အပြစ်ဒဏ်
Vol. 1 Ch. 4
သစ်သားဓားအိမ်ထဲတွင် အလွန်လှပသော ဓားရှည်တစ်ချောင်း ငြိမ်သက်စွာ ရှိနေသည်။
"စမ်းကြည့်ပြီး စစ်ဆေးနိုင်ပါတယ်ဗျာ။"
အရောင်းဝန်ထမ်းက မျက်နှာပြုံးပြုံးဖြင့် ပြောဆိုသည်။
ယခင်က သူ၏သဘောထားနှင့် လုံးဝ ကွာခြားလှသည်။
သို့သော် ထန်ထျန်းက ဓားကို စမ်းသပ်ကြည့်ရန် ရည်ရွယ်ချက်မရှိဘဲ ကပစ္စည်းစာရင်းကို ထပ်မံ ကြည့်လိုက် သည်။
ယခုတစ်ကြိမ်တွင် သူက ဆေးလုံးစာရင်းကို ကြည့်လိုက်သည်။
အဆင့်မြင့် ချီကျင့်ကြံခြင်း ဆေးလုံး- တစ်ပုလင်းကို စိတ်ဝိညာဉ်ကျောက် ၁၀၀
အဆင့်မြင့် ကိုယ်ခန္တာမာကြောဆေးလုံး- တစ်ပုလင်းကို စိတ်ဝိညာဉ်ကျောက် ၁၀၀
အဆင့်မြင့် ချီသန့်စင်ဆေးလုံး- တစ်ပုလင်းကို စိတ်ဝိညာဉ်ကျောက် ၂၀၀
အဆင့်မြင့် အုတ်မြစ်ချဆေးလုံး- တစ်ပုလင်းကို စိတ်ဝိညာဉ်ကျောက် ၁၀၀၀
၎င်းတို့က ချီသန့်စင်ခြင်း အဆင့်အတွက် အဓိက ကျင့်ကြံခြင်း အထောက်အကူပြု ဆေးလုံးများပင် ဖြစ်သည်။
နတ်ဘုရားလောက က ခွန် အားကို လေးစား သည့် လောက တစ်ခုပင်။
သူ့တွင် စနစ်နှစ်ခုရှိနေပြီး နောင်တွင် အကန့်အသတ်မရှိ စိတ်ဝိညာဉ်ကျောက်နှင့် အစွမ်းထက်သည့် ပါရမီများ ပိုင်ဆိုင်လာမည် ဖြစ်သော်လည်း တိုက်ရိုက်တိုက်ခိုက်ရေးစွမ်းအားအဖြစ် ပြောင်းလဲနိုင်ခြင်းတော့ မရှိသေးပေ။
ထန်ထျန်းက မိမိ၏နောင် ကျင့်ကြံ မှုအတွက် ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။
"အဆင့်မြင့် ချီကျင့်ကြံခြင်း ဆေးလုံး ပုလင်း ၂၀"
ထန်ထျန်းက ပြောလိုက်သည်။
"ကောင်းပါပြီ"
အရောင်းဝန်ထမ်းက အလွန်တက်ကြွစွာဖြင့် ဆေးလုံးများကို အလျင်အမြန် ယူလာကာ ထန်ထျန်းရှေ့တွင် ချပေးသည်။
အရောင်းအဝယ် ချောမွေ့စွာ ပြီးမြောက်ခဲ့ပြီး စနစ်အတွင်းရှိ စိတ်ဝိညာဉ်ကျောက်မှာ လေးထောင်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
"နောက်ထပ် အဆင့်မြင့် ကိုယ်ခန္တာမာကြောဆေးလုံး ပုလင်း ၄၀"
