ဝယ်ခြင်း၏ အကြောက်တရား
Vol. 1 Ch. 5
ခဏအကြာတွင် အဆင့်မြင့် အုတ်မြစ်ချဆေးလုံး ဆယ်ပုလင်းက ထန်ထျန်း၏ ရှေ့တွင် ရှိနေသည်။
ဤဆေးလုံးများက သာမန်ကျင့်ကြံ သူများ အုတ်မြစ်ချခြင်း အဆင့်သို့ ရောက်ရန် မရှိမဖြစ်လိုအပ်သည့် အထောက်အကူပြု ဆေးလုံးများပင်။
ဝိညာဉ်စက်ဝန်း ၆ လွှာ နှင့်အထက် ပါရမီမရှိလျှင် ဆေးလုံးများ အကူအညီမပါဘဲ မိမိကိုယ်တိုင်သာ အဆင့်တိုးမြှင့်နိုင်ပေမည်။
ထန်ထျန်းက မည်သည့်နည်းလမ်းဖြင့် အဆင့်တိုးမြှင့်ရမည်ကို များစွာ စွဲလမ်းမှု မရှိပေ။ အုတ်မြစ်ချဆေးလုံးများ ဝယ်ယူရခြင်း၏ အဓိကအကြောင်းရင်းမှာ ရိုးရှင်းစွာပင် သုံးစွဲခြင်းဖြင့် သုံးစွဲမှုအမှတ်များ စုဆောင်းရန်သာ ဖြစ်သည်။
ဝယ်ယူပြီးသောအခါ သုံးစွဲမှုအမှတ် နှစ်မှတ်ကို အောင်မြင်စွာ ရရှိခဲ့သည်။
သို့သော် သူက ဤမျှဖြင့် ရပ်တန့်မည် မဟုတ်ချေ။
"ဧည့်သည် မင်း ဆက်ပြီး ဝယ်ဦးမှာလား"
အရောင်းဝန်ထမ်းက မျက်နှာပြုံးပြုံးဖြင့် ပြောသည်။ ထန်ထျန်း၏ ယခုလက်ရှိ သုံးစွဲမှုပမာဏက ဖောက်သည်ကြီး တစ်ဦးအဖြစ် လုံးဝ သတ်မှတ်နိုင်ပြီဖြစ်ရာ သူ့အား အလွန်ပျော်ရွှင်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အရောင်းအဝယ် ပမာဏ ကြီးမားလေ၊ သူရရှိမည့် ဝေစုက ပိုများလေပင်။
အရောင်းဝန်ထမ်း၏ မျှော်လင့်နေသည့် မျက်နှာကိုကြည့်ရင်း ထန်ထျန်း ပြုံးပြုံးလေး ပြောလိုက်သည်။ "ဆက်တော့ ဝယ်မှာပေါ့၊ ကျွန်တော့် ရည်ရွယ်ချက် မပြည့် သေးဘူး။"
"ဒါပေမယ့် နောက်ပိုင်း အရောင်းအဝယ်ပမာဏက ပိုပြီး ကြီးလာလိမ့်မယ်၊ ခင်ဗျား ကြိုတင်ပြင်ဆင်ထားဖို့ လိုလိမ့်မယ်။"
အရောင်းဝန်ထမ်း၏ အပြုံးက ပိုမိုဝေဆာလာကာ "လုံးဝ ပြဿနာမရှိပါဘူး" ဟု ပြောလိုက်သည်။
"မင်းစိတ်မချဘူးဆိုရင် ကျွန်တော်တို့ရဲ့ မန်နေဂျာကို ခေါ်လိုက်မယ်။ သူ့မှာ ကျွန်တော့်ထက် အာဏာပိုများပါတယ်။"
ဖောက်သည်ကြီးများ မိတ်ဆက်ပေးခြင်းအတွက်လည်း ဝေစု ရှိသည်။
ထန်ထျန်း စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ "ဒါဆို အဆင်မပြေဖြစ်စေမိ ပြီ " ဟု ပြောလိုက်သည်။
အရောင်းဝန်ထမ်း ချက်ချင်းပင် အနောက်ခန်းသို့ ဝင်သွားသည်။
ခဏအကြာတွင် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အရောင်းဝန်ထမ်းတို့ အတူတူ ထွက်လာကြသည်။
