← Chapters

ဂုဏ်ထူးဆောင် တပည့်

Vol. 1 Ch. 6

ဂုဏ်ထူးဆောင် တပည့်

Vol. 1 Ch. 6

နောက်ဆုံးတွင် ထန်ထျန်းက ချင်းဟိုင်ထံမှ သေးငယ်လှသော သိုလှောင် လက်စွပ် တစ်ကွင်းကို ဝယ်ယူလိုက်သည်။

၎င်း၏တန်ဖိုးမှာ စိတ်ဝိညာဉ်ကျောက် သုံးသိန်းပင်။

နေရာသိပ်မကျယ်သော်လည်း ပစ္စည်းအားလုံးကို ထည့်ရန် ပြဿနာမရှိချေ။

ထန်ထျန်း အံ့အားသင့်သွားသည်မှာ ချင်းဟိုင်နှင့် သီးသန့် အရောင်းအဝယ်ပြုလုပ်ခြင်းကိုပင် စနစ်နှစ်ခုလုံးက အသိအမှတ် ပြုခဲ့ခြင်းပင်။

ပိုက်ဆံအိတ်ထဲသို့ စိတ်ဝိညာဉ်ကျောက် သုံးသိန်း ထပ်မံဝင် လာ ပြီး သုံးစွဲမှုအမှတ် သုံးဆယ်ကိုလည်း ရရှိခဲ့သည်။

သီးသန့် အရောင်းအဝယ်လုပ်လည်း ရတာပဲ လား

ဤအချက်ကို စဉ်းစားမိသောအခါ ထန်ထျန်းက သူ့ရှေ့မှ စိတ်ဝိညာဉ်ကျောက် ဆယ်တုံး ခန့်တန်ဖိုးရှိသည့် လက်ဖက်ရည်ခွက်ကို ကြည့်ရင်း စိတ်ဝိညာဉ်ကျောက် တစ်သန်းဖြင့် တိုက်ရိုက် ဝယ်ယူရန် ကမ်းလှမ်းလိုက်သည်။

သို့သော် စနစ်က ချက်ချင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဤသုံးစွဲမှုက ပုံမှန်ကန့်သတ်ချက်အတွင်း မရှိသောကြောင့် သုံးစွဲမှုအမှတ်များ ရရှိမည်မဟုတ်ဘဲ သုံးစွဲမှုပြန်အမ်းငွေကိုလည်း ရရှိ မည် မဟုတ်ချေ။

ကံမကောင်းစွာဖြင့် စနစ်၏ အားနည်းချက် ကို အသုံးချ၍ မရတော့ပေ။

ပုံမှန်ကန့်သတ်ချက်အတွင်း သုံးမှသာ ဖြစ်မည်ဟု ထင်ရပေသည်။

အရောင်းအဝယ်အားလုံး ပြီးစီးသောအခါ ချင်းဟိုင် မျက်နှာတွင် နီရဲနေပြီး မွှေးကြိုင်သည့် လက်ဖက်ရည်ကို တစ်ခွက်ပြီးတစ်ခွက် ဖလားကြီးများဖြင့် ထန်ထျန်းရှေ့သို့ လက်နှစ်ဖက်ဖြင့် မြှောက်ကာ တိုက်နေသည်။ တိုက်ရုံသာ မကဘဲ ခွံ့ကျွေးတော့မလိုပင်။

စိတ်ဝိညာဉ်ကျောက် တစ်ကုဋေနီးပါး အရောင်းအဝယ်ပမာဏက သူ့အား များပြားသော ဝင်ငွေကို သေချာပေါက် ရရှိစေမည်ဖြစ်သည်။

"ရိုးရိုးသားသားပြောရရင် ဒီနေ့ ပိုက်ဆံသုံးရတာ အရမ်း စိတ်ကျေနပ်မှု မရခဲ့ဘူး။"

ထန်ထျန်း အနည်းငယ် မကျေမနပ် ပြောလိုက်သည်။ "မင်း တို့ ဆိုင်က သေးလိုက်တာ၊ ဘာမှ ကောင်းတဲ့ ပစ္စည်းလည်း မရှိဘူး။"

"ကျွန်တော် စိတ်ပျက်မိတယ်။"

ချင်းဟိုင် တောင့်ခနဲဖြစ်သွားပြီးနောက် အနေရခက်စွာ "သလင်လေး ထန် မသိသေးတာတွေ ရှိတယ်ဗျာ။"