ထန်ထျန်းက အေးအေးဆေးဆေး ဆက်ပြောလိုက်သည်။ စိတ်ဝိညာဉ်ကျောက် လေးထောင် သုံးစွဲလိုက်သော်လည်း မျက်နှာပေါ်တွင် အနည်းငယ်မျှပင် နာကျင်သည့် အမူအရာမရှိချေ။
ဖန်ဖေး၏ စိတ်ထဲတွင် ပိုမိုထိတ်လန့်လာသည်။ ဒီကောင် တကယ်ပဲ စိတ်ဝိညာဉ်ကျောက် တစ်သောင်း ထုတ်ပြနိုင်မှာလား
ကျင့်ကြံ သူများကြား လောင်းကြေးများမှာ ဟာသလုပ် ရုံဖြင့် ပြီးသွားသည် မဟုတ်ပေ။ အကယ်၍သာ သူမ အမှန်တကယ် ရှုံးနိမ့်ခဲ့လျှင် ထန်ထျန်းရှေ့တွင် ဒူးထောက်တောင်းပန်ရမည်ဖြစ်သည်။
ဒါကို သူမ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ
ဖန်ဖေး လက်သီးဆုပ်ရင်း ထန်ထျန်း၏ ပိုက်ဆံအိတ် ဗလာဖြစ်သွားပါစေဟု ဆုတောင်းနေမိသည်။
သို့သော် လက်တွေ့ဘဝမှာ သူမ ဆန္ဒအတိုင်း ဖြစ်မလာခဲ့ချေ။
"နောက်ထပ် အဆင့်မြင့် ချီသန့်စင် ဆေးလုံး ပုလင်း ၄၀၊ အဆင့်မြင့် အုတ်မြစ်ချ ဆေးလုံး ပုလင်း ၂၀"
ထန်ထျန်းက အေးအေးဆေးဆေး ပြောလိုက်သည်။
"ကောင်းပြီ"
အရောင်းဝန်ထမ်း ချက်ချင်းပင် ဂိုဒေါင်အနောက်ခန်း သို့ ပြေးသွားသည်။ ဤကဲ့သို့သော အဖိုးတန်ဆေးလုံးများကို ကောင်တာတွင် အနည်းငယ်မျှသာ ပြသထားခြင်း ဖြစ်သည်။
ခဏအကြာတွင် အဆင့်မြင့် ချီသန့်စင် ဆေးလုံးများ ရောက်လာပြီး အရောင်းအဝယ် ပြီးမြောက်ခဲ့သည်။
"ဟားဟား၊ဂိုဏ်းတူ ညီလေး မိုက်တယ်ကွာ"
ထန်ထျန်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက် ရှစ်ဆယ်ကို တစ်ခါတည်း ထုတ်လိုက်သည်ကို မြင်သောအခါ ဘေး မှ လူများက ရယ်မောလိုက်ကြပြီး ဖန်ဖေးကို ဦးတည်၍ ပြစ်တင်ပြောဆိုကြတော့သည်။
"မင်း ရူးနေတာလား ၊ သူက တကယ် ပိုက်ဆံရှိတာကွ"
"စိတ်ဝိညာဉ်ကျောက် ရှစ်ထောင်၊ အရင်ကဟာတွေနဲ့ဆို တစ်သောင်း ပြည့်နေပြီ။"
"ဟားဟား၊ ဒူးထောက်တောင်းပန်တော့"
လူများက ဖန်ဖေးကို ကြည့်ရင်း အေးစက်စွာ ပြောကြသည်။