"မိတ်ဆွေ မင်္ဂလာပါ ။"
လူလတ်ပိုင်းအမျိုးသားက ပြုံးရင်း ထန်ထျန်းကို နှုတ်ဆက်သည်။ ခွန် အားနှင့် အသက်ကွာခြားမှုကြောင့် ပို၍ မာနကြီးသည့် အမူအရာ မပြချေ။
"ကျွန်တော့်နာမည်က ချင်းဟိုင် ပါ၊ ကျင်းယွီခန်းမရဲ့ မန်နေဂျာပါ။"
"ရှောင်းယန် ပြောတာ ခုနက ဒီမှာ မနှစ်မြို့ဖွယ်ကိစ္စလေးတွေ ဖြစ်သွားတယ်တဲ့။"
"ကျင်းယွီခန်းမရဲ့ စီမံမှုအားနည်းလို့ပါ၊ ခင်ဗျားကို တောင်းပန်ပါတယ်" ဟု ချင်းဟိုင်က ယဉ်ကျေးစွာ ပြောဆိုသည်။
ထန်ထျန်း လက်ယမ်းပြလိုက်သည်။ "ရပါတယ်၊ ဒါက ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး။"
"ကျွန်တော်တို့ အရောင်းအဝယ်ကိစ္စကိုပဲ အရင် စကားပြောရအောင်။"
ချင်းဟိုင် ခေါင်းညိတ်ပြုံးရင်း "မိတ်ဆွေက ရိုးသားတာပဲ" ဟု ပြောလိုက်သည်။
ထို့နောက် သူက ဖိတ်ခေါ်သည်။ "ဒါဆို ကျွန်တော်တို့ အနောက် ခန်းကို သွားပြီး စကားပြောရအောင်၊ ကျွန်တော် လက်ဖက်ရည် ပြင်ထားပါ့မယ်၊ အဲ့မှာ ပိုပြီး တိတ်ဆိတ်တယ်။"
ထန်ထျန်း စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ခဏအကြာတွင် လူနှစ်ဦးက ကျင်းယွီခန်းမ အနောက်ခန်း ရှိ တိတ်ဆိတ်သည့် အခန်းငယ်တစ်ခုသို့ ရောက်လာကြသည်။ ချင်းဟိုင်က ထန်ထျန်းအတွက် လက်ဖက်ရည်ငှဲ့ပေးသည်။ မွှေးကြိုင်သင်းပျံ့သော ရနံ့များဖြင့် အငွေ့တထောင်းထောင်း ထွက်နေ၏။
"မြည်းကြည့်ပါ၊ ဒါက ကျွန်တော်တို့ရဲ့ အထူးထုတ်ထားတဲ့ ဝိညာဉ်နှလုံးသား လက်ဖက်ရည်ပါ။"
ထန်ထျန်း ခေါင်းညိတ်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သော်လည်း မသောက် ချေ။
ချင်းဟိုင် ပြုံးပြီး "ရှောင်းယန်ပြောတာ မိတ်ဆွေရဲ့ ဈေးဝယ်ပုံစံက... နည်းနည်း ထူးဆန်းတယ်ဆို" ဟု ပြောလေ သည်။
ထန်ထျန်း လက်ဖက်ရည်ခွက်ကို ချရင်း "ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကျင့်ပါဗျာ။"
"ကျွန်တော်တို့ အဓိကကိစ္စကို သွားကြရအောင်။"
ပြောပြီးသည်နှင့် သူက ပစ္စည်းစာရင်းကို ဆက် ကြည့်လိုက်သည်။
ကျင်ယွီခန်းမက ကျယ်ပြန့်သော ကုန်သွယ်ရေးလုပ်ငန်း တစ်ခုဖြစ်ပြီး ကျင့်ကြံ ရေးကမ္ဘာ၏ ကဏ္ဍပေါင်းစုံကို လွှမ်းခြုံထားသည်ဟု ဆိုနိုင်ပြီး အစုံအလင်ရှိပေသည်။