"ချင်းယွဲ့ဂိုဏ်း က တည်ထောင်ထားတာ မကြာသေးဘူး၊ ကျွန်တော်တို့ ကျင်းယွီခန်းမ ဆိုင်ခွဲကလည်း ဆယ်နှစ်ကျော်ကျော်လောက်ကမှ ဖွင့်ခဲ့တာပါ။"

"အဆင့်မြင့် တန်ခိုးရှင်တွေက သူတို့ကိုယ်ပိုင် အရောင်းအဝယ် လမ်းကြောင်းတွေ ရှိတယ်၊ ကျွန်တော်တို့ဆိုင်ကို စိတ်မဝင်စားကြဘူး။"

"ဒါကြောင့် ကျွန်တော်တို့က အခု သာမန်ကျင့်ကြံ သူတွေအတွက်ပဲ ဝန်ဆောင်မှုပေးနိုင်ပြီး ရောင်းတဲ့ပစ္စည်းတွေလည်း သာမန်ပါပဲဗျာ" ဟု ပြောလေ သည်။

ထန်ထျန်း ခေါင်းညိတ်ပြီးနောက် ချင်းဟိုင်ကို စိတ်ဝင်စားစွာ ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဒါဆို မင်း ပြောချင်တာက အဆင့်မြင့်ပစ္စည်းတွေ ဝယ်ချင်ရင် တခြား အရောင်းအဝယ် လမ်းကြောင်း ရှာရမယ်လို့လား"

သူက "တခြား" ဟူသော စကားလုံးနှစ်လုံးကို အလေးပေး ပြောလိုက်သည်။

ချင်းဟိုင်က ထက်မြက်သူတစ်ဦးဖြစ်ရာ ထန်ထျန်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်လိုက်ပြီး အလျင်အမြန်ပင် မျက်နှာချိုသွေးကာ "ရှာလို့တော့ ရပါတယ်ဗျာ။"

"ဒါပေမယ့် သခင်လေး ထန် စိတ်မကွက်ဘူးဆိုရင် ကျွန်တော်ကပဲ မင်း အတွက် သီးသန့် အရောင်းအဝယ် လမ်းကြောင်း ဖြစ်ပေးချင်ပါတယ်" ဟု ပြောလေ သည်။

ထန်ထျန်း နှုတ်ခမ်းမဲ့ကာ "မင်းက ပစ္စည်းကောင်း တွေ ရှာပေးနိုင်ရဲ့လား" ဟု ပြောသည်။

ချင်းဟိုင်က "အရင်ကတော့ ခက်ခဲပါတယ်ဗျာ။"

"ဒါပေမယ့် သခင်လေး ထန်ရဲ့ ကျေးဇူးကြောင့် ဒီနေ့ မင်း သုံးခဲ့တဲ့ ပမာဏက ကျွန်တော့်ရဲ့ ကျင်းယွီခန်းမ ထဲမှာ စကားပြောခွင့်အာဏာကို တစ်ဆင့်တိုးဖို့ လုံလောက်နေပါပြီ။"

"မင်း စကားတစ်ခွန်းပဲ ပြောလိုက်၊ ကျွန်တော် အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်"

ထန်ထျန်း ပြုံးယောင်သန်းနေသည်။

ခုနက ထိုစကားမျိုး ပြောရခြင်းမှာ အမှန်တကယ်တော့ ဤကိစ္စအတွက်ပင်။

အိတ်ထဲတွင် စိတ်ဝိညာဉ်ကျောက်များ ပိုမိုများပြားလာသည်နှင့်အမျှ သူ၏နောင်တွင် သုံးလို သည့် ဆန္ဒများလည်း ပိုမြင့်လာမည်ဖြစ်ရာ သုံးရန် ပြတင်းပေါက်တစ်ခု လိုအပ်နေသည်။

သူက အခုမှ ဝိဉာဉ်ကူးပြောင်း လာသူဖြစ်၍ မည်သူ့ကိုမှ မသိဘဲ မည်သည့် အရောင်းအဝယ် လမ်းကြောင်းကို ရှာဖွေရမည်နည်း။

ချင်းဟိုင်က လူကောင်း တစ်ဦးဖြစ်ပြီး နှစ်ဦးသား၏ ဆက်ဆံရေးမှာလည်း အကျိုးအမြတ်ပေါ်တွင် အခြေခံထားသောကြောင့် ရေတိုအတွင်း ပြဿနာကြီးကြီးမားမား ဖြစ်လာမည်မဟုတ်ပေ။

အနည်းဆုံးတော့ အစောပိုင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်။

"ဒါဆို စမ်းကြည့်ရအောင်။"

