်း မတုံ့ပြန်သော်လည်း အခြားသူများက မတုံ့ပြန်ဟု မဆိုလိုပေ။
ဖန်ဖေး၏ နောက်ဆုံးစကားလုံးက ဘေး မှ ကြည့်သူအချို့၏ ဒေါသကို ချက်ချင်း ထွက်သွား စေ ခဲ့သည်။
"ဟေ့၊ စကားပြောရင် ကြည့်ပြောလေ ။"
"အရူးတစ်ယောက် တွေ့တာနဲ့ ကမ္ဘာပေါ်ကလူအားလုံး အတူတူပဲလို့ မထင်နဲ့။"
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့"
လူအများက ဝိုင်းပြောကြသည်။
သို့သော် လူအများ၏ ပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်ရသောအခါ ဖန်ဖေးက မာနပိုကြီးလာကာ "ဘာလဲ ငါ ပြောတာ မှားလို့လား"
"သူက သာမန်တပည့် ဆင်းရဲသားလေးပဲ၊ စိတ်ဝိညာဉ်ကျောက် ရာဂဏန်းလောက် ရလာတာ ဘယ်လိုကံကောင်းမှုကြီးလဲ မသိဘူး။"
"အဲ့လိုပုံစံမျိုးနဲ့ ယန်ယွမ်ဆေးလုံး အပုံလိုက်ဝယ်တာက တမင်တကာ လုပ်တာ မဟုတ်ဘူးလား"
"အရူး တွေပဲ"
လူအများ ချက်ချင်း ဒေါသထွက်သွားကြသည်။
"သူ့ပစ္စည်း သူဝယ်တာ မင်းနဲ့ ဘာဆိုင်လဲ၊ ကိုယ့်လမ်းကို ကိုယ် သွားလို့မရဘူးလား"
"သာမန်တပည့်ဆိုတော့ရော ဘာဖြစ်လဲ သာမန်တပည့်တွေမှာ စိတ်ဝိညာဉ်ကျောက် မရှိဘူးလို့ ဘယ်သူပြောလဲ"
"ဟုတ်တယ်၊ မိသားစုကြီးတွေရဲ့ သားသမီးတွေ က အခြေခံကနေ စပြီး သာမန်တပည့်အနေနဲ့ လုပ်ခဲ့ကြတာ၊ ဒီညီလေးမှာလည်း ဒီလိုအရည်အချင်းမျိုး ရှိပုံရတယ်"
လူအများ ငြင်းခုံကြသည်။
လူအများအပြားက မိမိ၏ အတွေးများကို ဆန့်ကျင်ဝံ့သည်ကို မြင်သောအခါ ဖန်ဖေး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်ါ "တကယ့် ဟာသပဲ"
"မိသားစုကြီးက တပည့်တွေဆိုရင် ဘယ်သူက စိတ်ဝိညာဉ်ကျောက် သန်းပေါင်းများစွာကို ကိုင်ပြီး သာမန်တပည့် ဆင်းရဲသားအဖြစ် လုပ်မှာလဲ"
"ဟားဟား ဒီနေ့ နင်တို့နဲ့ လောင်းမယ်၊ သန်းချီတာ ထားဦး၊ သူ ဒီနေ့ စိတ်ဝိညာဉ်ကျောက် တစ်သောင်း ထုတ်ပြနိုင်ရင် ငါ ဒူးထောက်ပြီး တောင်းပန်မယ်"
ဖန်ဖေး အတော်လေး စိတ်လွတ်နေသည်ကို မြင်သောအခါ လင်းယွဲ့ ချက်ချင်း သူမကို ဆွဲလိုက်သော်လည်း မရတော့ ပေ။