ဆေးလုံးများ၊ ဝိညာဉ်လက်နက်များ၊ ကျင့်စဉ်များ၊ အစီအရင်စာရွက် များ၊ ရှားပါး ရတနာများ စသည်ဖြင့် အားလုံး စာရင်းတွင် ပါဝင်သည်။
သို့သော် ပစ္စည်းများ၏ အဆင့်များမှာ နိမ့်သည်။
ဆေးလုံးများမှာ အဆင့်နိမ့်ဆုံးမှ အမြင့်ဆုံးသို့ အဆင့် ကိုးဆင့် ရှိပြီး အဆင့်တစ်ခုစီတွင် အဆင့်နိမ့် ၊ အလယ်အလတ်အဆင့်၊အဆင့်မြင့် နဲ့ အထွတ်အထိပ် ဟူ၍ အရည်အသွေးအဆင့် လေးမျိုး ထပ်မံခွဲထားသည်။
ဤတွင် အမြင့်ဆုံးအဆင့်မှာ အဆင့်သုံး အထွတ်အထိပ် ဝိညာဉ်စွမ်းအား တိုးမြင့် ဆေးလုံး တစ်ပုလင်းဖြစ်ပြီး စိတ်ဝိညာဉ်ကျောက် တစ်သိန်းဖြင့် ရောင်းချသည်။
စိတ်ဝိညာဉ်လက်နက်များနှင့် ကျင့်စဉ်များ၏ အဆင့်များမှာ ကောင်းကင် ၊ မြေကြီး ၊ ဆန်းကြယ် ၊အ ဝါရောင် ၊ သေမျိုး ဟူ၍ အဆင့်ငါးဆင့် ရှိပြီး အဆင့်နိမ့် ၊ အလယ်အလတ်အဆင့် ၊ အဆင့်မြင့် ၊ အထွတ်အထိပ် ဟူ၍ အရည်အသွေးအဆင့် လေးမျိုးလည်း ရှိသည်။
ဤတွင် အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်လက်နက်မှာ မူလ နှလုံးကာ မှန် တစ်ခုဖြစ်ပြီး ကောင်းမွန်သည့် ကာကွယ်ရေးစွမ်းရည်ရှိကာ စိတ်ဝိညာဉ်ကျောက် တစ်သိန်းနှစ်သောင်းဖြင့် ရောင်းချသည်။
အဖိုးအတန်ဆုံး ကျင့်စဉ်မှာမူ အထွတ်အထိပ်အဆင့် သေမျိုး လေခွင်း ဓား ကျင့်စဉ် ဖြစ်ပြီး စိတ်ဝိညာဉ်ကျောက် တစ်သိန်းငါးသောင်းဖြင့် ရောင်းချသည်။
အခြားသော ရှားပါးရတနာများလည်း တန်ဖိုးချင်း မကွာခြားလှပေ။
"ဒီထက် မြင့်တဲ့ ပစ္စည်းတွေ မရှိတော့ဘူးလား"
ထန်ထျန်းက မေးသည်။
ချင်းဟိုင် အနည်းငယ် တောင့်ခနဲဖြစ်သွားပြီး "ရှိတော့ ရှိပါတယ်၊ ဒါပေမယ့် အရေအတွက် နည်းတယ်၊ ပြီးတော့ ကျွန်တော် အရင် ခွင့်ပြုချက်တောင်းရတယ် ။"
"ဘာပဲဖြစ်ဖြစ် ဒီဆိုင်ခွဲက သာမန်ကျင့်ကြံ သူအများစုကို ဝန်ဆောင်မှုပေးဖို့ပဲ လုပ်ထားတာပါ။"
"မဟုတ်ရင် ကျွန်တော်တို့ ခန်းမမှူးဆီ တစ်ခေါက်သွားပြီး မေးကြည့်ရမလား"
ထန်ထျန်း စဉ်းစားပြီးနောက် ခေါင်းယမ်းကာ "မလိုတော့ပါဘူး၊ " ဟု ပြောလိုက်သည်။
အစောပိုင်းတွင် ရောက်လာသည့်အချိန်၌ အဆင့်မြင့် သူများ၏ အာရုံစိုက်မှုကို မခံရခြင်းက ပိုကောင်းပေသည်။