ထန်ထျန်း ပြောလိုက်သည်။ "ကျွန်တော့်မှာ အထူးတောင်းဆိုချက်တော့ မရှိဘူး၊ ဘာပစ္စည်းမဆို ရပါတယ်။"

"ဒါပေမယ့် တစ်ခုပဲ၊ ဈေးကြီးလေ ကောင်းလေပဲ။"

"ဒါ့အပြင် ကျွန်တော့် အခြေအနေကို လူတွေ မသိစေချင်သေးဘူး၊ မင်း နားလည်မှာပါ" ဟု ပြောလိုက်သည်။

ချင်းဟိုင် ချက်ချင်း ခေါင်းညိတ်သည်။ လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းက ကျင့်ကြံခြင်းလောက တွင် ပုံမှန်ကိစ္စတစ်ခုဖြစ်ရာ မည်သို့ လုပ် ရမည်ကို သူသိသည်။

စိတ်လှုပ်ရှားနေရင်း ချင်းဟိုင်က တိတ်တိတ်လေး တွေးနေမိသည်။

ဒီသူဌေးသားလေးက ဘယ်ကလာတာလဲ

မှန်ကန်တယ့် ပစ္စည်း ကို မဝယ်ဘဲ ဈေးကြီးတာပဲ ဝယ်တဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်မျိုးကို တကယ်ပဲ သူ တွေ့ခဲ့ရပြီပင်။

သူ ဘယ်လောက်တောင် ချမ်းသာတာလဲ

ချင်းဟိုင် ဘယ်လိုတွေးတွေး နားမလည်နိုင်သော်လည်း သူ အလွန်ပျော်နေမိသည်။ ထန်ထျန်း၏ ပေါင်ကိုသာ ခိုင်မြဲစွာ ဆုပ်ကိုင်နိုင်မည်ဆိုလျှင် နောင်တွင် ကျင်းယွီခန်းမထဲ၌ သူ၏ အဆင့်အတန်းက တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာမည်မှာ သေချာသည်။

နှုတ်ဖြင့် သဘောတူညီမှု ရရှိပြီးနောက် သူတို့နှစ်ဦးက ဆက်သွယ်ရေးကျောက် များကို လဲလှယ်ခဲ့ကြသည်။

ချင်းဟိုင် ပစ္စည်းများ ရရှိပြီးမှ ထန်ထျန်းက နေရာကို ချိန်းဆိုမည်။

သတိထားခြင်းက အမြဲတမ်း မှန်ကန်သည်။

နောက်ထပ် စကားအနည်းငယ် ပြောပြီးနောက် ထန်ထျန်း ထွက်သွား ရန် ရည်ရွယ်ခဲ့သည်။

သုံးစွဲမှုအမှတ် ကိုးရာကျော်က ကောင်းမွန်သည့် ပစ္စည်းအချို့ကို လဲလှယ်ရန် လုံလောက်နေပြီ။

သို့သော် ထွက်သွား ခါနီးတွင် ထန်ထျန်း ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားသည်။

ခန်းမရှေ့ တွင် သူက စိတ်ဝိညာဉ်ကျောက် နှစ်သောင်းကျော် သုံးခဲ့ပြီးနောက် မကောင်းသော အကြည့်အချို့ မိမိအပေါ် ရောက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

ဤသည်မှာ ကျင့်ကြံခြင်းလောက ပင်။

လူသတ်ပြီး ပစ္စည်းလုယူခြင်းက ပုံမှန်ကိစ္စပင်။

ထန်ထျန်းက ထိုအရင်းအမြစ်များကို လူများက လုယူသွားမည်ကို မကြောက်ပေ။ သူ ကြောက်သည်မှာ ရန်သူများက အချိန်ဆွဲမည်ကို စိုးရိမ်သောကြောင့် သူ့အား မြေကြီးထဲတွင် ကျင်းတူးမြှုပ်လိုက်မည်ကိုသာ ဖြစ်သည်။

စဉ်းစားပြီးနောက် ထန်ထျန်းက ချင်းဟိုင်ကို မေးလိုက်သည်။ "မင်း ဒီလိုမျိုး လူတွေရှိတဲ့နေရာ သိလား..."