ထိုအချိန်တွင် ဖန်ဖေးမှာ လုံးဝထိတ်လန့်နေပါပြီ။ သူမက သာမန်တပည့်တစ်ဦးဖြစ်သည့် ထန်ထျန်း၏ ပိုင်ဆိုင်မှုက ဒီလောက်များပြားပြီး အတွင်းဂိုဏ်းတပည့်တစ်ဦးနှင့်ပင် မယှဉ်နိုင်လောက်အောင် ကြွယ်ဝနေလိမ့်မည်ဟု တကယ်မထင်ခဲ့ချေ။
လင်းယွဲ့လည်း အံ့အားသင့်နေ၏။ သူ ဒီလောက်များပြားတဲ့ စိတ်ဝိညာဉ်ကျောက်တွေကို ဘယ်ကရခဲ့တာလဲ
"လောင်းကြေးကို ကတိတည် ပါတော့"
အတွင်းစည်းတပည့် လူငယ်အချို့က ဆက်လက် ဖိအားပေးကြသည်။
ဖန်ဖေး မျက်နှာဖြူဖျော့သွားကာ မခံမရပ်နိုင်ဘဲ နှစ်လှမ်းနောက်ဆုတ်ပြီး ခိုးထွက်ရန် ကြိုးစားသော်လည်း သူမ၏ ထွက်ပေါက်ကို ပိတ်ဆို့ထားသူများ ရှိနေသည်ကို တွေ့လိုက်ရသည်။
"နင်တို့... နင်တို့ ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ"
"ကျွန်မက အားနည်းတယ့် မိန်းကလေး တစ်ယောက်ပါ"
အတွင်းစည်းတပည့်တစ်ဦး ရှေ့တိုးလာကာ အေးစက်စွာ ပြုံးရင်း "မင်းက အားနည်းတဲ့ မိန်းကလေး မဟုတ်ဘူး၊ ခုနက မင်းရဲ့ပါးစပ်နဲ့ လူအများကြီးကို ဆဲဆို ခဲ့တာလေ ။"
"ဘာလဲ၊ အကျိုးဆက်ကို ခံရတော့မယ်ဆိုမှ အားနည်းတဲ့ မိန်းကလေး ဖြစ်သွားတာလား"
"ဒါက နတ်ဘုရားလောက ရဲ့ စည်းမျဉ်းမဟုတ်ဘူး"
"အမြန် လောင်းကြေးကို ကတိတည်ပါ "
ဘေး မှ အခြားလူများလည်း ဝိုင်းအော်ကြသည်။
မတတ်နိုင်ဘူးလေ၊ ဖန်ဖေးက ဘယ်သူ့ကိုမှ မထောက်ထားဘဲ ဒီနေရာက ယောကျ်ားလေး ကျင့်ကြံ သူတွေအားလုံးနီးပါးကို ရန်လုပ်ခဲ့တာ။
လူအများ၏ ဖိအားပေးမှုကို ရင်ဆိုင်ရသောအခါ ဖန်ဖေး၏ နှုတ်ခမ်းများပင် ဖြူဖျော့သွားသည်။ သူမက သာမန်တပည့် ဆင်းရဲသားတစ်ဦးအား ဒူးထောက်တောင်းပန်ရခြင်းကို တကယ်ပင် လက်မခံနိုင်ခဲ့ချေ
ဒါပေမယ့် သာမန်တပည့် ဆင်းရဲသားတစ်ယောက်က စိတ်ဝိညာဉ်ကျောက် တစ်သောင်း ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ
အကြိမ်ကြိမ် ခွဲဝယ်ခဲ့သော်လည်း တစ်သောင်းတော့ ရှိနေပြီပဲလေ
အကြိမ်ကြိမ်...