သို့သော် သူမလည်း ထန်ထျန်း စိတ်ဝိညာဉ်ကျောက် တစ်သောင်း ထုတ်ပြနိုင်မည်ဟု မထင်ခဲ့ပေ။ သူမက ထန်ထျန်း၏ အကြောင်းကို ကောင်းစွာသိပြီး စိတ်ဝိညာဉ်ကျောက် ရာဂဏန်းမျှပင် ရှိသည်ကို မြင်ရသည်မှာပင် သူမကို အလွန်အံ့အားသင့်စေခဲ့သည်။
ငြင်းခုံသံများ ဆက်လက် တည်ရှိနေသည်။
သို့သော် ထန်ထျန်း စိတ်မဝင်စားတော့ဘဲ စဉ်းစားပြီးနောက် အရောင်းဝန်ထမ်းထံမှ ကုန်ပစ္စည်းစာရင်းကို တောင်းယူလိုက်သည်။
ကုန်ပစ္စည်းစာရင်းတွင် အမျိုးမျိုးသော ကျင့်ကြံ သူများ လိုအပ်သည့် အရင်းအမြစ်များနှင့် အဖိုးတန်ပစ္စည်းများ ပြည့်နှက်နေသည်။
အနည်းငယ် လှန်လှောကြည့်ပြီးနောက် သူက နောက်ထပ်ဝယ်ယူရမည့် ပစ္စည်းများကို ရွေးချယ်လိုက်သည်။
"သာမန်အဆင့်နိမ့် ဓားရှည်၊ ဈေးနှုန်း စိတ်ဝိညာဉ်ကျောက် တစ်ထောင်။"
စိတ်ဝိညာဉ်လက်နက်က အရင်က ထန်ထျန်း တွေး ရဲသည့် ပစ္စည်းမျိုးပင် မဟုတ်ခဲ့ပေ။
သို့သော် ယခုမူ ၎င်းကို ဝယ်ယူရန် လုံလောက်ပြီ ဖြစ်သည်။
"ဒါပဲ ဝယ်မယ်။"
ထန်ထျန်း ပြောလိုက်သည်။
အရောင်းဝန်ထမ်း ကြည့်ပြီး ချက်ချင်းပင် အလွန်အံ့သြသွားသည်။
ခုနကမှ အနိမ့်ဆုံး ယန်ယွမ်ဆေးလုံး တွေ ဝယ်နေတာ၊ ဘာလို့ ရုတ်တရက် အဆင့်မြင့်ပစ္စည်းတွေကို ကြည့်မိသွားတာလဲ
သူ ထန်ထျန်း၏ အတွေးကို လုံးဝ ခန့်မှန်း၍ မရတော့ပေ။
မကြာမီပင် ဓားရှည်ကို ကောင်တာပေါ် တင်လိုက်သည်။
ထန်ထျန်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက် ဆယ်တုံးကို တစ်ခါတည်း ထုတ်လိုက်သောအခါ အချို့လူများက ချက်ချင်း ရယ်မောလိုက်ကြသည်။
"ဟားဟား၊ ဟိုလူက ဘယ်သူလဲ၊ သူ့မှာ ပိုက်ဆံမရှိတော့ဘူးလို့ မင်း ပြောတာ မဟုတ်လား"
"ဒူးထောက်ဖို့ စောင့်နေလိုက်ဦး၊ ဒီညီလေးက သာမန်လူ မဟုတ်မှန်း ငါသိတယ်"
ဖန်ဖေး နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ စိတ်ဝိညာဉ်ကျောက် တစ်ထောင်ဆိုတာ သူမရဲ့ နှစ်လစာ လစာပင် ဒီသာမန်တပည့် ဆင်းရဲသားမှာ စိတ်ဝိညာဉ်ကျောက် တစ်သောင်း တကယ်ရှိနေတာလား
သူမ စိတ်ထဲတွင် အနည်းငယ် ပူပန်လာခဲ့သော်လည်း သူမစကားကို အောက်ကျမခံနိုင်ပေ
"တစ်ထောင်ပဲ ရှိသေးတာပဲ။"
"ဆက် ကြည့်နေလိုက်"