"ဆိုလိုတာက သက်တော်စောင့်လို စိတ်ချရတဲ့သူမျိုး"

"ကျွန်တော်က ချီသန့်စင်ခြင်း အဆင့်ပဲရှိသေးတာ ပိုက်ဆံအများကြီးကိုင်ပြီး အပြင်မှာ သွားနေတယ်ဆိုတာ လူဆိုး တွေအတွက် ဘာအဓိပ္ပာယ်လဲဆိုတာ မင်း နားလည်မှာပါ" ဟု ပြောလိုက်သည်။

ချင်းဟိုင် အနည်းငယ် တောင့်ခနဲဖြစ်သွားပြီး "ဒါပေမယ့် မင်း နောက်ကွယ် မှာ..." ဟု ပြောလေ သည်။

ထန်ထျန်းကဲ့သို့ ပိုက်ဆံဖြုန်းတီးသည့် သူဌေးသားမျိုးက နောက်ကွယ်တွင် အကြီးအကဲ များ သို့မဟုတ် ကာကွယ်ပေးသူများ မရှိဘဲ ဖြစ်လိမ့်မည် ဟု သူ မထင်ခဲ့ပေ။

ဒါကြောင့် သူ ဤစကားကို မေးလိုက်ခြင်းပင်။

သို့သော် ထန်ထျန်း တုံ့ပြန်ခြင်းမရှိဘဲ အပြုံးကို ဖုံးကွယ်ကာ သူ့အား မျက်နှာတည်တည်ဖြင့် ကြည့်နေခဲ့သည်။

သူ ချွေးအေးများ စီးကျလာသည်အထိ ထန်ထျန်းက "မင်းလိုလူမျိုးက ဘာမေးသင့်တယ်၊ ဘာမမေးသင့်ဘူးဆိုတာ သိသင့်တယ်" ဟု ပြောလိုက်သည်။

ချင်းဟိုင် ချက်ချင်းပင် "ကျွန်တော် လွန်သွားပါတယ် သခင်လေးထန် အပြစ်မယူပါနဲ့" ဟု ပြောလေ သည်။

အမှန်တကယ်တော့ သူလိုလူမျိုးက ကျင့်ကြံခြင်းကမ္ဘာ မှာ တချို့ကိစ္စတွေကို ဘယ်တော့မှ မမေးသင့်ဘူးဆိုတာ အသိဆုံးပင်။

မဟုတ်ရင် သေခြင်း ထက် ပိုဆိုးတာတွေ ဖြစ်လာနိုင်တယ်။

ထန်ထျန်း အပြစ်တင်သည့် သဘောမရှိသည်ကို မြင်သောအခါမှ သူ သက်ပြင်းချနိုင်ခဲ့သည်။

သို့သော် ချင်းဟိုင် မသိသည်မှာ ထိုအချိန်တွင် ထန်ထျန်းလည်း သက်ပြင်းအနည်းငယ် ချလိုက်ခြင်းပင်။

တော်သေးတာပေါ့၊သူ့ကို ကြောက်အောင် လုပ်နိုင်ခဲ့တာပဲ။

"စိတ်ချရတဲ့ သက်တော်စောင့်ရှာရတာ မလွယ်ဘူး။"

"ဒါပေမယ့် မင်းအိမ် ကို ဘေးကင်းကင်း ပို့ပေးဖို့တော့ လူတွေ လွှတ်ပေးနိုင်ပါတယ်၊ ဒါက ကျွန်တော်တို့ ကျင်းယွီခန်းမရဲ့ ပုံမှန်တာဝန်တစ်ခု ပါပဲ" ဟု ချင်းဟိုင် ပြောလိုက်သည်။

ထန်ထျန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အိမ်ကို ပြန်ပို့မှာလား

ချင်းယွဲ့ဂိုဏ်းထဲမှာလည်း လုံခြုံမယ်လို့ မဆိုနိုင်သေးပေ။

"ငှားလို့ မရဘူးလား"

"ဈေးက ပြဿနာမရှိဘူး။"

ထန်ထျန်းက ပြောသည်။

ချင်းဟိုင် ခါးသီးသော အပြုံး ဖြင့် "မင်းက ချင်းယွဲ့ဂိုဏ်းတပည့်ဆိုတော့ ကျွန်တော်တို့က မင်းအတွက် သက်တော်စောင့်တစ်ယောက်ကို အလွယ်တကူ မပေးနိုင်ဘူးဗျာ။"

"ဒါပေမယ့်... မင်းရဲ့ ချမ်းသာမှုနဲ့ဆိုရင် ကိုယ့်ဘာသာကိုယ် ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။"

ထန်ထျန်း အနည်းငယ် တောင့်ခနဲဖြစ်သွားပြီး "ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်သည်။

ချင်းဟိုင်က "မင်း မသိဘူးလား၊ ချင်းယွဲ့ဂိုဏ်းမှာ ဂုဏ်ထူးဆောင်တပည့် လို့ခေါ်တဲ့ အထူးအဆင့်အတန်းတစ်ခု ရှိတယ်၊ စိတ်ဝိညာဉ်ကျောက် ပေးရုံနဲ့ ရနိုင်ပါတယ်။"