မှန်တယ် သူက အကြိမ်ကြိမ် ခွဲဝယ်ခဲ့တာ
"ငါ မရှုံးသေးဘူး"
ဖန်ဖေး ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "ကျွန်မ ခုနက ပြောခဲ့တာက သူ တစ်ခါတည်း စိတ်ဝိညာဉ်ကျောက် တစ်သောင်း ထုတ်ပြနိုင်မှ ရှုံးတယ်လို့ ပြောခဲ့တာ"
"သူကတော့ အကြိမ်ကြိမ် ခွဲဝယ်ခဲ့ တာလေ"
"ဒါကြောင့် ကျွန်မ မရှုံးဘူး"
သူမက အသက်ကယ်ကြိုးကို ဆုပ်ကိုင်ထားသကဲ့သို့ပင် အသံကျယ်ကျယ်ဖြင့် အော်နေခဲ့သည်။
လူအများ အချင်းချင်း ကြည့်မိကြသည်။ သူတို့ ဒီလိုပြောခဲ့တာလား
မဟုတ်ပေ ထုတ်ပြနိုင်ရုံဖြင့် ရသည်ဟု ပြောခဲ့သည် မဟုတ်ပါလား
သို့သော် ဖန်ဖေးက ခိုင်ခိုင်မာမာ ငြင်းဆိုနေပါက သူတို့ ဆက်ဖိအားပေးရန် မဖြစ်နိုင်တော့ပေ။ မဟုတ်လျှင် အမှန်တကယ် အနိုင်ကျင့်ရာ ရောက်သွားပေမည်။
ခဏအကြာတွင် လူအများက ထန်ထျန်းထံသို့ အကြည့်များ ပြန်ရောက်လာသည်။
ဂိုဏ်းတူညီလေး၊ ဆက်လုပ်ဦးမလားဟု မေးနေသကဲ့သို့ပင်။
ထန်ထျန်း ပြုံးယောင်သန်းနေသည်။
ဒီလိုအခြေအနေမျိုး ရောက်လာပြီးမှတော့ ဆက်မလုပ်စရာ အကြောင်းမရှိပေ။
ချီသန့်စင်ဆေးလုံးများ ဝယ်ယူပြီးနောက် သူ၏စုစုပေါင်း ငွေမှာ တစ်သောင်းခြောက်ထောင်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
တစ်သောင်းလောက်ကတော့ ၊ နည်းနည်း လေးပင်။
သို့သော် သူ ဆက်ဝယ်ရန် လုပ် လိုက်စဉ်တွင် လင်းယွဲ့က ရှေ့တိုးလာသည်။
"ထန်ထျန်း၊ တော်ပါတော့။"
လင်းယွဲ့က အေးအေးဆေးဆေးဖြင့် "သူမက စိတ်မထိန်းနိုင်ရုံလေးပါပဲ၊ ဒီလောက်ပြင်းထန်တဲ့ အပြစ်ဒဏ်ကို မခံယူသင့်ပါဘူး။"
"ကျွန်မမျက်နှာကို ထောက်ပြီး ဆက်မလုပ်ပါနဲ့တော့။"
"ကျွန်မတို့ နောင်ကျရင် သူငယ်ချင်းတွေ ဆက်ဖြစ်နေမှာပါ။"
ထန်ထျန်း ခေါင်းလှည့်ကာ လင်းယွဲ့ကို ငြိမ်သက်စွာ ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် မည်သည့် စိတ် လှုပ်ရှားမှုမျှ မရှိချေ။
"ပထမဆုံးအနေနဲ့၊ စိတ်မထိန်းနိုင်ခြင်းဟာ မကောင်းမှုလုပ်ဖို့အတွက် ဆင်ခြေမဟုတ်ဘူး၊ ကိုယ့်စိတ်ကို လွှတ်ပေးလိုက်တယ်ဆိုရင် အကျိုးဆက်ကို ခံယူဖို့ ပြင်ဆင်ထားရမယ်။"