"ကျွန်တော်လိုချင်တဲ့ ပစ္စည်းတွေက နည်းနည်းများ တယ်၊ အရေအတွက်လည်း မနည်းဘူး၊ ခင်ဗျားကို နည်းနည်း ဒုက္ခပေး ရလိမ့်မယ်။"
"ဒါ့အပြင်၊ ကျွန်တော်က တစ်ခုချင်းစီ ဝယ် ရတာ အကျင့်ဖြစ်နေတယ်၊ ခင်ဗျား နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ထန်ထျန်းက ပြောလိုက်ရာ သူ ကြိုတင် ပြင်ဆင်ထားနိုင်ရန် ဖြစ်သည်။
ချင်းဟိုင်က ဂရုမစိုက်ဘဲ ပြုံးရင်း "ခင်ဗျားရဲ့ အကျင့်အတိုင်းပဲ လုပ်ပါ" ဟု ပြောလေ သည်။
ထို့နောက် အရောင်းအဝယ်ကို စတင်လိုက်သည်။
"အထွတ်အထိပ်အဆင့် ကြွက်သားနဲ့အရိုးဆေးလုံး၊ တစ်ပုလင်း ငါးရာလား၊ ကျွန်တော် ပုလင်း ၄၀ လိုချင်တယ်။"
"အဆင့်နှစ် ပေါက်ကွဲအစီအရင်စာရွက်၊ တစ်ရွက် နှစ်ရာပဲလား၊ အရွက် ၂၀၀ လောက် ဝယ် မယ်။"
"အဆင့်သုံး ခရမ်း မြက်အသီး၊ တစ်လုံး တစ်သောင်းတောင် ဈေးကြီးလိုက်တာ၊ ရှစ်လုံးလောက် မြည်းကြည့်ချင်တယ် ။"
"ဒီ ဓားပျံ က မဆိုးဘူး၊ အထွတ်အထိပ်အဆင့်ဓား က ငါးသောင်းပဲလား ငါ ဝယ်မယ် ။"
မကြာမီပင် ထန်ထျန်း၏ အိတ်ထဲရှိ စုစုပေါင်း ငွေက တစ်သန်းကျော်သွားခဲ့ပြီပင်။
ယခုမူ သူက အစုလိုက်အပြုံလိုက် ဝယ်နိုင်ပြီဖြစ်ရာ အဖိုးအတန်ဆုံး ပစ္စည်းများကို စတင် စိတ်ဝင်စားလာခဲ့သည်။
စိတ်ဝိညာဉ်ကျောက် တစ်သိန်းတန် ဝိညာဉ်စွမ်းအားတိုး ဆေးလုံးများက ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးပြီး ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်ရာ စုစုပေါင်း ငါးပုလင်းသာ ရှိပြီး ထန်ထျန်း အားလုံးကို ဝယ်ယူလိုက်သည်။
စိတ်ဝိညာဉ်ကျောက် တစ်သိန်းနှစ်သောင်းတန် ဗာဂျရာနှလုံး ကာမှန် နှင့် စိတ်ဝိညာဉ်ကျောက် တစ်သိန်းငါးသောင်းတန် လေခွင်း ဓားကျင့်စဉ် တို့ကိုလည်း တစ်ခါတည်း အကုန် ဝယ်ယူလိုက်သည်။
ဆက်ဝယ်လာသည်နှင့်အမျှ ယခင်က စိတ်အေးလက်အေးရှိနေသော ချင်းဟိုင်ပင် နောက်ဆုံးတွင် ထိုင်မနေနိုင်တော့ချေ။
ပိုက်ဆံဖြုန်းသည့်လူကို မြင်ဖူးသော်လည်း ဤသို့ဖြုန်းတီးသူမျိုးကို မမြင်ဖူးခဲ့ချေ
ဒါ ဘယ်ကလာတဲ့ သူဌေးသားလေးလဲ
တခြားသူတွေက အနည်းဆုံးတော့ ကိုယ်ကြိုက်နှစ်သက်တာ ဒါမှမဟုတ် ဘယ်လိုနည်းနဲ့မဆို အသုံးဝင်မယ့်ပစ္စည်းတွေကိုသာ ဝယ်ကြသည်။
ဒီလူကရော ဘာတွေ့တွေ့ အကုန်ဝယ်နေတာပဲ