"အဆင့်နိမ့် ဂုဏ်ထူးဆောင်တပည့် ကတော့ အပြင်စည်း တပည့်နဲ့ အဆင့်အတန်းတူတူပဲ၊ အပြင်စည်းတပည့်တွေကို သက်တော်စောင့် အဖြစ် ငှားရမ်းနိုင်ပြီး စိတ်ဝိညာဉ်ကျောက် ငါးသောင်း ပဲ လိုပါတယ်။"

"အလယ်အလတ်အဆင့် ဂုဏ်ထူးဆောင်တပည့် ကတော့ အတွင်းစည်းတပည့်နဲ့ အဆင့်အတန်းတူတူပဲ၊ အတွင်းစည်းတပည့်တွေကို သက်တော်စောင့် အဖြစ် ငှားရမ်းနိုင်ပြီး စိတ်ဝိညာဉ်ကျောက် ငါးသိန်း လိုပါတယ်။"

"အဆင့်မြင့် ဂုဏ်ထူးဆောင်တပည့် ကတော့ အဓိကတပည့်နဲ့ အဆင့်အတန်းတူတူပဲ၊ အဓိကတပည့်တွေကို သက်တော်စောင့် အဖြစ် ငှားရမ်းနိုင်ပြီး စိတ်ဝိညာဉ်ကျောက် ငါးသန်း လိုပါတယ်။"

"ဒါ့အပြင် ဂုဏ်ထူးဆောင်တပည့်အားလုံးကို ဂိုဏ်းက ကာကွယ်ပေးပါတယ်၊ အဆင့်မြင့်လေ၊ ကာကွယ်မှုစွမ်းအား ပိုအားကောင်းလေပါပဲ။"

"ချင်းယွဲ့ဂိုဏ်းရဲ့ စည်းမျဉ်းတွေကလည်း အရမ်းတင်းကြပ်ပါတယ်၊ မင်း ဂိုဏ်းထဲမှာ ချမ်းသာမှု ကိုထုတ် ပြရင်တောင် ဘယ်သူမှ လောဘစိတ်နဲ့ လိုချင်ဝံ့မှာ မဟုတ်ဘူး၊ မဟုတ်ရင် အကြီးအကျယ် ဖျက်ဆီးခံရလိမ့်မယ်"

"ဒါကြောင့် မင်း အဆင့်မြင့် ဂုဏ်ထူးဆောင်တပည့် တစ်ယောက်ဖြစ်နိုင်မယ်ဆိုရင် ဂိုဏ်းပြင်မထွက်သရွေ့ ဘယ်လုံခြုံရေးပြဿနာကိုမှ စိုးရိမ်စရာ မလိုပါဘူး။"

ထန်ထျန်း နားထောင်ပြီး အံ့အားသင့်သွားသည်။

ဒါက ပိုက်ဆံပေးပြီး ရာထူးဝယ်တာပဲ မဟုတ်လား

ဒီလို စည်းမျဉ်းတွေတောင် ရှိတာလား

ဈေးနှုန်းကို ပွင့်ပွင့်လင်းလင်း သတ်မှတ်ထားတာက တခြားအင်အားစုတွေက သူတို့ရဲ့ ဂိုဏ်းထဲကို ထိုးဖောက်ဝင်လာမှာကို မကြောက်ဘူးလား

သူ ချင်းယွဲ့ဂိုဏ်းရဲ့ ဒီလုပ်ရပ်ကို နည်းနည်းလေးမှ နားမလည်နိုင်ပေ။

သူ မသိသေးတဲ့ အကြောင်း တွေ ရှိကောင်း ရှိနိုင်ပေမည်။

သို့သော် ချင်းဟိုင် ပြောတာ မှန်သည်။ သူ့ရဲ့ လက်ရှိ ချမ်းသာမှုနဲ့ဆိုရင် သူ့ရဲ့ လုံခြုံရေးပြဿနာကို တကယ်ပဲ ဖြေရှင်းနိုင်တယ်။

လုံလောက်တဲ့ စွမ်းအားမရှိသေးခင်မှာ ချင်းယွဲ့ဂိုဏ်းကနေ မထွက်ရင် ဘာမှ မဖြစ်ဘူး လေ

"တကယ်ပဲ ကျွန်တော့်စိတ်ကို သိနေတာပဲ "

ထန်ထျန်း ပြုံးရင်း ပြောလိုက်သည်။

All Chapters