"ဒုတိယအနေနဲ့၊ မင်းကို မျက်နှာသာပေးစရာ အကြောင်းမရှိဘူး ။"
"နောက်ဆုံးအနေနဲ့၊ မင်းနဲ့ သူငယ်ချင်းဖြစ်ဖို့ ငါ စိတ်မဝင်စားဘူး။"
"ဒါပဲ။"
ပြောပြီးသည်နှင့် ထန်ထျန်းက လင်းယွဲ့ကို လုံးဝလျစ်လျူရှုကာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက် တစ်တုံးကို ထုတ်ပြီး အေးအေးဆေးဆေးဖြင့် "အဆင့်မြင့် အုတ်မြစ်ချဆေးလုံး ဆယ်ပုလင်း" ဟု ပြောလိုက်သည်။
"ကောင်း တယ်"
ဤလုပ်ရပ်ကြောင့် ချက်ချင်းပင် လက်ခုပ်သံများ ဆူညံသွားစေသည်။
"ဟားဟား၊ ပါးစပ်အဟောင်းသား ဖြစ်သွားပြီ မဟုတ်လား၊ မင်း ဒီတစ်ခါ ဘာဆင်ခြေ ပေးအုံးမလဲ"
"လောင်းကြေးကို ကတိတည် ပါ၊ မဟုတ်ရင် ငါတို့ မင်းကို ယဉ်ကျေးနေ တော့မှာ မဟုတ်ဘူး"
"ဟားဟား၊ ဒီလိုကိစ္စမျိုးကို စည်းကမ်းထိန်းသိမ်းရေးဌာနကတောင် ဘာမှပြောမှာ မဟုတ်ဘူး။"
ဖိအားပေးသည့်အသံများက ဖန်ဖေးထံသို့ ထပ်မံ ဖိစီးလာခဲ့သည်။
ဖန်ဖေး ချက်ချင်းပင် မြေပြင်ပေါ် ထိုင်ချလိုက်သည်။ ဒီတစ်ခါတော့ သူမ တကယ်ပဲ ဘာဆင်ခြေမှ ရှာမတွေ့နိုင်တော့ချေ။
နောင်တရခြင်းနှင့် မကျေနပ်မှုတို့ဖြင့် မျက်ရည်များ မထိန်းနိုင်ဘဲ စီးကျလာသည်။ သို့သော် နတ်ဘုရားလောက တွင် မျက်ရည်က တန်ဖိုးအနည်းဆုံးအရာပင်။ ကမ္ဘာထဲသို့ စရောက်လာသည့် မသိနားမလည်သော လူငယ်လေးများကိုသာ ချော့မော့နိုင်မည် ဖြစ်ပြီး ဤနေရာရှိလူများကမူ သူမ၏ဤနည်းကို လက်ခံကြမည်မဟုတ်ပေ။
နောက်ဆုံးတွင် လူအများ၏ အပြစ်တင်ပြောဆိုမှုအောက်တွင် ဖန်ဖေးက ထန်ထျန်းဘေးတွင် ဒူးထောက်လိုက်ပြီး ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် "တောင်းပန်ပါတယ်၊ ရှင့်ကို အဲ့လို မပြောသင့်ပါဘူး" ဟု ပြောလိုက်သည်။
ထန်ထျန်း ခေါင်းယမ်းလိုက်ကာ "မှားယွင်းတဲ့ စွပ်စွဲမှုတွေက ငါ့ကို ဘာမှ ထိခိုက်စေမှာ မဟုတ်ဘူး။"
"မင်း တောင်းပန်ရမှာ ငါ့ကို မဟုတ်ဘူး၊ ဒီနေရာက လူအားလုံးကိုပဲ။"
ဖန်ဖေး တုံ့ပြန်ခြင်းမရှိချေ။ သူမက လက်ခံလိုက်ပြီဖြစ်သကဲ့သို့ပင် ကိုယ်ကိုရွှေ့ကာ တခြားလူများအား ဒူးထောက်၍ ခေါင်းငုံ့ကာ တောင်းပန်တော့သည်။
"တောင်းပန်ပါတယ်..."