အသုံးဝင်လား၊ မဝင်လား၊ ဘာလုပ်လို့ရလဲဆိုတာကိုတောင် မမေးဘဲ မျက်စိနဲ့တွေ့တာနဲ့ ဝယ်နေပုံရတယ်။
မင်းအိမ်က ပိုက်ဆံတွေက ကောင်းကင်က ကျလာတာလား
ထန်ထျန်းက ပိုမိုများပြားစွာ သုံးလာပြီး စားပွဲပေါ်တွင် ပစ္စည်းများ ပြည့်နှက်နေသည်ကို မြင်သောအခါ ချင်းဟိုင် ချက်ချင်း အော်ဟစ်တားမြစ်လိုက်သည်။
"လူငယ်လေး ၊ ဒီလောက်ဆို... တော်သင့်ပြီ မဟုတ်လား"
ချင်းဟိုင် ခက်ခက်ခဲခဲ ပြောလိုက်သည်။
"ဟင်"
ထန်ထျန်း နားမလည်စွာ "ဘာလို့လဲ၊ စီးပွားရေး မလုပ်တော့ဘူးလား" ဟု မေးသည်။
ချင်းဟိုင် ချွေးအေးများ သုတ်ရင်း "မဟုတ်ပါဘူး။"
"ဒါပေမယ့် ကျွန်တော်က မန်နေဂျာတစ်ယောက်ပါ၊ ဆုံးဖြတ်နိုင်တဲ့ ပမာဏက အကန့်အသတ်ရှိတယ်၊ စိတ်ဝိညာဉ်ကျောက် ဆယ်သန်းကျော်ရင် ခန်းမမှူးကို အစီရင်ခံရတယ်။"
"ပြီးတော့... ပစ္စည်းစာရင်းထဲက ပစ္စည်းတွေလည်း မကျန်တော့ဘူး..."
ထန်ထျန်း ချက်ချင်း အံ့အားသင့်သွားသည်။ ငွေသုံးသူက မကြောက်၊ ငွေရှာသူက ကြောက်နေတာလား
ဒါက ဘာမှ တောင် မဝယ်ရ သေးဘူး မဟုတ်လား
သူ စနစ်ကို ကြည့်လိုက်သောအခါ စိတ်ဝိညာဉ်ကျောက် အရေအတွက်သည် တစ်ကုဋေကျော်နေပြီ ဖြစ်သည်။
သုံးစွဲမှုအမှတ်ကလည်း ကိုးရာကျော် ရရှိနေပြီ။
ပစ္စည်းစာရင်းကို ထပ်ကြည့်လိုက်သောအခါ အဖိုးတန်ပစ္စည်းများကို သူ အားလုံး ဝယ်ယူပြီးပြီဖြစ်ပြီး ကျန်ရှိသည့်ပစ္စည်းများအားလုံးကို ပေါင်းလိုက်ပါက အများဆုံး စိတ်ဝိညာဉ်ကျောက် တစ်ကုဋေကျော်လောက်သာ ရှိနိုင်မည်ဟု ခန့်မှန်းရသည်။
ထားပါတော့၊ ဒါက သာမန်ကျင့်ကြံ သူများအတွက် ဆိုင်ခွဲလေးပဲ၊ အရမ်းကြီး မမျှော်လင့်သင့်ဘူး။
ပြီးတော့ ဒါက သူ ပထမဆုံးအကြိမ် သုံးတာပဲ၊ နည်းနည်း သိမ်သိမ်မွေ့မွေ့လေး လုပ်တာ ပိုကောင်းလိမ့်မယ်။
"ကောင်းပါပြီ၊ ဒီလောက်ပဲ ဝယ်ပါ့မယ်။"
ထန်ထျန်း ပြောလိုက်သည်။
ထို့နောက် သူက သူ့ရှေ့မှ ဝယ်ထားသည့် ကျင့်ကြံ ရေးအရင်းအမြစ် ပမာဏကို ကြည့်ရင်း ချက်ချင်း စိုးရိမ်ပူပန်လာတော့သည်။
ငွေသုံးတာပဲ အာရုံစိုက်နေလို့ ဒီပစ္စည်းတွေ အများကြီးကို ကိုယ့်ဘာသာကိုယ် ပြန်သယ်သွားဖို့ လုံးဝ မေ့သွားခဲ့တာပဲ...
စဉ်းစားပြီးနောက် ထန်ထျန်းက ချင်းဟိုင်ကို ကြည့်လိုက်သည်။
"ခင်ဗျားဆီမှာ ပစ္စည်းတွေ သိမ်းဆည်းဖို့ အသုံးဝင်တဲ့ ပစ္စည်းတွေ ရှိလား"