ပြောပြီးနောက် သူမ ထရပ်ကာ လူအုပ်ကို အားကုန်တွန်းဖယ်ပြီး ကျင်းယွီခန်းမမှ အလျင်အမြန် ထွက်သွားသည်။ လင်းယွဲ့၏ တားဆီးမှုပင် အသုံးမဝင်တော့ချေ။
ယခုတိုင် မျက်နှာအမူအရာ မပြောင်းလဲသေးသည့် ထန်ထျန်းကို ကြည့်ရင်း လင်းယွဲ့၏ မျက်နှာအမူအရာမှာ အလွန်ရှုပ်ထွေးလှသည်။ သူမက "ကျွန်မလည်း ရှင့်ကို အထင်သေးမိသွားတယ်" ဟု ပြောလေ သည်။
"ဒါပေမယ့် မှတ်ထား၊ စိတ်ဝိညာဉ်ကျောက်က အရာရာတိုင်းကို ကိုယ်စားမပြုဘူး၊ ခွန် အားကသာ အရာရာပဲ"
"လုံလောက်တဲ့ ကျင့်ကြံ မှု ပါရမီမရှိရင် နင် အမြဲတမ်း အောက်ခြေမှာပဲ နေရလိမ့်မယ်"
"ကျွန်မကတော့ မကြာခင်မှာ အဓိကတပည့် ရွေးချယ်ပွဲကို တက်နိုင်တော့မှာပဲ"
"ဒါက ခြားနားချက်ပဲ၊ ကျွန်မရဲ့ ရွေးချယ်မှုက လုံးဝ မှားမှာ မဟုတ်ဘူး"
ထန်ထျန်း ပခုံးတွန့်လိုက်သည်။
"မင်းပြောတာ အရမ်းမှန်တယ်။"
"ဒါပေမယ့် အခု မင်းရဲ့ သူငယ်ချင်းကို ပိုပြီး ဂရုစိုက်သင့်တယ်လို့ မထင်ဘူးလား"
လင်းယွဲ့ သက်ပြင်းရှည်ကြီး ရှူလိုက်သည်။ ဒီနေ့ ထန်ထျန်းရဲ့ တုံ့ပြန်ပုံတိုင်းက သူမ ထင်ထားတာထက် အများကြီး ပိုနေခဲ့သည်။
လူတစ်ယောက်လုံး လုံးဝ ပြောင်းလဲသွားသကဲ့သို့ပင်။
"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
နောက်ဆုံးတွင် သူမက ဤစကားတစ်ခွန်းသာ ပြော နိုင်ခဲ့ပြီး လှည့်ထွက်သွားတော့သည်။
သူမ ထွက်ခွာသွားသောအခါ ဤနေရာ၏ လေထုက နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဟားဟား၊ဂိုဏ်းတူ ညီလေး၊ ကောင်းတယ်"
"တချို့လူတွေကို ငါမကြိုက် ဘူး၊ သူတို့က လူတိုင်း သူတို့ကိုဖားယားနေတယ် လို့ ထင်နေကြတာ၊ ဒီနေ့တော့ စိတ်ရှိလက်ရှိ မကျေနပ်တာတွေ ဖွင့်ချလိုက်ပြီ။"
"ဒါပေမဲ့ ဒီလိုလူမျိုးတွေက နည်းနည်းပါးပါးပါ၊ အများစုက ပုံမှန်လူတွေပါပဲ။"
"ကျွန်တော် သိပါတယ်၊ သူတို့က အရမ်း မောက်မာနေတာကိုး..."
လူများက စကားစပ်မိရာများကို ပြောနေကြပြီး မကြာမီပင် မိမိတို့၏ အလုပ်များဆီသို့ ပြန်သွားကြသည်။
စစ်မှန်သော ကျင့်ကြ သူများအတွက်မူ ဤသည်မှာ ဘဝ၏ သေးငယ်သည့် အမှတ်တရလေးတစ်ခုသာ ဖြစ်သည်။
သို့သော် ထန်ထျန်းက မကောင်းသော အကြည့်အချို့ မိမိအပေါ် ရောက်နေသည်ကို သိလိုက်သည်။
ထန်ထျန်း မေးစေ့ကို ပွတ်လိုက်သည်။
ဒီတော့၊ အိမ်ကို ဘေးကင်းကင်း ပြန်ရောက်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရတော့မယ် ထင်ပါတယ်လေ။